Wednesday, September 25, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၉)

သစ်ထူးလွင်



Posted: 25 Sep 2013 06:57 AM PDT

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅၀ လောက် ရေနစ်မြုပ်နေပြီး အကူညီတွေ လိုအပ်နေပါတယ်။
ပဲခူးတိုင်း ဒေသကြီးမိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၅ အုပ်စု ကျေးရွာပေါင်း ၁၅၀ လောက် ရေးဘေးကြုံတွေ့နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မိုးညိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သာယာဝတီခရိုင် တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက
“တချို့တွေက ခေါင်တွေမြုပ်ပြီးတော့ နွားတွေကိုလည်း တာပေါ်တွေမှာ တင်ထားရတယ်။ မိုးညိုမြို့နယ် ဧရာဝတီမြစ်ကမ်းတလျှောက် ရွာတွေမှာ အခုချိန်ထိကြီးနေတုန်းပဲ။ မြစ်ရေကတော့ နည်းနည်း ပြန်ကျသွားပြီ။ တောင်ပေါ်ရေကခံနေတော့ ရေက ရှိနေတုန်းပဲ။ တပတ်လောက်ရှိပြီ။ စားဝတ်နေရေး အတော်အခက်ခဲဖြစ်တယ်။” ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Sep 2013 06:48 AM PDT

ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ၌ လုံခြုံရေးရယူထားသော ရဲများနှင့် ပရိသတ်တို့ အချင်းများရာမှ ပရိသတ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကာ ရွှေတောင်မြို့ ပြည်သူ့ဆေးရုံသို့ စက်တင်ဘာ ၂၃ ရက်ညက ပို့ဆောင်လိုက်ရသည်ဟု ဇွဲမာန်သစ်ဘောလုံး အသင်းသားများက ပြောသည်။ စက်တင်ဘာလ၂၂ရက် မြို့နယ်အုပ်ချုပ်ရေးမှူး ဘောလုံးပြိုင်ပွဲတွင် မယားမာန်ကျေးရွာအုပ်စု ကိုယ်စားပြု ဇွဲမာန်သစ်အသင်းနှင့် ကြို့ကုန်းကျေးရွာအသင်းတို့ ဘောလုံးကန်ကြစဉ် ဇွဲမာန်အသင်း၏ ပရိသတ်နှစ်ဦးက ပြွဲပီး ရန် ၁၅မိနစ်အလိုတွင် ပရိသတ် အချင်းချင်း ရွှံ့ဖြင့် ပေါက်ရာ ရဲခြောက်ဦးက ဝင်ရောက်ဟန့်တားရာမှ ရဲနှင့် ပရိသတ်တို့အချင်းများ ကြခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Sep 2013 06:46 AM PDT

အီဂျစ် မွတ်ဆလင်ညီနောင်များအဖွဲ့၏ လှုပ်ရှားမှုများ၊ ၄င်းနှင့် ပတ်သက်နေသည့် အစိုးရမဟုတ်သော အဖွဲ့များ၊ အဖွဲ့အစည်းများ အားလုံးကို ကိုင်ရိုတရားရုံးက တရားဝင် ပိတ်ပင်တားမြစ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ မွတ်ဆလင်ညီနောင်များ အဖွဲ့၏ လှုပ်ရှားမှုများ သာမက၊ အဖွဲ့ပိုင် ပိုင်ဆိုင်မှု များကို သိမ်းယူရန် အယူခံဝင်မှုများ ကြားနာမပြီးခင် အချိန်ထိ ကိုယ်စားလှယ် အဖွဲ့ ထားရှိပြီး သိမ်းယူထားသော ရန်ပုံငွေ များကို စောင့်ကြပ်ထိန်းချုပ်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Sep 2013 06:43 AM PDT

စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှု များကြောင့် လမ်းများ ညစ်ပတ်ကာ မြို့တော် သာယာလှပမှုကို အကျည်းတန်စေ သည့်အပြင် အလွန်အကျွံ စားပါက ရောဂါရသည်အထိ ဖြစ်စေသော ကွမ်းစားသုံးမှုဓလေ့ များပြားလာလျက်ရှိရာ မန္တလေးမြို့တော်တွင် ကွမ်းမစားရနယ်မြေများ သတ်မှတ်ကာ စည်းကမ်းမဲ့ ကွမ်းစားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးအောင်မောင်း က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Sep 2013 05:59 AM PDT

ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် မြို့ပတ်လမ်း စုံရာဒေါင့်တွင် အများပြည်သူ သောက်သုံး ရေကန်နှင့် ကပ်လျက်၊ အခြေခံပညာ မူလတန်းကျောင်း အမက(၅) အနီး (ကိုက်တစ်ရာ အတွင်း) ဆန်စက်တည်ဆောက်မှုအား ရပ်ကွက်နြေ ပည်သူများက ရပ်တန့်ပေးစေလိုကြောင်း ဆန္ဒခံယူပွဲကို 25.9.13 ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒခံယူပွဲ အစည်းဝေးကို ရပ်ကွက်နေ ပြည်သူ/သား ၄၅ဦးတက်ရောက်ခဲ့ပြီး၊ ၄၂ဦးက ကန့် ကွက်ကြောင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ တစ်ဦးက ကြားနေ၊ နှစ်ဦးက အစည်းအဝေး မပြီးခင်ပြန်သွားခဲ့သည့်အတွက် ထောက်ခံသူ တစ်ဦးတစ်ယောက်မှ မရှိပါ။

ဆန်စက်မှ လွင့်လာသော ဖုန်မှုန့်၊ ဖွဲနုမှုန့်များ၊ အနံဆိုးများကြောင့် သောက်သုံးရေကန်ပျက်စီးနိုင်ကြော
င်း ဘေးပတ်ဝင်းကျင်နှင့် မူလတန်းကျောင်းမှ ကလေးငယ်များအတွက် ကျန်မာရေး ထိခိုက်နိုင်သောကြောင့် ၊ ၄င်း ဆန်စက် ဆက်လက်တည်ဆောက်မှုအား ရပ်တန့် ပေးစေရန် သဘောထား ခံယူမှု ပြုလုပ်ကြတာဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက Myanmar News Now ကိုပြောပါသည်။
ဆန္ဒခံယူပွဲ အစည်းဝေး




Posted: 25 Sep 2013 03:29 AM PDT

မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှု နှင့် ရေကြီးမှုများကြောင့် လယ်ဧက ခြောက်သိန်းကျော် ရေမြုပ်ပျက်စီးခဲ့ပြီး ပြန်လည်စိုက်ပျိုးရန် အကူအညီတောင်းခံသည့် ဒေသများအား မျိုးစပါး အလုံအလောက် ကူညီသွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်အထိ ရေကြီးမှုကြောင့် ရေနစ်မြုပ်သည့်ပမာဏမှာ ဧကပေါင်း လေးသိန်းခွဲကျော်ရှိပြီး တစ်လအတွင်း ရေနစ်မြုပ်မှုပမာဏ ဧကတစ်သိန်းခွဲကျော် ထပ်မံတိုးလာခြင်းဖြစ်သည်။ ““ရေမြုပ်တဲ့ထဲမှာ ဧရာဝတီတိုင်းက ဧကပေါင်း နှစ်သိန်းကျော်နဲ့ အများဆုံးပဲ”” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရန်ကုန်မြို့ လမ်းမတစ်နေရာတွင် ရေလျှံနေသည်ကို တွေ့ရစဉ်။ မြန်မာနိုင်ငံတွင် မိုးနှောင်းကာလ မုတ်သုံအထွက်တွင် မိုးကောင်းနေသဖြင့် ဒေသအများစု၌ ယခုလပိုင်းအတွင်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဓာတ်ပုံ - နစ်ကီ - 7day daily

Posted: 25 Sep 2013 03:07 AM PDT
ထုတ်ပြန်ထားသည့် ဥပဒေအတိုင်း ဘက်လိုက်မှုမရှိ မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဆိုပါက
တရားရင်ဆိုင် သွားမည်ဟု နေပြည်တော်နယ်မြေ၌ ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့သည့်
ဖြစ်ရပ်တွင် ပါဝင်ခဲ့သည့် တောင်သူများက စက်တင်ဘာလ ၂၃ ရက်နေ့က မြန်မာတိုင်း(မ်)ကို
ပြောသည်။ ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာနေ တောင်သူလေးဦးကို (ပ)၆၁/၂၀၁၃၊ (ပ)၆၂/၂၀၁၃၊ (ပ)၁၀၄/၂၀၁၃၊ (ပ)၁၀၅/၂၀၁၃ ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁) အမှု
အတွက် တရားခံဟု သတ်မှတ်၍ စက်တင်ဘာလ ၁၉ ရက် နေ့ နံနက် ၂ နာရီတွင် ရဲတပ်ဖွဲ့ဝင်
၂၀ ခန့် က လက်နက်အပြည့်ဖြင့် ၀င်ရောက် ဖမ်းဆီးခဲ့ရာမှ ရဲတပ်ဖွဲ့နှင့်ရွာသား များ အချင်းများမှု
ဆက်လက်ဖြစ်ပွားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရဲတပ်ဖွဲ့နှင့်ရွာသား များ အချင်းများမှု ။ ဓါတ်ပုံ - RFA

