<<< `` ချစ်တဲ့သူသာ ဖြစ်လိုက်ပါတော့ အရိပ်ကလေးရေ....´´>>>
လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်လောက်က ချစ်သူနဲ့ အတူ လျှောက်ခဲ့ဖူးတဲ့ ဦးပိန်တံတားလေး.... အခု တစ်ခေါက်ပြန်ရောက်ဖြစ်တော့လ
ဘာတွေ ပြောင်းလဲ နေမှန်း မသိပေမဲ့ အရင်ကနဲ့တော့ မတူတော့ပါဘူး …
အသက်အရွယ်လည်း ပြောင်းလဲခဲ့ပြီ၊ အရင်ကလို နံဘေးမှာ ချစ်သူလည်း မပါတော့ဘူး၊
တံတားကြီးပေါ်ကနေမြင်နေရတဲ့ မြင်ကွင်းတွေကို ခံစားတတ်ခြင်းတွေလည်း ကွာခဲ့ပြီလေ၊ အရင် ချစ်သူနဲ့အတူလျှောက်ခဲ့တုန်
ခုတော့ နေ၀င်ဆည်းဆာအောက်မှာ သောင်တမန်အင်းကြီးလည်း လှတယ်၊ တံတားကြီးလည်း လှတယ်၊ ၀န်းကျင်တစ်ခုလုံးလည်း တည်ငြိမ်စွာ လှတယ်လို့ မြင်တတ်ခဲ့ပြီပေါ့….
ဒီလို ချစ်သူတွေအတွက် အမှတ်ရစရာတွေ အများကြီး သိမ်းဆည်းထားပေးခဲ့တဲ့ ဦးပိန် တံတားတံတားကြီးကို သက္ကရာဇ် ၁၂ဝ၉ ခုနှစ်မှာ ပုဂံမင်းရဲ့ မြို့စာရေး ဦးပိန်က ကြီးကြပ်တည်ဆောက်ခဲ့တဲ့လေ..
ဦးပိန်တံတားကြီးက ပေပေါင်း ၃၉၆၇ပေ ရှည်လျားပြီး ကျွန်းတိုင် ပေါင်း ၁ဝ၈၆ တိုင်နဲ့ အခန်းပေါင်း ၄ဝ၂ ခန်း၊ ဖောင်ဖြတ်ကြောင်း ၉ ကြောင်း၊ နားနေဇရပ် ၄ ခုနဲ့ ဖွဲ့စည်းတည်ဆောက်ခဲ့တာလို့ ချစ်ခဲ့ရတဲ့ မန္တလေးသူလေးက ရှင်းပြခဲ့ဘူးပါတယ်... အဲဒီတုံးကလည်း ``ဟုတ်၊ မဟုတ် ရေကြည့်မယ်... မဟုတ်လို့ကတော့ မွှေးမွှေးပေးရမယ်´´လို့ပြောရ
အခုတစ်ခေါက်ပြန်ရောက်တော့ တံတားကြီးက ကျွန်းတိုင်တွေ မှာ နံပါတ်လေးတွေ ကပ်ထားတာတွေ့ရတယ်၊ နောက်ပိုင်း အလှူရှင်များက နားနေ ဇရပ်ဆောင်တွေ ဆောက်လုပ်လှူဒါန်းတာတွေ... အစားထိုး ကွန်ကရစ်တိုင်တွေ လဲလှယ်ခဲ့တာကြောင့် ရှေးဟောင်း သုတေသနက အခုလို ကျွန်းသစ် တိုင်လုံးကြီးတွေကို ဂဏန်း နံပါတ် ရေးထိုးပြီး ထိန်းသိမ်းထားခဲ့တာလို့ သိခဲ့ရတယ်၊
ဒီ ဦးပိန်တံတားကြီး တည်ဆောက်မှုနဲ့ ပတ်သက်လို့တော့ ၀ိဝါဒ ကွဲပြားမှုတေ၊ အယူအဆ မတူညီမှုတွေလည်း ခုထိရှိနေသေးတယ်……
ဦးပိန်တံတားအကြောင်း စဉ်းစားမိတော့ သူ့ကို နောက်ခံပြုထားတဲ့ အမရပူရမြို့ဝန်ရယ်၊ နောက် ပုဂံမင်းရယ်…… သူ့ရှေ့က သာယာဝတီမင်းရယ်……. ကြားဖူး၊ ဖတ်ဖူးသမျှ အတွေးထဲမှာ အစဉ်တစ်စိုက်ကြီးပေါ်လာတယ်……
သေချာတာ တစ်ချက်ကတော့ ရာဇ၀င်တွေထဲမှာ ရှင်ဘုရင်တွေ က ချစ်ချစ် မချစ်ချစ် မိန်းမတွေအများကြီးယူတယ်…..
