✪✪✪ မြတ်သော အမှန်တရားရဲ့ ခရီးသွား ✪✪✪
ကိုနေ၀င်းနဲ့အင်တာဗျူး
ဂီတသည် မသိစိတ်၏ က္ကနြေ္ဒကိုပါ ထိန်းချုပ်နိုင်စွမ်းရှိသည် ။ မိုးဦးသည် ဂီတတစ်ခုဖြစ်လျှင် မိုးသည် ကြားနေရသော ဂီတနှင့် မြင်နေရသော ဂီတဖြစ်၏။ လူ့လောက ၀ဲဂယက်နှင် ပူပင်သောကများနှင့် နောက်ဆံတင်းခြင်းများသည် ဂီတနှင့် မထိတွေ့စဉ်အထိ ကာလကြာရှည်ကောင်း ကြာရှည်လိမ့်မည်။လူတစ်ယောက်၏ သက်တမ်း ဧရိယာတစ်ခုအတွင်း၌ ဂီတသည် ပုံသဏ္ဍာန်တစ်ခုအနေဖြင့် လက်ခံနိုင်စွာ ရှိကိုရှိနေခဲ့သည်။. ဂီတဖန်တီးသူ တစ်ယောက်၏ အဇ္ဖုတ္တစိတ်တွင်း ပုံရိပ်ကိုဂီတနှင့်လည်း ပြန်လည်ပုံမဖော်နိုင်ပါ။ မိမိဖန်တီးလိုက်သော ဂီတအကြောင်းအရာ တစ်ခုသည် မိမိအတ္တများကို အမြဲပင် အနိုင်ယူလျက်ရှိနေ၏။ မသိကျိုးနွံစွာထား၍ မရသော အရာသည် ဂီတဖြစ်၏။ ဂီတသည် အံသြဇွယ်ထုးခြားမြင့်မြက်ေ သာ ရနံ့တစ်ခုပိုင်ဆိုင်သည်။ အာရုံခြောက်ပါးစလုံးသည် ဂီတနှင့် ကင်းကွာ၍ မရနိုင်ပါ. ဂီတငည် မရိုးသားသော စိတ်များ၌ မပျော်မွေ့ပါ။ ဂီတသည် ဖွင့်ထားသော ရှုခင်းပင်ဖြစ်သည်။ လတ်ဆက်ကြည်နူးဆွတ်ပျံ့ဖွယ် အလင်းမှာ မြဲခြင်း၊ မမြဲခြင်း သင်္ခါရ သဘော၏ တည်ငြိမ်ရင့်ကျက်မှုမှာ မွန်းကြပ်ပိတ်လှောင်သော စိတ်အနာညတရနေ့ရက် အမှောင်များမှာ သိစိတ်၊ မသိစိတ်၏ ဆယ့်နှစ်လရာသီစက်ဝန်းမှာ ဂီတသည် မည်သို့သော အကြောင်းများကြောင့် ဘယ်သောအခါမှ လိမ်လည်လှည့်ဖျားး သစ္စာမဖောက်ခဲ့ပါ. ဂီတသည် သမိုင်းများကိုပါ ဖော်ကျူးနိုင်စွမ်းရှိသည်။
လူယဉ်ကျေးတွေ တီးခတ်တဲ့ ဗုံသံမှ မဟုတ်ပါဘူး။ ယဇ်ပူဇော်နေတဲ့ လူရိုင်းတွေမှာလည်း ရှိခဲ့တယ်။ သဘာဝကြီါ်က အရင်ဦးဆုံးပေးတဲ့ လက်ဆောင်နှောင်းလူတိုင်း သိသင့်တယ်။
တေးရေး တေးဆို ကိုနေ၀င်းဆိုတာ ဂီတလောကမှာ မှတ်တိုင်တစ်ခု ခိုင်ခိုင်မာမာစိုက်ထူနိုင် သူ တစ်ဦးပါ။ Classical Music ကိုတန်ဖိုးထားပြီး Crazy ဖြစ်သူတစ်ယောက်ပါ။ J.S Bach ရဲ့တေးသွားတွေကို အလွန်တရာမှ ကြိုက်နှစ်သက်ပြီး ပွေ့ဖက်တီးခတ်ခဲ့သူပါ။ နှစ်လိုဖွယ် နုရွလှပတဲ့ နိမိတ်ပုံအားကောင်းကောင်းနဲ့  အချစ်သီချင်းများစွာ တည်ကြည်လေးနက်ခန့်ညားပြီး ဒဿနများပါဝင်တဲ့ အချစ်သီချင်းများစွာ အားမာန်ပြည့်ဝတဲ့ သီချင်းများစွာည ရေးစပ်သီဆိုခဲ့သူပါ. ကျွန်တော်နဲ့ သူငယ်ချင်း ကိုဇေတို့ မိုးတဖွဲဖွဲကြားမှာ ဆရာကိုနေ၀င်းအိမ်ကို ရောက်သွားတော့ နွေးထွေးနူးညံစွာ ကြိုဆိုလက်ခံ စကားတွေ ပြောပြီး သူ့ရဲ့ Brazi made Gianini Classical ဂစ်တာလေးနဲ့ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် မမောနိုင် မပန်းနိုင် သီဆိုတီးခတ်ပြပါတယ်။ အဲဒီအချိန် အပြင်မှာ မိုးတွေရွာနေပါတယ်။ တေးရေး တေးဆို ကိုနေ၀င်းရဲ့ စိတ်တွင်းရှုခင်းများကို ကျွန်တော်တို့ ဖြည်းဖြည်းလေး ဖွင့်ကြည့်တဲ့အခါ.....
