Thursday, April 10, 2014

အရေးကြီးတဲ. ကိစ္စ.....

Kzw Khinzawwin was tagged in his own photo.

ဒီနေ. ကျွန်တော် ဘာလုပ်ဖို. ကမ်းစပ်တစ်ခုကို သွားနေရမှန်း မသိပါဘူး....။ ကျွန်တော်. ပါးစပ်ထဲမှာလည်း သရေစာ တစ်ခုခု(ဒါမှမဟုတ်) သစ်သီး တစ်ခုခု စားနေရ သလိုပါပဲ....။ ကျွန်တော်. ဘေးမှာလည်း ကျွန်တော်နဲ. ဘ၀တူ... လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတစ်ယောက်ပါတယ်။
သူ.နဲ. ကျွန်တော် တော်တော်ရင်းနှီးကြပေမယ်.
သူ.ရဲ.နာမည်နဲ. နေရပ်လိပ်စာကို အတိအကျ မသိပါဘူး။ဒါပေမယ်. ဒါတွေဟာ ဒီလောက် အရေးမကြီးဘူးလို. ထင်ပါတယ်။ကျွန်တော်နဲ.သူ ခင်မင်ရင်းနှီးကြတယ်
ဒီလောက်ဆို ရပါပြီ။သူ.မှာ စားစရာပါမလာတော. တစ်ခုခု စားစေချင်ပါတယ်။အဲဒီ စေတနာ စိတ်နဲ.ပဲ ပတ်ဝန်းကျင်ကိုကြည်.လိုက်တော. စားစရာ သီးပင်တွေ အစုံ
- အလင် တွေ.ရပါတယ်။သူ.ကို ကျွန်တော်က ဆီးသီးမှည်.တွေ ရဲပတောင်းခတ် သီးနေတဲ. ဆီး(ဇီး)ပင်တစ်ပင်ကို ညွှန်ပြလိုက်တယ်ဆိုရင်ပဲ သူကော ကျွန်တော်ရော
ဘာလုပ်ရမယ် ဖွင်.ဟ ပြောနေစရာမလိုပဲ ဆီးပင် အောက်ကိုေ၇ာက်ခဲ.ကြတယ်။အဲဒီမှ တဆင်. သူနဲ.ကျွန်တော် တောတွေထဲကို လျှောက်သွားကြတယ်။သစ်တော
- ကြီးကလည်း အောက်ခြေတွေရှင်းပြီး အရိပ်အာဝသ ကောင်းလွန်းတော. နေပြောက်တောင် မြေပြင်ပေါ် ထိုးကျလာခွင်. မရကြပါဘူး။ကျွန်တော်တို.ရောက်နေတဲ.နေရာက လမုတောတွေ ပေါက်ရောက်တဲ. မြေနိမ်.လိုနေရာမျိုး(ဒါမှမဟုတ်)အေးစိမ်.စိုစွတ်တဲ. ချိုင်.၀ှမ်းတစ်ခုတည်း ရောက်နေသလိုမျိုး ခံစားရပါတယ်။သစ်ပင်တွေကို မော.ကြည်.လိုက်တော.လည်း သစ်သီးတွေ အပြွတ်လိုက် ၊ အခိုင်လိုက် အလျှံပယ်သီးနေတယ်။ အဲဒီ အထဲကမှ ကျွန်တော် သိတဲ.
