Sunday, November 10, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၁၁)

သစ်ထူးလွင်



Posted: 10 Nov 2013 03:23 AM PST
အစိုးရအဖွဲ့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ပြည်သူတွေဆီ တိုက်ရိုက်မဟုတ်ဘဲ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေကတဆင့် ပြန်လည်ချပြတဲ့ ဆွေးနွေးပွဲတခုကို ဒီနေ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ လက်ရှိအစိုးရက လုပ်ဆောင်နေတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တဲ့ရလဒ်၊ လက်ကျန်နိုင်ငံရေးအကျဉ်းသားစေလွှတ်ရေးနဲ့ လျှပ်စစ်မီတာခ ထပ်တိုးကောက်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရ တာဝန်ရှိသူတွေက ချပြခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Nov 2013 03:02 AM PST
အမျိုးသမီးငယ်အချို့ ခန္ဓာကိုယ်သွယ်လျ စေရေးအတွက် စိတ်ကြွရူးသွပ် ဆေးဝါးများကို တလွဲအသုံးပြုမှုများရှိလာနေပြီး မည်သည့် အကြောင်းပြချက်ဖြင့်ဖြစ်စေ မူးယစ်ဆေးဝါး သုံးစွဲသည်ဟု စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးအရေးယူ သွားမည်ဖြစ်ကြောင်း မူးယစ်ဗဟိုမှ ဒုရဲမှူးကြီးဇော်လင်းထွန်းက ပြောကြားသည်။ ““အတွင်းသတင်းတွေအရတော့ စိတ်ကြွမူးယစ်ဆေးတွေကို အမျိုးသမီးလေးတွေ ပိန်အောင်လို့သုံးတယ်လို့ သတင်းတွေရထားပါတယ်။ ဒီဆေးတွေက သုံးရင်တက်ကြွနေတယ်။ အလုပ်လည်း များများလုပ်နိုင်တယ်။ လေ့ကျင့်ခန်းလည်း လုပ်စရာမလိုဘဲ အလိုအလျောက်ပိန်လာစေတယ်ဆိုတော့ သုံးကြတယ်။ ဘယ်လိုပဲသုံးသုံး ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ မူးယစ်ဆေးဝါးသုံးတာမိရင် ဖမ်းမှာပဲ”” ဟု နေပြည်တော်မူးယစ်ဗဟိုမှ ဒုတိယရဲမှူးကြီးဇော်လင်းထွန်းကပြောကြားသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Nov 2013 03:18 AM PST
အင်းဝမြို့ဟောင်းတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ရှေးဟောင်းဇုန်ကန့် သတ်တိုင်များ ပြိုကျသွားခဲ့ပြီဖြစ်ပြီး မြစ်ကမ်းပြိုမှုသည် မြောက်ဘက်မြို့ရိုးနှင့် မယ်နုအုတ်ကျောင်း အစရှိသည့် ရှေးဟောင်းသမိုင်းဝင်နေရာများနှင့်လည်း ပိုမိုနီးစပ်လာကြောင်း သတင်းရရှိသည်။ ဧရာဝတီမြစ်နှင့် ဒုဌ၀တီမြစ်ဆုံရာ အင်းဝမြို့ဟောင်းအရှေ့ မြောက်ဘက်မှ တောင်တော်ဆိပ်အထိ အရှည်တစ်မိုင်ခွဲခန့်ရှိသော ကမ်းနားတွင် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေကြောင်း၊ ရှေးaဟာင်းဇုန်အဖြစ် စိုက်ထူထားသည့် တိုင်အချို့ ကမ်းပါးပြိုသည့်အထဲ ပါသွားပြီဖြစ်ပြီး မြောက်ဘက်မြို့ရိုးနှင့် ပေ ၅၀ ၀န်းကျင်ခန့်သာ ကွာတော့ကြောင်း အင်းဝဒေသခံအချို့က ပြောကြားသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ယခုနှစ်ပိုင်းအတွင်း မြစ်ကမ်းပါးပြိုကျမှု ပိုမိုဆိုးရွားလာသော ဧရာဝတီမြစ်နှင့် အင်းဝမြို့ဟောင်း တောင်တော်ဆိပ်ကမ်းတွင် မြစ်ကမ်းပါးပြိုရာလမ်းတစ်လျှောက်သွားနေသော ဒေသခံတစ်ဦးကို တွေ့ရစဉ် ဓာတ်ပုံ - ညီညီဇော်/ 7DAY DAILY

