Friday, November 8, 2013

“ လူငယ်တွေရဲ့ အနာဂတ်ပျောက်ခြင်းဟာ တို့တိုင်းပြည်ရဲ့အနာဂတ် ပျောက်ခြင်းပဲ”

Eternal Light Magazine's photo.

လူငယ်ဆိုတာ အိပ်မက်ရှိရတယ်။ အိပ်မက်ရှိနေခြင်း ဟာ လူငယ်တစ်ယောက်ရဲ့တန်ဖိုးပဲ။ အိပ်မက်ပျောက်သွားတာက လူငယ်ဘ၀ ကုန်ဆုံးခြင်းပဲ။ ကျွန်တော်ယုံကြည်တာကတော့ လူငယ်တွေမှာ အိပ်မက်တွေရှိတယ်။ ကျွန်တော်တို့လည်း လူငယ်ဘ၀ကလာတာပဲ။
လူငယ်တိုင်းမှာ အနာဂတ်ဆိုတာရှိတယ်။ အိပ်မက်ဆိုတာရှိတယ်။ သူတို့အားလုံးဟာ ကြိုတင်ပြင်ဆင်ချင်ကြတဲ့သူတွေချည်းပဲ။ ဒါပေမဲ့ ဒီနိုင်ငံမှာ လူငယ်တွေရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ပေး မယ့် လူကြီးတွေမရှိဘူးဖြစ်နေတယ်။ လူငယ်တွေက လူကြီးတွေရဲ့ အိပ်မက်တွေ ကို လိုက်လုပ်နေရတယ်။ ဒါကြောင့် လူငယ်တွေ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရမယ်။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်တယ်ဆိုတာက သူတစ်ယောက်တည်းနဲ့ မရဘူး။ တခြား Structure တွေပါ ပြင်ဖို့လိုတယ်။ လူငယ်တွေရဲ့အိပ်မက်ကို လူကြီးတွေ ပခုံးပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် မထမ်းသေးသရွေ့၊ လူကြီးတွေရဲ့ အိပ်မက်ကို လူငယ်တွေရဲ့ ပခုံးပေါ်မှာ တင်ထားသေးသရွေ့၊ တို့တိုင်းပြည် ဘယ်တော့မှ မဖွံ့ဖြိုး မတိုးတက်ဘူး။ အဖေ အမေဆိုတာ သားသမီးအိပ်မက်ကို အကောင်အထည်ဖော်ပေးဖို့လား။ သားသမီးဆိုတာ မိဘရဲ့အိပ်မက်ကို အကောင်အထည်ဖော်ပေး ဖို့လား။ နိုင်ငံမှာရှိတဲ့လူငယ်တွေရဲ့ အနာဂတ်အိပ်မက်ကို အစိုးရက အကောင်အထည်ဖော်ပေးဖို့လား၊ အစိုးရရဲ့ အိပ်မက်တွေကို လူငယ်တွေက အကောင်အထည်ဖော်ပေးဖို့လား၊ ခွဲခွဲခြားခြားသိဖို့တော့ လိုတယ်။ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတိုင်းမှာတော့ လူငယ်တွေရဲ့စိတ်ကူးနဲ့ အိပ်မက်တွေကို လူကြီးတွေနဲ့ အစိုးရက အကောင်အထည်ဖော်ပေး ကြတယ်။ ဂျပန်နိုင်ငံမှာ မူကြိုကလေးလေးတွေရဲ့အခန်းကို CCTV ကင်မရာနဲ့ ရိုက်ထားတယ်။ ကလေးတွေရဲ့စရိုက်ကို လေ့လာတာ။ စာသင်တာ မဟုတ်ဘူး။ ဒီကလေး ဘာအိပ်မက်မက်သလဲဆိုတာကို CCTV ကင်မရာ ကနေကြည့်ပြီး မိဘနဲ့ ဆရာဆရာမတွေက ဒီကလေးရဲ့အနာဂတ်ကို စဉ်းစားပေးတာ။ ကိုသာချိုပြောသလိုပဲ ကျွန်တော်တို့ဟာ လူငယ်တွေကို အပြစ်တင်လို့ မရဘူး။ ဥပမာ သုံးနှစ်၊ လေးနှစ်အရွယ် ကလေးကအစ အိပ်မက်တွေရှိတာ ဆရာရဲ့။ ကလေးတွေရဲ့အိပ်မက်တွေကို ကျွန်တော်တို့က ဖျက်ဆီးပြီး ကျွန်တော်တို့ရဲ့အိပ်မက်ကို ကလေးတွေကို မက်စေချင်တာ။ ကလေးတွေက သူတို့အိပ်မက်ကိုသူတို့ လွတ်လွတ်လပ်လပ် မက်ခွင့်မရကြဘူး။ ဒါကြောင့် လူငယ်တွေဟာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့အရေးကြီးသလား လို့ မေးတာကို ပြန်ဖြေရရင် လူငယ်တိုင်းကတော့ ကြိုတင်ပြင်ဆင်ချင်တဲ့ ဆန္ဒရှိမယ်ထင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ကြိုတင်ပြင်ဆင်မှုက ကလေးတွေ၊ လူငယ်တွေဖြစ်တဲ့ အတွက် မပြည့်စုံတာတွေရှိမယ်။ ပြည့်စုံတဲ့တို့လူကြီးတွေ၊ တခြား Structure တွေက သူတို့ကို မထောက်ပံ့သေးသရွေ့ လူငယ်တွေဟာ အိပ်မက်ထဲမှာ စိတ်ကူးယဉ်မှုတွေနဲ့ပဲ အချိန်တွေကုန်သွားမှာပဲ။ အဲဒီလိုဖြစ်ခြင်းဟာ လူငယ်တွေရဲ့အနာဂတ်ပျောက်ခြင်းပဲ။ လူငယ်တွေရဲ့ အနာဂတ်ပျောက်ခြင်းဟာ တို့တိုင်းပြည်ရဲ့အနာဂတ် ပျောက်ခြင်းပဲ။ လူငယ်တွေရဲ့ အနာဂတ်ကို ကြိုတင်ပြင်ဆင်ခြင်းဟာ တို့တိုင်းပြည်ရဲ့ အနာဂတ်ကို ကြိုတင်ပြင်ဆင်ခြင်းဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်ဖို့ အရေးကြီးတယ်။ 
ဦးဘုန်း(ဓာတု) ►
 Eternal Light Magazine November 2013 Cover Story The Future for Youth လူငယ်တွေအတွက်အနာဂတ် စကားဝိုင်း မောင်သာချို၊ ကောင်းသန့်၊ ဦးဘုန်း(ဓာတု)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...