Monday, April 7, 2014

Myanmar Youth Media Club 05 Apr 2014 07

Posted: 05 Apr 2014 07:54 PM PDT
Sleeping Positionsသင်အိပ်တဲ့ ပုံစံက သင့်အကြောင်းတွေ ဖော်ပြနေ တယ်ဆိုတာ သင်သိပါ ရဲ့လား။ သင့်ရဲ့ စိတ်နေ သဘောထားကို အ တွင်းကျကျ ဖော်ပြနိုင်တဲ့ ညွှန်းကိန်း တစ်ခုက သင်အိပ်တဲ့ ပုံစံပါပဲ။
ပုံထဲမှာ ကိုယ်ဘယ်လို အိပ်တတ်တယ် ဆိုတာ ကြည့်ပြီး ဟောကိန်း ထုတ်လိုက် ကြရအောင်။




ပုစွန်ထုပ်ကွေး အိပ်တတ်သူ တွေက ပေါက်ကရတွေ ပြောတတ် ပေမယ့် နွေးထွေးပြီး ပွင့်လင်းတဲ့ နှလုံးသားကို ပိုင်ဆိုင်ထား တတ်ကြပါတယ်။ အပြင်ပန်းမှာ မာကျော ခက်ထန် တယ်လို့ ထင်ရပေမယ့် တကယ်ကို နူးညံ့ပြီး ခံစားတတ် ကြသူတွေ ပါတဲ့။

Sleeping Positions

ဆန့်ဆန့်ကြီး စောင်းအိပ်တတ် သူတွေက ပေါ့ပေါ့ပါးပါး နေတတ်ပြီး လူမှုရေး ကောင်းကြ သူတွေပါ။

Sleeping Positions

စောင်းပြီး လက်ထုတ်အိပ် တတ်သူတွေ ကတော့ လျှို့ဝှက်တတ် ကြပါသတဲ့။ အသစ်အသစ် တွေကို ကြိုဆိုတတ် ကြပေမယ့် သံသယတွေ များလွန်းပြီး ခနဲ့တဲ့တဲ့ နေတတ် ပြောတတ် ကြပါတယ်။ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင်တော့ မပြင်တတ် ကြပါဘူး။

Sleeping Positions

စစ်သားတွေလို သတိစွဲပြီး ဆန့်ဆန့်ကြီး အိပ်တတ်သူ တွေက ခပ်အေးအေး နေတတ်ပြီး သူတို့ကိုယ် သူတို့ အဆင့်အတန်း မြင့်မြင့် မှန်းတတ် နေတတ် ကြသူတွေပါ။

Sleeping Positions

မှောက်လျက် လက်နှစ်ဖက် ထုတ်ပြီး လေထီး ခုန်သလို ပုံစံနဲ့ အိပ်တတ်သူ တွေက ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတတ်ကြပြီး ဂဏာမငြိမ်ဖြစ် တတ် ကြပါတယ်။ ဝေဖန်မှုကို မနှစ်သက် ကြပါဘူး။ ဆုံးဖြတ်ချက် တွေကို မြန်မြန်ဆန်ဆန် ချရတဲ့ နေရာမှာ အထူး ကျွမ်းကျင် ကြသူတွေပါ။

Sleeping Positions

ပက်လက် လက်နှစ်ဖက် ထုတ်ပြီး အိပ်တတ်သူ တွေကတော့ သူတပါး အခက်အခဲကို နားထောင်ပေး တတ်ကြပါတယ်။ သူတို့ဟာ ဖော်ရွေ ပေမယ့် လူတွေ ဂရုစိုက် ခံရမယ့် အနေအထားကို မကြိုက် ကြပါဘူး။

Sleeping Positions

Images from bistromd, sleepnuggets, euro-house, end-your-sleep-deprivation, buzzfed, telegraph. Source: apeaceful-warrior.blogspot.com

Author

Tornado

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...