Monday, April 7, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၄)

သစ်ထူးလွင်


Posted: 07 Apr 2014 05:03 AM PDT
ရန်ကုန်၊ ဧပြီ ၇ ၇.၄.၂၀၁၄ ရက်နေ့ ၀၇၁၀ အချိန်တွင် မြောက်ဥက္ကလာပ မြို့ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်း ဘူတာအနီး၊ မိုင်တိုင်အမှတ်(၂၃/၂၄)ကြားတွင် ကိုရင်တစ်ပါး ရထား တိုက်ခံရ၍ ပျံလွန်တော်မူကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ပုရွက်ဆိတ်ကုန်း ရပ်ကွက်ရှိ ဝေနေယျသုခ ကျောင်းတိုက်တွင် ၄.၄.၂၀၁၄ ရက်နေ့မှ စတင်၍ ကိုရင်ဝတ်ခဲ့သည့် ကိုရင်အိန္ဒက(ခ)အောင်မင်းထိုက်၊ (၂၉)နှစ်
Posted: 07 Apr 2014 04:52 AM PDT
လေယာဉ်ရဲ့ Black Box က ထုတ်လွှတ်တဲ့ အချက်ပြမှု အမျိုးအစားနဲ့ ကိုက်ညီတဲ့ ထုတ်လွှတ်မှုတွေကို သြစတြေးလျ သင်္ဘောတစ်စင်းက ဖမ်းယူ ရရှိခဲ့တယ်လို့ မလေးရှား လေယာဉ်ပျောက်ကို ရှာဖွေနေတဲ့ သြစတြေးလျ အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ သြစတြေးလျ ရှာဖွေရေး တာဝန်ရှိသူ Angus Houston က ပြောရာမှာ ဒီလို ဖမ်းယူ ရရှိတာဟာ အခုအချိန်ထိ အဖြစ်နိုင်ဆုံး လမ်းစ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ အချက်ပြမှုကို သြစတြေးလျ ကမ်းရိုးတန်းနဲ့ မိုင်
Posted: 07 Apr 2014 04:47 AM PDT
ဧပြီ ၄ ရက် ညနေပိုင်းက လှည်းကူးမြို့တွင် ရန်ပွဲတစ်ခုမှစတင်ခဲ့သည့် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများ ကို ဖမ်းဆီးရန် ကျန်နေသေးသည်ဟု မြို့နယ်ရဲမှူး ခင်မြင့်က ထုတ်ဖော်ပြောဆိုလိုက်သည်။ သို့သော် ဖမ်းမိထားသူအရေအတွက်နှင့် ဖမ်းဆီးရန်ကျန်သည့် အရေအတွက်ကိုမူ ၎င်းကထုတ်ပြောရန် ငြင်းဆန်ခဲ့သည်။ “ညီလေးတို့ သတင်းဖော်ပြလိုက်လို့ရှိရင် မမိတော့မှာစိုးလို့ပါ။ ပြောလို့မရပါဘူး။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အားနာပါတယ်” ဟု ၎င်းက ဆိုသည်။
Posted: 07 Apr 2014 04:11 AM PDT
ပဲခူးတိုင်း ဒေသကြီး ၊ ကျောက်တံခါး မြို့ နယ်တရားရုံး၊ မြို့ နယ် တရားသူကြီးရုံးတွင် ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် ရဲတိုက်(ခ)လင်းထွန်းဦး အား ယနေ့ ဧပြီလ(၇)ရက်နေ့ မှာ ထောင်ဒဏ်(၆)နှစ် ချမှတ်လိုက်ကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါသည်။
Posted: 07 Apr 2014 04:39 AM PDT
ဒီဗွီဘီ သတင်းထောက် သူရသက်တင် (ခေါ်) ကိုဇော်ဖေနဲ့ သူ့ကို အကူအညီပေးနေတဲ့ မြို့ခံကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့ကို မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ မကွေးမြို့နယ် တရားရုံးက ဧပြီလ ၇ ရက်နေ့ မနက်မှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈၊ ပိုင်နက်ကျူးလွန်မှုနဲ့ ဥပဒေပုဒ်မ ၃၅၃ ၀တ္တရားနှောက်ယှက်မှုနဲ့ ထောင်ဒဏ် ၁ နှစ် တပေါင်းထဲကျခံဖို့ ချမှတ်လိုက်တာပါ။ ခုလို
Posted: 07 Apr 2014 03:48 AM PDT
