လူထဲကလူထုသူရဲကောင်းများ
ရွှေရင်အေး
ဒီကနေ့ ဘဘဦးဝင်းတင်ရဲ့
အသုဘကို လိုက်ပို့ရင်း တွေ့ကြုံခဲ့ရတဲ့ … ထူးထူးဆန်းဆန်းကိစ္စတစ်ခုပြော ပြချင်တယ်….
တခြားလူအတွက်တော့ ထူးခြားချင်မှ ထူးခြားမှာပေါ့လေ…
ဒါပေမယ့် ကျွန်တော့ အတွက် တော့ အတော်ထူးတဲ့ ကိစ္စလို့ ဆိုနိုင်တယ်….
ဘဘကို ဂါဝရပြုဖို့
တန်းစီရင်းက ရာသီဥတုက ပူ အချိန်က နည်းနည်း စောနေသေးတော့ လူကလည်း တိုးနဲ့
နောက်ဆုံးမခံနိုင်တာနဲ့ တန်းထဲက ထွက်လာခဲ့ရတယ်…. လူက မူးချင်ချင်ပါဖြစ်တယ်…. ဒါနဲ့
တစ်ယောက်တည်းဖြစ်နေတဲ့ ကျနော် ဒီ online ပေါ်က အသိအကျွမ်းလေးများတွေ့လေမလားဆို ပြီး
စောင့်ဖို့ နေရာရှာလိုက်တာ ကံကောင်းထောက်မစွာပဲ ….. ထိပ်ဆုံး (
အသုဘရှုခန်းမများဘက်မှကြည့်လျင်) ဆိုင်မှာနေရာရတယ်…. ဒါနဲ့
အအေးလေးမှာပြီးထိုင်နေတုန်းပဲ …. အမျိုးသမီးလေးယောက် ဆိုင်ထဲဝင်လာတယ်….
လေးယောက်စလုံးကတော့ NLD
ရင်ထိုးတွေနဲ့ ပုံစံတွေက လည်း အခြေခံလူတန်းစားပုံပါပဲ …. ချွေးတွေသံတွေနဲ့ ရယ်….
ဆိုင်ထဲမှာက ထိုင်စရာခုံကအလွတ်မရှိတော့ ကျွန်တော်ထိုင်နေတဲ့
ဝိုင်းမှာပဲလာပေါင်းထိုင်တယ်…. အဲဒီထဲကခေါင်းဆောင်ဖြစ်ဟန်တူတဲ့ အမျိုးသမီးကတကယ့်
ဟော့ဟော့ဒိုင်းဒိုင်းပဲ…. လက်မောင်းမှာလည်း ….
ဗိုလ်ချုပ်အောင်ဆန်းပုံဆေးမင်ေ ကြာင်ကိုထိုးထားတယ်… နောက်ကျန်သုံးယောက်ကတော့
ပထမမိန်းမနဲ့ရွယ်တူ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ဆယ်တန်းဝန်းကျင် ကောင်မလေး
နှစ်ယောက်ပေါ့ ….. ထိုင်ပြီးတော့ သူတို့ မှာစရာရှိတာ မှာပြီး .. စကားတွေပြောကြတယ်…
ဒီနေရာမှာ တစ်ခုပြောချင်တာက ဒီမိုတွေချည်းစုစည်းမိတဲ့ အခါ… တစ်ခုခုပြောရင်
ဘေးလူတွေကလည်း ကိုယ့်လူလိုပဲ သဘောထားပြီး လှမ်းပြောပြတတ်တဲ့ ဆက်ဆံမှုလေးပဲ …
ဒီမိုတွေကြားက နွေးထွေးမှုလို့ ဆိုရမယ်…. ထားပါတော့လေ…
ဒါနဲ့ သူတို့နဲ့ ကျနော် …
အဲ အဓိက ကတော့ အဲဒီ အမျိုးသမီးပေါ့လေ… သူနဲ့ ကျနော်စကားတွေပြောဖြစ်ခဲ့တယ်….
အကြောင်းအရာကတော့ ဟိုရောက်လိုက်ဒီရောက်လိုက်ပါပဲ …. ကိုနေမျိုးဇင်ထောင်ကျသွားတဲ့
အကြောင်း … ဦးဝင်ချိုပါပါသွားတဲ့ အကြောင်း …. သူတို့ ထောင်ဝင်စာသွားတွေ့တဲ့
နေရာမှာ ခက်ခဲတဲ့ အကြောင်းစသဖြင့်ပေါ့ ….ပြောကြတယ်….