Posted: 25 Sep 2013 02:51 AM PDT

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနမ့်ဆမ် လမ်း မိုင်တိုင်အမှတ် ၃၉၊ နမ့်ဆမ်မြို့နှင့် ကိုးမိုင်အကွာ
တွင် ဘီးပေါက်ရာမှ ချောက်ထဲပြုတ်ကျသော ကိုယ်ဝန်ရှစ် လရှိ အမျိုးသမီးတစ်ဦးကို ကယ်တင်
နိုင်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က စခန်းသာရွာမှ
မအေးမိုး ၃၀ နှစ် လိုက်ပါလာသော ထော်လာဂျီသည် ဘီးပေါက်ကာ ချောက်အတွင်းသို့ ကျသွား
သော်လည်း အောက်အထိမရောက်ဘဲ လမ်းအောက် ဘက် ပေ ၂၀၀ အကွာရှိ သစ်ပင်တစ်ပင်
တွင် တွယ်ငြိကျန်ခဲ့သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ချောက်ထဲပြုတ်ကျသူအား ကယ်တင်ပြီး ဆေးရုံပို့ရန်သယ်ယူသွားကြစဉ်။  ဓါတ်ပုံ - မြန်မာတိုင်း(မ်)

Posted: 25 Sep 2013 02:35 AM PDT

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်း ကျွဲဆည်ကန် မီးပွိုင့်အနီးရှိ လှိုင်ရွှေဝါကားဂိတ်တွင် အငှားယာဉ်မောင်းသူ များက ခရီးသည် လုခေါ်၍ အချင်းများရာမှ ခရီးသည်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါကားဂိတ်တွင် စက်တင်ဘာလ၂၃ ရက်နေ့ နံနက်၈နာရီ၃၀ မိနစ်က မလှိုင်မြို့မှ မန္တလေးမြို့တော်သို့ ပြေးဆွဲလာသည့် ခရီးသည်တင်ယာဉ်သည် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Sep 2013 02:24 AM PDT

နိုင်ငံကူးလက်မှတ်အတုနဲ့ ထိုင်းနိုင်ငံထံ ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲမှူးကြီး ဖုန်းနခွန်းနခွန်းဆန်တိဖတ်က သတင်းထောက် တွေကို ပြောကြားချက်အရ ရွှေ့ပြောင်းအလုပ်သမားတွေ ကိုင်ဆောင်တဲ့ ယာယီနီုင်ငံကူး လက်မှတ်အတု ၃ စောင်ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Sep 2013 02:10 AM PDT

အီရန်နိုင်ငံနယ်စပ်အနီးက ပါကစ္စတန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပါကစ္စတန်ဒေသခံတွေရဲ့ ရွှံ့အိမ်တွေ ရာနဲ့ချီ ပြိုကျခဲ့ပြီး သေဆုံးသူဦးရေ အနည်းဆုံး ၂၀၈ ယောက်ထိ ရှိလာပြီလို့ အာဏာပိုင်တွေက ဒီနေ့ ပြောကြားလိုက်ပါတယ်။ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူ ၃၇၃ ဦးလောက်ရှိတယ်လို့ အာဝါရန်ခရိုင်ရဲ့ ဒုတိယကော်မရှင်နာ အဗ္ဗဒူလ် ရာရှိဒ် ဂိုဂါဇိုင်က ပြောပါတယ်။ ပြင်းအား ၇ ဒဿမ ၈ ရှိတဲ့ အဲဒီငလျင်ဟာ လူနေကျဲပါးတဲ့ ဘာလူကစ္စတန်ခရိုင်မှာ စက်တင်ဘာ ၂၄ ရက်နေ့က လှုပ်ခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Sep 2013 02:05 AM PDT

