သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၄)
သစ်ထူးလွင် |
- သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်တင် ဈာပန (ရုပ်/သံ)
- တစ်နှစ်ချွေးနှဲစာ ပိုးချိတ်လုံချည်
- လယ်သမား တစ်သိန်းကျော် ပါဝင်မည့် ဧရာဝတီ လယ်သမား ညီလာခံ ပြုလုပ်မည်
- လေယာဉ်ရှာဖွေရေး လုပ်ငန်း သုံးပုံနှစ်ပုံ ပြီးမြောက် ပျောက်ဆုံး လေယာဉ်၏ မည်သည့် သဲလွန်စမျှ မတွေ့ရ
- အသက် ၈ နှစ်အရွယ် ဆွံ့အနားမကြားမိန်းကလေးကို အသက် ၄၀ အရွယ်က မုဒိန်းကျင့်
- ဦးဝင်းတင် (သို့မဟုတ်) ပြည်သူတို့ရဲ့ စကားပြန်
- ဟံသာဝတီ ဦးဝင်းတင် ဈာပနအခမ်းအနားအား ထောင်အတွင်းမှ သံချေခြင်း ခက်ပုံစံဖြင့် တက်ရောက်ဂါရ၀ပြု
- ကိုမိုးသီးဇွန် ခေါင်းဆောင်ကာ ဦးဝင်းတင် နောက်ဆုံးခရီး လမ်းလျှောက်ပို့ဆောင်
- သံမဏိလူသား၏ နောက်ဆုံးခရီး
- ထောင်ထဲမှာ အနှစ်နှစ်ဆယ်လောက် ဦးဝင်းတင် ဘယ်လိုရပ်တည်ခဲ့သလဲ
- ဒလတွင် သောက်သုံးရေ အခက်ခဲနှင့် ကြုံတွေ့နေ
- မြန်မာဝမ်ပေါင်ကုမ္ပဏီ ၀န်ထမ်းများ လုပ်အားခတိုးပေးရေး ဆန္ဒပြ
- သွင်းကုန်ခွန် လျှော့ချမှုကြောင့် Double Cab ကားများ ဈေးကျလာ
- လိပ်စာလွဲမှားမှုများကြောင့် ယာဉ်မတော်တဆမှု၌ အခက်အခဲရှိ
- လူဦးရေ ရှစ်သန်းနှင့် ဖရိုဖရဲ ရန်ကုန်
- မရောင်သည့်နေပြည်တော် ဆီမလူးသင့်ပါ
- အကြံပြုလွှာများ မျိုးစောင့်ဥပဒေကြမ်း ကော်မရှင်ထံ မရောက်သေး
- မန္တလေးတွင် နေ့အပူချိန်မြင့်တက်၍ တစ်ရက်အတွင်း ခြောက်ဦးသေဆုံး
- ပုဂံဘုရားအချို့ပေါ်သို့ နိုင်ငံခြားသားများ ခိုးဝှက်တက်ရောက်
- လူထုဈာပန အဖြစ် ချီတက် ပို့ဆောင်လိုကြ
- အမြန်လမ်း မိုင် ၂၈/၆-၂၈/၇ ကြားတွင် ယာဉ်မတော်တဆ မီးလောင်မှု ဖြစ်ပွားခြင်း ထပ်ဖြစ်
- လူငယ်တစ်စု ပွဲခင်းအတွင်း အဓ္ဓမ ကားပေါ်တင်ပြေးမှုတွင် တရားခံ ၄ ဦး လွတ်မြောက်နေဆဲ
- မန္တလေးတိုင်း ဝန်ကြီးချုပ်ကို မီးပေါ့ဆမှုဖြင့် အမှုဖွင့်
- သမ္မတနှင့် အကြီးအကဲ ခရီးစဉ်များတွင် အသုံးပြု လေ့ ရှိသော လေယာဉ် ထိခိုက်ခဲ့၍ အရေးကြီး ခရီးစဉ်များ၌ မသုံးတော့ဟုဆို
- မော်လမြိုင်မြို့ကို လျှပ်စစ်မီး စတင်ပေးတော့မယ်
Posted: 23 Apr 2014 06:20 AM PDT
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ နောက်ဆုံးခရီး ဂူသွင်းမြင်ကွင်း
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်တင် ဈာပန ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြု
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဈာပန အခမ်းအနား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကဦးတင်ဦးရဲ့ နောက်ဆုံးဂါရဝ
