သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၄)
သစ်ထူးလွင် |
- အမေရိကန်တွင် ယခုနှစ်အတွင်း အင်အားအပြင်းထန်ဆုံး လေဆင်နှာမောင်းများ တိုက်ခတ်
- ဖားကန့်တွင် ကြီးထွား လာသော မူးယစ်ဆေး ရောင်းချမှု ဒေသ အာဏာပိုင်များ မျက်ကွယ်ပြုထား
- အင်းလျားကန်ပေါင်လုယက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ လေးဦးကို ဖမ်းဆီး စစ်ဆေးနေ
- အိုဘားမားနှင့် တွေ့ဆုံခဲ့တဲ့ မြန်မာလူငယ်တွေ ဘာတွေပြောကြ သလဲ
- ဟင်္သာတမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ လူနေအိမ် တစ်ရာခန့်ပျက်
- လူ ၇၀ဝ နီးပါး သေဒဏ် အီဂျစ် တရားရုံး ထောက်ခံ
- မြင်းမူတွင် လူနာတင်ယာဉ်တိမ်းမှောက်ကာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
- ကျောက်တန်းမြို့နယ်၌ ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်
- ညောင်ပင်ပြိုလဲစဉ် ဘုန်းကြီးကျောင်း ဆောင်ပေါ်သို့ ပိမိသဖြင့် သံဃာ(၁)ပါး ပျံလွန်တော်မူ၊ (၁)ပါးဒဏ်ရာရ
- တောင်ကြီးအတက်လမ်း ကားမီးလောင်မှုတွင် နောင်တရားမြို့နယ် လူဦးရေ သန်းကောင်စာရင်း စာရွက်များပါ လောင်ကျွမ်း
- မန္တလေးတက္ကသိုလ် ညပိုင်းလုံခြုံရေး တိုးမြှင့်ထား
- လမ်းအကွေ့၌ အရှိန်မထိန်း နိုင်သောယာဉ် တံတားဘောင်အား တိုက်မိတိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ
- အမေရိကန်ရေတပ် စစ်စခန်းကို ဗုံးခွဲတိုက်ခိုက်ဖို့ MH370 ရည်ရွယ်ခဲ့လေသလား
- ရွှေပြည်သာ Startex အထည်ချုပ် စက်ရုံအဆောင်နေ ၀န်ထမ်း (၄၀) ကျော် အား အဆောင်မှ မောင်းထုတ်သဖြင့် ဆန္ဒထုတ်ဖော်
- လူကုန်ကူးခံရသူတို့ကို ထိုင်းအစိုးရက ကိုယ်လုံးတီးချွတ်၍ လွှတ်သည်
- ထိုင်းနိုင်ငံတွင်း ခိုးဝင် မြန်မာနိုင်ငံသား ၇၁ ဦး ဖမ်းဆီးခံရ
- ရန်ကုန်ဘူတာကြီး ၀န်ထမ်းအိမ်ရာ အချို့ ရွှေ့ပြောင်း နေရာချမည်
- MERS ဗိုင်းရပ်ကြောင့် ဆော်ဒီမှာ လူ ၁၀၀ ကျော်သေ
- မြန်မာ့ ပြုပြင် ပြောင်းလဲရေး အတွက် အိုဘားမား သတိပေး
- မွတ်စလင် ဖိနှိပ်ရင် မြန်မာ မတိုးတက်နိုင်
- အပူချိန် မြင့်တက်လို့ လူသေဆုံးမှုတွေ ရှိနေ
- ရခိုင် အမျိုးသား ညီလာခံ စတင်
- ဦးဝင်းတင် ရက်လည်ဆွမ်းကပ်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
- ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ)နဲ့ (ဃ) ပြင်ဆင်ရေး ကောလင်းမှာ ဆန္ဒပြ
- မြန်မာ ပွဲစားနှစ်ဦး ထိုင်းရောက် မြန်မာ အမျိုးသမီးငယ်ကို လေးရက်ကြာ ပိတ်လှောင်ပြီး ငွေညှစ်
Posted: 28 Apr 2014 07:03 AM PDT
အမေရိကန်တွင် ယခုနှစ်အတွင်း အင်အားအပြင်းထန်ဆုံး လေဆင်နှာမောင်းများ
တိုက်ခတ် အနည်းဆုံး လေဆင်နှာမောင်း (၁၁)စင်းမျှသည် အင်အားကြီးမားသော
မုန်တိုင်းကွန်ရက်စနစ် တစ်ခုထဲတွင် ပါဝင်လာပြီး အာကန်ဆက်စ်၊ နီဘရာဆကာ၊
ကန်းဆက်စ်၊ အိုင်အိုဝါ၊ မဇ္ဇူရီနှင့် အိုကလာဟိုးမားတို့တွင်