အစိုးရနှင့်ပြည်သူ ထိပ်တိုက်ပြဿနာများ ရင်ဆိုင်ရသည့်အခါ အာဏာပိုင်အဖွဲ့အစည်းက အင်အားသုံး၍ ပြည်သူများ ထိခိုက်နစ်နာမှုမရှိ အောင် ဖြေရှင်းရန် အဆိုကို ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်သို့တင်သွင်းခဲ့ရာ
ရှုံးနိမ့်သွားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်ချုပ် ရေးဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ သက် ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများက လူထု လူတန်းစားများနှင့်ထိတွေ့ ဖြေရှင်းရာတွင် ပြည်သူ များနစ်နာမှု မရှိစေရေး ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းကြောင်းအဆိုကို ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က တင် သွင်းခဲ့ခြင်းဖြစ်ပြီး မဲခွဲဆုံးဖြတ်မှုတွင်ရှုံးနိမ့်ခဲ့ ခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Sep 2013 01:52 AM PDT

အသက် ၁၅ နှစ်သာရှိသေးသည့် အမျိုးသမီးငယ်လေး တစ်ဦးအား တရုတ်ပြည်ရှိ အနှိပ်ခန်းတစ်ခုတွင် အတင်းအဓမ္မ ခိုင်းစေရန် လိမ်လည်ခေါ်ဆောင်သူများကို စက်တင်ဘာ ၂၃ ရက်တွင် ဖမ်းဆီး စစ်ဆေးနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။ အမှုကို ဒေါ်------(၄၀)နှစ်၊ ငါးရောင်း၊ ရွှေပြည်သာမြို့နယ်နေသကူ အမှုဖွင့် တိုင်တန်းထားခြင်းလည်းဖြစ်သည်။ အမှုတွင် စက်တင်ဘာ ၁၁ ရက်က ၎င်း၏ သမီးဖြစ်သူ မ----- (၁၅) နှစ်အား မဝင်းစန္ဒာအေး(ခ)ဝတ်မှုံ(၂၆)နှစ် ဝါးရုံဆိပ်ကျေးရွာ ကြည့်မြင့်တိုင်မြို့နယ် နေသူက ဗန်းမော်မြို့ရှိ ထမင်းဆိုင်တစ်ဆိုင်တွင် တစ်လလျှင် လစာ ကျပ်တစ်သိန်းခွဲထိ ရမည်ဟု ပြောဆို စည်းရုံးခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Sep 2013 01:41 AM PDT
“စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ . . . အလစ်ကိုချောင်း တစ်ဖက်သားတစ်ချက်အငိုက်ကို အပြစ်အနာမဲ့ မောင့်အရိုင်းပန်း . . .သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း. . . အနီရောင်စွန်းထင်းကာလ အလှမပြည့်ခင် မြေမှာခရရှာပြီ...”
ရောင်စုံမီးလုံးများ ခပ်မှိန်မှိန်ထွန်းညှိထားသည့် အခန်းကျဉ်းလေးထဲမှ စိုင်းထီးဆိုင်၏ တေးသီချင်းတစ်ပုဒ်ကို အာလေးလျှာလေးအော်ဆိုသံက အခန်းအပြင်သို့ တိုင်ပျံ့လွင့်လာသည်။

အဆိုပါအခန်းလေးထဲတွင်တော့ အရက်ဘီယာသောက်စားထားသည့် အမျိုးသားအချို့ရှိသည်။ စားပွဲပေါ်တွင် ပြန့်ကျဲနေသော ဘီယာပုလင်းများနှင့် စားသောက်ဖွယ်ရာအချို့ရှိသည်။ စီးကရက်ပြာများနှင့် မီးခိုးငွေ့များရှိသည်။ ဂငယ်သဏ္ဍာန်ခင်းကျင်းထားသည့် ဆိုဖာဆက်တီခုံများရှိသည်။ သီချင်းဖွင့်ထားသည့် တီဗီတစ်လုံးနှင့် ဆောင်းဘောက်စ်နှစ်လုံးရှိသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 25 Sep 2013 01:33 AM PDT
“ဗားကရာချောက်ကြီးကို ဆိုရှယ်လစ်အရိုးနဲ့ ဖို့ပစ်မယ်”။
“အေးအေးနေချင်တဲ့ သခင်နု ကြံတောပို့ပစ်မယ်”။