DVB TV News
|
Posted: 23 Apr 2014 05:27 AM PDT
ပိုးစစ်ကြိုးကြီး ချိတ်လုံချည်များက အစိုးရ၏ ခမ်းနားထူးခြား သောပွဲများ၏
အဆင်တန်ဆာဖြစ် သည်။ ထို့အတူ သာမန်ပြည်သူ များ၏ ခမ်းနားသော အလှူမင်္ဂလာ
ဧည့်ခံပွဲများတွင်လည်း ပိုးချိတ်လုံ ချည်များက မပါမဖြစ် ပါဝင်နေသည်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ
နိုင်ငံသားများ အမြတ်တနိုး ဝတ်ဆင်သည့် ထိုချိတ်ဆင် တစ်ထည်လျှင်အမြင့်ဆုံး
တန်ဖိုးမှာ အခြေခံ လူတန်းစားတစ်ဦး၏ တစ်နှစ်စာ ဝင်ငွေထက်ပင် ပိုနေသည်
|
Posted: 23 Apr 2014 05:21 AM PDT
မြန်မာ နိုင်ငံရှိ လယ်သမားများ တွေ့ကြုံ နေရသော အခက်အခဲ
ပြဿနာ များအား စုပေါင်း ဖြေရှင်း ကြရန် ရည်ရွယ်၍ ၂၀၁၄ ခုနှစ်၊ မေလလယ်၌
လယ်သမား တစ်သိန်းကျော် ပါဝင်သော ဧရာဝတီ လယ်သမား ညီလာခံကို ဧရာဝတီတိုင်း
ဒေသကြီး၊ မအူပင် မြို့နယ်တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း တောင်သူ လယ်သမား
ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက The Messenger
သတင်းစာသို့ ပြောသည်။
အဆိုပါ ဧရာဝတီ လယ်သမား ညီလာခံ အား
|
Posted: 23 Apr 2014 06:02 AM PDT
ပါ့သ်၊ ဧပြီ-၂၂
မတ်လ ၈ရက်က ပျောက်ဆုံးသွားသော မလေးရှား လေကြောင်း လိုင်းခရီးစဉ် အမှတ်
အမ်အိတ်ခ်ျ ၃၇၀ ခရီးသည်တင် လေယာဉ်အတွက် ရေအောက် ရှာဖွေရေး လုပ်ငန်းများ
ပြုလုပ်လျက်ရှိရာ ရှာဖွေရေး ဇုန်အကျယ်အ၀န်း၏ သုံးပုံနှစ်ပုံအား
ပိုက်စိပ်တိုက် ရှာဖွေထောက်လှမ်းပြီး သည့်တိုင် ပျောက်ဆုံး နေသည့် လေယာဉ်၏
အရိပ်အယောင်ကို မတွေ့ရသေးကြောင်း သြစတြေးလျ အစိုးရ တာဝန်ရှိသူများက ဧပြီ ၂၁
ရက်တွင် ပြောကြားသည်။
ခရီးသည်နှင့်ေ
|
Posted: 23 Apr 2014 05:01 AM PDT
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ................ရပ်ကွက်ရှိ
................... လိုင်းခန်း အမှတ် (-) နေ လူမှု ၀န်ထမ်း ဦးစီးဌာန (၃)
ဆွံ့အ နားမကြား ကလေးများကျာင်းမှ အသက် ရှစ်နှစ် အရွယ် ကလေးငယ် တစ်ဦးကို
အသက် (၄၀) အရွယ် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့်မှု တစ်ခု ဧပြီလ (၂၀)
ရက်နေ့က ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ
သတင်း ရရှိသည်။
ဖြစ်စဉ်မှာ သင်တန်းကျောင်း ပလက်ဖောင်းတွင်
|
Posted: 23 Apr 2014 03:59 AM PDT
သူ့အား ခင်မင်လေးစားသူ အားလုံးက အမြန်ပြန်၍ ကျန်းမာပါ စေကြောင်း ဝိုင်းဝန်း
ဆုတောင်းပေး နေသည့်ကြားမှပင် သတင်းစာ ဆရာကြီး ဦးဝင်းတင်သည် ဧပြီ ၂၁ နံနက်