ဒါနဲ့ ဘာသာရေး
ပဋိပက္ခတွေဘက်ကိုရောက်သွားတဲ့ အခါ…. သူကစပြောတယ်…
( တကယ်က ဘာသာရေး ပြဿနာက
လှည့်ကွက် အကိုရ… ဒီလိုလေ… သူတို့က … ဒေါ်စုကို နောက်ဆုံးမနိုင်နိုင်ရာ ဘာသာရေးနဲ့
လှည့်တိုက်တာပဲ … ဒါကို တစ်ချို့ပြည်သူတွေမသိဘူး …. ကျမတို့ ရွှေပြည်သာမှာလည်း
တစ်ချို့ … မသိကြဘူး … ဒါပေမယ့် ကျမတို့ကတော့ ပြောပြတယ်… လက်ခံတဲ့လူများပါတယ်….
ဟိုတစ်လောက စာပေဟောပြောပွဲမှာ ဆရာညီမင်းညိုပြောသွားတာ မှန်လိုက်တာ အစ်ကိုရာ….
ကိုမြအေးတို့ …လို မူဆလင်တွေဘယ်လိုလုပ်မလဲ … တိုင်းပြည်အတွက် …
နှစ်ပေါင်းများစွာထောင်ထဲနေလာ ရတာ …. နောက်ဦးရာဇတ်တို့ … အာဇာနည်အဖြစ် နှစ်တိုင်း
အလေးပြုနေရတာ … အဓိက က လူပဲ အစ်ကိုရ … ဘာ ဘာသာမှ မဟုတ်ဘူး လူပဲ … ကျမတို့
ရွှေပြည်သာကတော့ … လူနည်းစုလောက်ပဲ အမြင်စောင်းတာပါအစ်ကိုရာ …. အားလုံးက NLD ပဲ …
သိတယ်လေ… အခုဆို ပိုဆိုးလာပြီ…. သိသာလာပြီ… ဦးဝီရသူတို့လုပ်ကွက်တွေ
ထင်ရှားလာပြီ…. ကဲ …. လာမလုပ်နဲ့ …
ပြည်သူက အရင်လို
မဟုတ်တော့ဘူး … မျက်စိတွေနားတွေပွင့်ကုန်ပြီ... .
ကျမတို့လည်း မရှိပါဘူး … လက်လုပ်လက်စားပါ…. တကယ်…. အခုဒီကိုလာတာ ကိုယ့်ပိုက်ဆံကိုယ်စိုက်လာရတာ … ဘယ်သူမှထောက်ပံ့လို့ မဟုတ်ဘူး …. ပြီးတော့ … ဒီလို ဘာသာရေး မှိုင်းတိုက်တာတွေပျောက်အောင်… လူတွေအသိဥာဏ်တိုးအောင်… ကျမ က ရပ်ကွက်မှာ စာပေဟောပြောပွဲစီမံရေးကော်မတီက ဒုဥက္ကဌလေ.. ကျမ မရှိတဲ့ထဲ က ပိုက်ဆံတစ်သိန်းစိုက်တယ်…. စာပေဟောပြောပွဲလုပ်တယ်… ကိုနေမျိုးဇင်တို့ ကို ခေါ်ပြီးလေ…. အဓိက က လူတွေ… ကျမတို့ နားက လူတွေကို ဗဟုသုတတိုးစေချင်တာ … မျက်စိဖွင့်ပေးချင်တာပါ…..
ဟောပြောပွဲလုပ်တော့ … ကျမတို့ကိုပြောပြီးသား အမှားအယွင်းရှိရင်.. သုံးလ .. ဒါမှမဟုတ် ငွေဒဏ်ခြောက်သောင်း…. အဲလို ခြိမ်းခြောက်ထားတာ ….. ကျမတို့ကလည်း ရင်းတယ်… ကိုယ့်အတွက်မဟုတ်ဘူး … တိုင်းပြည်အတွက်…. လုပ်ရမှာပဲ …
ကျမတို့လည်း မရှိပါဘူး … လက်လုပ်လက်စားပါ…. တကယ်…. အခုဒီကိုလာတာ ကိုယ့်ပိုက်ဆံကိုယ်စိုက်လာရတာ … ဘယ်သူမှထောက်ပံ့လို့ မဟုတ်ဘူး …. ပြီးတော့ … ဒီလို ဘာသာရေး မှိုင်းတိုက်တာတွေပျောက်အောင်… လူတွေအသိဥာဏ်တိုးအောင်… ကျမ က ရပ်ကွက်မှာ စာပေဟောပြောပွဲစီမံရေးကော်မတီက ဒုဥက္ကဌလေ.. ကျမ မရှိတဲ့ထဲ က ပိုက်ဆံတစ်သိန်းစိုက်တယ်…. စာပေဟောပြောပွဲလုပ်တယ်… ကိုနေမျိုးဇင်တို့ ကို ခေါ်ပြီးလေ…. အဓိက က လူတွေ… ကျမတို့ နားက လူတွေကို ဗဟုသုတတိုးစေချင်တာ … မျက်စိဖွင့်ပေးချင်တာပါ…..
