Saturday, September 28, 2013

ငါအိုသွားသောအခါ


• ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
• ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ ငါ့ကိုမရွံပါနဲ့။ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိယပေးပါ။



• အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီးနာထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ ၊ ငါးရာငါးဆယ်နိပါတ်တော်တွေ ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ မရိုးနိုင်အောင်ပြောရင်း ချော့သိပ်ခဲ့တာကို သတိယပေးပါ။

• မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကုအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်ခါ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကိုပြန်မြင်ယောင်ပေးပါ။

• ခေတ်သစ်နည်းပညာတွေမသိနားမလည်ခဲ့ရင် မလှောင်ပြောင်ပါနဲ့။ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့မေးခွန်းမေးတိုင်း စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိယပေးပါ။

• စိတ်သွားတိုင်း ကိုယ်မပါ ၊ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုတွဲကူပေးကြပါ။ လမ်းလျောက်သင်စအရွယ်တုန်းက တစ်လှမ်းခြင်းလျောက်လှမ်း တွဲကူပေးခဲ့တာ ပြန်လည်သတိယပေးပါ။

• တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကို ကြည့်ပြီးဝမ်းမနည်းပါနဲ့။ နားလည်ပေးပါ။ ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုငါ့ဘ၀နောက်ဆုံးချိန်အတွက် အဖေါ်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။ အဲဒိအပြုံးတွေထဲမှာ မဆုံးတဲ့ငါ့မေတ္တာတွေ တွေ့ရမှာပါ။

သားတို့ သမီးတို့ရေ……… ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေကွယ်

(နေနည်း ၊ သေနည်း ဆိုတဲ့ဘုရားစာအုပ်ထဲမှာဖတ်ရတာပါ။ မိဖမေတ္တာကို ပေါ်လွင်စေတယ်။ ပြန်လည်မြင်ယောင်မိစေတယ်။ ကြိုက်နှစ်သက်လို့ပြန်လည်မျှဝေ

ိုက်တာပါ။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...