၆ နာရီ မိနစ် ၃၀ က ကွယ်လွန်သွားသည်။ ဆရာသည်သူ၏ အနိုင်မခံ အရှုံးမပေးသော
မာကျောသည့် စိတ်ဓာတ်ခိုင်ကျည်မှုကို သေမင်းနှင့် ဆေးရုံခုတင်ပေါ်တွင် စစ်ခင်း
နေရသည့် နောက်ဆုံး အချိန်ထိ ပြသခဲ့သူလည်း ဖြစ်သည်။
အသက် (၈၅)နှစ်အရွယ်ရှိ သတင်းစာဆရာ တစ်ဦးသာမက
|
Posted: 23 Apr 2014 03:56 AM PDT
ရန်ကုန်၊ ဧပြီ ၂၃
ဟံသာဝတီ ဦးဝင်းတင်၏ ဈာပန အခမ်းအနားအား ဦးထွန်းလွင် ဆိုသူမှ ထောင်အတွင်း
သံချေခြင်း ခက်သည့် ပုံစံမျိုး ၀တ်ဆင်ကာ တက်ရောက် ဂါရ၀ပြုခဲ့သည်။
၎င်းသည် ကန်ကြီးထောင့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ရုံးအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ထိုကဲ့သို့ တက်ရောက် ဂါရ၀ပြုရခြင်းမှာ
၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် သန်း ၆၀ သော ပြည်သူလူထုအား ထောင်အတွင်း
နိုင်ငံရေး အကျဉ်းသားများအား သံခြေချင်း
|
Posted: 23 Apr 2014 03:47 AM PDT
ရန်ကုန်၊ မဇ္ဈိမ။ ။ ၈၈ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့်
ကိုမိုးသီးဇွန် ခေါင်းဆောင်ကာ လူ ၁၅၀ခန့်သည် ဦးဝင်းတင်၏ နောက်ဆုံး
ခရီးအတွက် မြောက်ဥက္ကလာ အဝိုင်းမှ စတင်ကာ
လမ်းလျှောက် ပို့ဆောင်ရန် ဧပြီလ ၂၃ရက် နံနက် ၁၁နာရီခွဲတွင်
စတင်ထွက်ခွာနေပြီဖြစ်သည်။
"ဆရာကြီးကို နောက်ဆုံးဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့ လမ်းလျှောက်ပို့ဖို့
ဆုံးဖြတ်လိုက်တာပါ၊ သူ့လမ်းစဉ်တွေအတိုင်း ကျွန်တော်တို့ ဆက်ပြီး
လုပ်ဆောင်မယ်"ဟု
|
Posted: 23 Apr 2014 03:41 AM PDT
သံမဏိလူသား၊ မီးငှက် လူသားစသည့် ဂုဏ်ပုဒ်များဖြင့် ဂုဏ်ပြုခြင်း
ခံရသူဖြစ်ပြီး ရဲရင့် သော စိတ်ဓာတ် ကြောင့် ခေတ် အဆက်ဆက် အာဏာရှင်များ၏
ဖိနှိပ်ခြင်း ခံခဲ့ရသူ၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ပါတီကို စတင်
တည်ထောင်ခဲ့သူ ပါတီနာယက ဟံသာဝတီဦးဝင်းတင်သည် ကိုယ်တွင်းအင်္ဂါများ
ပျက်စီးသည့် ရောဂါ ဖြင့် ဧပြီ ၂၁ ရက်နံနက် ၆ နာရီခွဲ တွင်
ရန်ကုန်ဆေးရုံကြီး၌ ကွယ် လွန်သွားခဲ့သည်။
မတ်လလယ်ပိုင်းတွင် GreenCross ဆေးရုံ၌
|
Posted: 23 Apr 2014 03:39 AM PDT
ထောင်ထဲမှာ အနှစ်နှစ်ဆယ် လောက် တိုက်ပိတ်အကျဉ်းချခံ ထားရသူတစ်ဦးဟာ ဘယ်လိုများ ရပ်တည်ရှင်သန်နိုင်မလဲ။ ရူးများ သွားမလား။
မည်သို့ပင်ဖြစ်စေ သတင်း စာဆရာကြီး ဦးဝင်းတင်ကတော့ သည်အခြေအနေကို ကောင်း ကောင်းခံနိုင်ရည်ရှိသူတစ်ဦြး
|
Posted: 23 Apr 2014 03:27 AM PDT
ရန်ကုန်