လွိုင်ကော်မြို့  နွားလ၀ိုး အုပ်စု ပဒါးညေးကျေးရွာမှာ မနေ့ ကနေ့ လည် (၄၊၄၊၂၀၁၄ ရက်စွဲဖြင့်) ၁၂နာရီ မိနစ် ၂၀ တွင် မိုးကြိုးပစ်၍ လူတဦးသေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာရ ကြောင်းသတင်းရရှိသည်။ ၎င်း ၆ဦးမှာ မိမိတို့ အလုပ်လုပ်နေသည့်တောင်ယာ လုပ်ငန်းခွင် အတွင်းရှိနေစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်သည်။ မိုးကြိုးပစ်ခံရသူ ၆ ဦးအနက် အသက် ၂၀ အရွယ်ရှိ ခွန်တီးကျားမှာ ပွဲခြင်းပြီးသေဆုံးသွားပြီး နန်းခင်စိမ်းမှာ
Posted: 07 Apr 2014 03:40 AM PDT
တံခါးဖွင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေတဲ့ နိုင်ငံတနိုင်ငံ အနေနဲ့ ပြိုင်ကား တင်သွင်းခွင့်ကို ပိတ်ပင်လိုက်တာဟာ မလုပ်သင့်တဲ့အလုပ် ဖြစ်တယ်လို့ Farmer Auto ပိုင်ရှင် ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ပြိုင်ကားမောင်းသူတွေ ယာဉ်စည်းကမ်းနဲ့ လမ်းစည်းကမ်း ချိုးဖောက်မှု တွေ ရှိခဲ့တယ်ဆိုပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြိုင်ကားတင်သွင်းခွင့်
Posted: 07 Apr 2014 03:39 AM PDT
ရန်ကုန်၊ ဧပြီ ၆ သမီးကလေးရွာသားများကို ဒီကေဘီအေ စစ်တပ်တွင်းသို့ ထည့်သွင်းမည်မဟုတ်ဟု အဆိုပါဒုက္ခသည်များ ကို တာဝန်ယူခေါ် ဆောင်သွားသူ ဒီကေဘီအေမှ ဗိုလ်မှူးကြီး စောဆန်းအောင်က ဧပြီလ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ သမီးကလေးကျေးရွာ၊ အင်မတီးကျေးရွာနှင့် ဒေါ် ကာလီကျေးရွာမှ အိမ် ထောင်စု ၈၀၊ လူဦး ရေ ၃၀၀ ခန့်သည် ဒီကေဘီအေ ထိန်းချုပ်နယ်မြေဖြစ်သည့် ကျောက်ခတ်ရွာသို့ ရောက်ရှိပြီး
Posted: 07 Apr 2014 03:38 AM PDT
ရန်ကုန်၊ ဧပြီ ၆ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာ ရေးအခြေအနေမှာ ကောင်းမွန်လာကြောင်း ၎င်းနှင့်နီးစပ်သူ မိတ်ဆွေများက ဧပြီလ ၆ ရက် ည ၇ နာရီ ကျော်တွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။ ဦးဝင်းတင်၏ မိတ်ဆွေတစ်ဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က “တော်တော်လေး ကောင်းလာပါပြီ။ တဖြည်းဖြည်း တိုးတက်လာပါတယ်။ အရင်ကထက်စာရင် တိုးတက်လာတယ် ပြောရ မယ်။
Posted: 07 Apr 2014 03:30 AM PDT
ရန်ကုန်၊ ဧပြီ ၆- ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပါအဝင် မြန်မာ နိုင်ငံ တွင် ကြုံတွေ့ရလာ ဖွယ်ရှိသည့်နိုင် ငံရေး အကျပ်အတည်းများကိုကျော် လွှားနိုင်ရန် အတွက် မြန်မာနိုင်ငံ အ တွင်း သြဇာတိက္ကမကြီးမားသူများအ ကြား တွေ့ဆုံဆွေးနွေး မှု ပြုလုပ်နိုင် ရန် အရေးကြီးကြောင်း ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်း က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ဧပြီ ၆ရက် နံနက်ပိုင်းက ပြည် ထောင်စုလွှတ်တော်နာယက သူရ ဦး ရွှေမန်းနှင့်
Posted: 07 Apr 2014 03:17 AM PDT
