Saturday, September 28, 2013

မုန့် - တိုက်ပွဲ

တနိုင်ငံလုံးစစ်မျက်နှာအစုံမှ တပြိုင်နက်ထဲလှုပ်ရှားဆင်နွဲကြ။
ကျွန်တော်တို့သည် နိုင်ငံရေးပါတီ
မဟုတ်၊ ကျွန်တော်တို့သည် အသင်းအဖွဲ့မဟုတ်၊
ကျွန်တော်တို့သည် ကျွန်တော်တို့၏ ကလေးများကို 
အဆိပ်မုန့်တို့၏ရန်မှ ကယ်ဆယ်နိုင်ရေးအတွက်
စုပေါင်းလှုပ်ရှားသည့် လှုပ်ရှားမှုတခုသာဖြစ်သည်။


ကျွန်တော်တို့၏လှုပ်ရှားမှုတွင် ပါဝင်လိုသူတိုင်းသည် ကျွန်တော်တို့ထံကိုယ်တိုင်ကိုယ်ကျ
လာရောက်ပူးပေါင်းရန်မလို။ အသင်းဝင်ရန်မလို။ အိမိတို့နေထိုင်
ရာအိမ်၊ ရပ်ကွက်၊ကျေးရွာ၊မြို့နယ်များတွင်နေထိုင်ရင်း
 ပူးပေါင်းပါဝင်လှုပ်ရှားနိုင်ကြပါသည်။

ကျွန်တော်တို့ဦးတည်တိုက်ခိုက်ရမည့်ရန်သူသည်
ကျွန်တော်တို့၏ ကလေးငယ်များအားတမြေ့မြေ့
နှင့်လူမျိုးတုန်းသတ်ဖြတ်ရန်ကြိုးပန်းနေသည့်ဓာတုဆိုးဆေးပါ 
နိုင်ငံခြားဖြစ်နှင့်ပြည်တွင်းဖြစ်မုန့်များဖြစ်သည်။ 
ကျွန်တော်တို့ဆင်နွဲရမည့်စစ်ပွဲမှာ
တရက်၊ တလ၊ တနှစ်နှင့်မပြီး။ ရေရှည်ဆင်နွဲရမည်ဖြစ်သည်။

ဤစစ်ပွဲတွင်ကျွန်တော်တို့ကိုင်စွဲရမည့်လက်နက်
မှာညီညွတ်ခြင်းနှင့် ဇွဲလုံးလတို့ဖြစ်သည်။

မိမိအိမ်တွင်မိမိ၏ ကလေးများအားဆိုးဆေးနှင့်ဓာတုပစ္စည်းများပါသော 
နိုင်ငံခြားဖြစ်နှင့်ပြည်တွင်းဖြစ်မုန့်များ မစားသောက်မိစေရေး သွန်သင်ဆုံးမနေသော
မိဘတိုင်းသည် ကျွန်တော်တို့၏ စစ်သည်တော်များဖြစ်သည်။
 အလှူဒါနတခုလုပ်တိုင်းလုပ်တိုင်းမြန်မာမုန့်များဖြင့်သာ လှူဒါန်းပေးခြင်းသည်ကျွန်တော်
တို့၏လှုပ်ရှားမှုတွင်ပါဝင်ခြင်းဖြစ်သည်။
မိမိ၏အိမ်တွင်သော်၎င်း၊ လ္ဘက်ရည်ဆိုင်၊ဈေးဆိုင်များတွင်သော်၎င်း၊ ရပ်ကွက်ထဲတွင်သော်၎င်း
ဤလှုပ်ရှားမှုသတင်းကိုပြောဆိုဖြန့်ဝေခြင်းသည်လည်း
ကျွန်တော်တို့နှင့်ပူးပေါင်းပါဝင်လှုပ်ရှားခြင်းဖြစ်သည်။

မိမိတို့လက်လှမ်းမှီသမျှ မုန့်များနှင့်ပါတ်သက်သည့်
ကျန်းမာရေးဗဟုသုတများ မျှဝေပေးခြင်းသည်လည်း
ကျွန်တော်တို့၏လှုပ်ရှားမှုကိုတဖက်တလမ်းမှကူညီအားဖြည့်ပေးခြင်းဖြစ်ပါသည်။ 
ဤလှုပ်ရှားမှုသတင်းများကိုLikeလုပ်၍အားပေးထောက်ခံခြင်း၊
Shareလုပ်ပေး၍ကူညီခြင်း၊ commentရေး၍ အားပေးခြင်းသည်လည်း 
ကျွန်တော်တို့၏ လှုပ်ရှားမှုတွင်ပါဝင်ခြင်းဖြစ်ပါသည်။

ဤလှုပ်ရှားမှုသည်တောင်တွင်းကြီးတမြို့ထဲလှုပ်ရှားနေရုံနှင့် မအောင်မြင်နိုင်ပါ။ 
တနိုင်ငံလုံးရှိမိဘတိုင်း၊ ပရဟိတလုပ်ငန်းများလုပ်နေသူတိုင်း
ဤအရေးကိုစိတ်မအေးသူတိုင်း၊ မျိုးချစ်စိတ်ရှိသူတိုင်း 
အားလုံးအတူတကွညီညိညာညာပူးပေါင်း
ဆောင်ရွက်ကြမှသာလျှင် အောင်မြင်နိုင်ပါမည်။

ကလေးများအားလုံး၊ ကင်ဆာဖုံးလို့၊ လူမျိုးမပြုန်း၊
မျိုးမတုန်းအောင်၊မုန့်တိုက်ပွဲကိုဆင်နွဲစို့။
(မုန့်တိုက်ပွဲတွင်ဆောင်ရွက်သွားမည့်လှုပ်ရှားမှု
အဆင့်ဆင့်ကိုထပ်မံ၍ တင်ပြသွားပါမည်)

ဒေါက်တာကျော်ဆွေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...