“အစိုးရကို လက်နက်ကိုင်တော်လှန်ရမယ်”ဟု ရဲရဲတောက်စာသားများပါသည့် မိန့်ခွန်းတစ်ရပ်ကို သခင်သန်းထွန်းက လွတ်လပ်ရေးရပြီး သုံးလအကြာ (၁၉၄၈၊ မတ် ၂၇ ရက်)တွင် ပြောကြားခဲ့သည်။ ထို့နောက် ၀ါဒရေးရာကွဲပြားမှုများ ညှိနှိုင်းအဖြေရှာ၍မရတော့ဘဲ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုခဲ့ကာ ပြည်တွင်းစစ်မီးစတင်ခဲ့သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Sep 2013 01:16 AM PDT
အမျိုးသားတစ်ဦးက လွန်ခဲ့သော ၃ နှစ်ခန့်မှ ချစ်သူ ရည်းစားဖြစ်ခဲ့သူ ချစ်သူမိန်းကလေးဟောင်းကို မိမိ၏ နေအိမ်သို့ အတင်းအဓမ္မ ဆွဲယူခေါ်ဆောင်ပြီး အလိုမတူပါဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး အ၀တ်အစားများကို ချွတ်၍ လက်ပြန်ကြိုးတုတ်ကာ ဖုန်းကင်မရာဖြင့် ဓာတ်ပုံများရိုက်ပြီး မိန်းကလေး၏ ညီမဖြစ်သူထံ အွန်လိုင်းမှ ပို့ပေးခဲ့ရာမှ မိခင်ဖြစ်သူမှ သိရှိသွား၍ စစ်ဆေးမေးမြန်းရာမှ အဖြစ်မှန်ကို သိရှိခဲ့ပြီး ပျဉ်းမနားမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သောအမှုမှ တရားခံကို ဖမ်းမိထားရှိပြီး ဖြစ်ပါကြောင်းကို စက်တင်ဘာ ၂၄ ရက်တွင် အဆိုပါ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အွန်လိုင်း သုံးနေသူတဦးအား တွေ့ ရစဉ်။ ဓါတ်ပုံ - Google Image

Posted: 25 Sep 2013 12:58 AM PDT


ယနေ့အချိန်- မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသော အချိန်ဖြစ်ပါသည်၊နိုင်ထက်စီးနင်
း စော်ကား ခဲ့သော ယခင် စနစ်ဆိုးကို အများရွံရှာ မုန်းတီးခဲ့ကြသည်။ ဥပဒေမဲ့ လုပ်ရပ်များကို စက်ဆုပ်ခဲ့ကြသည်။
ထို့ကြောင့် ယနေ့ကာလတွင် တရားဥပဒေ စိုးမိုးရေးနှင့် တရားရေးမဏ္ဍိုင် တည့်မတ်ရေးအတွက် နိုင်ငံတော်အကြီးအကဲများမှ စီမံချက် ချမှတ် အကောင်အထည်ဖော် ဆောင်နေသော အချိန်လည်း ဖြစ်ပါသည်။

အထက်အဖွဲ့အစည်း များ၏ လမ်းညွှန်လုပ်ဆောင်ချက်များ ဘယ်လောက်ပင် ကောင်းကောင်း ယခုအချိန်ထိ အခွင့်အာဏာကို လက်လွတ်စပယ် တလွဲအသုံးချနေသူများရှိနေရာ၊ လည်းကောင်း စုံးပြူးများကြောင့် နိုင်ငံ၏ ဒီမိုကရေစီ အသွင်ပြောင်းရေးအား၊ ထိခိုက် နေလျှက်ရှိပြီး ထို့နည်းတူ စစ်ကိုင်းမြို့ရှိ ယာဉ်ထိန်း အဖွဲ့နှင့် အပေါင်းအပါ တစုတို့၏ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အမည်ခံ ဥပဒေမဲ့ အနိုင်ကျင့် ဗိုလ်ကျမှုများ မကြာခဏဆိုသလို မြင်တွေ့ကြားသိနေရသည်မှာ နိုင်ငံတော်အကြီးအကဲများနှင့် ပြည်သူ့ လွှတ်တော်ဦးဆောင်မှုတို့အား မထီမဲ့မြင်ပြုလုပ်ရာဖြစ်နေပါသည်

