Friday, September 27, 2013

ခင်ဗျားတို့ ပစ်ထားကြတော့မှာလား


ခင်ဗျားတို့ ပစ်ထားကြတော့မှာလား.။ ခင်ဗျားတို့ပြောတော့ ကျောင်းသားတွေဟာ
တိုင်းပြည်ရဲ့ အနာဂတ်တွေဆို....။ ခု ခင်ဗျားတို့ပြောပြောနေတဲ့ တိုင်းပြည်ရဲ့
အနာဂတ်တွေဟာ အပြိုင်အဆိုင်လူ တစ်စုရဲ့ လက်ထဲမှာ ရူးနေအောင်
ကစား ခံနေရပြီဗျ.။ အဲ့ဒါကို ခင်ဗျားတို့ သိကြလား.။

ကျွန်တော်တို့ ကျောင်းတစ်ကျောင်းအနေနဲ့ဘဲ ခံစားပြီးပြောပြမယ်.။
ကျွန်တော်တက်တာ မန္တလေး-လားရှိုးလမ်း ဘေးက နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) ပါ.။

ကျွန်တော် ဒီကျောင်းကိုရောက်လာတာ သုံးနှစ်ရှိပြီ.။
ကျောင်းစဖွင့်ကတည်းက ရောက်တာပါ.။ ဒီကျောင်းက သက်တမ်း နုသေးတယ်.။
သုံးနှစ်ပဲရှိပါသေးတယ်.။ အဲ့တုန်းကတော့ မြန်မာနိုင်ငံမှာ ပထမဆုံး
Center of Excellence-COE နဲ့ researched-based university ဆိုတော့
တက်ချင်လိုက်ကြတာမှ သောက်သောက်လဲပေါ့.။
IELTS ကိုလဲ 6.5 ရအောင် သင်ပေးမယ်ဆိုပြီး ကတိပေးတော့
ကျောင်းသားတိုင်း အိပ်မက်မက်ကြတဲ့ တက္ကသိုလ်ကြီးပေါ့ဗျာ.။

ဒါနဲ့ပဲ ပထမဆုံးနှစ်က အမှတ်အနဲဆုံး ၃၅၀ ရမှ ၀င်ခွင့်ဖြေခွင့်ရမယ်တယ်.။
ဝင်ခွင့်ကို စာတွေ့ အနေနဲ့ သချာင်္နဲ့ အင်္ဂလိပ် ပြန်ဖြေရပါတယ်.။
ဝင်ခွင့်အောင်တဲ့ သူတွေ က လူတွေ မေးတာတွေကိုလဲ သွားဖြေရပါသေးတယ်.။

ဒီလိုနဲ့ ခက်ခက်ခဲခဲ စကာ အမျိုးမျိုးကြားမှာ တက်လာခဲ့တဲ့ကျောင်းကြီးပါဗျာ.။

ကျွန်တော်တို့ ပထမနှစ် တစ်နှစ်လုံး တာဝန်ကျေအောင်တက်ခဲ့ပါတယ်.။
သူတို့ပြောခဲ့တဲ့ research-based university ဆိုတာ အခြားကျောင်းတွေထက်တောင်
လက်တွေ့ မလုပ်ရပါဘူး.။ လက်တွေ့စက်တွေကိုလဲပေးမသုံးလို့
ကျွန်တော်တို့ ကျောင်းသာ။း အချို့ လက်မှတ်ထိုးပြီး
လက်တွေ့လုပ်ချင်ပါတယ်လို့ တင်မှ သုံးခဲ့ရတာတွေလဲ အများကြီးပါ။

IELTS -6.5 ရဖို့ မပြောပါနဲ့..။ Grammer တွေကိုတောင် အလွတ်ကျက်နေရတယ်ဆိုတာ
ကျွန်တော်တို့ ကျောင်းမှာစာသင်ဖူးတဲ့သူတွေသိကြမှာပါ.။

ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ကျောင်းက ပထမစဖွင့်ကာစမို့လို့ပါ ဆိုတဲ့ ချွေးသိပ်တဲ့စကားလေးတွေနဲ့ပဲ ကျေနပ်ပြီး ကျွန်တော်တို့
ဆက်ပြီး တက်ခဲ့တာပဲ.။

ပထမနှစ်မှာ ကျွန်တော်တို့ကျောင်းကနေ ကျောင်းခေါ်ချိန် မပြည့်လို့ဆိုတဲ့
အကြောင်းပြချက်နဲ့ ကျောင်းသား.၁၀ ယောက်ကို စာမေးပွဲ ဖြေဆိုခွင့်ရပ်နားခဲ့ပါတယ်.။
ပထမနှစ်မှာ ကတည်းက ကျောင်းခေါ်ချိန်ကို ၂ လ တစ်ကြိမ် ပုံမှန် ထုတ်ပြန်ပေးပါတယ်.။
ဒီဘား စာရင်းမှာပါတဲ့ ကျောင်းသားတွေကလဲ ကျောင်းမှာ ကျောင်းအပျက်ဆုံး
လုံးဝကို ကယ်တင်လို့ မရတဲ့ကျောင်းသားတွေ ဖြစ်လို့ ထုတ်တာပါ.။
ဒါနဲ့ပဲ ကျွန်တော်တို့ ဘာမှ စောဒက တက်စရာ မရှိဘဲ ကျောင်းနားရတဲ့ သူတွေ
ကျေကျေနပ်နပ်နဲ့ နားခဲ့ကြပါတယ်.။
ပြီးတော့ ကျွန်တော်တို့ ဖြေခွင့်ရတဲ့ သူတွေ ဆက်ဖြေတယ်ပေါ့ဗျာ.။

စာမေးပွဲ အောင်မှတ်က ပျှမ်း မျှ ၆၀ ရရင်အောင်မယ်လို့ ကျောင်းဖွင့်ကာစ က
ကြေငြာထားပါတယ်.။ ဒါနဲ့ အောင်စာရင်းထွက်လာရော....
ကျောင်းသား သုံးရာ ကျော် ကျကြတယ်။ အကုန်လုံးကလဲ ဘာမှ သတိမထားမိဘဲ
ကိုယ်စာမလုပ်လို့ ကိုယ်ကျရတာပါ ဆိုပြီးတော့ ကျွန်တော်တို့ အကုန်ပြန်တက်ခဲ့ကြတယ်.။
ဒါနဲ့ပဲ ကျွန်တော်တို့ ပထမနှစ်ကို ဒုတိယ တစ်ကြိမ် ပြန်တက်ခဲ့ကြတယ်.။

ထူးခြားတာက ကျောင်းရဲ့ သက်တမ်း ဒုတိယ နှစ်အတွင်းမှာ ကျောင်းခေါ်ချိန် မပြည့်ကြောင်း
အများကြီး ထုတ်ပြန်ခဲ့ပေမဲ့ နှစ်ဝက်ဆုံးတဲ့ အချိန်မှာ ကျောင်းခေါ်ချိန် မပြည့်လို့
ကျောင်းတစ်နှစ်နားခံရတဲ့ ကျောင်းသား တစ်ယောက်မှ မရှိတာပါပဲ.။
သတင်းတွေ အမျိုးမျိုးကတော့ အမျိုးမျိုးကြားရတာပေါ့ဗျာ..။။
ဘယ်သူ သားက ကျောင်းခေါ်ချိန် မပြည့်လို့ သူ့ကိုညှာပြီး မထုတ်ပြန်တာ ဘာညာ
သတင်းတွေ အများကြီးကြားရပါတယ်။။ ဒါနဲ့ ကျွန်တော်တို့ စာမေးပွဲ ဖြေဆိုပြီး
ကျွန်တော်တို့ ပထမနှစ်ကို အောင်မြင်ခဲ့ကြတယ်.။

