ဦးကြီး
ကမ်းစပ်နေမှ ဒီရေတက်ချိန်သိလာတယ်။
ကုက္ကိုရွက်တွေ ရှားရွက်တွေ အိပ်ရင် မိုးချုပ်တော့မယ်လို့ အဘက သဘာဝတရားကိုမြင်တတ်ဖို့
သင်ပေးတယ်။
အဖေက ညမှောင်မှောင်
ဘာမှမမြင်ရရင်
မြေပြင်မှာမှောက်ပြီးရှေ့ကို ဝပ်ကြည့်ပါတဲ့။
ကြယ်ရောင်နဲ့လမ်းတွေ့နိုင်တယ်တဲ့။
ခုနှစ်စဉ်ကြယ်
အမြီးထောင်ရင် ညဉ်နက်ပြီ
လအိမ်ဖွဲ့ရင် မနက်ဖြန်နေသာမည်တဲ့။
နောက်ပြီး ထမင်းစားရင် မဖိတ်စေနဲ့တဲ့။
ထမင်းစေ့တွေ မနင်းကောင်းဘူးတဲ့။
ဆန်တစ်စေ့ဖြစ်ဖို့ အဘတို့နွားနဲ့အတူတူ လယ်ထဲတစ်ဘဝလုံး
ဲရုန်းကန်နေရတာတဲ့။ ငယ်ငယ်က အဘက အမြဲဆုံးမသလို မိုးလေဝသမမှန်ဘူး
မင်စိုးရာဇာတွေ သစ္စာမတည်တော့
နွယ်မြက်သစ်ပင်လည်း ဆေးဘက်မဝင်တော့ဘူးတဲ့။
မြို့တက် အစိုးရ လစားလုပ်ပါတဲ့။
ခုတော့
သိပ့်ကို ချစ်စရာကောင်းတဲ့ အဘလည်းဆုံးရှာပြီ။
ဖြစ်နိင်မယ်ဆိုရင် တောတောင်
သဘာဝ နဲ့ရာသီဥတုကိုချစ်တတ်သော
စားပင်သီးနှံစိုက်ပျိုးစားသော
ဦးကြီးတစ်ယောက်ဖြစ်ချင်ပါတယ်။
နောက်ဆိုရင် တောင်သူလယ်သမားဆိုတဲ့ ပုံရိပ်ကို ပြတိုက်ထဲ သွားရှာရင်တွေ့ပါဦးမလားမသိ။
ဘာဖြစ်ဖြစ် တောသားဖြစ်ရတာဂုဏ်ယူပါတယ်။
်
်
0 comments:
Post a Comment