ရှင်ဘုရင်ဆိုတာ တကယ်ချစ်တတ်တဲ့ သူတွေရော ဟုတ်ရဲ့လား၊ ဘုရင်တွေ စိတ်ချမ်းသာဖို့အတွက် မိန်းမတွေ အများကြီး ယူဖို့ရော…. လိုအပ်သလား၊ တိုင်းပြည် အုပ်ချုပ်တဲ့ရှင်ဘုရင်တွေက ဒီလို မိန်းမလှလေးတွေနဲ့ ဆုံတွေ့နေမှ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့တာလား၊
အရင်ဦးဆုံး ချစ်ခဲ့ရတဲ့ မိဖုရားကြီးကရောဒီလောက်အထိ သဘောထား ကြီးနိုင်ခဲ့ရဲ့လား၊
ဘုရင်တွေကရော ချစ်ဦးသူမိဖုရားကြီးကို မျက်နှာမပူဘူးလား၊ သူ့ အချစ်ကို အားမနာဘူးလား၊ ဒါမှမဟုတ်...... ရှင်ဘုရင်တွေမှာ အချစ်စိတ်ဆိုတာ မရှိဘူးလား၊ လုပ်လို့ ရလို့များ ရှင်ဘုရင်တွေက လုပ်ခဲ့ကြတာလား၊ တကယ်ချစ်မြတ်နိုးတဲ့သူ မဟုတ်ပဲနဲ့ လှယုံလေးနဲ့ ကြင်နာခဲ့ကြတာလား၊ မိဖုရား ဖြစ်ခဲ့ကြတဲ့ အမျိုးသမီးတွေကရော ဘုရင်ကြီးကို ချစ်သွားကြသလား၊ မချစ်ပဲနဲ့ရော အတူနေရတာကို ကြည်ဖြူ ကျေနပ်ခဲ့သလား၊ ဂုဏ်ကြောင့်လား....၊ ကြောက်ရလို့လား.... အဲဒီလို မကွဲပြားတဲ့ မေးခွန်းတွေ အများကြီး ဖြစ်ခဲ့တယ်…. ထွေရာလေးပါး အတွေးလေး အတွက်ကတော့ ပြုံုးဖြစ်ခဲ့သေးတယ်လေ၊
ဒီလို ...... ရှင်ဘုရင်တွေမှာ အချစ်စစ်အချစ်မှန်ဆိုတာ မရှိလောက်ဘူးလို့……. အချစ်မရှိရင် အကြင်နာတရားလည်း မရှိနိုင်ဘူးလို့ တစ်ယောက်တည်း ကောက်ချက်ဆွဲမိတယ်။
သက်ဦးဆံပိုင်ဘုရင်စနစ်ဆိုတ
ဘုရင့်အနားမှာ ခစားနေကြတဲ့ မှူးတွေ မတ်တွေထဲမှာလည်း တစ်ဦးနဲ့ တစ်ဦး၊ တစ်ယောက်နဲ့ တစ်ယောက် အချိန်မရွေး ကုန်းတိုက်၊ ချောက်ချ၊ အကွက်ဆင်ပြီး သတ်ဖြတ်ခဲ့ကြတယ်၊ နေရာတွေ ယူခဲ့ကြတယ်၊
မင်းအလိုလိုက် မင်း အကြိုက်ဆောင်ပြီး ရပ်တည်ခဲ့ကြတဲ့ သူတွေလည်း အများကြီး၊ ဒါပေမဲ့လည်း မင်းကျင့်တရားနဲ့ ညီတဲ့ မင်းတွေလည်း စဉ်ဆက်မပြတ် ပေါ်ထွန်းခဲ့ကြတာပဲ၊
တိုင်းပြည်အတွက်၊ အမျိုးဘာသာ၊ သာသနာအတွက်၊ ဘုရင်ကြီး အမှန်အတိုင်း ဆုံးဖြတ်နိုင်ဖို့အတွက် အသက်သေမှာမကြောက်တဲ့ မှူးတွေ မတ်တွေလည်း အများ အပြားပေါ်ထွန်းခဲ့ကြတာပဲ……
