သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၉)
သစ်ထူးလွင် |
|
- ကော့သောင်းထောင် အကျဉ်းသား ၁၂၀ခန့် မော်လမြိုင်ထောင်သို့ ပြောင်းရွှေ့
- မြေသိမ်းခံရမှုများတွင် တည်ဆဲဥပဒေများနှင့်အညီ တိတိကျကျ ဆောင်ရွက်ထားခြင်းမရှိ
- သိမ်းထားသည့်မြေယာများ အစိုးရသက်တမ်းအတွင်း ပြန်ပေးမည်
- လျှော်ကြေး ရယူထားခြင်း မရှိသေးသော လယ်မြေ အပေါ်သို့ အဓမ္မ ဝင်ရောက် ဖျက်ဆီးခြင်း
- လယ်ယာမြေ အငြင်းပွားမှု ဖြစ်စဉ်တွင် တောင်သူများကို ဆဲဆိုကြိမ်းမောင်း၍ ဓားဖြင့်လိုက်သည့်ဖြစ်စဉ် နေပြည်တော်တွင်ဖြစ်ပေါ်
- မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပါးရိုက်
- ထန်းကုန်း ပဋိပက္ခ လူလေးဦးကို ထောင်ဒဏ်ချမှတ်
- မင်းကင်းမြို့ရှိ စာသင်ဝိုင်းတစ်ခုမှ ကလေးငယ်များအား မစင်ပုံးများ စွန့်ပစ် ခိုင်းခြင်းကိစ္စ တားဆီး ဖြေရှင်းပေးစေလို
- မမြင်လိုက်ရတဲ့ ဖြစ်စဉ်နိဂုဏ်း
-
ဒုကာချုပ်ဟောင်းမိသားစုဝင်များ
ကို အစိုးရစက်မှုဝန်ကြီးဌာနက မောင်းထုတ် - ပြည်သူလူထုဘ၀ တိုးတက်မှုမရှိသေးဟု ဒေါ်စုပြော
- Ooredoo က အလုပ်သမ ၃သောင်းခန့်မည်
- အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ
- ကျောင်းသားငယ်ကို လိင်တူ ဆက်ဆံရန် ဖျားယောင်းသည်ဟု ပြည်မြို့ နယ်မှ ကျောင်းဆရာ စွပ်စွဲခံရ
- OIC နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ရိုဟင်ဂျာ ကိစ္စဆွေးနွေးရန် မြန်မာနိုင်ငံလာမည်
- ၂၀၀၈ အခြေခံဥပဒေ ကို မည်သည့်တိုင်းရင်းသားမှလက်မခံ ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
- NLD ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားမန်းတွင်ကျင်းပ
-
အောက်တန်းကျတဲ့ နိုင်ငံရေးဟု ၀န်ကြီးဦးစိုးသိန်းပြောခဲ့သော်
လည်း – မောင်ရေစက် - မူဆယ်မြို့လယ်ရှိ နေအိမ်အား အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်
- တောင်ဥက္ကလာ ဆိပ်ငြိမ်ရပ်ကွက် တစ်ခုတွင် လူငယ်တခိျု့ မဖွယ်မရာပြသ သောင်းကျန်း
- ရဲစခန်းတွင် မသင်္ကာတရားခံများအား စစ်ဆေးမှုများကို စီစီတီဗွီမှ ကြည့်နိုင်ပြီ
- ကားရထားနှင့် ပါဂျဲရိုးတိုက်မိ
- အစိုးရစည်ပင်မှ သားသတ်လိုင်စင်ကို သံဃာများက သိန်း ၂၀၀ ကျော်ဖြင့် လေလံဆွဲခဲ့ကြောင်း တိုင်းသံဃနာယက ဆရာတော် ဦးဝံသပါလ မိန့်ကြား
- ကက်ရှမီးယား စစ်သွေးကြွတွေ ပစ်ခတ် ၁၂ ဦးသေ
- မြန်မာနဲ့မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုရှိနေဆဲ
Posted: 27 Sep 2013 06:19 AM PDT
တနင်္သာရီတိုင်းဒေသကြီးရှိ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား ၁၂၀ခန့်ကို မွန်ပြည်နယ်၊ မော်လမြိုင်အကျဉ်းထောင် သို့ ပြောင်းရွှေ့လာခဲ့ရာ ယမန်နေ့ စက်တင်ဘာလ ၂၆ရက်၊ နံနက် ၁၀နာရီခန့်က မော်လမြိုင်အကျဉ်းထောင်သို့ ရောက်ရှိလာပြီး ဖြစ်ကြောင်း သိရသည်။ ထိုအကျဉ်းသားများသည် ပြည်ဖြိုးထွန်း(၁၅) သင်္ဘောဖြင့် စက်တင်ဘာလ ၁၈ရက်နေ့က ကော့သောင်းထောင်မှ စတင် ခေါ် ဆောင်လာခဲ့ခြင်းဖြစ်ပြီး သင်္ဘောစက်ချွတ်ယွင်းမှုနှင့် ရာသီဥတု ဆိုးရွားမှုတို့ကြောင့် လမ်းခရီးတွင် ၈ရက်ခန့် ကြာမြင့်ပြီးမှ ယခုလို မော်လမြိုင်ထောင်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 27 Sep 2013 05:37 AM PDT
