ကိုယ့်အရောင်ကို လှအောင်ချယ်ပါ
လူဆိုတာ ကိုယ့်အလုပ်ကို ကိုသိပြီး တာဝန်ကျေအောင်လုပ်၊ စေတနာထား လုပ်ရင် လောကကို အလှဆင်ရာ ရောက်ပါတယ်။ လောကကြီးမှာ
လိုအပ်ချက်တွေ သိပ်များလို့  အလုပ်ဆိုတာလည်း အမျိုးမျိုးရှိတယ်။
မိမိအလုပ်ကိုလည်း ကောင်းအောင်လုပ်၊ အများအလုပ်ကိုလည်း တတ်နိုင်တာ ကူညီပေးနိုင်ရင် အကောင်းဆုံးပါဘဲ။ ဘောလုံးလေးတစ်လုံးကို
တစ်ရောင်ထဲထားတာထက် အရောင်စုံအောင် ချယ်ထားတာ ပိုလှမှာပေါ့။
ဘောလုံးလေးနဲ့ တူတဲ့ လူသားကမ္ဘာကို ဆေးရောင်စုံနဲ့ တူတဲ့ လူသားတွေက ကိုယ့်တာဝန်ကိုယ်ယူ၊ ကိုယ့်နေရာ ကိုယ်သိခြင်းဖြင့် ဆေးရောင်
လှလှချယ်ရမှာပေါ့။ မိမိကိုယ်တိုင်း စိတ်တိုင်းတကျရှိနေမှ သူများကို ကူညီချင်တဲ့စိတ်တွေ ဖြစ်လာနိုင်မှာပါ။
ကိုယ်က ၀ါ၊ စိမ်း၊ နီ၊ ပြာ၊ ဖြူ အစရှိသဖြင့် အရောင်တွေထဲက အရောင်တစ်မျိုးဖြစ်နိုင်တယ်။ ကိုယ့်အရောင်ကို ကိုယ်ကလှအောင် ချယ်ဖို့ လို
တယ်။ အခြားသူတွေလည်း သူတို့ အရောင် သူတို့ လှအောင်ချယ်ပါလိမ့်မယ်။
အရောင်တိုင်းမှာ အလှတရားရှိသလို နေရာတိုင်းမှာ တန်ဖိုးကိုယ်စီရှိတယ်။ ဒီလိုပဲ လူသားတိုင်းမှာလည်း ကိုယ့်တန်ဖိုးနဲ့ ကိုယ် ရှိကြတယ်။
တန်ဖိုးရှိတဲ့ နေရာမှာ ကိုယ်က တန်ဖိုးရှိအောင် နေလိုက်ရင် လောကကို ဆေးရောင်လှလှလေးတစ်ခု ချယ်သလိုက်ခြင်းပါပဲ။
True Man
0 comments:
Post a Comment