Sunday, April 20, 2014

ဆင်ခြင်ကြဖို့ ရာ

ဆင်ခြင်ကြဖို့ ရာ
xxxxxxxxxxxxxx

မိန်းကလေး...
မင်းက ခေတ်လွန်ပြီး ရင်မောဖွယ် အ၀တ်အစားတွေဝတ်ကာ ငါ့ကို စွဲဆောင်ဖို့ မကြိုးစားနဲ့ ။ ငါက အမေ့ရဲ့ ထမိန်စုပ်လေးလောက်
မင်းရဲ့ သိန်းတန်တဲ့ အ၀တ်အစားတွေအပေါ် အာရုံ မရှိပါဘူး။

မိန်းကလေး...
မင်းကိုယ်ပေါ်က စွဲမက်ဖွယ် ရနံ့ ပေါင်းစုံနဲ့ ငါ့ကို ညှို့ ယူဖို့ မကြိုးစားပါနဲ့ ။ ဒီရနဲ့ တွေဟာ အမေ့ရဲ့ ချွေးနံ့ လေးတွေလောက် ငါ့ရင်
ကို မသင်းပျံ့ စေနိုင်ပါဘူး။

မိန်းကလေး...
မင်းရဲ့ ခြေထောက်မှာ စီးထားတဲ့ မြင့်မားတဲ့ ဒေါက်ဖိနပ်ရဲ့ အလှနဲ့  ငါ့ကို ဟန်ပြမနေပါနဲ့ ။ ဒီအလှဟာ အမေ့ရဲ့ ရွှံ့ ပေနေတဲ့ ခြေ
ထောက်ကလေးလောက် ငါ့ အတွက် အမြင်မဆန်းပါဘူး။

မိန်းကလေး...
မင်းရဲ့ မျက်နှာပေါ်က ရောင်စုံကာလာတွေနဲ့  ငါ့ကို မြှူဆွယ်ဖို့ မကြိုးစားပါနဲ့ ။ ဒီရောင်စုံကာလာတွေဟာ အမေ့ရဲ့ မျက်နှာ နွမ်းနွမ်း
ပေါ်က သနပ်ခါးဖုံဖုံလေးလောက် ငါ့ရင်ကို အေးမြမှု မပေးနိုင်ပါဘူး။

မိန်းကလေး...
မင်းရဲ့ အသံ ညုတုတုလေးတွေနဲ့  ငါ့ကို ဖြားယောင်း၊ သွေးဆောင်ဖို့  ရလိမ့်မယ်မထင်နဲ့ ။ ဒီအသံတွေက အမေ့ရဲ့ ချစ်စနိုးနဲ့ ဆူသံ
လေးလောက် ငါ့ကို အမှတ်တရ မဖြစ်စေနိုင်ပါဘူး။

မိန်းကလေး...
မင်းရဲ့ ဆီတွေသုတ်လိမ်းထားတဲ့ အသားအရည်ကို ဖော်ပြီး ငါ့ စိတ်ကို ယိုင်အောင် မလုပ်စမ်းပါနဲ့ ။ ဒီအသားအရည်တွေက အမေ့
ရဲ့ တွန့် ကြေပြီး အိုးမင်းနေတဲ့ အသားအရည်လေးလောက် င့ါအတွက် စိတ်ကြည်လင်မှု မပေးနိုင်ပါဘူး။

မိန်းကလေး....
မင်းရဲ့ ကိုယ်ပေါ်က တက်တူးလို အရုပ်မျိုးစုံ ပြုလုပ်ပြီး ငါ့ ရင်ကို သိမ်းကြုံး စွဲမယူချင်စမ်းပါနဲ့ ။ ဒီအရုပ်တွေက ငါ့အတွက် ရုန်းကန်
လုပ်ကိုင်ရင်း ရထားတဲ့ အမေ့ကိုယ်ပေါ်က အမာရွတ်တွေလောက် ငါ တန်ဖိုးထားမှာ မဟုတ်ပါဘူး။

မိန်းကလေး...
မင်းရဲ့ လက်သည်းတွေပေါ်မှာ အရောင်ချယ်ထားတဲ့ လက်နဲ့ ငါ့ကို ဖမ်းဆုပ်ဖို့ မကြိုးစားပါနဲ့ ။ ဒီလက်ဟာ အမေ့ရဲ့ အားမာန်ပြည့်ဝ၊
မေတ္တာပြည့်ဝတဲ့ လက်တစ်စုံလောက် ငါ့ကို နွေးထွေးမှု၊ ကြင်နာမှု ဆိုတာတွေ မပေးစွမ်းနိုင်ပါဘူး။

ခေတ်လွန်ကာ အရှက်မဲ့ဖွယ် ၀တ်စားဆင်ယဉ်နေထိုင်ကြတဲ့ မိန်းကလေးများအတွက်
သတိပြု ဆင်ခြင်ဖွယ် ရည်ရွယ်ကာ ရေးထားခြင်းဖြစ်ပါတယ်။

(မှတ်ချက်- ဆိုလိုရင်းမှာ တစ်ချို့ တစ်ချို့ သော မြန်မာအမျိုးသမီးများအတွက် မြန်မာ့ယဉ်ကျေးမှုကို ညှိုးနွမ်းစေတဲ့ ခေတ်လွတ်အ၀တ်အစားတွေ အလွန်အ
ကြူးဝတ်ဆင်ခြင်းမှ "ဆင်ခြင်ကြဖို့ ရာ"  ဖြစ်ပါတယ်)

True Man

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...