အသီး အမည်တွေကတော. ဆီးဖြူသီးတွေနဲ.အစိမ်းနုရောင် သင်္ဘောဆီးဖြူသီးတွေပါပဲ... ကျန်တဲ. များပြားလှတဲ.. အသီးတွေနာမည်ကိုတော. ကျွန်တော် နာမည်မပြောပြတတ်ပါဘူး။အသီးတွေကို အရမ်းစားချင်ပေမယ်. မခူးဖြစ်ဘူး။ခူးဆွတ်ဖို.လည်း စိတ်က မစေ.ဆော်ဘူး။ခူးဖို.လည်း မလိုဘူး လို.ခံစားရတယ်။ဒါနဲ.ပဲ မခူးဖြစ်ဘူး..။ကျွန်တော်တို. နှစ်ယောက် ဆက်လျှောက်ရင်းနဲ. ဘယ်တွေရောက်ကုန်မှန်း မသိတော.ဘူး။ကျွန်တော် သိနေတာကတော. မြို.အစွန် အဖျားလိုလို ၊ကျူးကျော်ရပ်ကွက် လိုလို... နေရာမျိုးမှာ ကလေးတွေကို ကျွန်တော်က တာဝန်အရလိုက်ဖမ်းနေရတယ်။ကျွန်တော်.၇ဲ.တစ်နေ.တာအလုပ်ကဒါပဲ...လေ။
ကျွန်တော်
.ကိုမြင်တာနဲ. လမ်းဘေးဈေးသည် တွေလိုပဲ ကလေးတွေက ကြောက်လန်.ပြီး ထွက်ပြေးကုန်တယ်။ကျွန်တော် စိတ်မကောင်းသလို ခံစားရပေမယ်. ထွက်ပြေးတဲ.
ကလေးတွေကို လိုက်ဖမ်းနေမိတယ်။တစ်ယောက်မှတော. မမိပါဘူး။ကျွန်တော်. ကိုယ်မှာလည်း မြိုတော်စည်ပင် ရဲတွေလို ယူနီဖောင်း အပြည်.အစုံဝတ်ထားတယ်။
ကျွန်တော်. အလုပ်က ၇ဲလို.တော. သိရတယ်။ကလေးတွေ လိုက်ဖမ်းတဲ.အခါ ခေါင်းမှာဆောင်းထားတဲ.ယူနီဖောင်းဦထုပ်ကိုချွတ်ပြီးမှဖမ်းဖို.
ဘေးမှရဲ
တစ်ယောက်က အော်ပြောသွားတယ်။ထိုရဲသား ပြောကာမှ ဒါ ...အထက်က ချမှတ်ထားတဲ. အမိန်.ပဲလို. ကျွန်တော် သတိရမိတော.တယ်။လမ်းဘေးမှ အကြော်သည် အဒေါ်ကြီးကလည်း ကလေးတွေ လာတတ်တဲ. အချိန်နဲ. ကလေးတွေ ထွက်ပြေးသွားတဲ.အခါ ခိုအောင်းလေ.ရှိတဲ.နေရာတွေကို အသေးစိပ် ကျွန်တော်
တို.ကို ရှင်းပြပြီး သတင်းပေးပါတယ်။ကျွန်တော်တို.ကလည်း ကလေးတွေ လှုပ်ရှားပြုမူ တတ်တဲ.အလေ.အထတွေကို မှတ်သားထားပြီး အနားယူဖို. ပြင်ဆင်ရပါတယ်။
ကျွန်တော်လည်း ချောင်းရိုးတစ်ခုခု ရဲ.ဖြူလွှလွှ သဲမြေပေါ်လမ်းလျှောက်လာရင်း ဒီ ...လမ်း...၊ဒီ...ခရီးနဲ. ဒီ..ပတ်ဝန်းကျင်ကို ရင်းနှီးခဲ.ဖူး သလိုမျိုး ခံစားနေရပါတယ်။
ဘယ်တုန်းကရောက်ဖူး ခဲ.တာပါလိမ်.။ကျွန်တော်.အတွေးထဲ ယင်းချောင်၏ရေကျချိန် နွေဦးပေါက်ရာသီမှာ ယင်းချောင်ထဲက အာလူး၊ခရမ်းချဉ် စိုက်ခင်းများနဲ.