☣ “ကိုနေ၀င်း” ဖြစ်ပေါ်စီးဆင်းရာ ကာလံဒေသံနဲ့ တွေ့ကြုံထိတွေ့ခံစားမှု အထွေထွေ။
♪ သီချင်းသွင်းမယ်ဆိုပြီး လားရှိုးကနေ ရန်ကုန်ကို ဆင်းလာတယ်။ အဲဒီမှာ စသွင်းဖြစ်သွားတယ်။ မင်းမင်းလတ်နဲ့သွင်းတယ်။ ဒေါက်ဒေါက် ဘယ်သူလဲ ဆိုပြီး။ အဲဒါတော့ သိပ်အဆင်မပြေလိုက်ဘူး။ နောက် ၁၉၇၆ ခုနှစ်ကျတော့ “အားလုံးကိုကျော်ဖြတ်ရမယ်” ဆိုပြီး ကိုယ်ပိုင်သံစဉ် ၁၁ပုဒ် Copy တစ်ပုဒ်နဲ့ သင်္ကြန်သီချင်း Copy လေးတစ်ပုဒ်နဲ့ အဲဒီကျမှ နည်းနည်းအဆင်ပြေလာတာပေါ့။ Producer တွေဘာတွေရှိလာတယ်။ မန္တလေးက ကိုကျော်စိန် ဗဟိုတေးသံသွင်းက လိုက်ပြီးလုပ်ပေးတာ။ ၇၆မှာ “အားလုံးကိုကျော်ဖြတ်ရမယ်” ထွက်တာ “တေမင်း” “ရဲလွင်” ဆိုပြီးတော့ထွက်တာ။ အဲဒီက နေ ၈၅ ခုနှစ်ကျမှ “ယာဉ်အမှီ ရီရီပြုံးပြန်ပါ” ဆိုပြီး ကိုယ်ပိုင်သံစဉ်တွေကြီးပဲ တစ်ခွေသွင်းဖြစ်တယ်။
အရင်တုန်းက သီချင်းတွေကို ခုချိန်မှာ ပြန်နားထောင်တဲ့အခါ ဖြစ်ပေါ်ရရှိတဲ့ Feeling။
ငယ်တုန်းက သီချင်းတွေ ပြန်နားထောင်တော့ ကျေနပ်ပါတယ်။ ကျေနပ်မှုတစ်ခု ရပါတယ်။ သီချင်းတစ်ပုဒ်ကို စရေးပြီဆိုကတည်းက အဆုံးသတ် ခေါင်းစဉ်ပေး တကယ်ကျေနပ်မှ သူ့ကိုအတည်ယူထားလိုက်တာဆိုေ တာ့ အတည်ယူထားပြီးသား သီချင်းကို ပြန်နားထောင်ရတာပဲ။ Version အနေနဲ့ ပြောင်းရင်ပြောင်းသွားမယ်။ စာသားကတော့ မပြောင်းလဲဘူးပေါ့။ ကျေနပ်ပါတယ်။
☣ စကားလုံးတွေအပေါ် ပင်ပန်းအားထုတ်တည်ဆောက်ချည်းကပ်ပုံ
♪ ငယ်ငယ်တုန်းကတော့ ငယ်စိတ်နဲ့ရေးတော့ သီချင်းတွေက တစ်မျိုးပေါ့။ ကာရံတွေနဲ့ရေးထားတာတွေလည်း အများကြီးရှိတယ်။ ခုချိန်ကျ သိပ်မကြိုက်တော့ဘူး။ “တွေ့တွေ့နေသမျှ၊ နေ့နေ့လေသလ။ မေ့မေ့နေကျ။ ရက်တွေသာကုန်၊ ဘယ်ပုံရုန်းမတက်။ မျက်ရည်သာကုန်၊ မယ်ပုံပြုံးမတတ်၊ သက်သေသာဆုံး ဘယ်ပုံရုန်းမတတ်” သီချင်းကတော့ လှတယ်။ ကိုယ်ကိုယ်တိုင် အခုအချိန်မှာ ပြန်လုပ်ဖို့ကျတော့ သူ့အဓိပ္ပါယ်ကိုလည်း လှတယ်ဆို
ဂီတသည် မသိစိတ်၏ က္ကနြေ္ဒကိုပါ ထိန်းချုပ်နိုင်စွမ်းရှိသည်