ဟောပြောပွဲလုပ်တော့ … ကျမတို့ကိုပြောပြီးသား အမှားအယွင်းရှိရင်.. သုံးလ .. ဒါမှမဟုတ် ငွေဒဏ်ခြောက်သောင်း…. အဲလို ခြိမ်းခြောက်ထားတာ ….. ကျမတို့ကလည်း ရင်းတယ်… ကိုယ့်အတွက်မဟုတ်ဘူး … တိုင်းပြည်အတွက်…. လုပ်ရမှာပဲ …
အားလုံးနီးပါးက
လက်လုပ်လက်စားများတော့ …. ဒီလိုပွဲမျိုးလုပ်ပေးမှ …. အဆင်ပြေမှာ …
ဟောပြောပွဲပြီးတော့ .. ကျမနဲ့ … ကျမသမီးနှစ်ယောက် ( ပါလာသော ကောင်မလေးနှစ်ယောက်ကို
ပြလျက်) သုံးယောက်ပေါင်းပြီး …. အမှိုက်တွေလိုက်ကောက်ရတယ်…. ကောက်တယ်…
သုံးယောက်တည်းကောက်တာနော်… မနက်ဆိုတာ မသေချာဘူးလေ.. ဒီတော့ ညမအိပ်ပဲကို အမှိုက်တွေ
အပြောင်ရှင်းပြစ်တာ …. ကျေနပ်တယ်… ကိုယ့်ရပ်ကွက်ကလူတွေ.. အသိဥာဏ်လေး နည်းနည်းပဲရရ
ကျေနပ်တယ်….)
စသဖြင့်ပေါ့ဗျာ …
သူပြောသွားတာ အများကြီးပဲဗျ… ဒီလို သူပြောပြတော့ ကျနော်နည်းနည်း တော့ ရှက်လာတယ်…
ကိုယ်က သူတို့ထက်လည်း တတ်နိုင်တဲ့လူ …. ယောက်ကျားကြီး…. စာတွေလည်း ဖတ်လိုက်တာ
သောက်သောက်လဲ …. ဒါပေမယ့် သူပေးဆပ်နေသလို .. သူ့စေတနာကို အကောင်အထည်ဖော်နေသလို ..
ကျနော်ဘာလုပ်ဖြစ်သလဲ ….
ဒီတော့ ကျနော်က သူ့ကို
ရိုးရိုးပဲ ပြန်မိတ်ဆက်ဖြစ်ပါတယ်…
(ကျနော် က တော့
ပုဆိုးခြုံကြားကလက်သီးတွေပါ… အွန်လိုင်းမှာ စာလေးမတောက်တခေါက်ရေးပါတယ်… အမရယ်)
လို့ ပဲမိတ်ဆက်ခဲ့ပါတယ်….
အဓိက ပြောချင်တာက ….
ကျနော်တို့ ဒီ Online ပေါ်က ကျနော်အပါအ၀င် နိုင်ငံရေးလေ့လာသူ စိတ်ဝင်စားသူ တွေ
အတော်များများ အမြင်တစ်ခုရှိတယ်… လူတိုင်းကို မဆိုလိုဘူးနော်.. တစ်ချို့ပြောတာ …
စိုးရိမ်စိတ်ပေါ့ …
ဘာသာရေးမှိုင်းနဲ့ NLD နဲ့
ဒေါ်စု ကို ၀ိုင်းတိုက်ကြတော့ …. အချို့ ပညာတတ်အတော်များများ …
ယိုင်တိယိုင်တိုင်ဖြစ်ကုန်တာတွေ့ ရတယ်…. ဒီတော့ … ကျနော်တို့ စိုးရိမ်ခဲ့တယ်….
ဒီပေါ်က ပညာတတ် အသိုင်းအ၀ိုင်းကလူတွေတောင်…. အချို့ ဘွဲ့ ရပြီး … တကယ့်
ဂျာနယ်ကြီးတွေ မှာအလုပ်ရနေတဲ့ လူငယ်တွေတောင်… မှိုင်းမိကုန် စိတ်ယိုင်ကုန်ကြရင်…
အခြေခံလူတန်းစားတွေဖြစ်တဲ့ …. လက်လုပ်လက်စားတွေ.. စက်ရုံအလုပ်သမားတွေ….. စတဲ့လူတွေဘယ်လိုလုပ်မလဲ
….. သူတို့ဆိုပိုမှိုင်းတိုက်ရလွယ်မှာပဲလို့ ထင်ခဲ့ကြဖူးတယ်….