မန္တလေးတိုင်း ချောက်မြို့မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး မြို့နယ် ၈ မြို့နယ်က ပူးပေါင်းဆန္ဒ ထုတ်ဖော်မှု ဧပြီလ ၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်တဲ့ ပုဒ်မ-၅၉ (ဃ)၊ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ တို့ ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော် စီတန်းလှည့်လည်ပွဲကို ဒီကနေ့ ချောက်မြို့မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဆန္ဒထုတ်ဖော်မှုမှာ မန္တလေးတိုင်း ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်တောင်း၊ ရေနံချောင်း၊ စလေ
Posted: 07 Apr 2014 03:15 AM PDT
မကွေးမြို့နယ် ပညာရေးဌာနက တရားလိုပြုကာ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) နှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်ကို ၀တ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈ တို့ဖြင့် ၂၀၁၂ ခုနှစ်မှ စ၍ တရားစွဲဆိုခဲ့ပြီး ၂၀၁၄ ဧပြီ ၇ ရက်နေ့တွင် မကွေးမြို့နယ် တရားရုံးမှ ထောင်ဒဏ် (၁) နှစ်ချမှတ်ခဲ့သည်။ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်)သည် အများပြည်သူသိလိုသော ပညာသင်ဆု ဆိုင်ရာ သတင်းကို
Posted: 07 Apr 2014 03:09 AM PDT
မန္တလေး၊ ဧပြီ ၆ မန္တလေးမြို့ မဟာသင်္ကြန်ပွဲတော်အတွင်း ကျုံးဘေးပတ်လည်တွင် ရေကစားမဏ္ဍပ်တစ်ခု တည်ဆောက်ခွင့် ပါမစ်ကို တစ်ဆင့်ပြန်လည်ရောင်းချပါက ကျုံး တောင်ဘက်ခြမ်းတွင် ကျပ်သိန်းရာဂဏန်း ၀န်းကျင်အထိ ဈေးနှုန်းရှိနေကြောင်း သင်္ကြန်မဏ္ဍပ်မဲစနစ်ဖြင့် ရွေးချယ်ရာတွင် မဲမပေါက်ခဲ့သော ပြင်ပမှဝယ်ယူလိုသူများ ထံမှ သိရသည်။ “သင်္ကြန်မဏ္ဍပ် မဲနှိုက်တာမပေါက်တဲ့ အတွက် ပြင်ပကနေ လက်လွှဲပြန်လည် ၀ယ်ယူဖို့အတွက် ဈေးစုံစမ်း တော့ ကျုံးေ
Posted: 07 Apr 2014 03:07 AM PDT
နေပြည်တော်၊ ဧပြီ ၆ ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲ၌ အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုး ပါတီကြီး နှစ်ခုတို့၏ အဓိကပြိုင်ဘက်မှာ ဒေသခံ တိုင်းရင်းသားပါတီများဖြစ်ကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့က ပြောသည်။ “ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေ မှာ ဒေသခံပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုတွေက ကိုယ့်ဒေသ ကိုယ်တည်ဆောက်မှြ
Posted: 07 Apr 2014 03:03 AM PDT
ရန်ကုန်၊ ဧပြီ ၅- ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူရာလျက်ရှိရာတွင် ပြည်ခိုင်ဖြိုးပါတီဝင် မောင်တောမဲန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင် မျိုးမင်း(ခ)ဂျာဟင်ကီးရ်က သန်းခေါင်စာရင်း အကောက်မခံကြောင်း သန်းခေါင်စာရင်း ကောက်ခံသူများက ပြောသည်။ အဆိုပါ လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မျိုးမင်း(ခ)ဂျာဟင်ကီးရ် သည် မောင်တောမြို့ ရပ်ကွက်(၂)တွင် နေ ထိုင်သူဖြစ်ပြီး သန်းခေါင်စာရင်းသွားကောက် သူများ
