Saturday, April 26, 2014

*** မေဒေး အစ…. အမေရိကန်က- ***



နိုင်ငံတကာအလုပ်သမားနေ့ (မေဒေး) ဆိုတာ အမေရိကန်ပြည် ကစတင်ပေါ်ပေါက်ခဲ့ပါတယ်။ မေဒေးနေ့ ဘယ် လိုဖြစ် ပေါ်လာသလဲဆိုရင်``တနေ့ အလုပ်ချိန် ၁၀ နာရီ သတ်မှတ်ရေးသပိတ် တိုက်ပွဲ´´တွေ ကနေစတင်ခဲ့ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့တနေ့ ကို၁၆နာရီကနေ၂၀နာရီအထိအလုပ်လုပ်နေကြရလို့ပါပဲ။(တစ်ရက်မှာ၂၄ နာရီရှိရာမှာ၂၀နာရီအလုပ်လုပ်ရတယ်ဆိုတော့ လူဟာလူနဲ့မတူတော့ဘူး။ ကျွဲတွေ၊နွားတွေလိုသခင့်အကြိုက်လိုက် ပြီးအတင်းရုန်းကန်ပေးရသလိုမျိုးဖြစ်မနေပေဘူးလား)။ အဲဒီလိုအလုပ်ချိန်များပြားလွန်းနေတာမို့``တနေ့ အလုပ်ချိန် ၁၀ နာရီသတ်မှတ်ရေးသပိတ်တိုက်ပွဲ´´တွေကို (၁၈၀၆)ခုနှစ် အမေရိကန်ပြည်ဖီလာဒယ်ဗီးယားမြို့ ကကြိုးကျစ်စက်ရုံအလုပ်သမားသပိတ်။ (၁၈၂၇)ခုနှစ် ၊ ဖီလာဒယ်ဗီးယားမြို့ အဆောက်အဦးအလုပ်သမားသပိတ်။ (၁၈၃၄)ခုနှစ်၊နယူးယောက်မြို့ ၊ပေါင်မုန့် ဖုတ်အလုပ်သမားသပိတ်စတဲ့အလုပ်သမားတိုက်ပွဲတွေ ပေါ်ပေါက် ခဲ့ပါတယ်။
တနေ့ အလုပ်ချိန်၁၀နာရီသတ်မှတ်ရေး လှုပ်ရှားမှုတွေကိုရိုက်နှက်ဖမ်းဆီးတာတွေနဲ့ ဖြိုခွဲခဲ့ပါတယ်။ ဒီလိုနဲ့ (၁၈၃၇)ခုနှစ်မှာအလုပ်ချိန်၁၀နာရီတိုက်ပွဲဟာတမြို့ ကနေတမြို့ ကိုကူးစက်ကျယ်ပြန့် ခဲ့တာမို့ ပြည် နယ်အစိုးရတချို့ ဟာမရေမရာကျေညာချက်တွေနဲ့အတူအလုပ်ချိန်၁၀နာရီသတ်မှတ်လိုက်ကြောင်း မိမိပြည်နယ်ထဲမှာကျေညာပေးခဲ့ပါတယ်။ဒါပေမယ့်ဘာမှအကောင်အထည်မပေါ်ခဲ့သလိုအခွင့်အရေးလည်း မရရှိခဲ့ပါဘူး။ (၁၈၆၆)ခုနှစ် ၊ဗယ်တီမိုမြို့ မှာအလုပ်သမားသမဂ္ဂခွဲပေါင်း(၃၀)ကျော်တက်ရောက်တဲ့အစည်းအဝေးကနေ ``နိုင်ငံလုံးဆိုင်ရာအမျိုးသားအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်´´ကိုတည်ထောင်ခဲ့ပါတယ်။အဲဒီသမဂ္ဂအဖွဲ့ ချုပ်ဟာတနေ့ အလုပ်ချိန်(၈နာရီ)သတ်မှတ်ရေးတိုက်ပွဲကော်မတီတွေကို ဖွဲ့ စည်းပေးခဲ့ပါတယ်။
အမေရိကန်ပြည်ကသက်ဆိုင်ရာပြည်နယ်အစိုးရတွေဟာလက်နက်ကိုင်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တွေကိုသုံးပြီး အပြင်းအထန် နှိမ်နင်း ခဲ့ ပါတယ်။ခေါင်းဆောင်တွေကိုဖမ်းဆီးညှင်းပန်းတာ၊ထောင်ဒဏ်၊ငွေဒဏ်၊ သတ်မှတ်ပြီးပြည်နှင်ဒဏ်ပေးတာ။အလုပ်သမားတွေထဲကပဲကြေးစားလူမိုက်ငှားရမ်းပြီးဖျက်ဆီးစေတာ၊ ရပ်တည်ချက်ပျော့ညံ့တဲ့အလုပ်သမားခေါင်း ဆောင်အချို့ ကိုအခွင့်အရေးဗန်းပြပြီးလာဘ်ပေးဖြို ခွဲတာစသဖြင့်နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုခဲ့တာတွေ့ ရပါ တယ်။ဒီလိုနဲ့ (၁၈၆၈) ခုနှစ်မှာအမေရိကန်ပြည်၊ပြည်နယ်အစိုးရအချို့ ကတနေ့ အလုပ်ချိန်၈နာရီသတ်မှတ်ရေ့း  အမည်ခံဥပဒေတရပ်ကိုထုတ်ပြန်ပေးခဲ့ပါတယ်။