နိုင်ငံအ၀န်း လယ်ယာမြေ သိမ်းဆည်းခံရမှုများ၊ လယ်ယာမြေ ပြဿနာများကို ခြုံငုံ သုံးသပ်ကြည့်မည် ဆိုပါက အကြောင်းအမျိုးမျိုးကြောင့် မြေယာ သိမ်းဆည်းခဲ့သော အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် တည်ဆဲ ဥပဒေများနှင့်အညီ တိတိကျကျ ဆောင်ရွက်ခဲ့မှု မရှိကြောင်း၊ သိမ်းဆည်းခံ လယ်သမားများ အနေဖြင့်လည်း အကြောက်တရားများ လွှမ်းမိုးနေခြင်း၊ ဒီမိုကရေစီ အခွင့်အလမ်း နည်းပါးခြင်းတို့ကြောင့် မြေယာသိမ်းဆည်းမှု ပြဿနာများ အဖြစ်များ ကြောင်းကို ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 27 Sep 2013 05:24 AM PDT
မြန်မာနိုင်ငံတ၀န်း ဒေသခံတောင်သူလယ်သမားတွေဆီကနေ စစ်တပ်၊ အစိုးရဌာန ဆိုင်ရာတွေနဲ့ ကုမ္ပဏီတွေက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ကျန်ရှိနေတဲ့ ဦးသိန်စိန်အစိုးရ သက်တမ်း ၂ နှစ်ကျော်အတွင်း ပြန်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးတွေက နေပြည်တော် ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက “သမ္မတကြီးတာဝန်ရှိတဲ့ အစိုးရလက်ထက်မှာ ပြီးပြတ်အောင် ကျနော်တို့ လုပ်သွားမှာပါ။ နောက်နောင်လည်း အဲဒီလိုမဖြစ်အောင် တခုခုလုပ်တော့မယ်ဆိုရင် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာမယ်။ မူလပိုင်ရှင်တွေနဲ့ ကျေလည်အောင် ညှိနှိုင်းမယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 27 Sep 2013 05:09 AM PDT
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ နယ်ရှိ ၊ အင်းလေးဟိုတယ်ဇုံ ဖော်ထုတ်နေသော လယ်ယာမြေ များတွင် လျှော်ကြေး ရယူထားခြင်း မရှိသဖြင့် တရားစွဲဆိုထားခြင်း ခံနေရသော ကိုအောင်ကျော်မျိုးပိုင် လယ်ယာမြေ ပေါ်သို့  ယနေ့ နံနက် ၁၀း၀၀ အချိန်ခန့် က ဖြူစင် ကုပ္မဏီမှ မြေထိုးစက် ကြီးများဖြင့် အတင်း ဝင်ရောက်ဖျက်ဆီးသဖြင့် အချင်းများခဲ့ ကြသည်ဟု ကိုအောင်ကျော်မျိုးက ပြောပြပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 27 Sep 2013 05:03 AM PDT
နေပြည်တော်
ကော်စီနယ်မြေ ၊ ဒက္ခိဏသီရိမြို့နယ် ၊ ဂူနှစ်လုံးဆည်စု ကျေးရွာအုပ်စု ၊
မကျည်းကုန်း ကျေးရွာ နှင့် ဂွေးတောက်ရိုးကျေးရွာမှ တောင်သူများသည်
လယ်ယာမြေများကို ရယူထားသူ ဗိုလ်မှူးဟောင်း ဦးခင်မောင်ဝင်း၏
အမှုဖွင့်တိုင်ကြားခြင်းကို ခံထားရပြီး ပြဿနာများ
ဆွေးနွေးညှိနှိုင်းမပြီးမချင်း ခြံစည်းရိုး ကျောက်တိုင်စိုက်ခြင်း ၊
သွပ်စူးကြိုးကာရံခြင်းများ မပြုလုပ်ရန် တောင်သူများက တားမြစ်ထားသည်ကို ယနေ့
၂၇.၉.၂၀၁၃ရက်နေ့တွင် ဗိုလ်မှူးခင်မောင်ဝင်း၏
အလုပ်သမားခေါင်းများဖြစ်ကြသည့် ခင်မောင်ဌေး ၊ ဆန်းထွန်းပါ (၄)ဦးက တောင်သူ
အမျိုးသမီးများကို မကြားဝံ့မနာသာ စကားများ ပြောဆို၍ ဓားဖြင့် လိုက်သည်ကို
ဒက္ခိဏမြို့မ(ပေါက်တော) ရဲစခန်းတွင် သွားရောက်အမှုဖွင့် တိုင်ကြားရာ
စခန်းမှူး မရှိသဖြင့် ဂတ်စာရေးက လက်ခံထားလိုက်ပြီး နောက်နေ့ စခန်းမှူးလာမှ
အမှုဖွင့်ပေးမည်ပြောဆိုလိုက်ကြော