မြို့နယ်အုပ်ချုပ်ရေး၊ ပညာရေး၊ မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်း
ရေး၊ စစ်ကိုင်းမြို့ယာဉ်ထိန်းတပ်ဖွဲ့မှုးနှင့် အဖွဲ့ အပါအ၀င် နေ့တွက်ပေး ကြေးစားလူမိုက်များ ပါဝင်သော အဖွဲ့သည် ပြစ်မှုပြစ်ဒဏ် ဆီလျော် အောင် မဆောင်ရွက်ဘဲ ဥပဒေမဲ့ နိုင်ထက်စီးနင်း ပြုလုပ်နေသည့် မြင်ကွင်းကို နိုင်ငံတော် သမ္မတကြီးနှင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ သိရှိပြီး ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်ရန်အတွက် သက်သေအဖြစ် ဗီဒီယိုဖိုင်ကို တင်ပြအပ်ပါသည်။
စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့သည် လမ်းဆုံ၊ လမ်းခွများ၊ ကျောင်းပတ်ဝန်းကျင်များနှင့် လူစည်ကားရာ နေရာများတွင် ယာဉ်တိုက်ခိုက်မှုမဖြစ်ပေါ်ရေးအတွ
က်တာဝန်ချထားခြင်းလုံးဝ မရှိဘဲ၊ လူမမြင် ကွယ်ရာ(ကျော်ထက်ကွေ့ နှင့် ရွာထောင် သူဇာ စားသောက်ဆိုင်အနီး)တွင် နေ့စဉ် နေရာယူပြီး အဓမ္မငွေကြေး တောင်းခံလျှက် ရှိနေပါသည်။
by Myanmar News Now
Posted: 25 Sep 2013 12:39 AM PDT

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် တောင်ဘို့ကျေးရွာတွင် ယမန်နေ့ 24.9.13 မနက် ၁၁ နာရီ ခွဲခန့်က ကျောင်းဝင်းထဲသို့ ရွာသားအချို့ ဒုတ် ဒါးလက်နက်များဖြင့် ဆရာတော် ဦးဝိစိတ္တ နှင့် အခန်းနေ သံဃာတို့အား ကြိမ်းမောင်းခြင်း ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြသည် ဆရာတော် ဦးဝိစိတ္တ ရင်ဘတ်တွင် ပေါက်ပြဲဒဏ်ရာ၊ ဦးဇင်းနိုင်တိုး ရှေ့သွားနှစ်ချောင်းကျိုး နှင့် ကိုရင် ကြည်ဆွေ နားရွက် စုပ်ပြဲဒဏ်ရာ တို့ ရရှိသွားသဖြင့် ယခုအခါ မြိုင်မြို့နယ်ဆေးရုံ၌ ဆေးကုသခံနေရကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပျံလွန်တော်မူပြီးသော ကျောင်းထိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇ၀န

Posted: 25 Sep 2013 12:16 AM PDT

မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ၊ဆားခါတောင်သာသနာ့ နယ်မြေဟာ မန္တလေးမြို့ မြောက်ဘက်မှာ ရှိပြီး တောရကျောင်း ၂၀ ကျော်နဲ့ သာသနာပြု ရဟန်းတော် ရာချီပြိး သီတင်းသုံးတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။  ဆားခါတောင်သာသနာ့နယ်မြေဟာ မန္တလေးမြို့ မှာ ဘာသာသာသနာနဲ့ပတ်သက်လို့  မန္တလေးတောင်၊ ရန်ကင်းတောင် စတဲ့ထင်ရှားကျော်ကြားတဲ့ တောင်များနဲ့ ဘာသာရေးသမိုင်း ဆက်နွယ်နေတဲ့ တောင်တစ်ခုဖြစ်ပါတယ်။  ဆားခါတောင်ဟာ ငါးရံ့မင်း ဆားခါတဲ့တောင်၊မန္တလေးတောင်ဟာ ငါးရံ့မင်း မှန်းပြေးတဲ့တောင်၊ ရန်ကင်းတောင်မှာတော့ ငါးရံ့မင်း ဘေးအန္တရာယ်များ ကင်းလွတ်တဲ့နေရာ အဖြစ် ငါးရံ့မင်းလှိုဏ်ဂူရှိနေတဲ့အတွက် ရန်ကင်းတောင်ရယ်လို့ သာသနာ သမိုင်းတည်ရာတောင်များဖြစ်ပါတယ်
။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဆားခါတောင် သာသနာ့နယ်မြေမှ သဘာဝ ကျောက်တုံးများကို ခွဲစိတ်ဖြတ်တောက် ရောင်းချနေခြင်း

