ဝါသနာ ဆိုရာဝယ်

ကောင်းပါတယ်။ သို့ သော် မိမိဝါသနာပါရာ လုပ်နိုင်ဖို့ အတွက် အသက်မွေးဝမ်းကြောင်းဟာ ဖြောင့်ဖြူးနေမှ အဆင်ပြေ
နိုင်မှာပါ။ ဘ၀မလှရင် ခံစားမှုက လှနိုင်ဖို့ ဝေးပါတယ်။
ကိုယ်ပိုင် ဘ၀တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားပါမှ ကိုယ်လုပ်ချင်တာတွေကို လုပ်ခွင့်ရနေမှာဖြစ်ပါတယ်။ ဒီနေရာမှာ
ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းဟာ အပြန်အလှန်အကျိုးပြုနေနိုင်ရင်တော့ အကောင်းဆုံးပါ။ မိမိဝါသနာဟာ မိမိဘဝ
ရပ်တည်နိုင်ဖို့  အထောက်အကူလည်း ပေးနိုင်ရပါမယ်။
သာဓကအနေနဲ့  ကိုယ်က ပန်းချီဆွဲတာ ၀ါသနာပါတယ်ဆိုပါစို့ ။
ဒီလို ခံစားမှုကို အခြေခံပြီး လုပ်ရတဲ့အလုပ်ဟာ ဘာ
အနှောင့်အယှက်မှ မရှိလေ ကောင်းလေပါ။ ဒီတော့ ဘ၀က တည်ငြိမ်အေးချမ်းမှ စိတ်လိုလက်ရ ပန်းချီကို စိတ်နှစ်ပြီး
ရေးစွဲနိုင်မှာ ဖြစ်ပါတယ်။ ပန်းချီနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်တော့ အကောင်းဆုံးပေါ့။
ဆိုလိုချင်တဲ့ အဓိပ္ပာယ်က ၀ါသနာပါရာကို လိုက်လုပ်နေယုံနဲ့ မပြီးဘူး။ ကိုယ်ဝါသနာပါတဲ့အလုပ်ဟာ ကိုယ့်ဘ၀ကို ဘယ်
လောက်ထိ မြှုင့်တင်နိုင်မလဲ၊ တိုးတက်ပြောင်းလဲနိုင်မလဲဆိုတဲ့ အခြေအနေတစ်ခုတော့ သိထားရမယ်။ အပျော်အပါးကို
ဝါသနာထုံတယ်ဆိုရင် ဒါဟာ ခဏတာပဲ ကောင်းတယ်။ ရှေရှည် စွဲစွဲမြဲမြဲ လုပ်နေတဲ့အခါမျိုးတော့ ဆိုးကျိုးဖြစ်နိုင်တယ်။
မိမိဘ၀အတွက် အထောက်အကူမဖြစ်တဲ့ ၀ါသနာမျိုးတွေဟာ ရဲရဲစွန့် လွှတ်ရမှာ ဖြစ်တယ်။ ရေရှည်ဖြစ်လာအောင် တွဲ
မယူလာသင့်ဘူး။ ခဏတာ ပျော်ရွှင်မှု ဖြစ်နိုင်ပေမယ့် တစ်ဘ၀စာ ပျော်ရွှင်မှုမျိုးတော့ မဖြစ်နိုင်ဘူးပေါ့။ ကိုယ့်ရဲ့တွေးခေါ်
နိုင်မှု၊ ဆင်ခြင်နိုင်မှု၊ ပိုင်းဖြတ်နိုင်မှုတွေဟာ ကိုယ့်ဘ၀ကို အများကြီး ပြောင်းလဲနိုင်တဲ့အရာတွေဆိုတာ သိထားဖို့ လိုပါတယ်။
True Man

0 comments:
Post a Comment