ဒီနေ့ တော့ … အဲဒီ အမနဲ့
စကားပြောဖြစ်တဲ့ အခါ… သူ့ကို ပဲကြည့်လိုက်တာနဲ့တင်….
အတော်အမောပြေပါတယ်….မထူးဆန်းေ ပဘူးလား …. ကျနော်တို့ ထင်သလောက် မြန်မာပြည်သူတွေ
မှိုင်းမမိကြပါဘူး … လုံးဝမမိဘူးတော့ မပြောဘူးနော်.. .အထိုက်အလျောက်ရှိတယ်..
ဒါပေမယ့် အရမ်းစိုးရိမ်နေရတဲ့ အခြေအနေမဟုတ်ပါဘူး …. ဒါဆရာ ညီမင်းညိုတို့လို
ဆရာသမားတွေရဲ့ ကျေးဇူးတွေ ပါပါတယ်..
နောက်တစ်ချက်က ဒီလို
အခြေခံလူတန်းစားတွေမှာလည်း ဒီလိုပေးဆပ်နေသူတွေ များစွာရှိနေသေးတာ …. အားတက်စရာပါ….
စားဝတ်နေရေးမပြေလည်တဲ့ ကြားက ကိုယ်နီးနားပတ်ဝန်းကျင်ကလူတွေကို အသိဥာဏ်ပညာ
မြင့်တင်ဖို့ သူတတ်စွမ်းသလောက်ကြိုးစားရှာတယ် …..
နောက်ပြီး မွတ်စုတို့
မွတ်ဒေါင်းတို့ …. ၀ီရသူကို အရှင်ဘုရားဖြစ်ကုန်ပြီး NLD အပေါ် ယုံကြည်မှုကျဆင်းလာတဲ့
NLDပါတီဝင်… လူလတ်တန်းစားတွေ တွေ့ဖူးတယ်….. ဒီလူတွေပညာပဲတတ်တယ်… ဘာယုံကြည်မှုမှ
ခိုင်ခိုင်မာမာ မရှိပါဘူး …. ပါတီတစ်ခုရဲ့ အခြေခံမူကိုတောင်မသိပဲ .. ဘာလို့
ဝင်နေသေးသလဲ ….. ဘာသာရေးမခွဲခြား .. လူမျိုးရေးမခွဲခြား တဲ့ မူဝါဒ …
လူ့အခွင့်အရေးကို အလေးထားပါတယ် ဆိုတဲ့ ပါတီထဲကို … ဒီလူတွေ သူများဝင်လို့
လိုက်ဝင်တယ်….. ပြီးတော့ … ပါတီက ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်.. ဆိုတဲ့
ဒီချုပ်ဝင်တွေ… ကို မျက်စိထဲမြင်ယောင်ပြီး …. ရွှေပြည်သာက ကလေးနှစ်ယောက်အမေ…..
အခြေခံလူတန်းစား ဘ၀မှာတင်….. ဘယ်ဟာအရေးကြီးတယ်ဆိုတာ ဆုံးဖြတ်တတ်တဲ့ အမလောက်တောင်….
ဦးနှောက်ဥာဏ်နည်းလှတဲ့ ပညာတတ်ကြီးတွေပါလား လို့ ဆင်ခြင်မိလာတယ်….
ကျနော်ပြောနေကျစကားတစ်ခွန်းရှိ ပါတယ်….
လူတွေ စာရိတ္တချို့ယွင်းတာဟာ … ပညာရေး စနစ်ညံ့ဖျင်းနေလို့ ပညာရေး သည်သာ လူတွေရဲ့
စိတ်ဓာတ်ကို ပြင်နိုင်မှာ ဆိုတဲ့ စကားပါပဲ …. ဒီစကားကို ကျနော်တစ်ချက်တော့
သံသယ၀င်သွားမိတာ အမှန်ပဲ … စိတ်ထဲမှာလည်း အတော်ထူးဆန်းသွားတယ်…
ဟိုလိုပညာတတ်ကြီးတွေတောင် စိတ်ယိုင်နဲ့သေးတာ .. ဒီအမျိုးသမီးက ဘာလို့ … များ ဒီလို
မှန်ကန်သော စိတ်ဓာတ်တွေနဲ့ ရှငိသန်နေနိုင်တာလဲ … ပညာတတ်လေ.. ပိုပြီး
ပိုင်းခြားနိုင်လေဖြစ်ရမှာလေ…
ကဲထူးဆန်းမနေပေဘူးလား ….