ဒါကြောင့်လည်း လူမျိုးနဲ့ ဘာသာ မပျောက်ကွယ်ခဲ့တာလို့ တစ်ခါ ကျေးဇူးတင်တဲ့ အတွေးလေး ဖြစ်ခဲ့သေးတယ်၊ ဂါရ၀တရားရှိတဲ့ လူမျိုး၊ ကိုယ်ချင်းစာတတ်တဲ့ လူမျိုး၊ မေတ္တာတရားထွန်းကားတဲ့... သည်းခံ ခွင့်လွှတ်တတ်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ခဲ့ရခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ဂုဏ်ယူနေတတ်ခဲ့ပါတယ်…..
ဘာကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်သူကပဲ ဘယ်အကြောင်းကြောင့် ဆောက်လုပ်ခဲ့ပါစေ….. ဦးပိန် တံတားကြီးကတော့ အမှန်တကယ်လည်း တည်ရှိနေခဲ့တယ်.... အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတွေနဲ့ ကြည်နူးဖွယ်ရာ မိသားစုဇာတ်လမ်းလေးတွေကိုလည
ဇာတ်လမ်းလေးတွေ အားလုံးထဲမှာတော့…… ကြမ်းတမ်းမှု၊ အကြင်နာတရားကင်းမဲ့မှုနဲ့ ရက်စက်မှုတွေကတော့ ပါဝင်ခဲ့မှာ မဟုတ်ပါဘူး၊
ဒီ တံတားကြီးပေါ်မှာ လျှောက်လှမ်းခဲ့သမျှ ချစ်သူတိုင်း၊ မိသားစုတိုင်း ဖြတ်သန်းလျှောက်လှမ်းနေချိန
တစ်ခါက ကျွန်တော့်ရဲ့ ချစ်သူက မန္တလေးမြို့သူ၊ ကျွန်တော်က နယ်က၊ အဆောင်မှာနေတာခြင်းလည်းတူ၊ မန္တလေးတက္ကသိုလ်ကြီးမှာ... ကျောင်းတက်တာခြင်းလဲ..... တူပြီး ချစ်ကြတာခြင်းလည်း တူတယ်လို့ ၊ အဲဒီတုံးကတော့ ခံယူကျေနပ်ခဲ့ဖူးပါတယ်။
ကျောင်းပိတ်ရက်တွေမှာ နေရာအနှံ့လျှောက်လည်ရင်းနဲ့
ချစ်သူကတော့ အားပါးတရ စားခဲ့တာကို အခုထိ မှတ်မိနေသေးတယ်… ကိုယ်တိုင် မစား ဖြစ်ပေမယ့် ချစ်သူ စားကောင်းနေတော့လည်း ကျေနပ်နေခဲ့ရတာပါပဲ…။
ချစ်သူထားရစ်ခဲ့တဲ့ ဘ၀မှာ ပျင်းရိခြောက်သွေ့ဖွယ်ရာ နှစ်ကာတွေကို အရုပ်တစ်ရုပ်လို ဖြတ်သန်းခဲ့ပေမဲ့လည်း…. ချစ်သူနဲ့ အတူ လမ်းလျှောက်ခဲ့ဖူးတဲ့ ဒီတံတားကြီးက ဘ၀ရဲ့ အိပ်မက်တွေထဲမှာ ရှိနေဆဲပဲလေ…..
