Thursday, September 26, 2013

အခြေခံအင်္ဂလိပ်အသုံး (၁၀)

Posted by zar ni (My Way!) on September 26, 2013 at 10:45 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ

၂၉။ although and though သော်လည်းပဲ။ လင့်ကစား။ စေကာမူ

(al)though + clause, + clause
clause, + (al)though + clause
clause + though

၁။ ၄င်းစကားလုံးနှစ်ခုလုံးအား သမ္ဗန္ဓ အနေနှင့်သုံးနိုင်သည်။ အဓိပ္ပါယ်တူဖြစ်သည်။
Though သည် informal ဖြစ်သည်။

(Al)though I don't agree with him, I think he's honest.
သူနဲ့သဘောထားခြင်းမတိုက်ဆိုင်ပေမယ့် သူကရိုးသားတယ်လို့ထင်ပါတယ်။



She went on walking, (al)though she was terribly tired.
သူအလွန်အမင်းပင်ပန်းနေသော်ငြားလည်း လမ်းဆက်လျှောက်သွားခဲ့သည်။

ဆန့်ကျင်သည့်အဓိပ္ပါယ်ပိုလေးနက်စေရန် even though ကိုသုံးသည်။Even although ဟုတော့သုံး၍မရပါ။

Even though I didn't understand the words, I knew what he wanted.
စကားလုံးများကိုနားမလည်သည့်တိုင်အောင် သူလိုချင်တာကျွန်တော်သိသည်။

၂။ though ကို however အဓိပ္ပါယ်နှင့်လည်းသုံးနိုင်သည်။ သာမန်အပြောစကားတွင် ၀ါကျအဆုံးတွင်နေလေ့ရှိသည်။

‘Nice day.' 'Yes. Bit cold, though.’
သာယာတဲ့နေ့ပဲ။ ဟုတ်တယ်။ နည်းနည်းအေးတာလေးပဲ။

၃၀။ among and between အများကြား နှင့် နှစ်ခုကြား

၁။ တစ်စုံတစ်ခုသည် နှစ်ခုနှင့် နှစ်ခုထက်ပိုသော သီးခြားစီဖြစ်သော လူ၊ အရာဝတ္ထု များကြားတွင်ရှိသည့်အရာကိုပြောရန် between ကို သုံးသည်။

တစ်စုံတစ်ခုသည် သီးခြားစီရှိမနေသော အုပ်စု၊ အဖွဲ့၊ လူအုပ် ကြားထဲတွင်ရှိသည်ကို ပြောလိုသည့်အခါ among ကိုသုံးသည်။

She was standing between Alice and Mary.
သူသည် အဲလစ်နှင့်မေရီကြားထဲတွင်ရပ်နေသည်။

She was standing among a crowd of children.
သူသည်ကလေးတစ်အုပ်ကြားထဲတွင်ရပ်နေသည်။

Our house is between the wood, the river and the village.
ကျွန်တော်တို့အိမ်သည် တောအုပ်၊ မြစ်နှင့်ရွာကြားတွင်ရှိသည်။

His house is hidden among the trees.
သူ့အိမ်သည် သစ်ပင်များကြားကွယ်ပျောက်နေသည်။

၂။ တစ်စုံတစ်ခုသည် ဘက်နှစ်ဘက်ကြားတွင်ရှိသည့်အကြောင်းပြောရန် between ကိုသုံးသည်။

a little valley between high mountains
တောင်မြင့်ကြားထဲက တောင်ကြားလေး(ချိုင့်ဝှမ်းလေး)

I saw something between the wheels of the car.
ကားဘီးတွေကြားထဲမှာတစ်ခုခုတွေ့လိုက်တယ်။

၃။ divide between နှင့် share between ကို နာမ်အနည်းကိန်းများရှေ့တွင်သုံးသည်။

အများကိန်းနာမ်ရှေ့တွင် between သို့မဟုတ် among ကိုသုံးနိုင်သည်။

He divided his money between his wife, his daughter and his sister.
သူ့ငွေကို သူ့ ဇနီး၊ သမီး နှင့် နှမ တို့အား ခွဲဝေပေးသည်။

I shared the food between/among all my friends.
ကျွန်တော်သည် အစားအသောက်အား သူငယ်ချင်းအားလုံးနှင့်ဝေမျှစားသုံးသည်။