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||
Posted: 27 Sep 2013 03:43 AM PDT
ရန်ကုန်-မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်တွင် သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကို ပါးရိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သပိတ်ကျင်းမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ စက်တင်ဘာ ၂၆ ရက်က သပိတ်ကျင်းမြို့နယ် ၀က်သေရွာနှင့် ဖက်ရွှေရွာတွင်ဖြစ်ပွားနေသော မြေယာအငြင်းပွားမှုပြဿနာအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးဆောင်ကာ လာရောက်စစ်ဆေးသည့် ခရီးစဉ် ကြို ဆိုရန်ပြင်ဆင်နေစဉ် ယင်းပြဿနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 27 Sep 2013 03:21 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွင်း ပါဝင်ပတ်သက်ခဲ့သည့် လူလေးဦးကို စက်တင်ဘာလ ၂၆ ရက်တွင် ရွှေဘိုမြို့နယ် တရားရုံးက ထောင်ဒဏ် ကိုးနှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က The Voice သို့ ပြောကြားသည်။ ဦးမင်းလွင်၊ ဦးကျော်ဇင်ဦး၊ ဦးစိုးအောင် (ခ) အောင်ကြီးနှင့် ဦးခင်မောင်ထူး (ခ) ဖိုးထူးတို့ကို မီးရှို့မှု ပုဒ်မ ၄၃၆ ဖြင့် ထောင်ဒဏ်ခုနစ်နှစ်၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ ဖြင့် ၂ နှစ်ကို သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ၎င်းကပြောကြားသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 27 Sep 2013 02:39 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးခရိုင် ၊ မင်းကင်းမြို့အမှတ်(၁)ရပ်ကွက်ရှ အဆိုပါကိစ္စနှင့် ပတ်သက်၍ ၄င်းစာသင်ဝိုင်းတွင် ပညာသင်ကြားနေသော ကျောင်းသားလေး တစ်ဦးကလည်း သေးပုံတွေကိုသားတို့ ကျောင်းသားတွေ အကုန်လုံး သယ်စွန့်တဲ့ အလုပ်လုပ်ရတယ် ကျောင်းသူတွေတော့ မပါပါဘူး။ ကျောင်းသားတွေ ကိုယ့်အလှည့်ကျနဲ့ ကိုယ် ပစ်ရတာပါ။ တစ်ဖွဲ့ကို (၈) ယောက် ဖွဲ့ထားပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 27 Sep 2013 02:20 AM PDT
“၀ုန်း” ဆိုတဲ့ အသံကို ကြားလိုက်တော့ နာရီထကြည့်လိုက်သည်။ အချိန်က ညဥ့်သံခေါင်ယံကျော် စက်တင်ဘာလ(၂၇)ရက်နေ့  မနက် ၁း၁၅ နာရီ၊ အသံလာရာဖက်သို့ ထွက်လာခဲ့သည်။ တွေ့ပါသည်။ ယာဉ်နှစ်စင်း တိုက်သည့် အသံဆိုတာ သေချာသွားပါသည်။ နေရာက ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းကြား၊ ပါရမီ လမ်းမကြီးပေါ်မှာပါ။ AD မီးပွိုင့်ဖက် ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးရဲ့အိမ်ရှေ့မှာပါ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 27 Sep 2013 01:50 AM PDT