Posted: 24 Sep 2013 11:55 PM PDT

မြန် မာနိုင်ငံအတွင်း ကချင်မျိုးနွယ် ဝင် ထရုန်မျိုးနွယ်စုများမှာ ယခု လက်ရှိတွင် မောင်နှမသုံးဦးသာ ရှိတော့သဖြင့် မျိုးဆက်ပျောက် ကွယ်တော့မည်ဖြစ်ကြောင်း သိ ရသည်။ ထူးဖောင်ဒေးရှင်း၏ အစီအ စဉ်ဖြင့် ရန်ကုန်သို့ ရောက်ရှိနေသည့် ထရုန်မျိုးနွယ်စုဝင် ဦးဒါဝိတ်အား မေးမြန်းမှုကို တစ်ဆင့်ဖြေဆိုမှုအ ရ ဦးဒါဝိတ်သည် ကချင် ပြည်နယ် မြောက်ဖျားရှိ ဂမ်လမ်ရာဇီရေခဲ တောင်ခြေရှိ ခနောင်းရွာတွင်နေ ထိုင်ကာ ယခုအခါ အသက် ၅၅ နှစ် အရွယ် မျှရှိပြီး အသက် ၆၆နှစ် အရွယ်အစ်မတစ်ဦးနှင့် အ သက် ၅ဝအရွယ် ညီမတစ်ဦးတို့ ရှိကြောင်း၊ အစ်မဖြစ်သူသည် ရဝမ်လူမျိုးတစ်ဦးနှင့် အိမ်ထောင် ပြုထားကြောင်း၊ ဦးဒါဝိတ်တို့အ ပါအဝင် ထရုန်မျိုးနွယ်အစစ်မှာ သုံးဦးသာ ရှိတော့ေ ကြာင်း ယင်းက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မျိုးဆက်ပျောက်ကွယ်တော့မည့် ထရုန်မောင်နှမ သုံးဦးကိုတွေ့ရစဉ်။ ဓာတ်ပုံ - ညီမင်းစံ 

Posted: 24 Sep 2013 11:49 PM PDT

မိုးကုတ်တွင် တန်ဖိုးမဖြတ်နိုင် သည့် မြေဧက ငါးထောင်ခန့် အသိမ်းခံ ထားရမှုအပေါ် လယ်ယာမြေနှင့် အ ခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မ ရှင်မှ စတင် စစ်ဆေးတော့မည်ဖြစ် ကြောင်း သတင်းရရှိသည်။ ”ဒီမြေတွေက တန်ဖိုးဖြတ်လို့ မရ ဘူး။ ဒေသခံတွေကို လျော်ကြေး မပေး ဘဲ လုပ်တယ်။ ခုလုပ်ငန်းရပ်ဆိုင်းထား တယ်ဆိုတဲ့နေရာမှာ ကျောက်မျက်တူး ဖော်ဖို့ ပြန်ပြီး အငှားချထားတယ်။ ကော်မရှင်ကို စာရောက်လာလို့ ၂၄ ရက်နဲ့ ၂၅ ရက် နှစ်ရက်စစ်ဆေးသွားမှာ ပါ”ဟု အဆိုပါ ကော်မရှင်အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပေါ်ပြူလာနယူးစ်သို့ ပြော သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Sep 2013 11:27 PM PDT