တိုက်ခတ်သွားခဲ့သည်။
အမေရိကန် နိုင်ငံတွင် လေဆင်နှာမောင်း ဆယ်ခုထက်မနည်း တိုက်ခတ်မှု များကြောင့်
အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသများတွင် သေကြေ
|
Posted: 28 Apr 2014 06:44 AM PDT
ကမ္ဘာ့ အဖိုးတန် ကျောက်စိမ်းများ ထွက်ရှိသည့် ဖားကန့် မြို့နယ် အတွင်း တွင်
ကြီးထွား နေဆဲဖြစ်သော မူးယစ် ဆေးဝါးရောင်း ချမှုသည် အာဏာပိုင် များ
ကာကွယ်ထားခြင်းကြောင့် ပပျောက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ဒေသခံ
စီးပွားရေး လုပ်ငန်းရှင်များနှင့် နိုင်ငံရေးလှုပ် ရှားသူများက
တူညီစွာပြောဆိုကြသည်။
ဖားကန့် မြို့နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းချမှုများကို တရားဝင် ဆိုင်ခန်း
များ ကဲ့ သို့ဆောက်ကာ
|
Posted: 28 Apr 2014 06:37 AM PDT
ရန်ကုန်၊ ဧပြီ ၂၇- အင်းလျားကန် ပေါင်တွင် ရွှေထည်နှင့် ကားကို အုပ်စု ဖွဲ့ကာ
အကြမ်းဖက် လုယက်ခဲ့ရာတွင် ပါဝင်သည်ဟု သံသယရှိသူ လေးဦး ခန့်ကို ဖမ်းဆီး
စစ်ဆေး နေကြောင်း ရန်ကုန်အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ
ဒုရဲမှူးကြီးဝင်းကြည်က ပြော သည်။
ဒုရဲမှူးကြီးဝင်းကြည်က''မသင်္ကာ လို့ စစ်ဆေးတဲ့သူ လေးဦးလောက် တော့ ရှိတယ်။
တချို့စစ်ဆေးပြီး ပြန် လွှတ်ပေး ထားတာတွေလဲ ရှိပါတယ်။ အသေး စိတ် ကို
စုံစမ်းဖော်ထုတ်ရဦး မှာဆိုတော့
|
Posted: 28 Apr 2014 06:32 AM PDT
ရန်ကုန်၊ မဇ္ဈိမ။ ။ အမေရိကန်သမ္မတ အိုဘားမားသည် မလေးရှားနိုင်ငံ
ကွာလာလမ်ပူမြို့ Town Hall Meeting၌ ဧပြီ ၂၇ ရက်၊ ဒေသ စံတော်ချိန်
ညနေ၄နာရီမှ စပြီး အာဆီယံ လူငယ်များနှင့် နှစ်နာရီခန့် တွေ့ဆုံခဲ့ရာတွင်
မြန်မာလူငယ် ၁၀ဦးလည်း ပါဝင်သည်။
တွေ့ဆုံပွဲတွင် သမ္မတအိုဘားမားက အွန်လိုင်းတွင် ကြိုတင် မေးမြန်းခွင့်
ပြုထားသည့် မေးခွန်းများထဲမှ ၂ ခုနှင့် တက်ရောက်လာသူ များထဲမှ လူငယ် ၆
ဦးကို ရွေးချယ်၍ သဘောထားြ
|
Posted: 28 Apr 2014 06:27 AM PDT
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် ခြင်းဘို့ အုပ်စုတွင်
ဧပြီလ(၂၇)ရက်နေ့က ရုတ်တရက်မိုးရွာသွန်း ရာမှ လေပြင်းမုန်းတိုင်း
ပြင်းထန်စွာ တိုက်ခတ်ခဲ့၍ ယင်းအုပ်စုအတွင်းရှိ ဆိပ်သာ
ဘုန်တော်ကြီးကျောင်းနှင့် ကျေးရွာ (၈)ရွာမှလူနေအိမ် တစ်ရာခန့် ပျက်စီး
ခဲ့ကြောင်း ဒေသခံ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ခြင်ဘို့အုပ်စုတွင် ကျေးရွာပေါင်း(၁၃)ရွာရှိသည့် အနက်မှကြွက်ကျွန်းကျေးရွာ၊
ကျွန်းဦးကျေးရွာ၊ ကျွန်းထိပ် ကျေးရွာ၊
|
Posted: 28 Apr 2014 06:10 AM PDT
အီဂျစ်နိုင်ငံမှာ တားမြစ် ပိတ်ပင်ထားတဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့နဲ့
ခေါင်းဆောင် မိုဟာမက် ဘေဒီကို ထောက်ခံကြသူ လူပေါင်း ၇၀ဝ နီးပါးကို သေဒဏ်
ချမှတ်ထားမှုအပေါ် တရားရုံးတစ်ခုက ထောက်ခံ အတည်ပြု လိုက်ပါတယ်။