ဒါနဲ့ ကျောင်းသက်တမ်း တတိယနှစ်ကို ရောက်လာပါတယ်.။
အကုန်လုံး အေးအေး ဆေးဆေးနဲ့ ဖြတ်သန်းလာခဲ့တယ်။.။ ဒီလိုနဲ့
နောက်ဆုံး စာမေးပွဲဖြေခါနီး ဖြေဆိုခါနီး သုံးပတ် အလိုမှာမှ
ကျောင်းခေါ်ချိန် မပြည့်မှီလို့ စာမေးပွဲ တစ်နှစ် အနားခံရတဲ့စာရင်းထုတ်ပြန်လိုက်ပါတယ်.။
ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၇၈ ယောက်တိတိ ပါဝင်ပါတယ်.။
ဒီနှစ်မှာ ကျောင်းဟာ ကျောင်းခေါ်ချိန်ကို အချိန်မှန် ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး.။
ကျောင်းခေါ်ချိန် မပြည့်မှီလို့ အိမ်တွေကို အကြောင်းကြားဖို့ကို လဲ ပျက်ကွက်ခဲပါတယ်.။
ဒါ ဟာ ကျောင်းတာဝန်ရှိသူတွေ အနေနဲ့ အလုပ်ရှုပ်လို့ ဆိုပြီး ဆင်ခြေလွယ်လွယ်ပေးရင်း
ပြီးသွားမဲ့ ကိစ္စ ဖြစ်ပေမဲ့ တစ်နှစ် နားခံရတဲ့ ကျောင်းသား ကျောင်းသူတွေ
အနေနဲ့ကတော့ တစ်နှစ် နာသွားတဲ့ ကိစ္စပါ.။

နောက်တစ်ချက် ပြောချင်တာက... ကျွန်တော်တို့ကျောင်းမှာ
ပထမနှစ် .. ဒုတိယ နှစ် ... နဲ့ တတိယနှစ် ဆိုပြီး စာသင်နှစ် သုံးနှစ်က
ကျောင်းသား ကျောင်းသူတွေ သင်ကြားနေပါတယ်.။
အဲ့ထဲမှာ မှ ပထမနှစ်နဲ့ ဒုတိယနှစ်က ကျောင်းသားကျောင်းသူတွေဟာ
ငါးနှစ် တတ်ရောက်ပြီးရင် BE ဘွဲ့ တစ်ဘွဲ့ရရှိမှာ ဖြစ်ပါတယ်.။
ဒီနှစ်မှ စတက်လာတဲ့ ပထမနှစ်တွေ အတွက်ကတော့ စနစ်အသစ်ထဲမှာ ပါသွားတဲ့အတွက်... ခြောက်နှစ် တက်ရောက်ပြီးမှ BE ဘွဲ့ရရှိမှာဖြစ်ပါတယ်.။
ကျောင်းခေါ်ချိန် မပြည့်လို့ တစ်နှစ်နားခံရတဲ့ အထဲမှာ .. ဒုတိယနှစ်ကျောင်းသား
အများစုပါသွားပါတယ်.။

ဒီကိစ္စ မှာ သတင်းထောက်တွေက ကျောင်းအုပ်ကြီး(ကျွန်တော်တို့ ကျောင်းမှာ
ကျောင်းအုပ်ပဲရှိတယ်.. ပါမောက္ခ ချုပ်မရှိ ) ကို ဒီကိစ္စနဲ့ ပက်သက်ပြီး
မေးမြန်းတဲ့ အချိန်မှာ..
ကျောင်းအုပ်ကြီးက

ကျောင်းခေါ်ချိန် တွေကို ကျောင်းသားတိုင်း သိအောင်
နှစ်လ တစ်ကြိမ် ထုတ်ပြန်ကြေငြာပေးပါတယ်.။