Posted: 10 Nov 2013 02:50 AM PST
မြန်မာနိုင်ငံသား အများဆုံး ပြည်ပသို့ သွားရောက် အလုပ်လုပ်ရာ ထိုင်းနိုင်ငံတွင် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်သည့် ပေါက်ဈေးမှာ သတ်မှတ် ကုန်ကျငွေထက် ငါးဆ (ဘတ် တစ်သောင်းခွဲကျော်) ပေးရကြောင်းကို ထိုင်းနိုင်ငံတွင် လက်ရှိလုပ်ကိုင် နေသူများထံမှ သိရသည်။
“ဘတ်တစ်သောင်း အောက်တော့ မလျော့ဘူး။ ကျွန်တော်ဆို ပွဲစားကြေးပါ အပါ အားလုံး တစ်သောင်းငါးထောင်ငါးရာ ပေးလိုက်ရပြီး ပွဲစားက လိမ်သွားလို့ ကိုယ့်ဖာသာ ပြန်လုပ်နေရတယ်” ဟု စမွတ်ပရာကန်တွင် စည်သွတ်ဘူး စက်ရုံတွင် လုပ်ကိုင်နေသူ ဦးမြင့်နိုင်က ဆိုသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 10 Nov 2013 02:44 AM PST
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ နာရေးကူညီမှု အသင်းပိုင် သုခခန်းမတွင် ကျင်းပမည့် အလုပ်သမားသမဂ္ဂ ညီလာခံမှ ဆွေးနွေး၍ ရရှိလာသော အချက်အလက်များကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ရုပ်ပြ ပန်းချီဆရာ သမဂ္ဂမှ ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။  အဆိုပါ ညီလာခံကို အောက်တိုဘာလ ၁၀ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကာ တစ်နိုင်ငံလုံးရှိ အလုပ်သမား သမဂ္ဂပေါင်း ၄၀၀ ကျော်နှင့် တောင်သူလယ်သမား သမဂ္ဂ ၃၀၀ ကျော် တက်ရောက်ကြမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Nov 2013 02:23 AM PST
ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်ဟာ အတိုက်အခံ ဆန့်ကျင်မှုတွေကို ဖြစ်ပေါ်စေတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်း ကို လွှတ်တော် မဲခွဲမှုကလည်း မထောက်ခံဘဲ  ကျန်နေသေးတဲ့ သက်တမ်း အတောအတွင်းမှာလည်း ထပ်ပြီး မဖော်ထုတ်ဖို့ ကျမ်းကြိမ် မယ်ဆိုရင်တော့ သူမအစိုးရဟာ  အဲ့ဒီဥပဒေမူကြမ်းကို ရုတ်သိမ်းဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ပြည်တွင်းအုပ်စုတွေ အတိုက်အခံတွေနဲ့ လုပ်ငန်းရှင်တွေက အပြင်းအထန် ကန့်ကွက် နေတာကြောင့် ဗုဒ္ဓဟူးနေ့က ချန်သဘူရီကိုသွားတဲ့သူမရဲ့ ခရီးစဉ်အတွင်း အခုလို ပြောကြား ခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Nov 2013 02:15 AM PST
သောကြာနေ့ အစောပိုင်းက ဖီလစ်ပိုင်ငံ အလယ်ပိုင်းကို တိုက်ခတ်ခဲ့တဲ့ အားပြင်း တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန် ကြောင့် မလေးရှား နိုင်ငံတွင်းက သင်္ဘောတွေကို အဂါင်္နေ့အထိ ကုန်းတွင်းပိုင်းမှာပဲ နေဖို့ သတင်းထုတ်ပြန်ထားကြောင်း သိရပါတယ်။  မလေးရှား မိုးလေ၀သဋ္ဌာန က တော့ အားပြင်း မုန်တိုင်း ဟိုင်ယန်ကြောင့် ငါးဖမ်း လုပ်ငန်းနဲ့ ဖယ်ရီလုပ်ငန်း တို့အပါအ၀င် သင်္ဘောနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေကို များစွာထိခိုက်နိုင်ကြောင်း ပြောကြား ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 10 Nov 2013 02:28 AM PST
