Friday, April 11, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၄)

သစ်ထူးလွင်


Posted: 11 Apr 2014 06:01 AM PDT
၁၁.၄.၂၀၁၄ နေ့ ယနေ့ နံနက်ပိုင်းမှာ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထု ဆန္ဒထုတ်ဖော်ပွဲ လူဦးရေ (၈၀၀) ကျော် ပါဝင် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ အဆိုပါ ဆန္ဒဖော်ထုတ်သူတွေက ကန္မားလမ်း၊ ကုန်သည်လမ်း၊ ဘုရားလမ်းနဲ့  အောင်သိဒ္ဓိလမ်း တို့ကို စီတန်းလှည့်လည်ပြီး ၁၀း၃၀ နာရီ တွင် သပိတ်ကြိုဘုရားရှေ့မှာ ဟောပြောရှင်းလင်းပွဲကျင်းပပြီး ဆန္ဒဖော်ထုတ်ပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရပါတယ်။
Posted: 11 Apr 2014 05:52 AM PDT
နောက်ဆုံး ဖမ်းမိထားတဲ့ အချက်ပြမှုတွေဟာ ၁ လကျော်ကြာ ပျောက်ဆုံးနေဆဲ မလေးရှား အဲလိုင်းဆီက လွှတ်လိုက်တာလို့ ယုံကြည်တယ်လို့ သြစတြေးလျ ၀န်ကြီးချုပ် တိုနီ အဘာ့ဘ်က ဧပြီ ၁၁ ရက် ဒီနေ့မှာ ပြောပါတယ်။ “ကျနော်တို့ရဲ့ ရှာဖွေရေးနယ်မြေကို အများကြီး ချုံ့လိုက်ပါပြီ။ ဖမ်းမိထားတဲ့ အချက်ပြမှုတွေ ကလည်း MH370 ရဲ့ အနက်ရောင်သေတ္တာဆီက လာတယ်လို့ ယုံကြည်ပါတယ်။ ဒီထက်တော့ ပိုပြီးတော့ မပြောပါရစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့
Posted: 11 Apr 2014 05:48 AM PDT
ဂျာမနီနိုင်ငံ အဓိပတိ အန်ဂဲလာ မာကဲ က မြန်မာ့အတိုက်အခံ ခေါင်းဆောင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလင်မြို့မှာ ကြာသာပတေးနေ့ က လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဦးရွှေအောင် သတင်းပေးပို့ ထားပါတယ်။ DVB TV - 11.04.2014 ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 11 Apr 2014 05:42 AM PDT
သင်္ကြန်ကာလအတွင်း ယဉ်ကျေးမှုနဲ့အညီ ဝတ်စားဆင်ယဉ်ရေး အသိပညာပေး လှုပ်ရှားမှုတစ်ရပ်ကို လူငယ်အဖွဲ့ ၆ ဖွဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ မနေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ လူငယ်အစည်းအရုံး၊ Initiative Youth ၊ World Merit စတဲ့ လူငယ်အဖွဲ့ ၆ ဖွဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့ ပြည်လမ်း အင်းလျားကန်ဘောင်နဲ့ လူစည်ကားတဲ့ Junction Square တွေမှာ ဆောင်ရွက်ခဲ့ကြတာပါ။ မြန်မာနိုင်ငံ အလှည့်ကျ အာဆီယံ
Posted: 11 Apr 2014 05:40 AM PDT
မြန်မာနိုင်ငံဟာ ပြည်တွင်း ပဋိပက္ခအမျိုးမျိုး ကို ကျော်လွှားနိုင်မယ်လို့ မျှော်လင့်ကြောင်း ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြော လိုက်ပါတယ်။ မိမိအနေနဲ့ ဘာလင်ဟာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အောင်မြင်မှုသင်္ကေတ တစ်ခုမျှသာ မဟုတ်ပါဘူး၊ နိုင်ငံရေးရာ ညှိနှိုင်းဆွေးနွေးရေး နယ်ပယ်မှာလည်း အောင်မြင်ပြီး၊