တဖက်ကမ်း ဒလမြို့နယ်ထဲက ရပ်ကွက်တချို့မှာ ပူပြင်းတဲ့ နွေရာသီကြောင့်
ရေခန်းလာတဲ့ အတွက် သောက်ရေ ရှားပါးမှု အခက်အခဲ ကြုံတွေ့ နေရ ပါတယ်။
ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်မှာရှိတဲ့ မဟာသင်္ကြန် သောက်ရေကန်မှာ ရေခန်း
လာမှုကြောင့် ဒီ ရေကန် ကနေ သောက်ရေ အဓိကအားထား သုံးစွဲနေတဲ့ ရပ်ကွက်တွေမှာ
သောက်ရေရရှိမှု အခက်အခဲနဲ့ ကြုံတွေ့နေရ ပါတယ်။
ဒလမှာ နှစ်စဉ်နွေရာသီ ရောက်တိုင်း ရေရှားပါးမှု ပြဿနာရှိနေတာဖြစ်ပြီးေ
|
Posted: 23 Apr 2014 03:27 AM PDT
စစ်ကိုင်းတိုင်း
မုံရွာခရိုင် လက်ပံတောင်းတောင်မှာ ကြေးနီ တူးဖော်နေတဲ့ မြန်မာဝမ်ပေါင်
ကုမ္ပဏီက ၀န်ထမ်းတွေဟာ လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဒီကနေ့ ဆန္ဒပြတောင်း
ဆိုခဲ့ကြပါတယ်။
လက်ပံတောင်း ကြေးနီ စီမံကိန်းမှာ ဝင်လုပ်ဖို့ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့
စာတွေ့၊ လက်တွေ့ သင်တန်း အပတ်စဉ် ၂ မှာ တက်ရောက်ခဲ့တဲ့ ဘွဲ့ရ၀န်ထမ်းတွေ
အပါအ၀င် ဒေသခံအလုပ်သမား ၂၅၀ လောက်က ဒီကနေ့ မနက်ပိုင်းက လက်ပံတောင်းဒေသက
ဝမ်ပေါင် ကုမ္ပဏီရှေ့မှာ
|
Posted: 23 Apr 2014 03:19 AM PDT
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက
မော်တော်ယာဉ်တင်သွင်းမှုအပေါ် စည်းကြပ်သည့် အခွန်များကို ပြင်ဆင်ကာ နောက်ဆုံး
လျှော့ပေး လိုက်သည့် အခွန်နှုန်းထား များတွင် တံခါးလေး ပေါက်ပါ Double Cab
ပစ်ကပ်ကားများလည်း ပါဝင်ကြောင်း ကားလုပ်ငန်း ရှင်များက ပြောသည်။ ၆၀
ရာခိုင်နှုန်း သွင်းကုန်ခွန်လျှော့ပေးထားသည့် Double Cabပစ်ကပ် ကားများ
အတွက် အဓိကချမှတ်ဆောင်ရွက်ခဲ့သည့် အဆိုပါသွင်းကုန်ခွန်လျှော့ချပေး
|
Posted: 23 Apr 2014 03:25 AM PDT
နိုင်ငံသား မှတ်ပုံတင်ရှိသူ မည်သူမဆို ကား တင်သွင်းခွင့် မူဝါဒကို
နိုင်ငံတော် အစိုးရက ခွင့်ပြုပြီးနောက် စီးပွားရေး သမားများမှ အဆိုပါအခွင့်
အရေးကို အသုံးချကာ ကားများ ရောင်းဝယ် နေသောကြောင့် ယာဉ်မတော်တဆမှု
ဖြစ်စဉ်များတွင် စုံစမ်းရန် ခက်ခဲမှုများ ရှိလာကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲ
တပ်ဖွဲ့ခွဲမှူးရုံး တာဝန်ရှိသူများက ပြောသည်။
"တချို့ယာဉ်တိုက်မှုတွေမှာ ကားနံပါတ် မသိလိုက်ဘူး။ တိုက်ပြီး
ထွက်ပြေးသွားတယ်။ ကား
|
Posted: 23 Apr 2014 03:25 AM PDT
မိုးမျှော်တိုက်ကြီး
တစ်လုံး၏ မလှမ်း မကမ်းရှိ ကားလမ်း တစ်ခုသာခြား သော ရေနုတ်မြောင်း ကြီးကို
ကျော ပေးထားသည့် တဲသာသာ မြေစိုက်အိမ်ငယ် အချို့၌ ကလေးငယ်အချို့