လွှတ်တော်တွင် အမတ်များက တင်ပြလာသည့် အဆိုများကို ပါတီစွဲမထားဘဲ နိုင်ငံ့အကျိုး အတွက်သာ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းသည် မန္တလေးမြို့ရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အသင်းအဖွဲ့များနှင့် နိုဝင်ဘာလ ၉ရက်က မန္တလေးမြို့ အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံစဉ်  ပြောကြားခဲ့သည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Nov 2013 02:29 AM PST
ယနေ့မနက်တွင် မဟာမုနိဘုရားကြီး မျက်လုံးတော် ပွင့်ခဲ့ကြောင်း အင်တာနက် လူမှုကွန်ယက်စာ မျက်နှာများနှင့် ပြည်သူများကြားတွင် ကောလဟလများ ပျံ့နှံ့လျှက်ရှိရာ အတိကျ မသိလိုက်ကြောင်းနှင့် မျက်မြင် သက်သေမရှိကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သတင်းရရှိသည်။ ၄င်းတို့ဂေါပကအဖွဲ့ တာဝန်ယူသည့် နှစ်နှစ်အတွင်း ယခုဖြစ်စဉ်မျိုးလည်း ဖြစ်ပွားခဲ့ဘူးခြင်း မရှိကြောင်း အဆိုပါ ဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်းက ပြောသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Nov 2013 01:49 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး လူထုဆန္ဒ ကောက်ခံမှုကို အချိန်တစ်လ တိုးမြှင့်လိုက်ကြောင်း NLD အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောကြားသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးကို မူလက နိုဝင်ဘာ ၁၀ ရက်နေ့တွင် အပြီးသတ်မည် ဖြစ်သော်လည်း ဒီဇင်ဘာ ၁၅ ရက်အထိ တိုးမြှင့်ကာ လူထုဆန္ဒ ကောက်ခံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Nov 2013 01:40 AM PST
ရန်ကုန်မြို့တော် လှိုင်မြို့နယ် (၁) ရပ်ကွက် အောင်မေတ္တာလမ်း တိုက် အမှတ် ၁၂ ၊ ပထမထပ်ရှိ အောင်ကျော်ခန့် အလှပြုပြင်ရေး ဆိုင်မှ အသက် ၂၂ နှစ် အရွယ် အလုပ်သင် အလှဖန်တီးရှင် တစ်ဦးကို ဆိုင်ပိုင်ရှင်က ထီးဖြင့် ရိုက်၍ဟု ဆိုကာ ဆိုင်ဝရန်တာမှ ခုန်ချခဲ့မှုကို သေကြောင်း ကြံစည်မှုဖြင့် နိုဝင်ဘာလ ၇ ရက်နေ့တွင် အမှု ဖွင့်ထားကြောင်း အဆိုပါ မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 10 Nov 2013 01:37 AM PST
မြန်မာ့ရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးများဖမ်းဆီးနေ သည့် သီရိလင်္ကာနိုင်ငံမှ ငါးဖမ်းရေယာဉ်နှစ်စင်းအား ဓည၀တီရေတပ် စခန်းစစ်ရေယာဉ်များအုပ်စုမှ တစ်ဆင့်ကျောက်ဖြူ ရေလုပ်ငန်းဦးစီးဌာန သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ရေပိုင်နက်သို့ ၀င်ရောက်လာသော သီရိလင်္ကာနိုင်ငံသား ၁၂ ဦးပါ ဖိုင်ဘာအမျိုးအစား ငါးဖမ်းလှေနှစ်စင်းကို မြန်မာ့ရေပိုင်နက် မာန်အောင်ကျွန်း၏ အနောက်မြောက်ဘက်မိုင် ၁၅၀ ခန့်အကွာ ပင်လယ်ပြင်၌ လွန်ခဲ့သော အောက်တိုဘာ၂၃ ရက်က ဖမ်းဆီးရမိခဲ့ပြီး ဓည၀တီရေတပ် စခန်း ဌာနချုပ်သို့ လူနှင့်လှေများကိုပါ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Nov 2013 01:27 AM PST
