Thursday, September 26, 2013

လူငယ်နဲ့ မာန

September 25, 2013 at 7:40am

    မာနကို တိုက်ရိုက်အဓိပ္ပာယ်အနေနဲ့ ထောင်လွှားခြင်းဆိုပြီး သိထားကြပါတယ်။ သို့သော်လည်းပဲ ဒါလောက် နဲ့တော့ မပြည့်စုံဟု ထင်မိပါတယ်။ ဒါပေမယ့် ထောင်လွှားမှုကအဓိကဖြစ်နေတော့ ဒါလေးကိုပဲ ဦးစားပေးပြီး ပြောချင်ပါတယ်။ အထူးသဖြင့်တော့ မထောင်လွှား၊ မပလွှားသင့်တာကို ထောင်လွှား ပလွှားခြင်းကြောင့် မလိုလား အပ်တဲ့ ဆိုးကျိုးတွေ တစ်ခုပြီးတစ်ခု တန်းစီပြီးတော့ ဖြစ်ပေါ်တတ်တာကြောင့် ဒါလေးကို မီးမောင်းထိုးပြလိုတဲ့အတွက် ကြောင့် လူငယ်နဲ့ မာနဆိုတာလေးကို ရေးသားလိုက်ပါတယ်။
    အထူးသဖြင့်တော့ ပြိုင်ဆိုင်မှုလွန်ကဲရင် မကောင်းမှုတွေဟာ သက်ရောက်မှုအားပြင်းစွာ နဲ့ ပေါ်ပေါက်လာတတ် ပါတယ်။ တီဗွီကလာတဲ့ ကိုရီးယားဇာတ်လမ်းတွဲမျိုးစုံဟာလည်း ဒါကို အခြေတည်ပြီးရိုက်ပြတာများပါတယ်။ အချစ်ကြောင့်၊ အလုပ်ကြောင့်၊ ပညာကြောင့်၊ စီးပွားရေးကြောင့်ဆိုပြီး အရေးကိစ္စတော်တော်များများမှာ ပြိုင်ဆိုင်မှု တွေက လွန်လွန်ကဲကဲဖြစ်တာကို ပုံဖော်ထားတဲ့ ဇာတ်လမ်းများဖြစ်ပါတယ်။

    ဆရာတော်တစ်ပါးပြောဖူးတယ်။ မာနဆိုတာ ပထမကတော့ မာတယ်ထင်ပေမယ့်၊ နောက်ပိုင်းကျရင်တော့ တဖြည်းဖြည်းနဲ့ မာပြီးတော့ နသွားတတ်တယ်တဲ့။ ဟုတ်ပါတယ်။ မာနဆိုတာ မာပြီးရင် နသွားတတ်ပါတယ်။ ဒီမာနနဲ့ တွဲပြီးပါလာတာကတော့ မာန်တက်တယ်။ မာန်ကြွတယ်ဆိုတာပါပဲ။ မြေတွေ ပါးပြင်းထောင်တာကို ဥပမာ ပေးရမယ်ဆိုရင်တော့ သူတို့လည်း ထောင်စရာလေးရှိနေသေးလို့ ပါးပြင်ထောင်တာပေါ့၊ ထောင်စရာ အစွယ်မရှိတော့ ရင် အလိုလိုနေရင်း အလမ္ပာယ်ဆရာရဲ့လက်ထဲမှာ ခွေခွေလေးနေနေရတတ်သလိုပါပဲ။ မာန်ထောင်စရာလေးရှိနေ သေးရင်တော့ ဒီအစွယ်လေးနဲ့ အမောက်ထောင်ထောင်ပြနေပေမယ့်၊ အစွယ်လေးကျိုးသွားပြီဆိုရင်တော့ မာန်ထောင်မှုလည်း အလိုလိုပျော့ခွေသွားတတ်ပြီး မာရင်းကနေ နသွားတတ်တာဆိုတာပါပဲ။
    ခုနကပြောခဲ့တဲ့ စကားထဲမှာ မာန်တက်တယ်။ မာန်ြ