ဆော့ကစားနေပြီး အလုပ်သွားရန် ပြင်ဆင်နေသည့် လင်ယောက်ျား တစ်ဦးက ဇနီးသည်ကို
နှုတ်ဆက်နေသည်။
၂၀၁၃ခုနှစ်က ဖိလစ်ပိုင်အစိုးရ သိစေရန် ဖိလစ်ပိုင်မြို့တော် မနီလာ၏
ရုပ်ရှင်ရုံတစ်ရုံတွင် ပြသခဲ့သော meto manila ဆိုသော ရုပ်ရှင်ဇာတ်ကားမှ
ဇာတ်ဝင်ခန်း တစ်ခုဖြစ်သည်။
|
Posted: 23 Apr 2014 03:11 AM PDT
သမ္မတဦးသိန်းစိန်လက်မှတ် ရေးထိုးပြဋ္ဌာန်းလိုက်သည့် ၂၀၁၄ -၁၅ ဘဏ္ဍာနှစ်
အမျိုးသားစီမံ ကိန်းဥပဒေနှင့် ပတ်သက်၍ ဝေ ဖန်မှုများရှိခဲ့သည်။ အထူးသဖြင့်
ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဖြစ်သည်။ သမ္မတလက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည့်
ဥပဒေတွင် ရခိုင် ပြည်နယ်၌ ၅ ဒသမ ၇ ရာခိုင် နှုန်းတိုးတက်ရန် ဟုပါရှိသည်။
သို့ သော်နေပြည်တော်ကောင်စီနယ် မြေအတွက်မူ ၂၈ ဒသမ ၂ ရာခိုင်
နှုန်းတိုးတက်ရန် လုပ်ဆောင်မည်ဟု ဖော်ပြထားသည်။ ရှမ်းပြည်နယ် တွင်
|
Posted: 23 Apr 2014 03:08 AM PDT
ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၏ ဝေဖန် ကန့်ကွက်မှုများရှိနေသည့်
မျိုးစောင့် ဥပဒေအား လာမည့် မေလတွင် ပြည်သူ လူထုထံ ချပြတော့မည်ဖြစ်သော်လည်း ယနေ့
အချိန်အထိ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ထံ
|
Posted: 23 Apr 2014 02:52 AM PDT
မန္တလေး၊ ဧပြီ ၂၂
မြန်မာတစ်နိုင်ငံလုံးတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုးများ
လွန်ကဲအဆင့်သို့ ရောက်ရှိနေပြီး မန္တလေးတိုင်း ဒေသကြီး၏ နေ့အပူချိန်မှာ
ဧပြီလအတွင်း မြင့်တက်လာသဖြင့် အပူဒဏ်ကြောင့် ဧပြီလ၂၁ ရက်နေ့ တစ်ရက်အတွင်း
လူခြောက်ဦး သေဆုံးခဲ့ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
ယင်းအပြင် အပူဒဏ်ကြောင့် ဧပြီလ ၂၁ ရက်နေ့တွင် လူခြောက်ဦး၊
|
Posted: 23 Apr 2014 02:51 AM PDT
ရန်ကုန်၊ ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့
လာရောက်ကြသည့် ပြည်ပ ခရီးသွား အချို့သည် တက်ရောက် ကြည့်ရှုခွင့်
တားမြစ်ထားသော စေတီပုထိုးများပေါ်သို့ ခိုးဝှက် တက်ရောက်မှုများ ရှိနေသည်ကို
မြင်တွေ့နေရကြောင်း ဒေသခံ များက ပြောကြားသည်။
စဥ့်သုတ်အုတ်၊ ဘီလူးပန်းဆွဲများ ပျက်စီးနိုင်သည့်အတွက် တက်ရောက်
ကြည့်ရှုခွင့် ပိတ်ပင်ထားသော မင်္ဂလာ စေတီပေါ်သို့ နိုင်ငံခြားသား
|
Posted: 22 Apr 2014 08:02 PM PDT
ဒီကနေ့ ညနေမှာ ကျင်းပတော့မယ့်၊ သတင်းစာ ဆရာကြီး ဦးဝင်းတင် ရဲ့ နောက်ဆုံး
နာရေး ခရီးမှာ၊ မြောက်ဥက္ကလာ အဝိုင်းကနေ၊ မနက် ၉ နာရီ ခွဲ လောက်ကစပြီး၊ ၎