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ နိုဝင်ဘာ ၈ ရက်နေ့က တိုက်ခတ်သွားတဲ့ စူပါတိုက်ဖွန် မုန်တိုင်းကြောင့် အနည်းဆုံး လူ ၁ သောင်းလောက် သေဆုံးသွားတယ်လို့ အဆင့်မြင့် အရာရှိတယောက်က ဒီနေ့ အတည်ပြုပါတယ်။ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းပေါ်မှာရှိတဲ့ လေ့ဒ်ခရိုင်မှာ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ပျက်စီးသွားပြီး ပင်လယ်ကမ်းရိုးတန်းက မြို့တွေနဲ့ ခရိုင်ရဲ့ မြို့တော် တက္ကလိုဘန်မြို့မှာ ရေကြီးပြီး ကျန်ရစ်ခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 09 Nov 2013 08:49 PM PST
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတိုက်အခံ ပါတီ ဘီအန်ပီ (Bangladesh National Party) ၏ ၈၄ နာရီကြာ အထွေထွေ သပိတ်ကို ယနေ့ နံနက် ၆  နာရီက စတင်လိုက်ပြီ ဖြစ်သည်။ ၁၄ ပါတီဖြင့် စုပေါင်းထားသော မဟာမိတ် အတိုက်အခံတို့၏ ၈၄ နာရီကြာ သပိတ်ကြောင့် ဘင်္ဂလာဒေခ်ျ့ တစ်နိုင်ငံလုံး ကား၊ သင်္ဘော၊ ရထား အသွားအလာများ ရပ်ဆိုင်းသွားပြီး ကျောင်းများ၊ စီးပွားရေး လုပ်ငန်းများ၊ ဈေးဆိုင်များ အားလုံးကိုလည်း ပိတ်ထားလိုက်ရပြီ ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 09 Nov 2013 08:29 PM PST
ဝန်ကြီးဌာနများက နိုင်ငံတော်ထံ ပေးသွင်းရန် ကျန်နေသော ကြွေးကျန် များကို လွှတ်တော်က မဆိုင်သလို လက်ညှိုးထိုးနေ၍ မဖြစ်နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီးဌာနများသည် ပြည်သူ၏ ဘဏ္ဍာငွေကို သုံးစွဲပြီး နိုင်ငံတော်ထံ ပြန်လည် ပေးဆပ်ရန် ကျန်ရှိနေသည်ကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် လာရောက် ရှင်းလင်းရာ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 09 Nov 2013 07:25 PM PST
ထိုင်းနိုင်ငံ မဲဆောက်မြို့ ကို ဖြတ်ပြီး မြန်မာနိုင်ငံထဲ တင်ပို့မယ့် ယာဘ ဆေးပြား ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆူဒိုအက်ဖဒရင်း ဆေးပြား သုံးသိန်း နီးပါး ကို မဲဆောက် အကောက်ခွန် ဌာန က ဖမ်းဆီးလိုက်ပါတယ်။ အခု လို အိမ်သုံးဆေးဝါး တွေ နဲ့ ရောနှော သယ်ဆောင်လာရာမှာ တူရကီ နိုင်ငံ ကနေ လေယာဉ် နဲ့ ဘန်ကောက် သုဝဏ္ဍဘူမိ လေဆိပ် ကို ရောက်လာတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆူဒို အက်ဖဒရင် ဆေးပြားကနေ ယာဘ ဆေးပြား ထုတ်နိုင်

Posted: 09 Nov 2013 07:06 PM PST
ဆယ်စုနှစ် ၅ ခုကျော် အတွင်း မြန်မာနိုင်ငံက ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်တဲ့ ၂၀၁၃ ခုနှစ် အတွက် မယ်စကြ၀ဠာ ပြိုင်ပွဲကတော့ မကြာခင် နာရီပိုင်းအတွင်းကပဲ ပြီးစီးသွားခဲ့ပါပြီ။ ဒီပြိုင်ပွဲမှာ မယ်စကြ၀ဠာ ပတ္တမြားသရဖူကို ဘယ်သူ ဆောင်းသွားနိုင်ခဲ့သလဲဆိုတာနဲ့ မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အခြေအနေတွေကို တင်ပြပေးထားပါတယ်။ ၆၂ ကြိမ်မြောက် မယ်စကြ၀ဠာ ရွေးချယ်ပွဲကိုတော့ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ နိုဝင်ဘာလ ၉ ရက်နေ့ ညချမ်းချိန် ခါမှာ ကျင်းပခဲ့တာမှာ ၂၀၁၃ ခုနှစ်အတွက် မယ်စကြ၀ဠာ သရဖူကို Miss Venezuela Maria Gabriela Isler က ရရှိသွားတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