    ဒီတော့ အေးစက်မာကြောသွားရတဲ့ ဆက်ဆံရေးတွေကနေ ငါ့လောက်သူ မလုပ်နိုင်ဘူး၊ မအောင်မြင်နိုင်ဘူး။ ငါ့လောက် မတော်ဘူး။ ငါ့လောက် အကျိုးဖြစ်ထွန်းမှုမရှိပါဘူး။ ဒီကောင်လောက်ကတော့ အပျော့ဘဲဆိုတဲ့ ပုံစံနဲ့ ငါကိုရှေ့တန်းတင်ပြီး မာနေတဲ့ မာန်တွေကို မလိုအပ်ဘဲ ထောင်ပြခြင်းဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေတန်းစီ ပြီး ဆုံးရှုံးမှုတွေ တစ်ခုပြီး တစ်ခု တန်းစီကျရောက်လာတော့တာပေါ့။ ဒီတော့ စီးပွားအတူလုပ်၊ သို့မဟုတ် သူ့အကျိုး ကိုယ့်အကျိုးအတူ ဆောင်ရွက်ဖက်ကနေ အေးစက်မာကြောနဲ့ ဆက်ဆံရေးတွေနဲ့ တဖြည်းဖြည်း တင်းမာလာရင်း နောက်ဆုံး တိုက်ခိုက်မှုတွေ၊ ရန်လိုမှုတွေ၊ နောက်ပြောင်မှုတွေကနေတဆင့် အသက်ပါထိခိုက်နိုင်တဲ့အထိ ဖြစ်လာ တတ်တာဟာ ဒီမာနလေးကြောင့်ပါပဲ။
    မိမိရဲ့သူငယ်ချင်းတွေထဲမှာလည်း လူငယ်တွေ အပြိုင်အဆိုင် လွန်ကဲမှုကနေတဆင့် နောက်ဆုံးမြောင်းထဲကို ထိုးကျသွားတာတွေ ရှိနေတတ်တယ်။ တချို့ကတော့ လုပ်ငန်းကျွမ်းကျင်မှုကြောင့်၊ ပညာကြောင့်၊ ရုပ်ရည်ကြောင့် ဆက်ဆံရေးကောင်းမွန်တာကြောင့် အမျိုးမျိုးပါပဲ နေရာအသီးသီးကို တက်လာကြတယ်။ ဒီတော့ အတူတူလုပ်နေရင်း ကနေ သူကငါလောက်မတော်ဘဲ ဘာဖြစ်လို့ ငါ့ထိပ်မှာရှိနေရတာလဲ၊ ငါ့လောက်မတော်တဲ့လူကို ငါ့ခေါင်းပေါ်ကနေ နင်းလျှောက်စေတာဟာ မဖြစ်သင့်ဘူး။ ဒီလိုနဲ့ တစ်ဦးကိုတစ်ဦး ပြိုင်ကြဆိုင်ကြရင်း မြောင်းထဲကို ထိုးကျသွားတော့ တာပေါ့။ ဒါကြောင့် ဒီမာနဟာ လူငယ်တွေအနေနဲ့ လူငယ်ပီပီ စိတ်ခံစားမှုရှိပေမယ့် ကိုယ့်စိတ်ကို ရင့်ကျက်တဲ့ တည်ဆောက်မှုတွေနဲ့ ပုံသွင်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ ထိပ်မရောက်ခင်မှာပဲ တဖုတ်ဖုတ်နဲ့ ပြုတ်ကျရင်း ပြန်ပြီးတော့ မထနိုင်တော့တဲ့အထိ အထိနာပြီး ဘဝကို အရှုံးပေးသွားရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ မာနထောင်လွှားမှုမျိုးကိုတော့ ရှောင်ပါ။
    ပြိုင်ဆိုင်မှုတိုင်းကိုတော့ မကောင်းဘူးလို့ မသတ်မှတ်လိုပါဘူး။ သို့သော်လည်း ကောင်းတဲ့ပြိုင်ဆိုင်မှုတွေမှာ တစ်ဦးကိုတစ်ဦး မထိခိုက်ဘဲ၊ ချစ်ခင်မပျက်ဘဲ၊ မိတ်မပျက်ဘဲ ပညာရေး၊ စီးပွားရေးမှာ မသိမသာပြိုင်ဆိုင်မှုမျိုးကို တော့ လုပ်သင့်ရင်လုပ်ပါ။ ဒါကတော့ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုပါပဲ။ သို့သော်လည်း ဒီလိုပြိုင်ဆိုင်တာကို ကိုယ့်ရဲ့ ပြိုင်ဘက် မသိစေပါနဲ့၊ ကိုယ့်လမ်းကိုသာ အေးအေးဆေးဆေး လျှောက်ရင်း မသိမသာ သူ့ထက်သာအောင် လုပ်ဆောင် မှုမျိုးကိုတော့ အားပေးချင်ပါတယ်။