မိုင် ကျော် ခရီးကို ခြေကျင် လျှောက် ပို့ဆောင်တဲ့ လူထု ဈာပန သဘောမျိုး
ကျင်းပဖို့ ၊ တချို့ အင်အားစု တွေ ပြင်ဆင် နေကြပါတယ်။
ဆရာကြီး ဦးဝင်းတင်ရဲ့ နာရေးကို လိုက်ပါ ပို့ဆောင်လိုကြတဲ့၊ အများပြည်သူ
စုပေါင်းပြီး လမ်းလျှောက် ကြမှာ ဖြစ်တယ်လို့၊ စီစဉ်သူတွေထဲက
|
Posted: 22 Apr 2014 07:55 PM PDT
ဧပြီလ ၂၃ရက်၊ ၂၀၁၄ခုနှစ်
(၂၂-၄-၂၀၁၄) ရက်နေ့ ည(၁၉း၃၀)နာရီအချိန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း
အသွားလမ်း မိုင် ၂၈/၆-၂၈/၇ ကြားတွင် - Express မော်တော်ယာဉ်
(ပြည်ဖြိုးအောင် ရန်ကုန်-ချောက် ယာဉ်လိုင်း)၊ ယာဉ်အမှတ် - ၅ဂ/၄၂၈၀၊
ယာဉ်မောင်း ဦးဝင်းကို ( ၄၈ ) နှစ် (ထွက်ပြေးတိမ်းရှောင်)
မောင်းနှင်လာသောယာဉ်သည် ယာဉ်အင်ဂျင်ခန်း ၀ါယာရှော့ဖြစ်ပြီး
မီးလောင်မှုကြောင့် ပေါက်ကွဲသံကြားရစဉ် ဆင်းကြည့်ရာမှ
|
Posted: 22 Apr 2014 07:33 PM PDT
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာ၌ ဇာတ်သဘင်ပွဲကျင်းပနေစဉ်
ပွဲခင်းရံပုံငွေဆိုင်တစ်ဆိုင်မှ ဈေးရောင်းနေသူအသက် ၁၉ နှစ်အရွယ်မိန်းမပျို ၂
ဦးအား
လူငယ်တစ်စုမော်တော်ကားပေါ် အဓ္ဓမဆွဲတင်ပြေးခဲ့သည့်ဖြစ်စဉ်တွ
|
Posted: 22 Apr 2014 07:33 PM PDT
နေအိမ်မီးလောင်မှု
အတွက် အိမ်ထောင်ဦးစီးဖြစ် သည့် မန္တလေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့် ကို မီးပေါ့ဆစွာသုံးစွဲမှုဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
နေအိမ်မီးလောင်မှုဖြစ်ပွား ခဲ့သည့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်
ဦးရဲမြင့်အား အောင်မြေသာစံမြို့နယ် ရဲတပ် ဖွဲ့မှူးက တရားလိုပြုလုပ်ကာ
မီးပေါ့ဆစွာသုံးစွဲမှုအတွက် အိမ် ထောင်ဦးစီးအနေဖြင့် ဖြေရှင်း ပေးရန်
|
Posted: 22 Apr 2014 07:34 PM PDT
ရွှေမြန်မာလေကြောင်း
(GMA)မှ လေယာဉ်က ရန်ကုန်လေဆိပ်အတွင်း လေယာဉ်ရွှေ့စဉ် ဝင်တိုက်မိသည့်
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းပိုင် လေယာဉ်မှာ နိုင်ငံတော်သမ္မတနှင့်
အကြီးအကဲများ၏ ခရီးစဉ်တွင် အသုံးပြုသည့်လေယာဉ် ဖြစ်ကြောင်း MAI ဥက္ကဋ္ဌ
ဦးခင်မောင် လတ်ကပြောသည်။
‘‘အခုတိုက်မိသွားတဲ့ လေ ယာဉ်ဟာ နိုင်ငံတော်သမ္မတနဲ့ အကြီးအကဲတွေရဲ့ VIP
ခရီးစဉ် တွေမှာ အသုံးပြုနေတဲ့ လေယာဉ် ဖြစ်ပါတယ်။ အခုလိုဖြစ်သွားတဲ့ အတွက်
|
Posted: 22 Apr 2014 07:20 PM PDT
ဧပြီလကုန်ပိုင်းကျရင် သဘာဝဓါတ်ငွေ့နဲ့ စွန့်ပစ်အပူသုံးဓါတ်အားပေးစက်
|
0 comments:
Post a Comment