Monday, November 4, 2013

Miss Universe 2013 ပြိုင်ပွဲနဲ့ ပတ်သက်၍ ...


အခုလက်ရှိ ပြီးစီးသွားတဲ့ Miss Universe 2013 ပြိုင်ပွဲရဲ့တစိတ်တပိုင်းဖြစ်တဲ့ National Costume ( ရိုးရာ ၀တ်စုံပြိုင်ပွဲ ) မှာတော့ အောက်ပါအတိုင်း အဖြေတွေထွက်လာခဲ့ပါတယ် ။ Beauty Pageant Grand Slam ကနေဖော်ပြပေးထားတဲ့ အကောင်းဆုံး ရိုးရာ ၀တ်စုံနောက်ဆုံးဇကာတင် ဆယ်ယောက်ကတော့အောက်ပါ အတိုင်းဖြစ်ပါတယ် ။ 
အကောင်းဆုံးပြိုင်ပွဲဝင်က Nicaragua နိုင်ငံမယ်လို့ဆိုပါတယ် ။

1. Russia
2. Trinidad & Tobago
3. Ecuador
4. USA
5. Indonesia
6. Great Britain
7. Vietnam
8. Nicaragua
9. Brazil
10. China

ဝမ်းနည်းစရာကောင်းစွာနဲ့ မြန်မာမပါလာပေမယ့် ဒါဟာ စိတ်ပျက်သွားရမယ့်အချိန်တော့မဟုတ်ပါဘူး ။ မိတ်ကပ်အပြင်အဆင်နဲ့ ၀တ်စုံပိုင်းမှာ အားနည်းချက်များစွာတွေ့ရတယ်လို့ ထောက်ပြဝေဖန်မှုပေါင်းများစွာလည်းရှိနေခဲ့ပါတယ် ။ Miss Universe 2013 ဆိုတာဟာ ရက်ပေါင်းများစွာ အပြုအမူအပြောအဆို အနေအထိုင် ပြိုင်ပွဲငယ်လေးတွေနဲ့ နောက်ဆုံး ရှော့ပင်ပတ်တာကအစ အမှတ်ပေါင်းများစွာ အကြုံးဝင်ပြီး ဘယ်သူကဖြင့်ဘယ်ဆုနဲ့ထိုက်တန်ပါတယ်ဆိုပြီးလေ့လာစောင့်ကြည့်နေတဲ့ ပြိုင်ပွဲတစ်ခုဆိုလည်းမမှားပါဘူး ။ အကောင်းဆုံးဆယ်ယောက်ထဲမှာမပါပေမယ့် ဒါဟာ လာမယ့် ငါးရက်နေ့ ပြိုင်ပွဲအတွက် အားပျက်အားလျော့သွားရမယ့်အရာတော့မဟုတ်ပါဘူး ။

- ကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးကြတဲ့ ရုရှားရောက်မြန်မာတွေရော
- ရုရှားမှာ နေထိုင်တဲ့မြန်မာတွေရော
-မြန်မာ့စလွယ်လွယ်ပြီးသွားရောက်ယှဉ်ပြိုင်နေတဲ့မိုးစက်ဝိုင်ကိုရော

မှာချင်တာကတော့ လာမယ့်ငါးရက်နေ့မှာ ပြိုင်မယ့် 2013 MISS UNIVERSE Preliminary Competition ကို အထူးအားစိုက်ပြီး အားပေးကြပါ ယှဉ်ပြိုင်ကြပါလို့ ပြောချင်ပါတယ် ။ ပြီးခဲ့ပြီးတဲ့အရာတွေမှာ အကောင်းဆုံးလုပ်ခဲ့သည်ဖြစ်စေ မလုပ်ခဲ့သည်ဖြစ်စေ ဖြစ်ပြီးသွားခဲ့ပါပြီ ။ စာမေးပွဲ စကားအရပြောရရင်ပြီးခဲ့တဲ့အရာအားလုံးက test အဆင့်ပဲရှိပါသေးတယ် ။ အခုအရေးကြီးတဲ့ Exam ကတော့ မနက်ဖြန် နိုဝင်ဘာ ၅ ရက်နေ့ 8p.m မှာ စတင်ပါပြီ ။ ပြိုင်ပွဲဝင် ၈၆ ယောက်စလုံးဟာ swimwear နဲ့ evening grown နဲ့ ယှဉ်ပြိုင်မှုတွေကိုလည်း NewTek!./*AR By Gabriela Sandoval ကနေ Live Stream နဲ့တင်ဆက်သွားမှာလို့သိရပါတယ် ။ ဒိုင်ဖြစ်သူကတော့ Steven Tyler, Chef Nobu, Tara Lipinski, Carol Alt, Anne V, Farouk Shami, Italo Fontana, နဲ့Philip Kirkorov တို့ဖြစ်ပါတယ် ။

ခေါင်းစဉ်သုံးခုနဲ့အဓိကအမှတ်ပေးမှာဖြစ်ပြီး Swimsuit , Evening Gown , Interview တို့ဖြစ်ပါတယ် ။ ၃ ခုစလုံးကို ကျော်ဖြတ်နိုင်ရင်တော့အတိုင်းထက်အလွန်ပါပဲ ။ ထုတ်လွှင့်ပေးမယ့် အာရှစံတော်ချိန်အနေနဲ့ကတော့အောက်ပါအတိုင်းဖြစ်ပါတယ် ။
ASIA
9:30 p.m. New Delhi ( INDIA )
11:00 p.m. Thailand, Vietnam.
00:00 AM ( Wednesday November 6 ) Philippines, Malaysia , Hong Kong , Shanghai , Beijing and Taipei.
1:00 a.m. ( Wednesday November 6 ) Tokyo (Japan )
3:00 a.m. ( Wednesday 6 November) Sydney and Melbourne ( Australia )

မြန်မာနိုင်ငံအနေနဲ့ နှစ်ပေါင်း ငါးဆယ်အတွင်းမှာ ပထမဆုံးယှဉ်ပြိုင်ရတဲ့ မယ်စကြ၀ဌာပြိုင်ပွဲဖြစ်တဲ့အတွက်ဒီလောက်တော့ရှိမှာပါ ။ ဖိအားတွေနဲ့ အလိုမကျမှုတွေ အားမလိုအားမရဖြစ်မှုတွေလည်းရှိမှာပါ ။ ဒါပေမယ့် အားပျက်လို့တော့မဖြစ်သေးပါဘူး ။ ဆက်လက်ပြီးမနက်ဖြန်အတွက် စိတ်လှုပ်ရှားစွာနဲ့အားပေးကြပါစို့ ။

Fighting Moe Set Wine !!!

သက်တန့်ချို

မှတ်ချက် ။ ။ အောက်ပါလင့်ကိုလည်းဖွင့်ပြီး အရင်နည်းအတိုင်း Vote ပေးကြဖို့မမေ့နဲ့ဦးနော် ကောက်ရိုးတစ်မျှင်ပဲဖြစ်ဖြစ်ရအောင်ဆုပ်ကိုင်ထားရမှာ ကျွန်တော်တို့အားပေးသူတွေရဲ့တာဝန်ပါ ။ ဘာပဲပြောပြောသူတို့ Official Page မှာ Vote အများဆုံးပေးခံရသူက Semifinals ကို ရောက်မယ်ဆိုထားပါတယ် ။ High 5 Games ကနေ Sponsor လုပ်ပေးထားတာဖြစ်ပါတယ် ။
http://www.missuniverse.com/members/profile/657643/year:2013

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...