Wednesday, April 2, 2014

သဲနဲ့ ကျောက်တုံး

သဲနဲ့ ကျောက်တုံး

တစ်ခါက သူငယ်ချင်းနှစ်ယောက် သဲကန္တာရထဲခရီးသွားကြတယ်။ လမ်းမှာနျစ်ယောက်သား စကားများပြီးတော့ ရန်ဖြစ်ကြတယ်။ နောက်ကြတော့ သူ့သူငယ်ချင်းက သူ့ကိုပါးရိုက်လိုက်ပါတယ်။ အဲဒီတော့ ပါးရိုက်ခံရတဲ့သူက သဲတွေပေါ်မှာ " ဒီနေ့ ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းကငါ့ကို ပါးရိုက်ခဲ့သည် " လို့ရေးလိုက်ပါတယ်။

ဒီလိုနဲ့ နှစ်ယောက်သားခရီးသွားရင်း အိုအေစစ်လေးနားကိုရောက်တယ်။ ပင်ပန်းလာတာကြောင့် ရေချိုးချင်လို့ ပါးရိုက်ခံရတဲ့သူဟာ ရေထဲဆင်းတယ်။ ဖြစ်ချင်တော့ ရေထဲချော်ကျပြီးတော့ ရေနစ်နေတော့ ခုနက ပါးရိုက်တဲ့သူက ဆင်းကယ်လိုက်တယ်။ အဲဒီညမှာပဲ သူက အိုအေစစ်နားက ကျောက်တုံးတစ်ခုမှာ ဓါးနဲ့ထွင်းတယ် " ဒီနေ့ ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းက ငါ့အသက်ကိုကယ်ခဲ့တယ် "

အဲလိုရေးလိုက်တော့ ပါးရိုက်တဲ့သူငယ်ချင်းက " မင်းကိုပါးရိုက်လိုက်တုန်းကတော့ သဲပေါ်မှာရေးပြီးတော့ ကယ်လိုက်တော့ ဘာလို့ကျောက်တုံးပေါ်မှာရေးတာလဲလို့ မေးလိုက်တယ်။ အဲဒီတော့ ဟိုတစ်ယောက်က "မင်းငါ့ကို ပါးရိုက်တယ်ဆိုတာ ခဏပါ။သဲသောင်မှာရေးရတဲ့အကြောင်းက အချိန်တွေကြာရင် သဲမှုန်တွေက လေထဲမှာ လွင့်သွားမှာလေ၊ဒီလိုပဲ ပါးရိုက်ခဲ့တဲ့အဖြစ်အပျက်လေးကလဲ အချိန်ကြာရင်မေ့သွားလိမ့်မယ် ငါရေနစ်တာကို ကယ်ခဲ့တာကတော့ တစ်သက်မမေ့နိုင်စရာ အဖြစ်အပျက်လေးပေါ့"

ဒီလိုနဲ့သူငယ်ချင်းနှစ်ယောက် အရင်ကထက် ချစ်ချစ်ခင်ခင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဖေးကူရင်း နေထိုင်သွားကြတော့တယ်။

မောင်စိုင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...