ယာစောင်.တဲ များဝင်လာပါတယ်။ကျွန်တော် ယာစောင်.တဲကလေးထဲ ၀င်သွားတော. ကျောင်းနေဘက် သူငယ်ချင်းများဖြစ်သော ရခိုင်မှ ခိုင်မာနှင်. ကျောက်ဆည်(မန္တလေး)မှ ဆုမွန်ကိုကို ကိုတွေ.လိုက်ရလို. အရမ်းအံ.သြပြီး ၀မ်းသာသွားပါတယ်။မတွေ.ရတာ နှစ်တွေကြာတော.ကျွန်တော်အရမ်း
ပျော်ပါတယ်။ဆုမွန် ကိုမေးကြည်.တော. သူလည်းရဲလုပ်နေတယ်တဲ. ။ခိုင်မာ ကတော.ကိုယ်ပိုင် ယာစောင်တဲနဲ. တောကြွက်တွေထောင်ပြီး နတ်မောက်မြို.ဈေး
-တက် ရောင်းနေတယ်လို. ဖြေပါတယ်။အဲဒီ ယာစောင်.တဲလေးထဲမှာ...ကျွန်တော်တို. သူငယ်ချင်းတွေ ဘ၀ကြောင်းတွေ ပြောဖြစ်ခဲ.ကြတယ်ထင်တယ်။
ကျွန်တော်လည်း ရဲဖြစ်နေကြောင်းနဲ. တစ်နေ. ..... ဒီလို ကလေးတွေ လိုက်ဖမ်းရတဲ. ဘ၀မျိုး ဖြစ်လာမယ်လို. ဘယ်လိုမှမျှော်လင်.မထားကြောင်းနဲ. အိမ်မက်
-တောင်...မမက်ဖူးခဲ.ကြောင်း...။ဘ၀တွေက ပြဌာန်းလာတော.လည်း ဘာမှမတတ်နိင်ကြောင်း ၊ရောက်ရာ ကြုံရာ...ဘ၀များမှာပဲ အကောင်းဆုံးဖြတ်သန်းသွားရ
-မှာဖြစ်ကြောင်း..၊ယခု အဆင်မပြေတာကို ကြောက်ရွံ.နေဖို.မလိုကြောင်းနဲ.လာမယ်. (၂၀၁၅)နှစ်ထောင်ဆယ်.ငါး မှာ ဒီထက်.... ပိုဆိုးလာနိင်ကြောင်း၊အကောင်းဆုံး
အခြေအနေကို မျှော်လင်.မထားတောင် အဆိုးဆုံးအခြေနေမှာ ရပ်နေထိုင်နိင်ဖို. ပိုလိုကြောင်း....ပြောဆိုပြီး ကလေးဖမ်းဖို.ရာ...ကျွန်တော် ဆက်ပြီးထွက်လာခဲ.
တယ်။ကျွန်တော် ဘာတွေ စဉ်းစား လာမှန်းမသိတော.ပါ...။နွားမကြီး၏နှာမှုတ်သံကြားမှ ပတ်ဝန်းကျင်ကို ဂရုစိုက်မိတယ်။ကြည်.လိုက်တော. မွေးကင်စ နွားပေါက်
- ကလေးနဲ. နွားဖြူမကြီး(ဆတ်မ)တစ်ကောင် ။ သူ.ကလေးကို ရန်ပြုမယ်ထင်လို. ထင်တယ်...ကျွန်တော်.ကို ခွေ.(ဝှေ.)မလို. နှာတွေမှုတ်ပြီး ဟန်ရေးပြနေတယ်။
ကျွန်တော်လည်း နွားမကြီးရဲ.ဝေးရာ ချောင်းစပ်ကို ထွက်ပြေးလာခဲ.တယ်။နောက်ပြန်လှည်.ကြည်.တော. နွားမကြီး လိုက်မလာပါ။အင်္ကျီ တီရှပ်အနီရောင်နဲ.
ကလေးတစ်ယောက် ပြေးလိုက်လာသည်။အင်္ကျီအနီရောင်နဲ. ကလေးကို တွေ.မှ နွားမကြီးက ဝှေ.ရန် ကလေးနောက်မှ တဟုန်ထိုး... ပြေးလိုက်လာသည်။မြင်ကွင်းက ကြောက်မက်ဖွယ်ရာ...။ကလေးကလည်း ကျွန်တော်ရှိရာသို. အားကိုးတကြီးဖြင်. ပြေးလာသည်။နွားမကြီးကလည်း
မုန်ယိုနေတဲ. ဆင်ပြောင်ကြီး အတိုင်း ဒေါသတကြီး လိုက်လာပြီ။ ““ ဟေ. ကောင်... မင်း အင်္ကျီ အနီကြီးကို ချွတ်လိုက်...”” ကျွန်တော် ဘယ်လောက် အော်
-ပြောပြော သူ.အင်္ကျီ အနီ ကြီးကို ချွတ် မပစ်ဘူး..။ချွတ်ဖို. အချိန်လည်းမရဘူးးး နွားမကြီးကလည်းမီ ခံနီးနေပြီ... သေတော.မှာပဲ...။ကျွန်တော် ဘာလုပ်ရမှန်းမသိ
...။ကလေး ကိုကြည်လိုက်တော.လည်း မြင်ဖူးသလိုလို...(ရွာတောင်ပိုင်းက ဦးကျောက်ဒိုး မြေးလေးထင်ပါတယ်)ကလေးကို နွားမကြီး မီခါနီးမှာပဲ တစ်ထောင်ကျပ် - ဖိုး လေးခွေရသော ခိုးကူးခွေလို ထစ်သွား၍ မြင်နေတဲ. ပုံ၇ိပ်တွေဟာ တဖျပ်ဖျပ် ရပ်သါားတယ်။အဲဒီ အချိန်မှာပဲ ကျွန်တော် လန်.နိုးသွားလို. ကျွန်တော်.
