Sunday, November 10, 2013

“ပုံမှန်ဆက်ဆံ”


ရုံးဆင်းလို့ အိမ်ပြန်မယ်လုပ်တော့ သူငယ်ချင်းက သူ့အိမ်မှာ ညစာလိုက်စားဖို့ဖိတ်လို့ လိုက်သွားလိုက်တယ်.
သူ့အိမ်ပေါက်ရောက်တော့ သူငယ်ချင်းက အိမ်ထဲကို လှမ်းအော်ခေါ်တယ်… …

“ချစ်ဆုံးရေ… မောင်ပြန်လာပြီ၊ သူငယ်ချင်းလည်း ပါလာတယ်ဟေ့”
“ဟုတ်ကဲ့ပါမောင်”… ဆိုပြီး သူ့မိန်းမက ထွက်ကြိုတယ်
သူငယ်ချင်းကလည်း သူ့မိန်းမကို ဆီးပွေ့ပြီး နဖူးလေးကို နမ်းလိုက်တယ်။
ဒီနောက်တော့ သူ့မိသားစုလေးနဲ့ သန့်ရှင်းတဲ့ ထမင်းဝိုင်းလေးကို ပျော်ပျော်ရွှင်ရွှင် စားလိုက်ကြတယ်။

မြင်ခဲ့ကြုံခဲ့ရတဲ့ သူတို့မိသားစုရဲ့ မြင်ကွင်းလေးတွေက ကြည်နူးစရာလေး
ကိုယ်လည်း အိမ်ထောင်သက် ၁၀ နှစ်ရှိပြီ တခါမှ မိန်းမနဲ့ အဲလို ယုယုယယမနေဖူးဘူး

ဒါနဲ့ အိမ်ပြန်လမ်းမှာ စဉ်းစားလာမိတယ်
‘ငါလည်း အိမ်ပြန်ရောက်ရင် ဟိုကောင့်လို လုပ်ကြည့်အုံးမှ၊ မိန်းမလည်း ကျေနပ်မှာပါ’

ဒီလိုနဲ့ အိမ်ပေါက်ရောက်တော့ လှမ်းခေါ်လိုက်တယ်… …
“ချစ်ဆုံးလေးရေ… ကိုကိုပြန်လာပြီဟေ့”
… ဆိုတော့ အခန်းထဲက မိန်းမက ပြန်အော်တယ်… …
“ဟဲ့… ဘယ်ကကောင်လဲ၊ အိမ်များမှားဝင်လာတာလား”
“မမှားပါဘူးကွ၊ မင်းကလည်း ထွက်ကြိုပါအုံး”

ခဏနေတော့ မိန်းမထွက်လာတယ်၊ ဒါနဲ့ ကြိုတင်ကြံစည်ထားတဲ့အတိုင်း ဘာမပြောညဘာမပြောနဲ့ ဆွဲပွေ့ပြီး ပါးလေးကို ဖွဖွနမ်းလိုက်တယ်။

အဲ…
အဲဒီမှာဗျာ
မယ်မင်းကြီးမက ချုံးပွဲချ ငိုပါလေရော… ..

“အီး…အီး…ဟီး ဒီနေ့တော့ ကံဆိုးတာတွေက အစုလိုက်အပြုံလိုက်ပါလား အီးဟီး”
“ဟင်… မိန်းမ ငါဘာအမှားလုပ်မိလို့လဲ ဟ”

“ကျမအဖြစ်က ဆိုးပါတယ်တော်”
“ဘာဆိုးတာလဲ”

“မနက်ထဲက အငယ်ကောင်ကဖျားနေတာ ပိုက်ဆံမရှိလို့ ဆေးခန်မသွားနိုင်ဘူး၊ အကြီးကောင်က ရေချိုးခန်းထဲ ချော်လဲတယ်၊ EPC ကလည်း မီးတာမဆောင်လို့တဲ့ ခုနက မီးလာဖြတ်သွားတယ်”
“ဟင်… ဟုတ်လား”

“ဒီကြားထဲ ယောက်ျားလုပ်သူက မမူးစဘူး မူးပြီးပြန်လာတယ်တော့်”
“သေပါတော့ကွာ…”



သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...