Posted: 11 Apr 2014 05:27 AM PDT
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာဟု ဖြေဆိုမည့်သူများအား မကောက်ယူခဲ့ခြင်းမှာ အမျိုးသား အကျိုးစီးပွား ကာကွယ်ရေး အတွက်ဖြစ်ပြီး နိုင်ငံတကာစံချိန် စံညွှန်းကိုလည်း ဖောက်ဖျက်ရာ ရောက်သည်ဟု မထင်မိကြောင်း လူဝင်မူ ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုလိုက်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၌ ဧပြီ၁၁ရက်ကြ
Posted: 11 Apr 2014 04:59 AM PDT
ကချင်ပြည်နယ်က လယ်ယာတွေပေါ်မှာ နှစ်ပေါင်း ကြာရှည် ဓားမဦးချ လုပ်ကိုင် စားသောက်လာတဲ့ တောင်သူလယ်သမားတွေဟာ လယ်ယာမြေအတွက် မြေရှင်ကြေးရှင်တွေရဲ့ တရားစွဲဆိုတာကို ခံနေရပါတယ်။ မြေလွတ်မြေလပ်နဲ့ မြေရိုင်းဥပဒေ ပေါ်ထွက်လာပြီးတဲ့နောက်ပိုင်း စီးပွားရေး လုပ်ငန်းရှင် တွေက မြေယာတွေ အမြောက်အမြား လိုက်လံရယူတဲ့အတွက် ကချင်ပြည်နယ်က လယ်ယာမြေတွေအပေါ်မှာ နှစ်ပေါင်းများစွာ ဓားမဦးချလုပ်ကိုင် ဆောင်ရွက်ခဲ့တဲ့ တောင်သူတွေဟာ
Posted: 11 Apr 2014 04:57 AM PDT
တနှစ်ထက်တနှစ် ရိုးရာယဉ်ကျေးမှု အငွေ့အသက်တွေ တစတစပျောက်ဆုံးလာတဲ့ မြန်မာတို့ရဲ့ အတာသင်္ကြန်နဲ့ပတ်သက်ပြီး စာရေးဆရာ၊ ဆရာမတွေနဲ့ အနုပညာရှင်တချို့က ပြောဆိုလိုက်ပါတယ်။ အတာသင်္ကြန် ရိုးရာယဉ်ကျေးမှုတွေ ပျောက်ဆုံးတာနဲ့ပတ်သက်ပြီး သီပေါမင်း မြစ်တော်စပ်သူ စာရေးဆရာမ ဒေါ်ဒေ၀ီသန့်စင်က “တနှစ်မှာ ကိုယ်အမှားတွေ လုပ်ခဲ့တာကို ရေနဲ့ သန့်စင်တဲ့အနေနဲ့ သပြေခတ်ကလေးနဲ့ ဖလားနဲ့ တော်ရုံစွတ်ရုံ အဲဒီလောက်တွေ လုပ်လာတာလေ။ ဒီဟာက
Posted: 10 Apr 2014 11:16 PM PDT
ရန်ကုန်၊ ဧပြီ ၁၀- ဘင်္ဂလားဒေရှ့်မှ အစွန်းရောက် အကြမ်းဖက်သမား တချို့ မြန်မာနိုင်ငံအတွင်းသို့ သင်္ကြန် ကာလအတွင်းဝင်ရောက် ရန်ကြိုး ပမ်း နေကြောင်း အင်တာပိုမှ သတင်းပေး ပို့ထားသည်ဟု နိုင်ငံတော် လုံခြုံရေး နှင့်ထောက်လှမ်းရေးဌာနမှအဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။ ယင်းကဲ့သို့အကြမ်းဖက်သမား တချို့ဝင်ရောက်ရန်ကြိုးပမ်းနေမှုများ ကို အင်တာ ပို ရဲတပ်ဖွဲ့က စုံစမ်း ထောက်လှမ်းမိခဲ့ပြီး ကြိုတင်တားဆီး မှုများရရန် အတွက်ြ
Posted: 10 Apr 2014 11:12 PM PDT