လက်ရှိအစိုးရကို အေးချမ်းစွာ အာဏာလွှဲပြောင်း ပေးအပ်ခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ မိသားစုဝင်များ ပိုင်ဆိုင် လုပ်ပိုင်ခွင့်ရထားသော လှိုင်သာယာမြို့နယ်၊ ၀င်းသူဇာ အရောင်းဆိုင်ကို အစိုးရ စက်မှုဝန်ကြီးဌာနမှ တင်ဒါခေါ်ယူ ရောင်းချခဲ့ပြီး ယခုလကုန်အတွင်း (နှစ်ပတ်ခန့် အချိန်) ဆိုင်မှ ပစ္စည်းများနှင့်တကွ ဖယ်ရှားပေးရန် အကြောင်း ကြားခဲ့ကြောင်း၊ လုံလောက်သော အချိန်မပေးဘဲ ရက်ပိုင်းအတွင်း ဆိုင်မှ မောင်းထုတ်သည့် သဘောဖြစ်ကြောင်း ၎င်းဆိုင်၏တာဝန်ခံက မြန်မာသံတော်ဆင့်သို့ ပြောသည်။ အဆိုပါ ၀င်းသူဇာဆိုင်များသည် နယက အစိုးရလက်ထက် (၂၀၀၉ခုနှစ်) ဦးမောင်အေး အာဏာရှိစဉ်က စက်မှု(၁) ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း စီမံခန့်ခွဲမှုဖြင့် ပုဂ္ဂလိကသို့ သတင်းစာမှ တရားဝင် ခေါ်ယူ ငှားရမ်းလုပ်ကိုင် ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ လှိုင်သာယာ ၀င်းသူဇာဆိုင်မှ ကိုဘုန်းနိုင်(ဦးမောင်အေး၏ မိသားစုဝင်တစ်ဦး)က --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 27 Sep 2013 01:29 AM PDT
ပြည်သူလူထုဘ၀ တိုးတက်မှုမရှိသေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးချုပ်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းခဲ့တဲ့ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားမှာ ပြောလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ရဲ့ ပြည်သူလူထု ဘ၀ဟာ တိုးတက်မှုရှိလားလို့ သုံးသပ်တဲ့အခါကြရင်လည်း တကယ်တော့ တိုးတက်မှု မရှိသေးဘူးလို့ ကျမတို့ ဒီလိုပဲ ၀န်ခံရမှာပါ။ တိုးတက်မှု မရှိသေးတာဟာ အားလုံးနဲ့ ဆိုင်ပါတယ်။ ကျမတို့ အဖွဲ့ချုပ်နဲ့လည်းဆိုင်တယ်၊ ပြည်သူတွေနဲ့လည်း ဆိုင်တယ်။ အထူးသဖြင့် အစိုးရနဲ့ ဆိုင်တယ်။ အစိုးရတခု လုပ်နေပြီဆိုမှဖြင့် တိုင်းပြည် တိုးတက်ရေးအတွက် တာဝန်ယူရမှာပါ။ ပြည်သူလူထုရဲ့ ချမ်းသာမှုအတွက် တိုင်းပြည် အေးချမ်းမှုအတွက် တာဝန်ယူမှာ ဒီမိုကရေစီ အစိုးရတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ တာဝန် မယူနိုင်လို့ရှိရင် နောက်ရွေးကောက်ပွဲမှာ ပြည်သူလူထုကနေပြီး ဒီအစိုးရကို ပယ်ချပိုင်ခွင့် ရှိပါတယ်။ ဒါက ဒီမိုကရေစီရဲ့ အခွင့်အရေးပါပဲ” လို့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းခဲ အထိမ်းအမှတ်စာစောင်မှာ အန်အယ်လ်ဒီ ရဲ့ သဘာပတိ အဖွဲ့ဝင် တဦးဖြစ်တဲ့ ဟံသာဝတီဦးဝင်းတင်က အန်အယ်လ်ဒီရဲ့ ၂၅ နှစ်တာ ဖြတ်သန်းမှုကို အခုလို ပြောဆိုထားပါတယ်။ “ဒီချုပ်ရဲ့ မောကြီးပမ်းကြီး ဒီမိုကရေစီခရီးကြမ်း ငွေရတုစခန်းတထောက် ဘယ်ရောက်လာပါလိမ့်။ ဘယ်မှမရောက်ပါ။ တံလျှပ်ရဲ့ ရွှေရည်စိမ်နဲ့ မာယာဘုံအနမ်းရဲ့ စခန်းတထောက်သာ ရောက်နေတာပါလား။ ဘယ်ပဲရောက်ရောက်။ သေချာရေရာတာကတော့ ဒီမိုကရေစီအရေးတော်ပုံကြီး မပြီးဆုံးသေး။ လိုရာထမြောက်စခန်းမပေါက်သေး။ ဒီမိုကရေစီရေး ဆက်လက်တိုက်ပွဲဝင်ကြ ရဦးမယ်။ “တိုက်ပွဲဝင်အရေးတော်ပုံသူရဲကော ၈၈ လူထုအရေးတော်ပုံကြီးနဲ့အတူ ပေါက်ဖွားလာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် by ကိုဈာန် (ဒီဗွီဘီ) ဒေါ်အောင်ဆန်းစုကြည့် မိန့်ခွန်းအပြည့်အစုံ နားဆင်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 27 Sep 2013 01:32 AM PDT
အစိုးရနဲ့
စာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း
လုပ်ကိုင်တဲ့အခါ အလုပ်သမ ၃ သောင်းအထိ အလုပ်ခန့်အပ်သွားမယ်လို့
ကာတာအခြေစိုက် အော်ရီဒူး (Ooredoo) ကုမ္ပဏီက စက်တင်ဘာ ၂၆ ရက်စွဲနဲ့
