Friday, November 8, 2013

အဘ သခင် ဦးလှကြိုင်၏ ရာဇဝင်အကျဉ်းချုပ်

(၁) အမည်- ဦးလှကြိုင်
(၂)မွေးနေ့-၁၂၄၈ ခုနတ်တော်လဆန်း(၇)ရက် အင်္ဂါနေ့ (၉၂) နှစ်
(၃)မွေးဖွားရာဇာတိ-ဟင်္သာတခရိုင်၊ကရင်အေးကျေးရွာ
(၄)အဘ အမည်-ဦးအောင်ဘွင့် (ဆန်စက်ပိုင်ရှင်)
(၅)အမိ အမည်-ဒေါ်တိုး
(၆)မွေးချင်းမောင်နှမ ၅ဦးအနက်အကြီးဆုံးသား
(၇)ဇနီးအမည်- ဒေါ်ဝက်(မော်လမြိုင်သူ-ကွယ်လွန်)
(၈)သားသမီး-သမီးကြီး-ဒေါ်ခင်လှ(၆၅)နှစ် ၊ သမီးငယ်-ဒေါ်သန်းစိန်(၅၅)နှစ်[ ဆေးလိပ်လိပ်/ကျဘမ်းအလုပ်(ကျန်းမာရေးမကောင်း နှင့်အတူနေသည်)]

စစ်မူ့ထမ်းဆောင်ခြင်း
---------------
၁၆ နှစ်သား အရွယ်တွင် ဗိုလ်ရန်နိုင် ၊ သခင်ထွန်းအုပ်တို့ ဟင်္သာတသို့ ရောက်စဉ်၊ တို့ ဗမာ အစည်းအရုံး သို့ဝင် ရောက်ခဲ့ပြီး ၊အင်္ဂလိပ်တော်လှန်ရေး တွင်ရွှေတောင်ဒေသ၊ ဖက်စစ်တော်လှန်ရေးတွင် သာယာဝတီအနောက်ခြမ်းနှင့် မော်လမြိုင် ဒေသတို့တွင်ဝင်ရောက်တိုက်ပွဲဝင်ခဲ့ပါသည်။ တော်လှန်ရေးကာလတွင် ဝမ်းလိုင်းသရီးစတား(တပ်ကြပ် ကြီး)ရာထူးထိ ရရှိပြီး လစာ ၅၅/-ကျပ်ရရှိခဲ့ပါသည်။ တော်လှန်ရေးပြီးနောက် ရန်ကုန်မြို့ရှိ ဗိုလ်ထွန်းလှ တပ် ရင်းတွင် လက်နက်ပြန်လည် အပ်နှံပြီးအငြိမ်းစားယူခဲ့ပါ သည်။

တပ်မတော် အငြိမ်းစားယူပြီးနောက်ပိုင်းကာလ
---------------------------------------------

တော်လှန်ရေးပြီးနောက် မော်လမြိုင်သူ ဒေါ်ဝက် နှင့် လက်ထပ်ပြီး ပုသိမ်ညွန့်ရပ်ကွက် တွင် အခြေ ချ၍ ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့ရာ တစ်နှစ်အ ကျော်တွင် မီးလောင် သဖြင့်၊ မြောက်ဥက္ကလာပမြို့ နယ်၊( ဈ) ရပ်ကွက် စတ္ကဝတ်လမ်း ၊ အမှတ် (၅၅ ) သို့ပြောင်းရွှေ နေထိုင်ကာ၊ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့ပါသည်။ ထို့နောက် အဘ သည် ဇာတ်ဝါသနာပါသူတစ်ဦး ဖြစ်၍ တက်ခေတ်စိန် ဇာတ်တွင် ""ငှက်တော်"" အမည်ဖြင့်လူ ရွှင်တော် ဘဝကို ဖြတ်သန်းခဲ့ပါသည်။ နောက်ပိုင်း(နှစ်မမှတ်မိ) တွင် ပဲခူး၊ အိုးလေးစု သို့ပြောင်း ရွှေပြီး၊ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့သောလည်း အဆင်မပြေဖြစ်ပြီး စီးပွါးပျက်ကာ သမီးငယ်နှင့် အတူနေ ထိုင်လျှက်ရှိပါသည်။

လက်တလော ကူညီမှုများ
----------------------------
ပဲခူးမြို့နယ်စစ်မူ့ထမ်းဟောင်း အဖွဲ့မှ လိုအပ်သည်များ ဆောင်ရွက်ပေးနေပါသည်။ အခြားလိုအပ်ချက်များကို လည်း မွေးရေ /ကျေးလက်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးအုန်းမြင့်မှထောက်ပံ့လှူဒါန်းမည်ဖြစ်ပါသည် ။ (ဘာလုပ်ပေးမလဲဆိုတာလောလော ဆယ်အတိအကျ မဖြေနိုင်သေးပါသဖြင့်နားလည်ပေးပါရန်၊ အဘ ၏ဖြစ် စဉ် အွန်လိုင်းပေါ် ရောက်အောင်ပို့ဆောင်ပေးသူကိုလဲ ကျေးဇူးတင်ရှိပါသည်။လေးစားပါတယ်ခင်ဗျာ)

Credit- Yaung Ni Oo
— with ၀ါ လေး, Moe Wai, Panei Phyu and 45 others.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...