Tuesday, April 8, 2014

ပျော်ရွင်သော အိမ်ထောင်ရေး။


>ယောက်ျားဖြစ်သူက အိမ်ကိုအရက်မူးပြီးပြန်လာတယ်။ ပြီးတော့ ထမင်းစားတယ်၊ အန်တယ်၊ ပန်ကန်ခွက်ယောက်တွေကိုလည်း ခွဲတယ်၊ နောက်ဆုံး အမူးလွန်ပြီး လဲကျသွားတယ်။
>ဇနီးဖြစ်သူက ယောက်ျားဘယ်လောက်ဆိုးဆိုးပြန်မပြောဘဲ ယောက်ျားကိုလက်တွဲပြီး အိပ်ယာအထိတွဲခေါ်

သွားတယ်။ ပြီးတော့ အားလုံးကို သန့် ရှင်းအောင်လုပ်တယ်။
နောက်နေ့ ယောက်ျားဖြစ်သူက အိပ်ယာထတယ်။ သူကတွေးထားတယ်၊ မိန်းမကတော့ ငါ့ကို စိတ်ဆိုးနေတော့မှာပဲလို့ ။
>ယောက်ျားဖြစ်သူက ချစ်ဇနီးနဲ့ ရန်မဖြစ်ရပါစေနဲ့လို့ဆုတောင်းလိုက်တယ်။ ပြီးတော့ စားပွဲပေါ်မှာ စာရွက်တစ်ရွက်စာရေးထားခဲ့တာကိုတွေ့ လိုက်တယ်။
>ချစ်ယောက်ျားရေ- ယောက်ျားအနှစ်သက်ဆုံး မနက်စာ စားပွဲပေါ်မှာအဆင့်သင့်ပြင်ထားခဲ့ပါတယ်။ ချစ်ဇနီးကတော့ ကုန်စုံဆိုင်ကိုအစောဝယ်စရာလေးရှိလို့သွားပါပြီ။ ယောက်ျားဆီအမြန်ပြန်လာပါမယ်။ ချစ်ယောက်ျား၊ ယောက်ျားကို ချစ်တယ်။
>ယောက်ျားဖြစ်သူက အံ့အားသင့်ပြီး သားဖြစ်သူကိုမေးလိုက်တယ်။ သားရေ- ညက အဖေဘာဖြစ်ခဲ့တုန်းကွ။ သားဖြစ်သူက- ညကအမေက အဖေကိုအိပ်ယာပေါ်တွဲခေါ်တယ်၊ ဖိနပ်၊ ရှပ်အင်္ကျီကိုချွတ်၊ သေချာစောင်ခြုံပေးတယ်၊ ပြီးတော့ အဖေကပြောတယ်အမေကို- ဟေ့ မိန်းမ ငါ့ကို တစ်ယောက်ထဲထားခဲ့၊ မင်းသွားချင်တဲ့ဆီသွား။ မင်းတို့မိန်းမတွေဘာဖြစ်တယ်ညာဖြစ်တယ်စသည်ဖြင့်ပြောလိုက်ပါတယ် တဲ့။
>အရက်မူးလို့ပဲပြောပြော၊ဒေါသထွက်လို့ပဲပြောပြော-အချစ်ကိုခံစားကြည့်ပါ၊ အချစ်စစ်ဆိုတာ နှလုံးသားတစ်ခုထဲဆုံးဖြတ်ရမှာမဟုတ်ဘူး၊ သင့်ဦးနှောက်ပါဆုံးဖြတ်ထားတယ်ဆိုလျှင် ပိုခိုင်မြဲပါတယ်။ ပိုကောင်းတာက-ယောက်ျားကလည်း မိန်းမအပေါ်မှာ လေးလေးစားစားဆက်ဆံကြမယ်၊ မိန်းမကလည်း ယောက်ျားကိုလေးလေးစားစားဆက်ဆံကြမယ်ဆိုလျှင်ပျော်ရွင်တဲ့အိမ်ထောင်ရေးတခုဖြစ်သွားနိုင်ပါတယ်။

အရှင်ဇောတိပါလ (ပါရမီဗိမာန်)
ပျော်ရွှင်သော အိမ်ထောင်ရေးဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။
(၆.၄.၂၀၁၄)
ဘာသာပြန်စာစုများ (၁)

Aye Chan Mon# Credit To : ဓမ္မလမ်းပြကြယ် > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...