ထုတ်ပြန်ကြေညာပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မိုဘိုင်းဖုန်းနည်းပညာ စီးပွားရေးလုပ်ငန်းကဏ္ဍမှာ အမျိုးသမီးတွေ အခွင့်အရေး ရသင့်တယ်။ သူတို့နဲ့ သူတို့ကို မှီခိုနေရတဲ့ ဘ၀တွေအတွက်လည်း အခွင့်အရေး ရသင့်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ ဒီ အမျိုးသမီးအလုပ်သမားတွေကို အော်ရီဒူးက မိုဘိုင်းဖုန်း ဆင်းကတ် အရောင်းမြှင့်တင်ရေးကဏ္ဍတွေမှာ အလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရဟာ မိုဘိုင်းဖုန်းဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ ၄ ခု လုပ်ခွင့်ပြုထားပြီး အဲဒီထဲမှာ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီလဲ ပါဝင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ၅ သန်းခွဲကျော် တပ်ဆင်ထားပြီး မိုဘိုင်းဖုန်း ပျံ့နှံ့မှုဟာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းအောက်ပဲ ရှိတဲ့အတွက် အနာဂတ်မိုဘိုင်းဖုန်း ဈေးကွက် အလွန်ကြီးမားမယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါတယ်။ by ဒီဗွီဘီ
|
||||||
Posted: 27 Sep 2013 01:08 AM PDT
မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦး အုပ်စုဖွဲ့ အဓမ်္မပြုကျင့်ခြင်းခံရသဖြင့် အရေးယူပေးရန် စက်တင်ဘာ ၂၅ ရက်က အမှုဖွင့် တိုင်တန်းထားသည်။ အမှုတွင် စက်တင်ဘာ ၂၀ ရက်နံနက် ၈ နာရီက မင်္ဂလာဒုံမြို့နယ်နေ ဦး-----(၅၃)နှစ်က အိပ်ရာထစဉ် အတူနေ သမီး ဖြစ် သူမ----(၁၈)နှစ်၏ လုံချည်တွင် သွေးများပေနေသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာမှ အဓမ္မပြုကျင့်ခြင်း ခံရသည်ကို သိရှိခဲ့ကြောင်း တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||
Posted: 27 Sep 2013 12:55 AM PDT
ပြည်မြို့၊
ဝက်ထီးကန်တိုက်နယ် အခြေခံပညာ မူလတန်းကျောင်း တစ်ကျောင်းမှ
ကျောင်းဆရာတစ်ဦးသည် ကိုးနှစ်အရွယ် စတုတ်္ထတန်း ကျောင်းသားတစ်ဦးကို
လိင်တူဆက်ဆံရန် ဖျားယောင်းသည်ဟု စွပ်စွဲကာ ကျောင်းသား မိဘများက
မြို့နယ်ပညာရေးမှူးရုံးသို့ တိုင်ကြားထားသည်။ “ကျောင်းသားမိဘနဲ့ ကျောင်း
ကော်မတီဝင်တွေ လာကြတယ်။ ရုံးအနေနဲ့ ခံဝန်လက်မှတ်ထိုး ပေးထားတဲ့ အစီအစဉ်
လောက်နဲ့ မကျေနပ်နိုင်ဘူး။ ဆရာကြီးကို ဒီကျောင်းက ပြောင်းပေးဖို့ပါ နှုတ်နဲ့
တိုင်သွားတယ်”ဟု အဆိုပါ အခြေခံ မူလတန်းကျောင်း၏ ကျောင်းအုပ်ကြီးက
မဇ်္ဈိမကို ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 27 Sep 2013 12:34 AM PDT
အစ္စ လာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်သော OIC ၏ နိုင်ငံခြား ရေးဝန်ကြီးများအဖွဲ့သည် မြန်မာ နိုင်ငံသို့လာရောက်ရန် အစီအစဉ် ရှိကြောင်း သိရသည်။ အဆိုပါအဖွဲ့လာရောက် မည့် အစီအစဉ်နှင့် ပတ်သက် ၍ နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က ''OIC အဖွဲ့ လာမယ်ဆိုတာတော့ သိပါတယ်။ သူတို့တွေ လေ့လာ ချင်တဲ့နေရာတွေနဲ့ ဒီဘက်ကခွင့် ပြုနိုင်တဲ့နေရာတွေအတွက် ညှိ နှိုင်းဆဲပဲ ရှိပါ သေးတယ်။ နောက် ဆုံးအခြေအနေတော့ မသိသေး ပါဘူး''ဟု ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||