၃၁။ and နှင့်၊ ပြီးနောက်

A and B အေ နှင့် ဘီ
A, B and C အေ၊ ဘီ နှင့် စီ
A, B, C and D အေ၊ ဘီ၊ စီ နှင့် ဒီ

၁။ နှစ်ခု သို့မဟုတ် ထို့ထက်ပိုသော အသုံးအနှုန်း များအားတွဲသုံးသည့်အခါ and ကို နောက်ဆုံးစကားလုံး၏ရှေ့တွင်ထားလေ့ရှိသည်။

bread and cheese ပေါင်မုန့်နှင့်ဒိန်ခဲ

We drank, talked and danced.
ကျွန်တော်တို့ သောက်ကြ၊ စကားပြောကြ ပြီးတော့ ကကြတယ်။

I wrote the letters, Peter addressed them, George bought the stamps and Alice posted them.
ကျွန်တော်ကစာရေးတယ်။ ပီတာ လိပ်စာတပ်တယ်။ ဂျော့ကတံဆိပ်ခေါင်းဝယ်တယ်။ ပြီးတော့ အဲလစ်က စာပို့ပေးတယ်။

၂။ နှစ်လုံးတွဲစကားများတွင် အသံအတိုဆုံးစကားလုံးကိုအရှေ့မှာထားလေ့ရှိသည်။

young and pretty ငယ်ချောသော
cup and saucer ခွက်နှင့်အောက်ခံပန်းကန်ပြား

သို့ရာတွင် တစ်ချို့သော အသုံးအနှုန်းများသည် ပုံသေဖြစ်ပြီးနေရာပြောင်းလဲ၍မရနိုင်ပါ။

hands and knees (NOT knees and hands } knife and fork
bread and butter men, women and children fish and chips

နာမ်တစ်ခုရှေ့ရှိ နာမ်မ၀ိသေသနများကြား and ကြားခံသုံးလေ့မရှိပါ။

Thanks for your nice long letter. (NOT . your nice and long letter. )
a tall dark handsome cowboy

သို့ရာတွင် ပစ္စည်းတစ်ခုတည်း၏ အစိတ်အပိုင်းအသီးသီးအားရည်ညွှန်းသည့်အခါတွင် and ကြားခံသုံးတတ်သည်။

red and yellow socks
a metal and glass table

၃၂။ try, wait, go စသည်တို့၏နောက်တွင်သုံးသည့် and

try to . . အစား try and . . ဟု သာမန်အရပ်သုံးတွင်ပြောလေ့ရှိသည်။

Try and eat something — you'll feel better if you do.
နည်းနည်းလောက်စားကြည့်ပါ။ နေကောင်းလာလိမ့်မယ်။

I'll try and phone you tomorrow morning.
မနက်ဖြန် ကြိုးစားဖုံးဆက်မယ်။

ဤပုံစံအား try ၏အခြေခံပုံစံတွင်သာသုံးသည်။ tries, tried, or trying တို့နှင့်မသုံးပါ။

Try and eat something.
I tried to eat something. (Not I tried and eat something. . .)

wait and see ဟုသာသုံးလေ့ရှိသည်။ wait to see ဟုမသုံးပါ။

‘What's for lunch?" ‘Wait and see. '
နေ့လည်စာဘာလဲ။ စောင့်ကြည့်ပါဦး။

come and, go and, run and, hurry up and, stay and ဟုမကြာခဏသုံးလေ့ရှိသည်။.

Come and have a drink.
တစ်ခုခုလာသောက်ပါ။

Stay and have dinner.
ညစာစားဖို့နေပါဦး။

Hurry up and open the door.
မြန်မြန်လုပ်။ တံခါးသွားဖွင့်။

He often comes and spends the evening with us.
သူကျွန်တော်တို့နှင့် မကြာခဏ ညနေပိုင်းလာလည်လေ့ရှိသည်။

She stayed and played with the children.
သူကလေးတွေနှင့်နေကာကစားခဲ့သည်။
 
ကျွန်တော်ရေးထားသမျှကိုဖတ်ချင်လျှင်ဒီမှာလေ့လာနိုင်ပါသည်။
ဇာနည်(MyWay)

Broken English to Spoken English
09 448 033 674

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...