ဒီလူတွေဟာ ပြီးခဲ့တဲ့ နှစ်က မင်ယာ မြို့မှာ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်း ဆန်ခတ်
ဖြစ်ပွားရာမှာ ရဲအရာရှိတွေ သေကြေ ဒဏ်ရာ ရရှိခဲ့တဲ့အပေါ် အပြစ်ရှိတယ်ဆိုပြီး
စီရင်ချက် ချမှတ် ခံထားရတာ ဖြစ်ပါတယ်။
ဒီအမှုကို ပြန်လည်
|
Posted: 28 Apr 2014 05:48 AM PDT
မြင်းမူ၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မုံရွာ-
မန္တလေးကားလမ်း မိုင်တိုင် ၅၇၊ ဘိုးမင်းကြီးကင်း၊ ဂွေးပင်တောကျေးရွာအနီးတွင်
ဧပြီလ ၂၇ရက် နံနက်ပိုင်းက လူနာတင်ယာဉ်တစ်စင်း တိမ်းမှောက်ကာ
လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု အမှတ် (၁၄)
ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒုဖွဲ့ခွဲရုံးက သိရသည်။
အဆိုပါ တိမ်းမှောက်ခဲ့သည့် ပခုက္ကူမြို့ သုခကာရီ လူမှုကူညီရေးအသင်း စာတမ်းပါ
လူနာတင်ယာဉ်သည်
|
Posted: 28 Apr 2014 05:47 AM PDT
ရန်ကုန်၊ ဧပြီ ၂၈
၂၇.၄.၂၀၁၄ရက်နေ့ ၁၃၄၀အချိန် ကျောက်တန်းမြို့နယ်၊ ချောင်းစောက် ကျေးရွာ၊
ပရိယတ္တိဘူမိ ဘုန်းတော်ကြီးကျောင်းရှိ သွပ်မိုး၊ ပျဉ်ကာ
ကျောင်းဆောင်အပေါ်ထပ်တွင် ဂေါပကအဖွဲ့ဝင် ဦးလှိုင်ကြူ
(၆၀)နှစ်၊ ချောင်းစောက်ကျေးရွာ၊ ကျောက်တန်း မြို့နယ်နေသူမှ ကော်ဇောပေါ်၌
ခြင်ဆေးခွေ ထွန်းထားခဲ့ ရာ ခြင်ဆေးခွေမီးမှ ကော်ဇောပေါ်သို့ကျပြီး
မီးစတင်လောင်းကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်
|
Posted: 28 Apr 2014 05:44 AM PDT
ရန်ကုန်၊ ဧပြီ ၂၈
၂၈.၄.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်တွင် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ အုတ်ကျင်း
ဘူတာရုံလမ်း၊ ဇေယျမင်္ဂလကျောင်း တိုက်ဝင်းနှင့် ကပ်လျက်ရှိ
စက်မှုဝန်ကြီးဌာနပိုင် လွယ်ဟိန်း ကုမ္ပဏီမှ ငှားရမ်းထားသော ဘီစကွတ်
စက်ရုံခွဲ(၂)၀င်းအတွင်းမှ နှစ်ပေါင်း(၆၀)ခန့် သက်တမ်းရှိ အဆောက်အဦ
အုတ်နံရံအနီး၌ ကပ်ပေါက်နေသော ညောင်ပင်ပြိုလဲရာမှ အစပြုပြီး အုတ်နံရံ
အလျား(၁၂၀)ပေ၊ အမြင့်(၂၅)ပေခန့်မှာ ပြိုကျခဲ့ပါသည်။
|
Posted: 28 Apr 2014 05:36 AM PDT
တောင်ကြီး၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့
အတက်လမ်းပိုင်းတွင် ဧပြီလ ၂၈ရက် နံနက်၁၀နာရီ မိနစ်၂၀ခန့်က ကားမီးလောင်မှု
ထပ်မံဖြစ်ပွားရာ ကားပေါ်တွင် တင်လာသည့် ရှမ်းပြည်နယ်
နောင်တရားမြို့နယ်အတွင်း ကောက်ခံထားသည့် လူဦးရေ သန်းကောင်စာရင်း
စာရွက်များ လောင်ကျွမ်းခဲ့သည်ဟု ယာဉ်မောင်းသူ ကိုကြည်သိန်းက မဇ္ဈိမကို
ပြောသည်။
"သန်းခေါင်စာရင်းစာရွက်တွေက ကားနောက်ဖုံးထဲ နောင်တရားမြို့နယ် လ၀က
|
Posted: 28 Apr 2014 05:31 AM PDT
မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေး တက္ကသိုလ်အတွင်းတွင် ညပိုင်း အချိန်၌ မလိုလား