လူယဉ်ကျေးတွေ တီးခတ်တဲ့ ဗုံသံမှ မဟုတ်ပါဘူး။ ယဇ်ပူဇော်နေတဲ့ လူရိုင်းတွေမှာလည်း ရှိခဲ့တယ်။ သဘာဝကြီါ်က အရင်ဦးဆုံးပေးတဲ့ လက်ဆောင်နှောင်းလူတိုင်း သိသင့်တယ်။
တေးရေး တေးဆို ကိုနေ၀င်းဆိုတာ ဂီတလောကမှာ မှတ်တိုင်တစ်ခု ခိုင်ခိုင်မာမာစိုက်ထူနိုင်
☣ “ကိုနေ၀င်း” ဖြစ်ပေါ်စီးဆင်းရာ ကာလံဒေသံနဲ့ တွေ့ကြုံထိတွေ့ခံစားမှု အထွေထွေ။
♪ သီချင်းသွင်းမယ်ဆိုပြီး လားရှိုးကနေ ရန်ကုန်ကို ဆင်းလာတယ်။ အဲဒီမှာ စသွင်းဖြစ်သွားတယ်။ မင်းမင်းလတ်နဲ့သွင်းတယ်။ ဒေါက်ဒေါက် ဘယ်သူလဲ ဆိုပြီး။ အဲဒါတော့ သိပ်အဆင်မပြေလိုက်ဘူး။ နောက် ၁၉၇၆ ခုနှစ်ကျတော့ “အားလုံးကိုကျော်ဖြတ်ရမယ်” ဆိုပြီး ကိုယ်ပိုင်သံစဉ် ၁၁ပုဒ် Copy တစ်ပုဒ်နဲ့ သင်္ကြန်သီချင်း Copy လေးတစ်ပုဒ်နဲ့ အဲဒီကျမှ နည်းနည်းအဆင်ပြေလာတာပေါ့။ Producer တွေဘာတွေရှိလာတယ်။ မန္တလေးက ကိုကျော်စိန် ဗဟိုတေးသံသွင်းက လိုက်ပြီးလုပ်ပေးတာ။ ၇၆မှာ “အားလုံးကိုကျော်ဖြတ်ရမယ်” ထွက်တာ “တေမင်း” “ရဲလွင်” ဆိုပြီးတော့ထွက်တာ။ အဲဒီက နေ ၈၅ ခုနှစ်ကျမှ “ယာဉ်အမှီ ရီရီပြုံးပြန်ပါ” ဆိုပြီး ကိုယ်ပိုင်သံစဉ်တွေကြီးပဲ တစ်ခွေသွင်းဖြစ်တယ်။
အရင်တုန်းက သီချင်းတွေကို ခုချိန်မှာ ပြန်နားထောင်တဲ့အခါ ဖြစ်ပေါ်ရရှိတဲ့ Feeling။
ငယ်တုန်းက သီချင်းတွေ ပြန်နားထောင်တော့ ကျေနပ်ပါတယ်။ ကျေနပ်မှုတစ်ခု ရပါတယ်။ သီချင်းတစ်ပုဒ်ကို စရေးပြီဆိုကတည်းက အဆုံးသတ် ခေါင်းစဉ်ပေး တကယ်ကျေနပ်မှ သူ့ကိုအတည်ယူထားလိုက်တာဆိုေ
☣ စကားလုံးတွေအပေါ် ပင်ပန်းအားထုတ်တည်ဆောက်ချည်
♪ ငယ်ငယ်တုန်းကတော့ ငယ်စိတ်နဲ့ရေးတော့ သီချင်းတွေက တစ်မျိုးပေါ့။ ကာရံတွေနဲ့ရေးထားတာတွေလည်း အများကြီးရှိတယ်။ ခုချိန်ကျ သိပ်မကြိုက်တော့ဘူး။ “တွေ့တွေ့နေသမျှ၊ နေ့နေ့လေသလ။ မေ့မေ့နေကျ။ ရက်တွေသာကုန်၊ ဘယ်ပုံရုန်းမတက်။ မျက်ရည်သာကုန်၊ မယ်ပုံပြုံးမတတ်၊ သက်သေသာဆုံး ဘယ်ပုံရုန်းမတတ်” သီချင်းကတော့ လှတယ်။ ကိုယ်ကိုယ်တိုင် အခုအချိန်မှာ ပြန်လုပ်ဖို့ကျတော့ သူ့အဓိပ္ပါယ်ကိုလည်း လှတယ်ဆို
0 comments:
Post a Comment