Posted: 27 Sep 2013 12:39 AM PDT
ရန်ကုန် ၊စက်တင်ဘာ ၂၇ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို မည်သည့် တိုင်းရင်းသားမှ လက်မခံ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ထုတ်ဖော် ပြောကြား လိုက်သည်။ " ဒီဖွဲ့စည်းပုံကို ဘယ်တိုင်းရင်းသားမှ လက်မခံဘူး။ ပြည်တွင်းငြိမ်း ချမ်းရေးအတွက် ဖွဲ့စည်းပုံ ကို ပြင်ရမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ လက်ရှိတွင် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အစိုးရ အနေဖြင့် သာ တရားဝင် လုပ်ကိုင်နေသည်ကို တွေ့ရှိရပြီး NLD အနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်နိုင်ရေးကို ပါ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံ ဆွေးနွေးနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောသည်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် တရားဥပဒေ စိုးမိုးရေးကို မကြာခဏပြောကြားလုပ်ဆောင်နေရခြင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ယနေ့တွင် ပြုလုပ်သော ၂၅ နှစ်မြောက်ငွေရတု အခန်းအနား ကို ရန်ကုန်မြို့ ၊ဗဟန်းမြို့နယ် ၊ရွှေဂုံတိုင် ရှိ ရုံးချုပ်ခန်း မတွင် ကျင်းပခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာ တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ မီဒီယာ များကို အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ Popular Myanmar News Journal |
||||||
Posted: 27 Sep 2013 12:24 AM PDT
မန္တလေး၊ စက်တင်ဘာ ၂၇ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၂၅နှစ်ပြည့် ငွေရတု အခမ်းအနားအား မန္တလေးမြို၊ ၂၆လမ်း၊ ၈၆-၈၇လမ်းကြားတွင် ကျင်းပလျက်ရှိသည်။ အခမ်းအနားအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ(မန္တလေးတိုင်းေ ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ ပါတီ ၀င်များမှ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ အား ပြန်လည်ပြင်ဆင်ရန် ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသောသူများထံမှ သဘောထား သုံးကြိမ်မေးမြန်းခဲ့ပြီး အားလုံး ထောက်ခံခဲ့ကြသည်။ ၄င်းနောက် NLD ပါတီ၂၅နှစ် တာဖြတ်သန်း ခဲ့သောဓာတ်ပုံများ ဆောင်းပါးများအား ပြသခဲ့ပြီး၂၅နှစ်ပြည့် NLD အမှတ်တရ အင်္ကျီများလည်း ရောင်းချ ခဲ့သည်။ အဆိုပါပြပွဲနှင့် အမှတ်တရအင်္ကျီရောင်းချပွဲကို ယနေ့မှစတင်ကာ ၂၉ရက်နေ့အထိ မနက် ၉နာရီမှ ည ၈နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ခရိုင်အမှုဆောင်ဥက္ကဌ ဦးခင်မောင်မြင့်က ပြောသည်။ ဖိုးလပြည့် - Popular Myanmar News Journal |
||||||
Posted: 27 Sep 2013 12:11 AM PDT