အပ်သော ပြသနာများ မဖြစ်ပေါ်စေရန် ရည်ရွယ်ကာ ဧပြီလမှ စတင်၍ လူဝင်လူထွက်
စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု အဆို ပါတက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့
ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
"မန္တလေး တက္ကသိုလ်ဝင်း အတွင်းက မှောင်တဲ့ နေရာပေါတာရော၊ ညပိုင်းအချိန်
လူဝင်လူထွက်နည်း တာရောကြောင့် ပြဿနာ မဖြစ်ပွားအောင်၊ စာစစ်မှုတွေ
ပြုလုပ်နေတာ ကြောင့် ညပိုင်း မှာ
|
Posted: 28 Apr 2014 04:24 AM PDT
နေပြည်တော်၊ ဧပြီ ၂၈
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ပဲခူးတိုင်း ဒေသကြီး၊
ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၂/၁-၂)ကြားတွ
|
Posted: 28 Apr 2014 04:09 AM PDT
ပျောက်ဆုံးနေတဲ့ မလေးရှား လေကြောင်းလိုင်းက MH370 လေယာဉ်ဟာ ပြန်ပေးဆွဲခံရပါ
တယ်။ နောက် အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းတစ်ကျွန်း မှာ အခြေစိုက်ထားတဲ့
အမေရိကန် စစ်ဌာနချုပ်ကို ဗုံး အဖြစ် ပြန်လည်တိုက်ခိုက်ဖို့ ပြန်လည်ပျံသန်း
လာခဲ့ပါ တယ်။ ဒါပေမဲ့ ပါကစ္စတန်မှာ ကွင်းဆင်းပြီး ဗုံးတွေတပ်
ဆင်သယ်ဆောင်လာတဲ့ MH370 လေယာဉ်ဟာ ပစ် မှတ်ဆီရောက်အောင်
မချဉ်းကပ်နိုင်ခဲ့ပါဘူး။
ဒါဟာ အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူ ပေါလ်ဟူဘဲလ်ရဲ့
|
Posted: 28 Apr 2014 04:04 AM PDT
ရွှေပြည်သာ Startex အထည်ချုပ် စက်ရုံ မှ အဆောင်နေ ၀န်ထမ်း
(၄၀) ကျော်အား အဆောင် မှ မောင်းထုတ် သဖြင့် အဆောင်နေ ၀န်ထမ်းများမှ
ဧပြီလ (၂၇) ရက်နေ့ က တတိယ အကြိမ် အဖြစ် ထပ်မံ၍ ဆန္ဒ ထုတ်ဖော် ခဲ့ကြကြောင်း
အလုပ်သမားများ ထံမှ သိရသည်။ ညတုန်းက အဆောင်သူ အယောက် (၄၀) ကို
မထားတော့ဘူးဆိုပြီး အဆောင်အောက် အခန်းကျဉ်းကျဉ်းလေး ထဲကို
ပြောင်းခိုင်းတယ်။ ဒီဘက် ကလည်း ပြောင်းမ ပေးဘူး ဆိုပြီး
|
Posted: 28 Apr 2014 03:40 AM PDT
၂၀၁၄ ခု ဧပြီလ ၂၆
တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ် ၄၉ ရက်ချမှတ်
ခံခဲ့ရသည့် လူကုန်ကူးခံခဲ့ရသူ မြန်မာ အလုပ်သမား ၆ဦးတို့၏
ငွေကြေး၊ဖုန်းနှင့် အ၀တ်အထည်များ အားလုံးတို့အား အကျဉ်းထောင်နှင့်
ရဲစခန်းတို့မှ ယူဆောင် ထားလိုက်သဖြင့် ကိုယ်လုံးတီး သဘောမျိုးဖြင့်
လွတ်မြောက်လာ ခဲ့ကြောင်း အလုပ်သမားများ ကပြောသည်။
၂၀၁၄ ခု မတ်လ ၃ ရက်ညဥ့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက်
ကီလိုမီတာ ၈၆၄
|
Posted: 28 Apr 2014 03:31 AM PDT
ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်ဘက်ကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၇၁
ဦးကို ဧပြီ ၂၇ ရက်နေ့က ဖမ်းဆီးရမိကြောင်း မန်နေဂျာအွန်လိုင်း
ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကြိုတင်သတင်း ရရှိချက်အရ အဲဒီမြန်မာနိုင်ငံသားတွေကို ရနောင်းခရိုင် အမှတ်