ကျောက်မဲခရိုင်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၏ ခြံဝင်းအတွင်း တရားမဝင်သစ်များ ဖမ်းမိခဲ့ရာ ပြေစာအတိုင်း ပါရှိသည့် တန်ချိန်မှန် ကန်သည်ဆိုစေကာမူ လုပ်ထုံး လုပ်နည်း ဖောက်ဖျက်မှုဖြင့် အရေးယူမည်ဟု သစ်တောဦးစီးဌာန လက်ထောက်ညွှန်မှူး ကိုဥက္ကာက ပြောသည်။ သီပေါမြို့နယ် ပန်းတိမ်တောင် ရပ်ကွက်တွင်ရှိ သည့် ထိုခြံအတွင်း ဧပြီ ၂ ရက်နေ့က ဖမ်းဆီးရရှိသောသစ်များကို ခရိုင်သစ်တောရုံးမှ ဧပြီ ၇ ရက်နေ့ အထိ စစ်ဆေးလျက်ရှိရာ
Posted: 10 Apr 2014 09:59 PM PDT
ဧပြီလ ၁၁ ရက် ၂၀၁၄ သျှမ်း - ကချင်နယ်စပ် မန်စီမြို့နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စု လွယ်ဟိုဆေဒေသအတွင်း မြန်မာအစိုး ရ စစ် တပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIA အား ယမန်နေ့နံနက်ပိုင်းမှစ၍ ထိုးစစ်ဆင်တိုက် ခိုက်သောကြောင့် ဒေသခံ ၁၀ ရွာ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိသည်။ KIA ၏ တပ်မဟာ ၃ နယ်မြေအား ထိုးစစ်ဆင်တိုက်ခိုက်သည့် အစိုးရတပ်မှာ မကွေးအခြေစိုက် တပ်မ ၈၈ ဖြစ်ကြောင်း၊ စစ်ကြောင်း ၃ေ
Posted: 10 Apr 2014 11:46 PM PDT
(၁၀-၄-၂၀၁၄) ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ် မြ၀တီမှ ကော့ကရိတ်သို့ ခရီးသည်များ တင်ဆောင်လာသော အိုအေစစ် မှန်လုံ ခရီးသည်ယာဉ်သည် တရုပ်ဖြူတောင်နှင့် အလယ်ဗိုလ်တဲကြား နေရာ အရောက်တွင် ဘရိတ်ပေါက်ပြီး ပေ(၁၀၀)ခန့်ရှိသော တဖက်ချောက်ထဲသို့ ထိုးဆင်း တိမ်းမှောက်သွားကြောင်း သတင်းရရှိပါသည်။ ကားထဲတွင် တဖက်နိုင်ငံတွင် အလုပ်လုပ်ပြီး သင်္ကြန်ပြန် ခရီးသည်(၄၅) ဦးပါရှိသည်။ ကားမှာ ခရီးသည်များနှင့်အတူ ချောက်ထဲ
Posted: 10 Apr 2014 08:05 PM PDT
မနေ့က ကချင်ပြည်နယ် မှာ KIA နဲ့ အစိုးရ တပ်တွေ တိုက်ပွဲ ဖြစ်ပွား ခဲ့တဲ့ အတွက် ဒုက္ခသည် စခန်း နဲ့ အနီးအနား ကျေးရွာတွေမှာ နေထိုင် ကြသူတွေ ဟာ တရုတ်ပြည်ဖက် ကို ထွက်ပြေး နေရ ပါတယ်။ နလန်ဘန်း လို့ ခေါ်တဲ့ နေရာမှာ မနေ့က တိုက်ပွဲတွေ ရာမှာ၊ ဒီနေရာဟာ လက်ဂတ် ရန် ဒုက္ခသည် စခန်းနဲ့ မီတာ ငါးရာလောက်ပဲ ဝေးတယ် လို့ အဲဒီစခန်းမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ လူထုအလင်း လို့ ခေါ်တဲ့ WNP အဖွဲ့ က လုပ်ငန်းတာဝန်ခံ
Posted: 10 Apr 2014 08:00 PM PDT
(ရန်ကုန်၊ ဧပြီ ၈ ) ခွေးရူးရောဂါပိုး ကြွကာ ပြန့်ပွား နှုန်းပိုမြင့်သည့် ပူပြင်းသည့် ရာသီဥတု တွင် ခွေးကိုက်ခံရ မှုလည်း ပိုများပြားလာ ကြောင်း ထားဝယ်မြို့တွင် ခွေးရူး ကာကွယ် ဆေး ထိုးပေးနေသည့် ပုဂ္ဂလိက ပရဟိတ ဆေးခန်းမှ ဒေါက်တာ သန်းဝင်းက ပြော သည်။ ၄င်းဆေးခန်း ရှိရာ ထားဝယ် မြို့၌ ပြီးခဲ့သည့် ၄၅ ရက်အတွင်း ခွေးကိုက်ခံ ရ၍ ခွေးရူးရောဂါ ကာကွယ်ဆေးလာ ရောက် ထိုးနှံသူမှာ ၁၅ဝ မှ ၂ဝဝ အထိ ရှိသွား ပြီဖြစ်ကြောင်း
Posted: 10 Apr 2014 07:46 PM PDT