Posted: 06 Apr 2014 07:40 PM PDT
ယူကရိန်းနိုင်ငံမှာ ရုရှားထောက်ခံတဲ့ ဆန္ဒပြလူစုကြီးဟာ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပြီး ရုရှားအလံတွေ လွှင့်ထူပြီး ဒေသဆန္ဒ ခံယူပွဲတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံအရှေ့ပိုင်း မြို့ကြီး တခုဖြစ်တဲ့ Donetsk မှာ ကြီးမားတဲ့လူတစုဟာ ဒေသခံအစိုးရ အဆောက်အဦး ထဲကို အတင်းဝင်ရောက်သွားကြပြီး တခါးတွေကို ပိတ်ဆို့ထားကာ ပြူတင်းပေါက်ကနေ ရုရှားအလံတခုကို လွှင့်ထူလိုက်ပါတယ်။
Posted: 06 Apr 2014 07:40 PM PDT
ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov ကလီသူရေးနီးယားကို သွားမယ့်ခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး မတည်ငြိမ်မှုတွေကို တုန့်ပြန်ဖို့ နိုင်ငံရဲ့လုံးခြုံရေး တာဝန်ခံတွေနဲ့ အရေးပေါ် အစည်းအဝေး ခေါ်လိုက်ပါတယ်။ Donetskမြို့မှာ ဆန္ဒပြပွဲတွေက အကြမ်းဆုံးဖြစ်ပြီး မြို့လယ် ရင်ပြင်ရှိ လူအုပ်ထဲကနေ ခွဲထွက်ကာလူတစုက အစိုးရရုံးစိုက်ရာ အဆောက်အအုံကို သိမ်းပိုက်ခဲ့ပါတယ်။ အဓိကရုန်း နှိမ်နင်းရေး ရဲတွေနဲ့ ရင်ဆိုင်ပြီး ပိတ်ထားတဲ့
Posted: 06 Apr 2014 03:58 PM PDT
တရုတ်သင်္ဘောတစင်းက စနေနေ့ညပိုင်းတုန်းက Electronic signal ကို ၂ ကြိမ် ကြားခဲ့ရတာဟာ အားတက်စရာဖြစ်ပေမဲ့ အတိအကျ ဘာမှ အဖြေမသိရသေးဘူးလို့ မလေးရှားလေကြောင်းလိုင်း လေယာဉ်အမှတ် MH370 ကို လိုက်ရှာနေတဲ့နိုင်ငံစုံအဖွဲ့ခေါင်းဆောင်က ပြောလိုက်ပါတယ်။ တရုတ်သင်္ဘောက ရတဲ့ Signal တွေဟာ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် Black Box က ထုတ်လွှတ်နိုင်မယ့်Signal ကြိမ်နှုန်းနဲ့ သွားတူနေပေမဲ့ ဒီ Signal ဟာ ပျောက်နေတဲ့ မလေးရှားလေယာဉ်ဆီက
Posted: 06 Apr 2014 03:59 PM PDT
ပျောက်နေတာ တလ လောက်ကြာလာပြီဖြစ်တဲ့ မလေးရှားလေယာဉ်ရှာဖွေရေးမှာ ပါဝင်တဲ့ တရုတ်သင်္ဘောတစင်းက မနေ့က ဒုတိယအကြိမ်ထပ်ပြီး အချက်ပေးသင်္က࿿တေကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အခု ဒုတိယအကြိမ် အချက်ပေးသင်္ကေတ ဖမ်းမိတဲ့နေရာက ပထမ ဖမ်းမိတဲ့နေရာနဲ့ ၁ မိုင် ကျော်ကျော်လောက်မှာလို့ ရှာဖွေရေးလုပ်ငန်းကို ညှိနှိုင်းဆောင်ရွက်နေတဲ သြစတြေးလျ တာဝန်ခံတွေက ပြောပါတယ်။ ဒုတိယသင်္ကေတက စက္ကန့် ၉၀ လောက်ကြာတယ်လို့ ဆိုပါတယ်။ ဒီလို
Posted: 06 Apr 2014 03:53 PM PDT
တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ညှိနှိုင်းရေး ဆွေးနွေးပွဲကို ပထမဆုံး အကြိမ် ပါဝင် တက်ရောက်လာတဲ့ နာဂ လက်နက်ကိုင် အဖွဲ့က အပစ်အခတ် ရပ်စဲရေးကို ပါဝင်လက်မှတ် ရေးထိုးဖို့ရှိပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲကိုတော့ စိတ်မဝင်စားကြောင်း အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ နာဂ လက်နက်ကိုင်အဖွဲ့က အိန္ဒိယနဲ့ မြန်မာနိုင်ငံမှာ အခြေစိုက်လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပြီး ဘာကြောင့် နိုင်ငံရေးဆွေးနွေးပွဲကို