    မာနဆိုတာတွေ ကျမ်းဂန်မှာတော့ အမျိုးမျိုး သူ့နေရာသူ ဖွင့်ပြထားတာ တွေ့ရပါတယ်။ အဲဒါတွေကို အကျဉ်းချုံ့ပြီးတော့ အနည်းငယ်ဆီ မိတ်ဆက်ပေးလိုပါတယ်။ တချို့ကတော့ အမျိုးအနွယ်ဇာတ်အားဖြင့် ထောင်လွှားမှု တွေဖြစ်လာတတ်ပါတယ်။ ငါက ချမ်းသာတဲ့အမျိုးကနေ ဆင်းတတ်လာတာ။ ငါတို့အမျိုးက ချမ်းသာတယ်ဆိုပြီး  ဆင်းရဲသူတွေကို မထီမဲ့မြင်လုပ်ချင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မာနမျိုးပေါ့။ ဒီတော့ လူကို လူလိုမမြင်နိုင်တော့ဘူး ငါက ချမ်းသာတယ်။ သူတို့က ဆင်းရဲတယ်ဆိုပြီး ထောင်လွှားမှုတွေကနေတဆင့် မလိုလားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာခဲ့တယ်။
    တချို့ကတော့ ကိုယ့်ကိုယ်ကို သူတော်ကောင်းပုံစံမျိုးနဲ့ ထောင်လွှားခြင်းဆိုတာတွေလည်း ရှိတတ်ပြန်ပါတယ်။ တကယ့်ကို ကိုယ့်ကိုယ်ကို သူတော်ကောင်းဆိုရင် ဒီထောင်လွှားမှုမျိုးဟာ မကောင်းတဲ့အကျိုးကိုပေးတတ်တာကြောင့် မသူတော်ဖြစ်နေတာကို သူကိုယ်တိုင်မသိတော့ဘူး။ ကိုယ့်ကိုယ်ကို ကောင်းတယ်တာလောက်တော့ မဆိုးသေးပါဘူး။ ဒါပေမယ့် အခြားလူတွေကို ပုတ်ခတ်လာမယ်၊ ဝေဖန်လာမယ်။ ပြစ်တင်လာမယ်ဆိုရင်တော့ ဒီသူတော်ကောင်းဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ထောင်လွှားလိုက်မိတဲ့မာနဟာလည်း နောက်ဆုံးတော့ ကိုယ့်ဂုဏ်ကိုဖော် မသူတော်ဖြစ်သွားရတတ် ပါတယ်။ ဒါဟာလည်း မကောင်းတဲ့ အကြောင်းတရားဖြစ်တဲ့ ထောင်လွှားမှုပါပဲ။
    အချို့ကတော့ အတိတ်ကံပေးမှုကြောင့် ရလာတဲ့ ရုပ်ရည်အဆင်းလေး ဗန်းပြပြီး ထောင်လွှားမှု၊ မောက်မာ မှု၊ မော်ြ
    တချို့ကတော့ ပညာတတ်တယ်ဆိုပြီး ထောင်လွှားမှု လုပ်တတ်ပါတယ်။ တကယ်က ပညာတတ်တယ်ဆိုတာ အဲဒီ ထောင်လွှားမှုမျိုးတွေကို မကောင်းမှန်းသိပြီး ရှောင်ကျဉ်မှသာ ပညာတတ်ဖြစ်ပါလိမ့်မယ်။ ငါကတော့ ဘာဘွဲ့ကြီး ရထားတယ်။ ငါရတဲ့ ဘွဲ့ကြီးနဲ့ ဒီနေရာနဲ့တန်သလားဆိုပြီး ထောင်လွှားပြီးတော့ မောက်မာမှု၊ တင်းမာမှုတွေကနေ နောက်ဆုံး ပညာတတ်သူလည်း မြောင်းထဲရောက်သွားရတာပါပဲ။ ဒါကြောင့် ကိုယ်တတ်တဲ့ ပညာဟာ ထောင်လွှား ဖို့၊ မောက်မာဖို့ မဟုတ်ဘူးဆိုတာ သိပြီး ပညာကို အကျိုးကျိုးရှိရှိ အသုံးချတတ်ဖို့ လိုအပ်ပါလိမ့်မယ်။