မြန်မာတို့၏ ၁၂ လ ရာသီခွင်တွင် တန်ခူးလ သည် ပထမဦးဆုံး လဖြစ်သည်။ ထိုလသည်ပင် မြန်မာတို့၏ နှစ်သစ်ကူး အခါသမယဖြစ်သည်။ နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ပြည်လုံးကျွတ် နွှဲပျော်လေ့ ရှိကြသည်။ မြန်မာ့သင်္ကြန်ပွဲတော်၏ သင်္ကေတ နိမိတ်ပုံအဖြစ် ရွှေဝါရောင် ပိတောက်ပန်းတို့သည် ပင်လုံးကျွတ် ပွင့်လျက် မွှေးကြိုင်လှိုင်ကြသည်။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်နှင့် ဖွားဖက်တော် ပန်းပိတောက်နှင့် ပတ်သက်၍ေ
Posted: 10 Apr 2014 07:43 PM PDT
မကြာခင်မှာ ကျရောက်တော့ မယ့် သင်္ကြန်မှာရေကစားရင်း နေ ရောင်ခြည် အပူဒဏ်ကြောင့် ဘယ်လို အသားအရေထိခိုက်မှုတွေ ရှိလာနိုင်ပြီး ဘယ်လိုကာကွယ်ရမယ် ဆို တာကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်အောင် အရေပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်ကျော် နဲ့ တွေ့ ဆုံ မေးမြန်းဖော်ပြပေးလိုက်ပါတယ်။ ► အခုလိုနေပြင်းတဲ့လမှာ သင်္ကြန်ရေကစားရင် အသားအရေကို ဘယ်လိုထိခိုက်နိုင်ပါသလဲ။ သင်္ကြန်တွင်းလည်လို့ ဖြစ်နိုင် တာကတော့ နေလောင်လို့
Posted: 10 Apr 2014 07:14 PM PDT
မြန်မာနိုင်ငံဟာ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်သလို စစ်မှန်တဲ့ ဒီမိုကရေစီ နည်းကျ စုဝေးနေထိုင်လိုတဲ့ ဆန္ဒတွေရှိတာမို့ အချင်းချင်းကြား မတူကွဲပြားမှုတွေကို တနေ့မှာ ကျော်လွှား နိုင်မယ်လို့ ယုံကြည်ကြောင်း ဂျာမနီနိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဂျာမနီနိုင်ငံ ကို ၃ ရက်ကြာ ခရီးရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ်
Posted: 10 Apr 2014 07:05 PM PDT
ရုရှားတပ်သား လေးသောင်းလောက်ဟာ ယူကရိန်း နယ်စပ်နားမှာ ရှိနေပြီး သူတို့ဟာ သံချပ်ကာ ကားတွေ၊ လေယာဉ်တွေ၊ တခြားစစ်လက်နက်ပစ္စည်းတွေနဲ့ ရုရှား အစိုးရရဲ့ အမိန့်ကို စောင့်ဆိုင်းနေတဲ့ပုံ  နေတိုး မဟာမိတ် တပ်ဖွဲ့ ရဲ့ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေမှာ ဖေါ်ပြနေကြောင်း နေတိုးတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ရုရှားတပ်တွေ အခုလို ချထားတာဟာ ယူကရိန်းကို ကျုးကျော်ဖို့ မဟုတ်ဖူးလို့ ရုရှားက ထပ်တလဲလဲ အာမခံနေချိန်မှာပဲေ
Posted: 10 Apr 2014 01:31 PM PDT
နိုင်ငံအတွင်းက ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေကို ကြည့်ကာ ကြိုတင်စိစစ်မှု လုံးဝ မရှိတော့ဘဲ သတင်းလွတ်လပ်ခွင့် တိုးတက်နေပြီလို့ ကောက်ချက်ချစရာ ဖြစ်ပေမယ့် ရေဒီယိုနဲ့ ရုပ်မြင်သံကြား မီဒီယာကဏ္ဍမှာတော့ သတင်းလွတ်လပ်ခွင့် လုံးဝပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ လွတ်လပ်စွာ တင်ပြနေတဲ့ ပုံနှိပ်မီဒီယာ အများစုက ပို့ဆောင်ရေး အခက်အခဲကြောင့် စောင်ရေ သောင်းဂဏန်း ၀န်းကျင်နဲ့ မြို့ကြီးတွေလောက်ပဲ ပျံ့နှံ့ချိန်မှာ တောရော၊ မြို့ပါ