““ခင်ဗျားတို့တစ်တွေ အရင်မဆလ စနစ်ဟောင်းက အမူအကျင့်တွေနဲ့ ဒါမျိုးလာလုပ်ကြပြန်ပြီ၊ ကျွန်တော့်ကို ဒါမျိုးလာလုပ်လို့မရဘူး””ဟူ၍ ချယ်ရီကားပါမစ် လာတင်သော ရန်ကုန်တိုင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို စက်မှုပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြင်းပြင်းထန်ထန် ပြောခဲ့သော်လည်း အမျိုးသမီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သော ဒေါ်လဲ့လဲ့ဝင်းဆွေ(တာမွေ)နှင့် ဒေါ်စုစုလှိုင် (ဒဂုံတောင်/ယခု ပြည်ထောင်စု ဒုတိယ၀န်ကြီး)တို့ကိုမူ ခေါ်ယူ၍ ကားပါမစ် တစ်စောင်စီ အလွယ်တကူပေးခဲ့ . . . ---- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 26 Sep 2013 11:58 PM PDT
မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်၊ ဗိုလ်တဲလမ်းရှိ အိမ်အမှတ် (ခ/၈) ၌ စက်တင်ဘာ ၂၀ ရက်၊ ညနေ ၅ နာရီ အချိန်တွင် အသက် ၆၇ နှစ် အရွယ်၊ အငြိမ်းစားဆရာဝန်တစ်ဦးဖြစ်သော ဒေါက်တာ ဦးတင်ရန့် တစ်ဦးတည်း ရှိနေချိန် လူငယ်နှစ်ဦးက အကြမ်းဖက် ၀င်ရောက်တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အဆိုပါ ဆရာဝန်၏ ဇနီးဖြစ်သူ ဒေါ်ပြုံးပြုံးရီသည် မြစ်ကြီးနားမြို့ရှိ ယောက်မဖြစ်သူထံ အလည် သွားရောက်နေစဉ် လူငယ်နှစ်ဦးမှာ ဖွင့်ထားသည့် ခြံဝင်းတံခါးအတွင်း ၀င်ရောက်ပြီး လူနာအသွင်ဖြင့် တံခါးခေါက်ရာ ဆရာဝန်က တံခါးဖွင့်ပေးခဲ့ကြောင်း၊ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 26 Sep 2013 11:52 PM PDT
ရန်ကုန် မြို့ တောင်ဥက္ကလာပမြို့နယ် ရှိ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်သော ၁၄/၃ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးငယ်တခိျု့မှာ လူငယ် တစ်စု၏ မဖွယ်မရာများကိုပြပြီး ကာယိအိဒြေ္နကိုထိပါးစေသောအ ပြုအမှုများ ကို မကြာခဏကြုံတွေ့ နေရကြောင်း အဆိုပါရပ်ကွက် နေ အမျိုးသမီးများ၏ ပြောပြချက် အရသိရသည်။ တောင်ဥက္ကလာပမြို့နယ် ၁၄/၃ ရပ်ကွက်သည် လူခြေတိတ် ဆိတ်သည့် ရပ်ကွက်ဖြစ်သည်ကို အခွင့်ကောင်းယူကာ ယင်း အမျိုး သားလူငယ်တစ်စုသည် မိန်းက လေးအများစု ဖွင့်လှစ်နေသည့် အ လှပြင်ဆိုင်၊ အပ်ချုပ်ဆိုင်များရှေ့ တွင် ယင်းတို့ လိင်အင်္ဂါများကို မဖွယ်မရာပြသပြီး အနှောင့်အ ယှက်ပေးနေကြကြောင်း နှောင့် ယှက်ခြင်းခံရသူ ရပ်ကွက်နေ အမျိုး သမီးများ က ဆိုသည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 26 Sep 2013 11:45 PM PDT
ရဲ စခန်းများတွင် မသင်္ကာတရားခံ များကိုစစ်ဆေးသည့် မှတ်တမ်း မြင်ကွင်းများ ကို စီစီတီဗွီမှတစ်ဆင့် အမှုနှင့်ပတ်သက်သူများ အချိန် မရွေး ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲ မှူးကြီး အောင်ဌေးမြင့် က ရန်ကုန် တိုင်းမ်နေ့စဉ်သို့ အတည်ပြုပြော ကြားသည်။ မြန်မာတစ်နိုင်ငံလုံးရှိ ရဲစခန်း များတွင် ယင်းကဲ့သို့ကြည့်ရှုနိုင် ရေးအတွက် စီစီတီဗွီကင်မရာများ တပ်ဆင်နေပြီဖြစ်ကြောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ပွင့်လင်းမြင်သာ မှုရှိနေပြီ ဆိုသည်ကို အများပြည် သူသိရှိစေနိုင်ရန်အတွက် ယခုကဲ့ သို့ ပြုလုပ် ခြင်း ဖြစ်ကြောင်း သိရ သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 26 Sep 2013 11:39 PM PDT