၂၅ အထူးစစ်ဆင်ရေး တပ်ဖွဲ့နဲ့ နယ်မြေခံရဲတွေ ပူးပေါင်းပြီး ကရပူရီမြို့နယ်
ဟိန်ယိုင်ကျေးရွာ အုပ်စုထဲမှာရှိတဲ့ ဆီအုန်းခြံတွေထဲမှာ ၀င်ရောက်ပိတ်ဆို့
ဖမ်းဆီးခဲ့တာလို့
|
Posted: 28 Apr 2014 03:29 AM PDT
ရန်ကုန်ဘူတာကြီးကို နိုင်ငံတကာ အဆင့်မီ ပြန်လည်တည်ဆောက်မှာ ဖြစ်လို့
ဘူတာကြီးဝင်း အတွင်းက ၀န်ထမ်းအိမ်ရာ တချို့ကို ရွှေ့ပြောင်းဖို့
ပြောထားတယ်လို့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ပြောပါ တယ်။
ဘူတာကြီးကို လာမယ့်နှစ် အစောပိုင်းလောက်မှာ စတင်တည်ဆောက်ဖို့ ခန့်မှန်း
ထားတာကြောင့် ဆောက် လုပ်ရေး လုပ်ငန်းတွေ မစခင်မှာ ၀န်ထမ်း အိမ်ရာတွေကို
မီရထားပိုင်မြေအတွင်း လုပ်ငန်းခွင်ကို သွားလာရ လွယ်ကူတဲ့နေ ရာမှာြေ
|
Posted: 27 Apr 2014 08:29 PM PDT
ဆော်ဒီ အာရေဗျနိုင်ငံမှာ MERS လို့ခေါ်တဲ့ အရှေ့ အလယ်ပိုင်း ဒေသ အသက်ရှူ
လမ်းကြောင်း ဆိုင်ရာ ဗိုင်းရပ်စ်ပိုး တမျိုးကြောင့် နောက်ထပ် လူ ၁၀
ယောက်သေဆုံး သွားတယ်လို့ ဆော်ဒီ အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။
ဒါကြောင့် ဒီရောဂါကို စတင်တွေ့ရှိ ချိန်ကစပြီး သေဆုံးသူဦးရေဟာ ၁၀၂
ယောက်အထိရှိသွားခဲ့ပါပြီ။
စနေနေ့က ၂ ယောက်သေဆုံးပြီးနောက် မနေ့ တနင်္ဂနွေနေ့မှာ နောက်ထပ် ၈
ယောက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ေ
|
Posted: 27 Apr 2014 08:27 PM PDT
မြန်မာနိုင်ငံမှာ လူနည်းစု မွတ်ဆလင်တွေကို ဖိနှိပ်မှုတွေ လုပ်မယ်ဆိုရင်
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းနေမှုဟာ အောင်မြင်နိုင်မှာ
မဟုတ်ဘူးလို့ အမေရိကန်သမ္မတ Barack Obama က သတိပေးလိုက်ပါတယ်။
မလေးရှားနိုင်ငံကို ရောက်နေတဲ့ သမ္မတ အိုဘားမားဟာ တနင်္ဂနွေနေ့က အာရှ
လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြား လိုက်တာဖြစ်သလို
ဒေသတွင်း တည်ငြိမ်ရေး အတွက်လည်း အမေရိကန် ပြည်ထောင်စုက အကူညီပေးမယ်လို့
|
Posted: 27 Apr 2014 08:20 PM PDT
လူနည်းစု ဘာသာခြား မွတ်စလင်တွေကို ဖိနှိပ်နေမယ်ဆို ရင်တော့
မြန်မာနိုင်ငံ အနေနဲ့ တိုးတက်မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ
အိုဘားမားက မနေ့က ပြောကြား လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို
ချီးကျူးခဲ့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပဋိပက္ခတွေ၊
ဘာသာရေး နှိပ်ကွပ်မှုတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရကိုညှိုးနွမ်းတဲ့
လုပ်ရပ်တွေ ဖြစ်တာကြောင့်
|
Posted: 27 Apr 2014 08:17 PM PDT
မြန်မာနိုင်ငံမှာ အပူချိန် မြင့်တက်လို့ လူတွေ သေဆုံးရတဲ့အထိ
ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
မြန်မာပြည်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် ကျော်အောင် ပူနေတဲ့ နေရာတွေ ရှိနေပြီး