ဆိုကတည်းက ကျွန်တော် အရမ်း စိတ်မကောင်း ဖြစ်သွားမိပါတယ်.။
ကျွန်တော် တွေးလိုက်မိတာက ကျောင်းအုပ်ကြီးအနေနဲ့ ဒီကိစ္စ အတွက်နဲ့
တစ်နိုင်ငံ လုံးကို လိမ်လိုက်ရပြီ ဆိုပြီး စိတ်မကောင်းဖြစ်တာပါ.။
ဘာလို့လဲဆိုတော့ နှစ်လ တစ်ကြိမ် မထုတ်ပြန်ပေးခဲ့ဘူးဆိုတာ
ကျွန်တော်တို့ သိနေတာပဲလေ.။
နောက်တစ်ချက်က ကျွန်တော်တို့ အနေနဲ့ မထိ ဘူးလို့ သာ သိရတာ
ဘယ်ဘာသာ က ဘယ်လောက်မို့ မထိတာလဲကို ကြည့်ရ ရှုရတာ အရမ်းခက်ခဲပါတယ်.။

ဒုတိယနှစ်ကျောင်းသားတွေဟာ တစ်နှစ်နားခံလိုက်ရတဲ့ အတွက်..
ပထမနှစ်တွေနဲ့ အတူတူ ပြန်တက်ရောက်ရမှာ ဖြစ်တဲ့ အတွက်
ခြောက်နှစ်စာရင်းထဲပါဝင်သွားပြီး ပညာသင်နှစ် နှစ်နှစ် ပုပ်သွားရပါတယ်.။
ကျွန်တော်တို့ အနေနဲ့ ကျောင်းကို လျော့ပေါ့ ပေးဖို့...
နှစ်ဝက်ဆုံး စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့သူတွေကို
ပြန်လည်ဖြေဆိုခွင့်ပေးဖို့... ကျွန်တော်တို့ အသနားခံပါတယ်.။
ဝန်ကြီး ဌာနကို အသနားခံပါတယ်.။ သမ္မတ ရုံးကို အသနားခံပါတယ်.။
ယခု အချိန်ထိတော့ ဘာမှ ထူးခြားမလာခဲ့ပါ.။
ဒါကြောင့် ကျွန်တော်တို့လဲ နောင်နှစ်မှာ ဒီလို အဖြစ်မျိုးထပ်မဖြစ်အောင်ကြိုးစားမယ်ဆိုပြီး
ကျွန်တော်တို့ ငြိမ်နေခဲ့ကြပါတယ်..။

ဒီလိုနဲ့ စာမေးပွဲတွေ ဖြေကြတယ်ပေါ့ဗျာ...။ ကျွန်တော်ပြောဖို့ တစ်ချက် ကျန်သွားတယ်.။
ကျွန်တော်တို့ ကျောင်းက တစ်နှစ် တစ်နှစ် အောင်မှတ် ကို ပနှစ်ဝက် ဒုနှစ်ဝက် စတဲ့
စာမေးပွဲတွေ ဆီက အမှတ်တွေ ပြန်ယူပြီး တွက်ပါတယ်.။
ဒီမှာ အချို့ ဘာသာတွေက ပနှစ်ဝက်ဆုံးမှာ ပါပြီး ဒုနှစ်ဝက်ဆုံးမှာ မပါပါဘူး.။
ဒီမှာ မေးစရာ ဖြစ်လာတာက ပနှစ်ဝက်ဆုံးမှာ ကျရင် ဒုနှစ်ဝက် ဆုံး မှာ မပါတဲ့
အတွက် တစ်နှစ်လုံး အကျသတ်မှတ်လား.. မသတ်မှတ်ဘူးလား ဆိုတာကို
ကျွန်တော်တို့ ကျောင်းသားတွေ မရှင်းမလင်း ဖြစ်နေပါတယ်.။
စာသင်တဲ့ ဆရာ ဆရာ မတွေ မေးကြည့်တော့လဲ ရေရေရာ ရာ မသိရပါဘူး.။