ဒါပေမယ့်
သေချာပြန်စဉ်းစားတဲ့အခါ….ကျွန်ေ တာ့စကားဟာ ခုထိမှန်နေပါသေးတယ်…. အထက်က
ဘာသာရေးမှိုင်းမိကုန်တဲ့ ပညာတတ်တွေဟာ တကယ်တော့ …. ပညာမတတ် ဘွဲ့ရတွေပါ……
ကျနော်တဲ့
စကားပြောဖြစ်တဲ့ ရွှေပြည်သာက အမကတော့ …. တကယ့်ကို ပညာတတ်ပဲ …. အတန်းပညာ
အထက်ကလူတွေလောက်တတ်ချင်မှတတ်မယ် … ဒါပေမယ့် ဘ၀မှာ ဘယ်ဟာမှားပြီး ဘယ်ဟာ
မှန်တယ်ဆိုတာကို သူ့ကို ဘ၀ထဲက ပြန်သင်ပေးထားတယ်… ဆုံးဖြတ်နိုင်တယ်….
အထက်ကလူတွေလောက်တတ်ချင်မှတတ်မယ်
ဒီလိုလူတွေ တိုင်းပြည်ရဲ့
အခြေခံလူတန်းစားထဲမှာ များစွာရှိနေဦးမှာပါ….
ကျွန်တော်တို့ စိုးရိမ်နေသလောက်…. လူတွေမပျက်စီးသေးပါဘူး …… ဆွဲတင်လို့ ရပါသေးတယ်…
ကျွန်တော်တို့ စိုးရိမ်နေသလောက်…. လူတွေမပျက်စီးသေးပါဘူး …… ဆွဲတင်လို့ ရပါသေးတယ်…
သိပ်မကြာပါဘူး ..
နာရီဝက်သာသာလောက်စကားပြောပြီးချိန် မှာ သူတို့ ကျနော့ကို နှုတ်ဆက်ပြီး
ချွေးသံရဲရဲနဲ့ ပဲ နေပူတောထဲပြန်ထွက်သွားတယ်…. ကျွန်တော်လည်း နွေနေပူပူ ထဲမှာ ….
ကျန်နေခဲ့တယ်…
ဒါပေမယ့် … ဒီအမနဲ့
စကားပြောလိုက်ရတဲ့ ခဏဟာ … ကျွန်တော့ ကို နွေနေပူပူထဲ … ရွှေရင်အေး
တစ်ခွက်တိုက်လိုက်သလို …. အေးချမ်းသွားစေတယ်… တကယ်ပါ…. ကျွန်တော်တို့
သိပ်အစိုးရိမ်လွန်နေမိတာပါ….. အခုတော့ … ရင်ထဲအတော်အေးသွားတာ အမှန်ပါပဲ …
သူမ့နာမည်လည်း ကျနော်
မမေးမိသလို … သူမလည်း ကျနော့ကို နာမည်မမေးပါဘူး .. ဒီမိုမိတ်ဆွေချင်း ခဏတာ
စကားပြောဖြစ်တဲ့ သဘောပါပဲ …. တစ်ခုတော့ပြောသွားပါတယ်..
(ရွှေပြည်သာ ၁၅
ရပ်ကွက်ရောက်ရင်ဝင်ခဲ့ပေါ့ ….. ကျမအလုပ်အားချိန်တိုင်း အမြဲလိုလို ရှိနေတတ်ပါတယ်..
တဲ့)
အမရေ…
ကံမကုန်ရင်ပြန်ဆုံပါဦးမယ်…… ကျေးဇူးလည်း တင်ဝမ်းလည်း သာပါတယ်….
နွေနေပူပူအောက်မှာ ကျွန်တော့ ကို စကားရွှေရင်အေး တိုက်ကျွေးသွားတဲ့ ရွှေပြည်သာ ၁၅ရပ်ကွက်က အမကို .. ကျွန်တော် ဘယ်တော့ မှမေ့မှာမဟုတ်ပါဘူး ခင်ဗျာ ……
နွေနေပူပူအောက်မှာ ကျွန်တော့ ကို စကားရွှေရင်အေး တိုက်ကျွေးသွားတဲ့ ရွှေပြည်သာ ၁၅ရပ်ကွက်က အမကို .. ကျွန်တော် ဘယ်တော့ မှမေ့မှာမဟုတ်ပါဘူး ခင်ဗျာ ……
လေးစားလျက်..
လင်းလွန်းညို
#MMK
#MMK
0 comments:
Post a Comment