ဒါပေမယ့်အရင်းရှင်တွေကြီးစိုးတဲ့ပုဂ္ဂလိကလုပ်ငန်းတွေကိုလုံးဝ သက်ရောက်ခြင်းမရှိတာမို့ ဒီဥပဒေဟာမအောင်မြင်ခဲ့ပါဘူး။တနေ့ အလုပ်ချိန်၈နာရီသတ်မှတ်ရေးအတွက် တိုက်ပွဲဝင်သတ္တုတွင်းအလုပ်သမား လှုပ်ရှားမှုခေါင်းဆောင်တွေကိုသေဒဏ်စီရင်ပစ်တာ၊ မီးရထားလမ်းထုတ်လုပ်ရေးသံမဏိစက်ရုံအလုပ်သမားတွေကိုလက်နက်ကိုင်စစ်တပ်တွေနဲ့ နှိမ်နင်းတာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ (၁၈၈၄) ခုနှစ်အမေရိကန်ပြည် ၊ ချီကာဂိုမြို့မှာကျင်းပတဲ့(အလုပ်သမားသမဂ္ဂအစည်းအဝေးကြီး) ကနေအမေရိကန်ပြည်အလုပ်သမားအဖွဲ့ ချုပ်(AFL)ရဲ့ ညီလာခံကိုကျင်းပပါတယ်။အဲဒီ AFL ညီလာခံကနေတ နေ့ အလုပ်ချိန် ၈ နာရီ ရရှိရေးတိုက်ပွဲဝင်ကြဖို့ ဆုံးဖြတ်ပြီးတဲ့အခါပြင်ဆင်ချိန် ၂ နှစ်အချိန်ယူခဲ့ပါတယ်။
အဲဒီပြင် ဆင်ချိန်၂နှစ်အတွင်းမှာတိုက်ပွဲကော်မတီတွေကိုစနစ်တကျ ဖွဲ့ စည်းခဲ့ကြပါ် တယ်။(၁၈၈၆)ခုနှစ် ၊မေလ ၃ရက်နေ မှာပေါ်ပေါက်ခဲ့တဲ့အလုပ်သမားသပိတ်မှာ(၆)ဦးသေဆုံးပြီးအလုပ်သမားရာပေါင်းများစွာဒဏ်ရာ ရခဲ့ပ်ါတယ်။ (1890 May day,England) ဒီကိစ္စကိုဆတ်ဆတ်ခါနာကြည်းကြတဲ့ထောင်ပေါင်းများစွာသောအလုပ်သမားတွေစုဝေးပြီးလူထုအစည်းအဝေး ကျင်းပနေစဉ်မှာအကြမ်းဖက်နှိမ်နင်းတာကြောင့်အလုပ်သမား ၄ ယောက်နဲ့ ပုလိပ် ၇ယောက်သေဆုံး ခဲ့ ပါ တယ်။အဲဒီအရေးအခင်းနဲ့ ပတ်သက်ပြီးအလုပ်သမားခေါင်းဆောင်၎ဦး(ပါဆင် ၊ သြဂတ်စ်စပိုင့် ၊ ဖစ်ချာ၊ အိန်ဂျယ်)တို့ကိုဆူပူမှုဖန်တီးတယ်ဆိုပြီးလုပ်ကြံစွပ်စွဲကာသေဒဏ်စီရင်ခံခဲ့ပါတယ်။ ကျန်အလုပ်သမားခေါင်းဆောင်တွေကို တော့အစိုးရကထောင်ဒဏ် ၊ငွေဒဏ်၊ ပြည်နှင်ဒဏ်စသဖြင့်အပြစ်တွေပေးခဲ့ပါတယ်။
အဲဒီလိုအလုပ်သမားတွေ သွေးမြေကျခဲ့ရတဲ့တိုက်ပွဲကို အကြောင်းပြုပြီး(၁၈၈၈)ခုနှစ် ၊ စိန့် လူးဝစ်မြို့ မှာကျင်းပတဲ့AFLညီလာခံမှာထပ်မံပြီးတော့အလုပ်ချိန်၈နာရီရရှိရေးတိုက်ပွဲဝင်ရန်နဲ့ ၁၈၉၀ ခုနှစ်ကစပြီးတော့(မေလ ၁ ရက်)နေ့ ကိုအလုပ်သမား တိုက်ပွဲနေ့ (မေဒေး)အဖြစ်သတ်မှတ်ကျင်းပဖို့ ဆုံးဖြတ်ပြဌာန်းလိုက်ကြပါတယ်။
**စုဆောင်းတင်ပြသူ……သောင်ရင်းနဂါး(JACBA)**
Credit to စိတ်ကူးပျော်ရာ>Thanks<.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...