တိုင်းဒေသကြီးအချို့နှင့် ပြည်နယ် အများစုတွင် ပြဋ္ဌာန်းထားပြီး ဖြစ်သော်လည်း မြို့နယ်များတွင် လူထုမဲဖြင့် အရပ်သားများကို မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခန့်အပ် နိုင်မည့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေကို ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင်အတည်ပြု ပြဋ္ဌာန်းလိုက်သည်။ ၁၉၄၈ ကရေးဆွဲထားသော စည်ပင်သာယာရေး ဥပဒေသည် ဗဟိုချုပ်ကိုင်မှု များနေခြင်းကြောင့် ဥပဒေသစ် ပြန်လည်ရေးဆွဲ ပြဋ္ဌာန်းရခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးလှမြင့်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Sep 2013 11:05 PM PDT
ထူး ဖောင်ဒေးရှင်းနာယကဖြစ်သူ နာမည်ကျော်စီးပွားရေးလုပ်ငန်း ရှင်ကြီးဦးတေဇက သစ်ခုတ်ခဲ့ သည့်အမှားများအား ပြန်လည် ပေးဆပ်သည့်အနေဖြင့် နယ်စပ် ဒေသများတွင် ပညာရေး၊ ကျန်းမာ ရေးနှင့် ဆိုင် သော လူမှုရေးလုပ် ငန်းများ ပြုလုပ်သွားမည်ဟု ပြော ကြားလိုက်သည်။ စက်တင်ဘာ ၂၃ရက်က ပြုလုပ်သည့် ဂမ်လမ်ရာဇီတောင် တက်အောင်မြင်ခြင်းအထိမ်းအ မှတ်အဖြစ် ကုန်သည်ကြီးများဟို တယ်တွင်ပြုလုပ်သော ညစာစား ပွဲတွင် ယင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထူဖောင်ဒေးရှင်းနာယက ဦးတေဇက ''ကျွန်တော် သစ်ပင် တွေ အများကြီးခုတ်ခဲ့ပါတယ်။ အဲဒီအတွက်လဲ အခုအချိန်မှာ ပြန် လည်ပေးဆပ်ရပါမယ်။ အဓိက လုပ်မှာတွေက ဖွံ့ဖြိုးမှုနည်းပါး တဲ့ နယ်စပ် ဒေသ တွေမှာ လိုအပ် နေတဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့လုပ်ငန်းတွေကို အားဖြည့် လုပ်ဆောင်သွားဖို့ရှိပါတယ်''ဟု ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ထူး ဖောင်ဒေးရှင်းနာယကဖြစ်သူ နာမည်ကျော်စီးပွားရေးလုပ်ငန်း ရှင်ကြီးဦးတေဇ။

Posted: 24 Sep 2013 10:57 PM PDT

မြန်မာနိုင်ငံက လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ရေးအတွက် ကမ္ဘာ့ဘဏ်က ကူညီထောက်ပံ့ရေးကိစ္စ မနေ့က အတည်ပြုလိုက်ပါတယ်။ မွန်ပြည်နယ်မှာ တည်ဆောက်မယ့် ဓါတ်အားပေးစက်ရုံအတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၄ဝ အတိုးမဲ့ချေးဖို့ ဘဏ်အမှုဆောင် ညွှန်ကြားရေးမှူးတွေက အတည်ပြုခဲ့ကြတာပါ။ မွန်ပြည်နယ်အတွင်း စရိတ်သက်သာတဲ့ ခေတ်မီဓါတ်အားပေးစက်ရုံ တည်ဆောင်ရေးဟာ မြန်မာနိုင်ငံ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမှုတိုးချဲ့ရေးအစီအစဉ် တစိတ်တပိုင်းဖြစ်ပါတယ်၊ ဒီအတွက် ကမ္ဘာ့ဘဏ်က ကူညီမှာဖြစ်ပါတယ်၊ ဒီအကူအညီဟာ မြန်မာ့စွမ်းအင်ကဏ္ဍမှာ မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်လို့ ကမ္ဘာ့ဘဏ်ကဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 24 Sep 2013 10:52 PM PDT

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူကူးမျဉ်းကျားများတွင် ရပ်တန့်အရှိန်လျှော့ခြင်းမပြုဘဲ မောင်းနှင်သော ယာဉ်များကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ေ
ကြာင်း ရန်ကုန်တိုင်း၊ အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ ယင်းသို့ အရေးယူရာတွင် လူကူးမျဉ်းကျားတွင် ရပ်တန့်အရှိန်လျှော့ခြင်းမရှိဘဲ ဖြတ်သန်းသွားသော ယာဉ်များအား ကားနံပါတ်မှတ်တမ်းယူထားကာ ထိရောက်စွာ အရေးယူသွားမည်ဖြစ်သည်ဟုလည်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...