Posted: 10 Apr 2014 01:26 PM PDT
ဗြိတိန်အစိုးရက မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းအား ဆင့်ခေါ်ကာ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် လက်ရှိ သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုး အမည်ကို အသိအမှတ်ပြုရေး တိုက်တွန်းချက်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ခြင်းသာဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။ "ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၈၂၄ ခုနှစ် ကနေ ၁၉၄၈ ခုနှစ်ကြားြ
Posted: 10 Apr 2014 01:07 PM PDT
ဧပြီလ(၁၁)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 10 Apr 2014 01:04 PM PDT
ဧပြီလ(၁၀)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် - အတွဲ ၃ အမှတ် ၁၅ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 10 Apr 2014 09:54 AM PDT
မုံရွာတဖက်ကမ်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ခွင့်ရတဲ့ ဝမ်ပေါင် ကုမ္ပဏီက အလုပ်သင် သင်တန်းသား ၂၀ဝကျော်က အခြေခံလစာ တိုးပေးဖို့ ဆန္ဒပြခဲ့ကြ ပါတယ်။ ကြေးနီ စီမံကိန်း ဧရိယာအတွင်း မြေယာ ဆုံးရှုံးတဲ့ ကျေးရွာ ၂၆ ရွာက ပညာတတ် လူငယ် ၂၀ဝ ကျော်ကို ဝမ်ပေါင် ကုမ္ပဏီမှာ အလုပ်ခန့်ဖို့ သင်တန်း ပေးတဲ့ကာလမှာ ပြဿနာ တက်နေ ကြတာ ဖြစ်ပါတယ်။ သင်တန်းသား လူငယ် ၂၃၄ ယောက်က သူတို့ကို ပေးတဲ့ အခြေခံ လစာ ဒေါ်လာ ၁၂၀ ဟာ
Posted: 10 Apr 2014 09:50 AM PDT
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရာနဲ့ချီတဲ့ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေ ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့
Posted: 10 Apr 2014 09:49 AM PDT
အိန္ဒိယ နိုင်ငံ အထွေထွေ ရွေးကောက်ပွဲ အတွက် တတိမြောက်နေ့ အဖြစ် ဆန္ဒမဲ ပေးနေကြရာမှာ တချို့ နေရာတွေမှာ ၅၀ ရာခိုင်နှုန်းကျော် မဲလာပေးခဲ့ကြပါတယ်။ ဒီကနေ့တော့ လူဦးရေ ထူထပ်တဲ့ နိုင်ငံ မြောက်ပိုင်းက အူတာ ပရာဒက်ရှ် ပြည်နယ် အပါအဝင် ၁၁ ပြည်နယ်မှာ လူပေါင်း သန်း တစ်ရာကျော် မဲပေးနိုင်ကြတာ ဖြစ်ပါတယ်။ အဲဒီ ပြည်နယ်ကနေ လွှတ်တော်အတွက် ပါလီမန် အမတ် အများဆုံး ရွေးကောက် နိုင်မှာ ဖြစ်ပါတယ်။ ဒေလီ မြို့တော်မှာတော့ ပါတီသစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...