ဒါနဲ့ ကျွန်တော်လဲ ကျောင်းအုပ်ကြီး ပြီးရင် နဲနဲ တာဝန်အကြီးဆုံးလို့ ယူဆမိတဲ့
မော်ကွန်းထိန်းကို ဖုန်းဆက်မေးကြည့်တော့ ဆရာ ဖြေတဲ့ အဖြေကြောင့်
ကြောင်တောင်တောင် ဖြစ်သွားမိပါတယ်.။

ဆရာလဲ မသိပါဘူးတဲ့.။ ဌာန မှူး အစည်း အဝေးပွဲ လုပ်ပြီးမှ သိမှာပါတဲ့.။
ကျွန်တော်တို့ ကျောင်းသားတွေ ဖိုင်နယ် စာမေးပွဲ ဖြေနေတာ ဖြင့်
ငါးဘာသာ တောင်ပြီးကုန်ကြပါပြီ.။ ဒီလို အရေးကြီးတဲ့ ကိစ္စမျိုး
ကျောင်းသားတွေကို အသိပေးဖို့ မပြောနဲ့ ဆရာ ဆရာမတွေတောင် သေချာ မသိသေးတဲ့
သဘောပါ.။ ဒီတော့ ကျွန်တော် တို့က ဘာတွေလဲ...။ ကျွန်တော်တို့ကို ဘယ်လို သဘောထားတာလဲ.။ ကျွန်တော်တို့ က လူတွေ ပါ.။ စမ်းသပ်ခံတဲ့သတ္တ၀ါလေးတွေ မဟုတ်ဘူး.။

ပြီးတော့ ကျောင်းအုပ်ကြီး က ကျောင်းမှာ အရည်အချင်းရှိတဲ့ သူတွေပဲ
ဆက်ထားသွားမယ် ဆိုတာ မျိုးကို မီဒီယာတွေကို ပြောလာပါတယ်.။
အရည်အချင်းဆိုတာ ဘာနဲ့ ဆုံးဖြတ်တာလဲ ဆိုတာ ကျွန်တော်မသိဘူး.။

ပြီးတော့ ကျောင်းက တာဝန်ရှိတဲ့ ဆရာ တစ်ယောက်ကလဲ ဒီနှစ်
ကျောင်းခါ မယ် ဘာညာနဲ့ ပြောရအောင် ကျွန်တော်တို့က အမှိုက်တွေ မဟုတ်ဘူး.။

နှစ်ဘက်လုံးရဲ့ အားနည်းချက်တွေကို တစ်ဖက်ထဲမှာပဲ စုပုံပြီး အပြစ်တင်ဖို့
ကြိုးစားတာကို ကျွန်တော် လက်မခံနိုင်ပါဘူး.။

ပြီးတော့ ကျွန်တော်တို့ကို တိုင်းပြည် အနာဂတ်ခေါင်းဆောင်တွေ လို့
ပြောပြောနေပြီးတော့ ကျွန်တော်တို့ ကျောင်းသားတွေကို
တာဝန်ရှိသူတွေကိုယ်တိုင်က ဖြစ်ကတတ်ဆန်း ကိုင်တွယ်နေတာတွေ
မြန်မြန်ရပ်ဖို့ သင့်နေပါပြီ.။

ဒါဟာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ ကျောင်းသားတွေရဲ့
ကိစ္စ ပါ.။ ကျွန်တော်တို့ ကျောင်းတစ်ကျောင်းထဲမှ ဒီလို မဟုတ်ပါဘူး.။
ကျွန်တော်တို့ကျောင်းဟာ COE ထဲက တစ်ကျောင်းပါ.။
COE ထဲကကျောင်းတောင် ဒီလို ဖြစ်နေရင် ကျန်တဲ့ကျောင်းတွေ
ဘယ်လိုနေမလဲ.။

ဒီကိစ္စတွေ ဒီလိုတွေ ဖြစ်နေကြတာကို... မိဘ ပြည်သူတွေက
ဒီလိုပဲကြည့်နေ ကြတော့မှာလား ခင်ဗျာ....။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...