အပူဒဏ် ကို နေရာအတော်များများမှာ ခံနေရပါတယ်။
ဒီနှစ် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊
ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းတွေမှာ ပုံမှန် အပူချိန်ရဲ့
အထက် ၆၀ ရာနှုန်းလောက်အထိ တိုးမယ်လို့
|
Posted: 27 Apr 2014 08:15 PM PDT
ရခိုင် အမျိုးသား ညီလာခံကို ၂၇ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့မှာ
ဖွင့်လှစ် ခဲ့ပြီး ၅ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံ လွတ်လပ်ရေး ရပြီးနောက် နှစ်ပေါင်း ၇၀ နီးပါး အတွင်း ပထမဆုံး
ကျင်းပတဲ့ ရခိုင် တမျိုးသား လုံးရဲ့ ညီလာခံမို့ ရခိုင်သားတွေ အားလုံး
တက်တက် ကြွကြွ ပါဝင် ဆင်နွှဲတာ ကို တွေ့ရပါတယ်။
ညီလာခံ အဖွင့် မိန့်ခွန်းမှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ရခိုင်
ပြည်သူတွေ အနေနဲ့
|
Posted: 27 Apr 2014 08:03 PM PDT
ကွယ်လွန်သွားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာ
ဆရာကြီး ဦးဝင်းတင်အတွက် ၇-ရက်ပြည့် ရက်လည်ဆွမ်းကျွေး အခမ်းအနားတွေကို
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၊ ရန်ကင်းမြို့ နယ် နေအိမ်နဲ့
ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက် နေအိမ်တွေမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
ရန်ကင်းမြို့နယ်က ဆရာကြီး ဦးဝင်းတင် နေအိမ်မှာ ပြုလုပ်တဲ့ ဆွမ်းကျွေး
အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌေ
|
Posted: 27 Apr 2014 08:02 PM PDT
စစ်ကိုင်းတိုင်း
ဒေသကြီး၊ ကသာခရိုင် ကောလင်းမြို့မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ
ပြဌာန်းချက်တွေထဲက ဖွဲ့စည်းပုံ ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆၊ နိုင်ငံတော်သမ္မတ
အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ)၊ (ဃ)တို့ကို ပြင်ဆင်ပေးဖို့အတွက်
ကောလင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး
ရာနဲ့ချီတဲ့ ဒေသခံတွေ ဒီနေ့မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ပြည်သူတွေ ပြင်ဆင်ချင်တဲ့ ပုဒ်မတွေကို လက်ရှိအစိုးရကြ
|
Posted: 27 Apr 2014 07:59 PM PDT
ထိုင်းနိုင်ငံတွင် မြန်မာ ပွဲစားနှစ်ဦးက ရခိုင်ပြည်နယ်မှ အ လုပ်လာ လုပ်သော
အမျိုးသား သုံးဦးကို ငါးဖမ်းလှေသို့ ရောင်းစားခဲ့ပြီး အမျိုးသမီး
ငယ်တစ်ဦးကို လေးရက်ကြာ အခန်း ပိတ်လှောင်ကာ ထိုင်းဘတ်ငွေ ၁၂,၀၀၀ဖြင့်
ရွေးယူရန် တောင်းခံမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဧပြီ ၂၀ရက်တွင် ရခိုင်ပြည် နယ် ပုဏ္ဏားကျွန်းမြို့နယ် ကန် တော့ခံရွာမှ
ရခိုင်အမျိုးသမီးတစ် ဦးနှင့် အမျိုးသားသုံးဦးတို့အား
|
0 comments:
Post a Comment