`` ကို နောက်ကိုလည်း မကြာမကြာ လာမယ်နော်.... အရမ်းပျော်တယ် နောင် နှစ်တွေအများကြီးကြာလာရင်….
အလုပ်တွေကြိုးစားမယ်လို့လည်
ချစ်သူနဲ့အတူ သူကိုယ်တိုင်မွေးပေးလာမဲ့ ရင်သွေးလေးတွေကိုလူတန်းစေ့ေ
မကြာသေးခင်က ကျွန်တော် မန္တလာမြေကို တစ်ခေါက်ပြန်ရောက်လာခဲ့တယ်…
နေရာ တော်တော်များများ လှပသစ်လွင်ပြီး ပြောင်းလဲသွားသလိုလိုနဲ့ အရာအားလုံးကိုတော့ ၀ိုးတ၀ါး မှတ်မိနေဆဲပါပဲ။
စိတ္တဇဆန်ဆန် တစ်ယောက်ထဲ နေရာစုံအောင် လျှောက်လည်လိုက်တယ်…… ချစ်သူနဲ့ လျှောက်လည်ခဲ့ဖူးတဲ့ နေရာတွေလေ….. သတိရလွမ်းဆွတ်တမ်းတလျှက်ပါပ
အခု ကျွန်တော် ဦးပိန်တံတားကြီးကို တစ်ခေါက်ပြန်ရောက်ခဲ့ပြီလေ…
တောင်သမန်အင်းကြီးထဲမှာ ရှင်သန်နေတဲ့ လှေလေးတွေလည်း အရောင်တွေ ပြောင်းလဲခဲ့ပြီ……
တံတတားကြီးကလည်း မပြောင်းလဲသလိုလိုနဲ့ ပြောင်းလဲနေခဲ့ပြီ……
ညနေခင်း နေ၀င်ရီတရောမှာ တံတားကြီးရဲ့ ဟိုး….. ခပ်ဝေးဝေးကနေ ကျွန်တော်ရှိရာ အရပ်ကို လာနေတဲ့ အရိပ်လေးတစ်ခုတွေ့လိုက်ရတယ်
ဒီအရိပ်လေးကို မသဲမကွဲလေး မြင်နေရတာပါ ….. ထင်ထင်ရှားရှားမြင်တွေ့ရတဲ့
ကျွန်တော်ရှိရာဘက်ကို ဦးတည်လာနေတဲ့ အရိပ်ကလေးက ချစ်သူသာ ဖြစ်ခဲ့ရင်…… ကျွန်တော် လှတယ်လို့ မြင်နေတဲ့ တံတားကြီးရယ်၊ အင်းကြီးရယ်၊ နောက် ညနေခင်းဆည်းဆာလေးတွေရယ်….. အရားအားလုံးက သိမ်ငယ်သွားမယ်ထင်ပါတယ်…..
အရိပ်ကလေးရေ…. ချစ်တဲ့သူသာ ဖြစ်လိုက်ပါတော့…….
(ကွန်ဆူးမား)(၁၃-၁၁-၂၀၁၃)
၁၀-၁၀-၂၀၁၁ ရက်နေ့တွင် ရေးဖြစ်ခဲ့သော ပို့စ်လေးအား ပြန်လည်တင်ပြပါသည်။
0 comments:
Post a Comment