၂၀၁၃ ခုနှစ်ရဲ့ မယ်စကြဝဠာ ဗဲင်နီဇွဲလားအလှမယ် Gabriela Isler (အလယ်)
Posted: 09 Nov 2013 04:12 PM PST
ပြည်တွင်းထုတ် ဝိုင်နဲ့ ဘီယာတွေကို တရားမဝင် ဖြန့်ဖြူးရောင်းချခြင်းဟာ အကောက်ခွန်ဥပဒေနဲ့ မညီတာကြောင့် ဖမ်းဆီးလိုက်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက နိုဝင်ဘာ ၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 09 Nov 2013 04:02 PM PST
နိုဝင်ဘာလ(၁၁)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.44
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Nov 2013 04:00 PM PST
နိုဝင်ဘာလ(၁၀)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 09 Nov 2013 03:57 PM PST
နိုဝင်ဘာလ(၁၀)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Nov 2013 03:49 PM PST
နိုဝင်ဘာလ(၇)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် - ၈၉၅
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 09 Nov 2013 03:47 PM PST
နိုဝင်ဘာလ(၆)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် - ၄၆၁
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Nov 2013 09:41 AM PST
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာအုပ်စုမှာ ရဲတပ်ရင်းချထားမယ့် အစီအစဉ်အတွက် လယ်မြေဧကပေါင်း ၂၀၀ လောက်ကို သိမ်းယူလိုက်တယ်လို့ အုန်တောကျေးရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။ အဲဒီလယ်ယာမြေတွေဟာ လက်ရှိဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေဖြစ်ပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သိမ်းယူခဲ့တာလို့ အုန်းတောရွာသားတစ်ဦးက RFA ကို အခုလိုပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Nov 2013 09:38 AM PST
အာဆီယံ စီးပွားရေးအသိုင်းဝန်း Asean Economic Community နဲ့ အာဆီယံ လွတ်လပ်စွာကုန်သွယ်ခွင့် အသိုက်အ၀န်း AFTA အစီအစဉ်ကို လာမယ့် ၂၀၁၅ ခုနစ်မှာ စတင်တဲ့အခါ မြန်မာနိုင်ငံအနေနဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်မှုနဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှုတွေက အဓိကစိန်ခေါ်မှု အခက်အခဲဖြစ်စေလိမ့်မယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယ ဥက္ကဌ ဦးအောင်မြင့်က ဒီနေ့ပြောပါတယ်။ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ဒီကနေ့မနက်ပိုင်းကကျင်းပတဲ့ အာဆီယံ စီးပွားရေးအသိုင်းအ၀န်း AEC ဆိုင်ရာ ဆွေးနွေးပွဲမှာ သူက ခုလိုပြောကြားခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...