အိပ်မက်တွေ အဆုံးသတ်သွားတယ်။ ဒီ .. အိပ်မက်သာ...ဆက်မက်နေရင် ကလေးပဲ သေမလား..၊ ကျွန်တော်ပဲ သေမလား ၊ ကလေးရော... ကျွန်တော်ကော...
နှစ်ယောက် စလုံး သေကြမလား မသိ...။နာရီ ကြည်.လိုက်တော. ည (၁)နာရီကျော်လွန် နေပြီ။ဆက် အိပ်လို.မရတာနဲ. အပေါ.အပါးသွား ထသွားဖြစ်တယ်။
အဆောင်ရဲ. အပြင်ဘက်မှာတော. မိုးတွေ တစိမ်.စိမ်. ရွာနေတယ်။ဘာကို သတိရမှန်း မသိဘူး။၇န်ကုန်မိုးကလည်း ရွာလိုက်တာ တစ်ပတ် ရှိနေပြီ။တစ်ရက်မှ..
မနားသေးဘူး..။ညသန်းခေါင် ကျော်မှပဲ ကားသံ၊ လူသံတွေ တိတ်ဆိတ်နေတယ်။မိုးပေါက်သံ တဖျောက်ဖျောက် နဲ.ရေတံလျှောက်မှ ရေကျသံကလွဲလို. ဘာသံမှ
မကြားရဘူး။ဒါ.ကြောင်. ညဟာ .... ညတစ်ညနဲ. တူနေတယ်။ညနဲ. မတူတာ ဆိုလို. ကျွန်တော်.အခန်းထဲမှာ မီးလင်းနေတာ တစ်ခုပဲ..။အခန်းထဲ ရောက်တော.
ထပ်ပြီး စဉ်းစားဖြစ်တယ်...။လူတွေနဲ. ဒီလောက်ထိ ပတ်သက်ရလိမ်.မယ်လို. ထင်မထားတဲ. ကိစ္စ..။ကျွန်တော် ထင်ထားတာက ဘ၀တကွေ.မှာ တွေ.ကြပြီး
ဘ၀ တကွေ.မှာပဲ မေ.သွားကြမယ် ထင်နေတာ ။ခုတော. နှောင်ဖွဲ.မှန်း မသိ နှောင်ဖွဲ.နေကြပြီ...။ခိုင်မာ ကတော. ရန်ကုန်မှာ နေလို. တွေ.ဖြစ်သေးတယ်။
ဆုမွန် ကတော. ကျောက်ဆည်မှာ မလို. မတွေ.ဖြစ်...။စောစောက ကျွန်တော်မက်တဲ. အိပ်မက်ထဲမှာ ဆုမွန်နဲ. ခိုင်မာ ပါဝင်ကြောင်း စာတိုက်မှ တဆင်. စာရေး
အကြောင်းကြားရင် ကောင်းမလားလို. စိတ်ကူးမိတယ်။ ဒါပေမယ်. ဒါတွေဟာ.... အရေးမကြီးပါဖူးလို. ကျွန်တော်.ကိုယ် ကျွန်တော် ရေရွတ်မိပြန်တယ်။
““ ဒါဆို... အရေးအကြီးဆုံး ဘာများပါလိမ်. ””
Mg Myanma

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...