စစ်ကိုင်းတိုင်းဒေသကြီး တင်းတိမ်ရံမှ မုံရွာသို့ ခုတ်မောင်းလာသည့် အစုန်ကားရထားနှင့် သံလမ်းဖြတ်ကူးသည့် ပါဂျဲရိုးကားတစ်စီးတို့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်က မုံရွာမြို့ အောင်ချမ်းသာ ရပ်ကွက်တွင် တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် မြန်မာ့မီးရထား ဝန်ထမ်းများက ပြောကြားသည်။ လမ်းဖြတ်ကူးခဲ့သည့်ကားမှာ အင်းရွာသစ်ရပ်ကွက် အောင်မင်္ဂလာလမ်း အတိုင်းအရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကားမှာရထားနှင့် အတူကိုက် ၁၀၀ ခန့်အထိ တွဲလျက်ပါသွားကြောင်း မျက်မြင်တွေ့ရှိခဲ့သူ မုံရွာမြို့ခံများက ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 26 Sep 2013 11:20 PM PDT
ဧရာဝတီတိုင်းဒေသကြီး၊
ဖျာပုံခရိုင်လုံးကျွတ် အမဲသားသတ် လိုင်စင်များကို ယခုနှစ်အတွက်
သံဃာတော်များက န၀ကမ္မငွေများဖြင့် စုဆောင်း၍ လိုင်စင်ဆွဲယူခဲ့ကြောင်း
ဧရာဝတီတိုင်း သံဃာ့နာယက အဖွဲ့ဝင် ကျိုက်လတ် ကံကျောင်းဆရာတော် ဦးဝံသပါလက
မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။ ဆရာတော်က ““သိန်း ၂၀၀ ကျော်တယ်။
စည်ပင်ကို သွင်းလိုက်တယ်။ ဘေးမဲ့ပေါ့။ ဒီကျိုက်လတ်မှာ အမဲသားမရှိဘူး။
မရှိဘူး ဆိုတာကတော့ ရှိတော့ ရှိတာပေါ့။ ဒိုင်လျှိုလေးတွေ ကျတော့ ငါတို့လည်း
မလိုက်နိုင် ဘူးလေကွာ။ ကျေးရွာကနေ အသိပေးရင်တော့ ချက်ချင်း ဆင်းဖမ်းတယ်။
ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး ရိုက်စားနေရင်တော့ တို့လည်း
မသိဘူး။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 26 Sep 2013 03:47 PM PDT
ကက်ရှ်မီးယားရဲ့ အိန္ဒိယ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ဒေသမှာ စစ်သွေးကြွတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၂ ယောက် သေဆုံးသွားပါတယ်။ လက်နက် အပြည့်အစုံနဲ့ စစ်ယူနီဖောင်းတွေ ဝတ်ထားတဲ့ စစ်သွေးကြွတွေဟာ ပါကစ္စတန် နယ်စပ်နားက စစ်စခန်းကို ဝင်မတိုက်ခင် ရဲစခန်းတစ်ခုကို စတင် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။ အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့တွေဟာ စစ်စခန်းမှာ ဝင်ရောက်တိုက်ခိုက်သူတွေနဲ့ တိုက်ပွဲ ဖြစ်နေဆဲလို့ သိရပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် မာမွန်ဟန်ဆင်း ကတော့ ဒီလုပ်ရပ်ဟာ ရိုင်းစိုင်းတဲ့ တိုက်ခိုက်မှုလို ဆိုပြီး ဒါဟာ ပါကစ္စတန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို လမ်းကြောင်းလွဲ သွားစေတယ်လို့ ပြောပါတယ်။ ကုလသမဂ်ဂ ညီလာခံ တက်နေတဲ့ ပါကစ္စတန်နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ဟာ အခု သီတင်းပတ်အတွင်း အလွတ်သဘော တွေ့ဖို့ ရှိပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) |
||||||
Posted: 26 Sep 2013 03:43 PM PDT
မြန်မာနိုင်ငံအနေနဲ့ ဒုံးလက်နက်နည်းပညာနဲ့ပတ်သက်ပြီး မြောက်ကိုရီယားနဲ့ စစ်ရေးဆက်ဆံမှုတွေ ရှိနေတုန်းပဲလို့ ၀ါရှင်တန်အခြေစိုက်တဲ့ ကိုရီယားသတင်းဌာနတခုမှာ ရေးသားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရှိပြီးသား ဒုံးလက်နက်ပစ္စည်းတွေကို ပြင်ဆင်ထိမ်းသိမ်းဖို့ မြောက်ကိုရီးယားဟာ လိုအပ်နေတုန်းပဲလို့လည်း မြန်မာစစ်ရေးအကဲခတ်တဦးက ဗွီအိုအေကို ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment