Friday, September 20, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၉)

သစ်ထူးလွင်



Posted: 20 Sep 2013 04:57 AM PDT

မြန်မာ ဘုရင်သီပေါမင်း၏ ချပ်ဝတ်တန် ဆာဒုယင်တော်နှင့် မိဖုရားခေါင် ကြီးစုဖုရားလတ်၏ မဟလ္လတာ ချပ်ဝတ်တန်ဆာကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ဂျပန်နိုင်ငံမှ နည်းပညာ ကူညီပံ့ပိုးပေးမည်ဖြစ် ကြောင်းသိရသည်။အဆိုပါချပ်ဝတ်တန်
ဆာများ သည် အမျိုးသားပြတိုက်တွင် ထား ရှိခြင်းဖြစ်ပြီး ယင်းတို့အား ထိန်း သိမ်းစောင့်ရှောက်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ကမ်းလှမ်းလာခြင်း ဖြစ်ကြောင်း အမျိုးသားပြတိုက်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါ်နုမြဇံက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Sep 2013 04:26 AM PDT

မြန်မာနိုင်ငံ အတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာသည့် နိုင်ငံခြားဖြစ် အသင့်စား အစားအစာများ ကာကွယ်တားဆီးရေး လှုပ်ရှားမှုများကို မကွေးတိုင်းဒေသကြီး တောင်တွင...်းကြီးမြို့တွင် စတင်ပြီ ဖြစ်ကြောင်း အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်သည့် တောင်တွင်းကြီးမြို့နယ် ဆေးရုံ သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာကျော်ဆွေက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Sep 2013 04:21 AM PDT
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပန်းတောင်းမြို့တွင် မြို့နယ်လုံးဆိုင်ရာ လယ်သမားဆွေးနွေးပွဲ ပြုလုပ်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင် ဥပဒေပုဒ်မ (၁၈) ဖြင့် တရားစွဲခံရသူများကို စက်တင်ဘာ ၁၉ ရက်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း ပန်းတောင်းမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီလ၂ ရက်နေ့က ဘူဘက်ရွာရှိ ဒေါ်ကြည်ဝင်း လယ်ကွင်းတွင် လယ်သမားများနှင့် တွေ့ဆုံကာ ဟောပြော ဆွေးနွေးခဲ့သည့်အတွက် ဦးဆောင်သူ ဦးရဲထင်ကျော်နှင့် လယ်သိမ်းခံရသူ လယ်သမား ဦးထွန်းထွန်းကို ဥသျှစ်ပင် ရဲစခန်းက တရားလိုပြုကာ တရားစွဲဆိုခဲ့ပြီးနောက် ဒဏ်ငွေ သုံးသောင်း (သို့မဟုတ်) ထောင်ဒဏ်သုံးလ ကျခံစေရန် မြို့နယ်တရားသူကြီးက အမိန့်ချမှတ်ခဲ့၍ ဒဏ်ငွေ ကျပ်သုံးသောင်းစီ ပေးဆောင်ခဲ့ကြောင်း တရားစွဲဆို ခံရသူများက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 20 Sep 2013 04:12 AM PDT

စက်မှုဝန်ကြီးဌာနမှ ၀င်းသူဇာ အရောင်းဆိုင်များအား ပုဂ္ဂလိက အရောင်းဆိုင်အဖြစ် ငှားရမ်းရန် တင်ဒါခေါ်ယူမှုသည် ယခုလက်ရှိ လုပ်ကိုင်လျက်ရှိသည့် ပုဂ္ဂလိက ကိုယ်စားလှယ်များအပေါ် နစ်နာမှု များစွာဖြစ်ပေါ်လျက် ရှိသည်။ စက်မှုဝန်ကြီးဌာနမှ ၀င်းသူဇာ အရောင်းဆိုင်များအား ၂၀၀၉ ခုနှစ်မှစ၍ ပုဂ္ဂလိက ကိုယ်စားလှယ်များထံ တစ်လလျှင် ကျပ် ၁၀ သိန်းဖြင့် တစ်နှစ်တစ်ခါ စာချုပ်ချုပ်ဆိုကာ ငှားရမ်းလုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း၊ ၀င်းသူဇာ အရောင်းဆိုင် များအား ငှားရမ်းလုပ်ကိုင်ရာတွင် ဆိုင်ရှိ လက်ကျန် ကုန်ပစ္စည်းများ၏ တန်ဖိုးကျပ် သိန်း ၇၀၀ နီးပါးခန့် စက်မှု ၀န်ကြီးဌာန သို့ ပေးချေ ခဲ့ရသည့်အပြင် ဆိုင်ခန်းအတွက် ပစ္စည်းအာမခံအဖြစ် အိမ်ဂရန်များကိုပါ အပေါင်သဘောဖြင့် စရန် တင်ထားရကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Sep 2013 03:57 AM PDT

အစိုးရက  ပြည်ပကနေ မော်တော်ကားဝယ်ယူ တင်သွင်းခွင့် အကန့်အသတ်တွေကို ဖြေလျှော့ပေးလိုက်ပြီး  ကားဝယ်ယူတင်သွင်းခွင့်ပြုထားေ
ပမယ့်   ပြည်တွင်းကား အရောင်း အ၀ယ်ဈေးကွက်မှာ ကားဈေးတွေ ကျဆင်းလာခြင်းမရှိဘဲ ဖြစ်နေပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့  ပြည်ပကနေ ကားတင်သွင်းခွင့်တွေကို အလွယ်တကူ ခွင့်ပြုထားပေမယ့် လက်ရှိမှာ ကားသွင်းခွင့်ပါမစ်ဈေးနဲ့ နိုင်ငံတော်ကို ပေးဆောင်နေရတဲ့   အခွန်နှုန်းတွေက ကားတန်ဖိုးထက် အဆမတန် တန်ဖိုးများနေတဲ့အတွက် ကားဈေးတွေ မကျပဲ ဖြစ်နေရတာလို့ ရန်ကုန်က ကားအရောင်းအ၀ယ်လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Sep 2013 03:49 AM PDT

ပြည်ပတွင် မြန်မာနိုင်ငံမှ အပ်နှံထားသော အမေရိကန်ဒေါ်လာ ၁၁ဘီလီယံရှိ ငွေစာရင်းငါးခုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လာပြီးနောက် လက်ရှိ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (ယခင် စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ)၏ ငွေစာရင်း တစ်ခု ပါဝင်နေကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လာခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Sep 2013 03:39 AM PDT
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့စွန်ရှိ မြန်မာနိုင်ငံသားများရောင်းချသော မြန်မာဆိုင်တန်းရှိ ဆိုင်များကို မလေးရှားစည်ပင်က လာရောက်စစ်ဆေးပြီး လိုင်စင်မရှိသောမြန်မာဆိုင်များ၏ ဆိုင်းဘုတ်များကို ဖြုတ်ချ၍ဆိုင် အချို့ကို ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၁၉ရက်တွင် မလေးရှားနိုင်ငံစည်ပင်က မြန်မာဆိုင်တန်းဘက်တွင်ရောင်းချသော ဆိုင်များကို စစ်ဆေးပြီး ရောင်းချခွင့်လိုင်စင်မရှိသောဆိုင်များ၏ ဆိုင်းဘုတ်များကို ဖြုတ်ချသိမ်းဆည်းသွားခဲ့ကြောင်း သတင်းရရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာဆိုင်များကို မလေးရှားနိုင်ငံစည်ပင်မှ တာဝန်ရှိသူများ စစ်ဆေးနေစဉ် ဓာတ်ပုံ-နေဇော်လင်း


Posted: 20 Sep 2013 05:07 AM PDT
မန္တ လေးတိုင်းဒေသကြီး စဉ့်ကူးမြို့ နယ် ပင်လယ်ကြီးကျေးရွာတွင် စက်တင်ဘာ ၁ရရက်နံနက်ပိုင်း က တောင်ယာခင်းလုပ်ကိုင်သူ ဦးစံလှနေအိမ်၌ မိခင်နွားမကြီးက ထူးခြားစွာ ဦးခေါင်းနှစ်လုံးပါ နွား ...ကလေး တစ်ကောင်ကို မွေးဖွားခဲ့ ကြောင်း သိရသည်။ '' ဒီနွားမကြီးက ခုမွေးတာနဲ့ ဆို သုံးကြိမ်မြောက်သုံးသားဖြစ် ပါတယ်။ စက်တင်ဘာ ၁ရရက် နံနက်ပိုင်းမှာ နွားမကြီးက ထူးခြားစွာနဲ့ ဦးခေါင်း နှစ်လုံးပါ နွားလေးမွေးဖွားခဲ့ ပါတယ်။ ကျွန်တော့်တစ်သက် တော့ မကြုံဖူးတဲ့ထူးဆန်းတဲ့ အံ့ ဩဖို့ ကောင်း တဲ့ဖြစ်ရပ်တစ်ခုပါ။ မွေးစတုန်းကတော့ အသက်ရှင် လျက်ရှိပါတယ်။ ကျွန်တော့်အထင် တော့ နွားမကြီးက လမစေ့ဘဲ မွေး လို့ မွေးပြီးမကြာခင် သေသွားတာ ဖြစ်ပါတယ်''ဟု ဦးစံလှက ပြော သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဦးခေါင်း နှစ်လုံးပါ နွားလေးကို တွေ့ရစဉ်။ ဓာတ်ပုံ - မန်းကိုကို 

Posted: 20 Sep 2013 03:26 AM PDT

အလုပ်အကိုင်နှင့် ဖွံ့ဖြိုးတိုးတက် ရေး ဥပဒေသစ်အရ အလုပ်ရှင်မှ အ လုပ်သမားခန့်ထားလျှင် သဘောတူညီ ချက်စာချုပ်ကို မဖြစ်မနေချုပ် ဆိုသွားရ မည်ဖြစ်သည်။ ”ဥပဒေကလည်း ထွက်ပြီးပြီ။ စာ ချုပ်က ချုပ်ကိုချုပ်ရမှာ။ မချုပ်လို့မရဘူး။ အဲဒါက အသက်ပဲ”ဟု အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Sep 2013 03:21 AM PDT

ရခိုင်ပြည်နယ် မြေပုံမြို့ မွတ်လဆင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁၀ ကျော်သည် အချိန်မတော်ညဥ့် အချိန်တွင် စက်လှေ တစ်စီးဖြင့် ထွက်ခွာသွားသဖြင့် မြို့တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်ဟု ဒေသခံများက ပြောသည်။ “ ကျွန်တော်တို့ ကံသာထွက်ဝဆိုတာ မြေပုံမှာ ရှိပါတယ်။ အဲဒီမှာ လူတွေ စခန်းကနေ ဘင်္ဂလီတွေ ထွက်လာတယ်ဆိုတဲ့ အတွက် တညဥ့်လုံး ကင်းစောင့်ရတယ်။ မြိုအစွန် ရပ်ကွက်တွေမှာလည်း အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်” ဟု မြေပုံ ဒေသခံ ဦးမောင်မောင်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Sep 2013 03:17 AM PDT

နစကဌာနချုပ်ကို ဖျက်သိမ်းလိုက်သောကြောင့် မောင်တောနယ်စပ် တာဝန်ကျအကောက်ခွန်ဝန်ထမ်း ၉၁ ဦး အနက် ၅၄ ဦးအား ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန်
အတွက် အမိန့်ထုတ်ပြန်ခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းရရှိသည်။ အဆိုပါအကောက်ခွန်ဝန်ထမ်း ၅၄ ဦးအား  နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်(နစက) ဖျက်သိမ်းလိုက်သောကြောင့် စက်တင်ဘာ ၁၃ ရက်တွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် အမိန့်ထွက်ခဲ့ကြောင်း မောင်တောတွင် တာဝန်ကျအကောက်ခွန်ဝန်ထမ်းတစ်ဦးကပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Sep 2013 03:03 AM PDT

စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မ ရမ်းကုန်းမြို့နယ် ဝင်းသူဇာအ ရောင်းဆိုင်ကို တစ်လလျှင် ငှား ရမ်းခ ကျပ်၅၅သိန်းဖြင့် ဗိုလ်ချုပ် မှူးကြီးသန်းရွှေ(ငြိမ်း)၏မြေြး
ဖစ် သူ ဦးနေရွှေသွေးအောင်က လေ လံအောင်မြင်သွားကြောင်း သိ ရသည်။ တင်ဒါတင်သွင်းရန် ဖိတ် ခေါ်ထားသည့် ဝင်းသူဇာဆိုင် ၃၈ ဆိုင်အနက် လေးဆိုင်မှာ အဆို ပြုလွှာတင်သွင်းသူမရှိခြင်း၊ တခြား လေးဆိုင်မှာ ကြမ်းခင်းဈေးနှုန်း မမီခြင်း၊ နှစ်ဆိုင်မှာ အမြင့်ဆုံးဈေး နှုန်းတူညီနေခြင်းနှင့် (ရွာတော်) ဝင်းသူဇာ အရောင်း ဆိုင်မှာ ပြန် လည်စိစစ်ရန်လိုအပ်သောကြောင့် တင်ဒါအောင်မြင်သော ဝင်းသူဇာ အရောင်းဆိုင်စုစုပေါင်း ၂ရဆိုင် တွင် ဦးနေရွှေသွေးအောင် လေလံ အောင်သည့်ဆိုင်တစ်ဆိုင်ပါဝင်ခဲ့ ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Sep 2013 02:57 AM PDT

မူးယစ်ဆေးစွဲမှု ရာခိုင်နှုန်း မြင့်မားစေသော ကော်ရှူခြင်း ဓလေ့သည် လေလွင့် ကလေးသူငယ်များသာမက အခြေခံပညာ ကျောင်းများမှ ကလေးသူငယ်တို့တွင်လည်း အပေါင်းအသင်း၊ မိတ်ဆွေများကြောင့် ကော်ရှူသည့်ဓလေ့ တိုးလာကြောင်း မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း (မြန်မာ) မှ ကြီးကြပ်ရေးမှူး ဦးမြင့်အေး (ရူပဗေဒ) က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Sep 2013 02:53 AM PDT

မျက် လှည့်ပြပြီး ခြိမ်းခြောက်သည့်သ ဘောမျိုး ငွေလိမ်လည်တောင်း သည့်အုပ်စုအား သက်ဆိုင်ရာတာ ဝန်ရှိသူများက အရေးယူဆောင် ရွက်ပေးစေလိုကြောင်း ငွေလိမ် လည် တောင်းခံရသူများက ပြော သည်။အဆိုပါအုပ်စုသည် ရွှေတိဂုံ ဘုရားအရှေ့ဘက်မုခ်နှင့် ကန်တော် ကြီးတစ်ဝိုက်တွင် မကြာခဏတွေ့ ရလေ့ရှိပြီး ပြည်သူများထံမှပိုက် ဆံများအား မျက်လှည့်ပြသလို လိုနှင့် ခြိမ်းခြောက် လိမ်လည် တောင်းခံမှုများ ပြုလုပ်နေခြင်းဖြစ် ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Sep 2013 02:47 AM PDT

ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းအနီးရှိ သစ်ပင်မှ ပေါ်ပေါက်လာသော ဆင်းထုတော်တစ်ဆူမှာ အဆိုပါသစ်ပင်အတွင်းမှ တဖြည်းဖြည်း ထွက်ပေါ်လာခြင်းမဟုတ်ဘဲ ယခင်ကတည်းက ရှိနေခဲ့ကြောင်း ရွှေပြည်သာမြို့နယ်၊ ၁၁ ရပ်ကွက်ရှိ စိတ္တသုခ ကျောင်းတိုက်မှ ဆရာတော်က ၁၉-၉-၂၀၁၃ ရက်တွင် မိန့်ကြားခဲ့သည်။ ရွှေပြည်သာမြို့နယ်တွင် လူတစ်ဦး သစ်ပင်မှ ဆင်းထုတော်ထွက်ပေါ်သည်ဟု အိပ်မက်မြင်ရာမှ သွားရောက်ကြည့်ရှုသောအခါ အိပ်မက်ထဲအတိုင်း ဆင်းထုတော်တစ်ဆူ ရှိနေခဲ့ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 20 Sep 2013 02:40 AM PDT

ကချင်ပြည်နယ်တွင် ၁၇-၉-၂၀၁၃ ရက်နေ့က ညနေ ၃ နာရီအချိန်က ဖားကန့်မြို့နယ် ။ ကီဆီးရွာနေ ဒေါ်ကော့တောင် (၅၅)နှစ် နဲ့ ဒေါ်လုတောင် (၆၀)နှစ် တို့ (၂)ဦးမှာ ဖားကန့်မြို့ ဂေါက်ကွင်းအနီး ၊ ဥရုချောင်းဘေး တောစပ်တွင် ဟင်းသီးဟင်းရွက်ခူးရန်သွားရာမှ မိုင်းနင်းမိရာ ဒေါ်ကော့တောင်(၀ဲပုံ) ညာခြေတွင်လည်းကောင်း ၊ ဒေါ်လုတောင် (ယာပုံ) ဘယ်ခြေ၌ လည်းကောင် ဒဏ်ရာများ
ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ မိုင်းမှာ ဂေါက်ကွင်း အနီးတွင် ပေါက်ကွဲမှု ဖြစ်တာကြောင့် ကေအိုင်အေထောင်ထားသော မိုင်းဖြစ်နိုင်တယ်လို့ ဒေသခံများက ပြောပါသည်။

by Myanmar News Now

ကီဆီးရွာနေ ဒေါ်ကော့တောင် (၅၅)နှစ် နဲ့ ဒေါ်လုတောင် (၆၀)နှစ် 

Posted: 19 Sep 2013 10:53 PM PDT

ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၂၇ ရက်နေ့တွင် အတည်ပြုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ထားသည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို သမ္မတက အတည်ပြုခြင်းမရှိဘဲ ပြင်ဆင်ချက် သဘောထားမှတ်ချက်များဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့လာကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု လုပ်ငန်းစရန် အဓိက လိုအပ်ချက် တစ်ခုဖြစ်သည့် ဆက်သွယ်ရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သော်လည်း နိုင်ငံတော်သမ္မတက အတည်မပြုသဖြင့် လွှတ်တော်တွင် ပြန်လည် ဆွေးနွေးရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Sep 2013 10:43 PM PDT

လယ်ယာမြေပြဿနာမှ အစပြု၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများ ပဋိပက္ခဖြစ်ပြီး ရွာသားများကဖမ်းဆီးထားသော ရဲတပ်ဖွဲ့ဝင်များကို ရဲအင်အားတစ်ရာကျော်ဖြင့် သွားရောက်ကယ်တင်ခဲ့ရသော ဖြစ်စဉ်တစ်ခု နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ ၀ရမ်းထုတ်ထားသည့် ရွာသားခြောက်ဦးကို ရွှေသွင်းကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် ရွာသားအင်အား သုံးရာခန့်က ပြန်လည်ဝိုင်းရံကာ အဆိုပါရဲတပ်ဖွဲ့ဝင် ငါးဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်
ကြောင်း ပုဗ္ဗသီရိမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရွာသားများက လက်ပြန်ကြိုးတုပ်ထားသော ရဲတပ်ဖွဲ့ဝင်တစ်ဦးအား စက်တင်ဘာ ၁၉ ရက် နံနက်က တွေ့ရစဉ်


Posted: 19 Sep 2013 10:39 PM PDT

စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက် စမ်းချောင်းလမ်းတွင် ဖွင့်လှစ်ထားသည့် ရွှေရွက်လှေ အနှိပ်ခန်းကို ရဲများက စက်တင်ဘာ ၁၈ ရက်ည ၈ နာရီခွဲက ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး
မှ သတင်းထုတ်ပြန် ခဲ့သည်။
အဆိုပါ အနှိပ်ခန်းကို စမ်းချောင်းမြို့ နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာတွင် သီးသန့်ကာရံထားသော အခန်း အတွင်း ဧည့်သည်အမျိုးသားများအား နှိပ်ပေးရန်အတူရှိသည့် အနှိပ်သမငါးဦးနှင့် ဆိုင်မန်နေဂျာတို့အား ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဒါ့အပြင်အနှိပ်ခန်းသုံး ဆက်စပ်ပစ္စည်းများနှင့် အနှိပ်ခန်းမှရရှိငွေ ကျပ်တစ်သိန်းကိုလည်း သက်သေခံအဖြစ် သိမ်းဆည်း ထားကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

၎င်းဖမ်းဆီးရရှိမှုအား စမ်းချောင်းမြို့နယ် ရဲစခန်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးဌာနနှင့် ညှိနှိုင်းကာ မြို့နယ်တရားရုံး သို့ ဆက်လက်၍ တရားစွဲဆိုတင်ပို့မည်ဖြစ်သည်။

ဇော်ဇော်ထွေး

Mizzima - News in Burmese


Posted: 19 Sep 2013 10:25 PM PDT

ထိုင်းနယ်စပ်မှ တစ်ဆင့် ဖြတ်ကျော် ၀င်ရောက်လာသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၉၂ ဦးကို စက်တင်ဘာ ၁၈ ရက်က မလေးရှားနိုင်ငံ ကွာလာပါလစ်မြို့အနီးတွင် ဖမ်းဆီးရမိခဲ့သည်ဟု မလေးရှား သတင်းစာများက ဖော်ပြသည်။ စက်တင်ဘာ ၁၈ ရက် နံနက်တွင် မလေးရှားနိုင်ငံ စစ်ဆေးရေးအဖွဲ့ ကင်းလှည့်ဆောင်ရွက်နေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အားလုံးမှာ အသက် (၂၀)နှင့် (၄၀) ကြားသာ ဖြစ်သည်ဟုဆိုသည်။ ၎င်းတို့သည် မလေးရှားနိုင်ငံသို့ မရောက်မီ လမ်းခရီး၌ ဒုက္ခပေါင်းစုံကြုံတွေ့ခဲ့ရပြီး ထိုင်းနယ်စပ်မှတစ်ဆင့် ၀င်ရောက်လာခြင်းဖြစ်သည်ဟု ပြောကြားကြောင်း မလေးရှားအစိုးရမှ တာဝန်ရှိသူ ဂျိုးကင်းကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မလေးရှား လဝကစခန်းမှာ မြန်မာနိုင်ငံ သားများအား တွေ့ရစဉ်


Posted: 19 Sep 2013 10:12 PM PDT

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့် ခံခဲ့ရသည့် မြန်မာအမျိုးသမီးကို မလေးရှား အစိုးရက နစ်နာကြေးအဖြစ် ကျပ်သိန်းတစ်ရာကျော် စက်တင်ဘာလ ဒုတိယပတ် အတွင်း ပေးအပ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။ အဆိုပါ မြန်မာအမျိုးသမီး လုပ်သားနစ်နာကြေး ရရှိရေး၊ လုံခြုံမှုအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးထားကြောင်း၊ အခြားကိစ္စရပ်များကို ကာယကံရှင်၏ ဂုဏ်သိက္ခာအရ ပြောဆိုရန် မဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Sep 2013 10:06 PM PDT
တပ်မတော် အစိုးရလက်ထက်က တပ်မတော်၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းနှင့် ကုမ္ပဏီများက သိမ်းယူခဲ့သော လယ်ယာမြေ ပြဿနာများကို ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် ဒုတိယသမ္မတ နှစ်ဦးထဲမှ တစ်ဦးကို တာဝန်ပေးအပ်မည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Sep 2013 09:53 PM PDT
တောင်ဥက္က လာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးကြီး တစ်ဦးအား လူတစ်ဦးက ချွန်ထက်သော အရာဖြင့် ထိုးပြီး ထွက်ပြေးခဲ့မှုနှင့် ပတ်သက်ပြီး သံသယ ရှိထားသည့် ငွေပေး စေခိုင်းသူများနှင့် ကြေးစား လူသတ်သမားတို့ကို ဖော်ထုတ် ဖမ်းဆီးရမိ ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်တွင် သတင်း ထုတ်ပြန်လိုက်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Sep 2013 09:43 PM PDT

နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သုတေသနအဖွဲ့ စတမ်ဆန်စင်တာက တရုတ်-မြန်မာစီးပွားရေး  ပူးပေါင်း ဆောင်ရွက်နေခြင်းအပေါ်   သုံးသပ်ချက်အစီရင်ခံစာ တစ်စောင်ကို   စက်တင်ဘာ ၁၆ ရက်က    ထုတ်ပြန်လိုက်သည်။ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုကင်းမဲ့ခြင်းများ၊ ရန်လိုမုန်းတီးခြင်းများကို လျှော့ချရန်အတွက် တရုတ်ရင်းနှီး မြှုပ်နှံသူများ နှင့် မြန်မာအစိုးရ တို့၏ ကြိုးပမ်းမှုများသည် နှစ်နိုင်ငံအကျိုးရှိစေမည့် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့အပေါ် သုံးသပ်ထားခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်နေကြသော ဒေသခံများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

Posted: 19 Sep 2013 09:36 PM PDT
လာမည့် ၂၀၁၄ ခုနှစ်မှစ၍ ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာ လုပ်သားများ တစ်လလျှင် လုပ်ခ ၀မ်ဆယ်သိန်း ရှစ်သောင်းကျော် ရရှိမည် ဖြစ်ကြောင်း အစိုးရ ပြည်ပ အလုပ်အကိုင်ရှာ ဖွေရေး အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်ကပြောသည်။ ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လာရောက်လုပ်ကိုင်သော နိုင်ငံပေါင်း ၁၅နိုင်ငံမှ နိုင်ငံခြားသား လုပ်သားများအတွက် လုပ်ခလစာတိုးမြှင့်ရန် ယင်းနိုင်ငံရှိ အနည်းဆုံး အခကြေးငွေကော်မတီမှ မဲခွဲဆုံးဖြတ်ခဲ့ရာ လာမည့် ၂၀၁၄ခုနှစ်တွင် ယခင်ထက် လုပ်ခလစာ ကိုရီးယားငွေ ၀မ်ခုနစ်သောင်းခွဲကျော် တိုးမြှင့်ပေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်

ကိုရီးယားသမ္မတနိုင်ငံတွင် EPS စနစ်အရ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူများ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...