Posted: 06 Apr 2014 03:47 PM PDT
မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ကို တပ်မတော်အနေနဲ့ လိုလားတဲ့အကြောင်း မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦးက ပြောဆိုပါတယ်။ ဒီကနေ့ ရှမ်းပြည်နယ်မှာ SSPP ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ UWSA-ဝ ပြည်သွေးစည်း ညီညွတ်ရေး ပါတီတို့နဲ့ တွေ့ဆုံချိန် အဲ့ဒီလိုြေ
Posted: 06 Apr 2014 03:42 PM PDT
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ စက်ရုံတစ်ချို့က အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိရေး အတွက် လှိုင်သာယာ မြို့နယ် မီးခွက်ဈေးအောက်ထိပ်ကနေ မြို့နယ်အားကစားကွင်းထိ ဒီနေ့ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရဝန်ထမ်းတွေ အနေနဲ့ ဧပြီလက စပြီး လစာ နှစ်သောင်း တိုးရမှာဖြစ် တာကြောင့် စက်ရုံအလုပ်သမားတွေဟာ တစ်ရက်ကို လုပ်ခလစာ ၅၆ဝဝ ရရှိမှ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ကိုက်ညီနိုင်မယ်လို့
Posted: 06 Apr 2014 03:40 PM PDT
တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ ညှိနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့ အတွက် မနက်ဖြန်တစ်ရက် ထပ်တိုးလိုက်ကြောင်း ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ ဒီနေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက ပြောကြား လိုက်ကြ ပါတယ်။ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနေ့ကစပြီးကျင်းပတဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ
Posted: 06 Apr 2014 03:38 PM PDT
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းတစ်ခု ထွက်လာဖို့၊ အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၆ဖွဲ့ စုစည်းထားတဲ့ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (NCCT) တို့ ရဲ့ ရန်ကုန်မြို့ ဆွေးနွေးပွဲကို ဒီကနေ့ ဧပြီ ၆ ရက်နေ့မှာ၊ ဒုတိယမြောက်နေ့ အဖြစ် ဆက်လက် ပြုလုပ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းရဲ့ အခန်း
Posted: 06 Apr 2014 03:29 PM PDT
အမေရိကန်ပြည်ထောင်စု မှ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ရဲ့ ထောက်ပံ့မှု နဲ့ IRI International Republican Institute မှ ဉီးဆောင်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ စစ်တမ်း ကောက်ယူချက် မှာ နိုင်ငံသားတွေဟာ ဒီမိုကရေစီ လမ်းစဉ် ကို ထောက်ခံ အားပေး ကြောင်း မကြာမီ ရက်ပိုင်း က ထုတ်ပြန် တဲ့ ကြေညာချက် မှာ ဖေါ်ပြ ထားပါတယ်။ ဒီစစ်တမ်း ကို ၂၀၁၃ ခု ဒီဇင်ဘာလ ကနေ ၂၀၁၄ ခု ဖေဖေါ်ဝါရီလ အတွင်း ကောက်ယူထားတာပါ။ ဒီစစ်တမ်း ပါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...