    နောက်တစ်ခုကတော့ လုပ်ငန်းခွင်တွေမှာဖြစ်တတ်တဲ့ ထောင်လွှားမှုပါပဲ။ ဒါကတော့ တော်တော်များများ တွေ့နေရတဲ့ မာနပါပဲ။ ငါက ဒီလုပ်ငန်းကို ကျွမ်းကျင်တယ်။ ပိုင်နိုင်တယ်။ ဒါကြောင့် ဒီနေရာက ငါနဲ့သာထိုက်တန် တယ်။ ဘာမှ မသိတဲ့၊ မတတ်တဲ့၊ မကျွမ်းကျင်တဲ့လူကို နေရာပေးတာကတော့ အဓိပ္ပာယ်မရှိဘူးဆိုပြီး ထောင်လွှားရင်း ကန့်လန့်တိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်က သူထက်သာနေပေမယ့် သူလောက် နေရာမရခြင်းဟာ ကိုယ့်ရဲ့ မသိမသာ ညံ့ဖျင်းမှုတစ်ခုလို့ ဆိုရပါလိမ့်မယ်။ ဒါကြောင့် ငါသူ့ထက် ဘာတွေ ညံ့ဖျင်းနေတာလဲဆိုတာ သိအောင် အဖြေရှာပြီး ပတ်ဝန်းကျင်ကို မထိခိုက်တဲ့နည်းနဲ့ စိတ်ထားမှန်မှန်နဲ့ ကြိုးစားမယ်၊ လုပ်ဆောင်မယ်ဆိုရင် ကိုယ်လည်း နေရာရပါလိမ့်မယ်။ တစ်ခုတော့ရှိတာပေါ့လေ ဒါကတော့ ခေါင်းဆောင်ပိုင်းနဲ့လည်း အရေးကြီးတာ ပေါ့။ ခေါင်းဆောင်ပိုင်းက အရည်အချင်းမရှိဘဲ တစ်ဖက်သတ်ယုံကြည်မှုမျိုးတွေနဲ့ တော်သည်၊ ညံ့သည်ဆိုတာကို မဆုံးဖြတ်နိုင်ရင်တော့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဓိကကတော့ ကိုယ့်ဘက်က စိတ်ထားကောင်းခြင်းဆိုတဲ့ စိတ်ဓာတ်မွန်မြတ်မှုကို မွေးပြီး တော်တည့်မှန်ကန်စွာ လုပ်ဆောင်ဖို့ကတော့ အရေးကြီးပါတယ်။
    ဆိုတော့ များစွာရှိနေတဲ့ မကောင်းတဲ့ ထောင်လွှားခြင်း မာနဆိုတာတွေဟာ ကိုယ့်အတွက် ဘာမှကောင်းကျိုးကို မပေးနိုင်တဲ့အတွက် ဖြေလျော့နိုင်အောင် လုပ်ဆောင်ဖို့၊ မာနဆိုတာ မာတယ်ထင်ပေမယ့် တချိန်မှာတော့ ပျော့ခွေ သွားရင်း နောက်ဆုံး နသွားတတ်တယ်ဆိုတာကို သိစေချင်ပါတယ်။ ဒါကြောင့် မာနကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်အမွေဆိုးတွေကို မခံရအောင် ကိုယ်တိုင်တိုက်ထုတ် ဖြေရှင်းနိုင်မှသာလျှင် ဒီထောင်လွှားမှု၊ မောက်မာ မှု။ြ

မောင်မင်းစိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...