Monday, September 30, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၉)

သစ်ထူးလွင်



Posted: 30 Sep 2013 05:27 AM PDT

ဂျပန်နိုင်ငံက တစ်ပတ်ရစ် မီးရထားတွဲဆိုင်းတွေကို ဝယ်ယူပြီး လေအေးစက်တပ်ဆင် ပြေးဆွဲမယ့် ရန်ကုန်မြို့ရဲ့ ပထမဆုံး မြို့ပတ်အမြန်ရထားကို တစ်နေ့ ၈ကြိမ်ပြေးဆွဲသွားမယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးက စက်တင်ဘာ ၂၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Sep 2013 05:20 AM PDT

မိုးအဆက်မပြတ်ရွာသွန်းပြိးနောက် မန်းချောင်နဲ့ သားမွေးချောင်းရေလျံပြီး မကွေးတိုင်း စကုမြို့က ပြည်သူ့ဆေးရုံနဲ့ ကျေးရွာ၂၀ကျော်လောက်ရေနစ်မြုပ်ေ
နပါတယ်။ ဒီသတင်းကို ဦးကျော်ဇေယျာဝင်းပေးပို့ထားပါတယ်။ ရိုက်ကူး - ဇော်ဖေ DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Sep 2013 05:11 AM PDT

အောက်တိုဘာလ(၃)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၃၈)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Sep 2013 05:08 AM PDT

အောက်တိုဘာလ(၂)ရက်နေ့ ထုတ် Mobile Guide Journal Issue 122

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Sep 2013 05:05 AM PDT

အောက်တိုဘာလ(၂)ရက်နေ့ ထုတ် Smart Pro Vol 1 Issue 35

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Sep 2013 05:03 AM PDT

စက်တင်ဘာလ(၂၉)ရက်နေ့ ထုတ် Reporter News Journal Issue - 39

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Sep 2013 05:00 AM PDT

စက်တင်ဘာလ(၂၉)ရက်နေ့ ထုတ် Digital Life နည်းပညာ ဂျာနယ် အတွဲ-၂၊ အမှတ်-၂၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 30 Sep 2013 04:54 AM PDT

တောင်တရုတ်ပင်လယ်ကနေ တိုင်ဖွန်းမုန်တိုင်း ထွက်ခွာသွားချိန်မှာ ငါးဖမ်းလှေ ၃ စီး နစ်မြုပ်ပြီး တရုတ်တံငါသည် ၇၄ ဦး ပျောက်ဆုံးနေပါတယ်။ မနေ့က ဟိုင်နန်ခရိုင်ကနေ ၃၃၀ ကီလိုမီတာအကွာ ပါရာဆဲလ်ကျွန်းတွေအနီးမှာ သင်္ဘောတွေကို တိုင်ဖွန်းမုန်တိုင်း ၀ူတစ်က တိုက်ခတ်သွားတာလို့ ရှင်းဟွာသတင်းဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အခု ဟိုင်နန်ရေကြောင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဌာနက ပျောက်ဆုံးနေသူတွေကို လိုက်ရှာနေပါတယ်။ အသက်ရှင်သူ ၁၄ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Sep 2013 04:50 AM PDT

မြေယာအဆောက်အဦတွေအပေါ် ရောင်းဝယ်တဲ့နေရာမှာ အများပြည်သူတွေက ကတိခံဝန်ချက်ဖြစ်တဲ့ စပါယ်ရှယ်ပါဝါနဲ့ချုပ်ဆိုပြီး ရောင်းဝယ်ကြတာဟာ ခိုင်လုံမှုမရှိဘူးလို့ ပြည်တွင်းအခွန်ဦးစီးဌာနက ပြောပါတယ်။ မြေယာအဆောက်အဦကို ၀ယ်ရောင်းတဲ့နေရာမှာ ကိုယ်ပိုင် မိမိရဲ့အမည်နဲ့ ပြောင်းပြီး အမည်ပေါက်လုပ်ဆောင်ထားမှသာ ခိုင်လုံမှုရှိတာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ မြေယာ အဆောက်အဦတွေကို ရောင်းဝယ်တဲ့နေရာမှာ ကတိခံဝန်ချက်တွေနဲ့ ချုပ်ဆိုပြီး ရောင်းဝယ်နေကြတာမျိုးတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီကတိခံဝန်ချုပ်တွေက ခိုင်လုံမှု မရှိဘူးလို့ ရန်ကုန်တိုင်း အခွန်ဦးစီးမှူး ဦးကျော်ကျော်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Sep 2013 04:13 AM PDT

လယ်ယာမြေ သိမ်းယူမှုတွေနဲ့ ပတ်သက်ပြီး မှန်ကန်ရင် အမြန်ဆုံး ပြန်ပေးမယ် ဆိုတာနဲ့ အစိုးရ စီမံကိန်းတွေ အတွက် နောက်ထပ် အသစ် လယ်ယာမြေ သိမ်းယူမှု မလုပ်ဘူးဆိုတာတွေကို ပြည်ထောင်စု ဝန်ကြီး ၃ ဦးက တောင်သူ လယ်သမား အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံရာမှာ အာမခံခဲ့ ပါတယ်။ သမ္မတရုံး ဝန်ကြီးတွေ ဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိမ်းနဲ့ မွေးမြူရေး ၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်တို့ဟာ မနေ့က မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ တောင်သူ လယ်သမား အရေး ဆောင်ရွက်နေကြတဲ အဖွဲ့အစည်း ၁၄ ဖွဲ့နဲ့ နိုင်ငံရေးပါတီ တခိျု့ လူပုဂ်ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နောက်ထပ် လယ်သိမ်းမှုတွေ မလုပ်ဘူးလို့ ဝန်ကြီး သုံးဦး အာမခံ

Posted: 30 Sep 2013 03:37 AM PDT

တိုး မြှင့် ပင်စင်လစာခံစားခွင့် ရရှိရန် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတချို့ အနေဖြင့် အခက်အခဲဖြစ်ပေါ်နေ ကြောင်း သိရသည်။ တိုးမြှင့်ပင်စင်လစာသစ်ခံ စားခွင့် မရရှိသေးသော ပင်စင်စား ဝန်ထမ်းများ အနေဖြင့် သက်ဆိုင် ရာ ငွေစာရင်းရုံးခွဲ၊ နီးစပ်ရာပင် စင်ဦးစီးဌာနရုံးချုပ်၊ တိုင်းဒေသ ကြီးရုံးနှင့် ပြည်နယ်ရုံးများကို ထွေ/ ဖုန်းနံပါတ်များနှင့် ဆက်သွယ် ရန် ကြေညာထားချက်အရ ဆက်သွယ် ထားသော် လည်း ပြန် လည်အ ကြောင်းကြားခြင်း မရှိကြောင်း လစာသစ်မရရှိသေးသော အငြိမ်း စားဝန်ထမ်းများထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 30 Sep 2013 03:09 AM PDT

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမယ့်သတင်
း ထွက်ပေါ်နေချိန်မှာ ရခိုင်ပြည်နယ်အတွင်း ခိုးဝင်သူတွေ ပိုများလာတယ်လို့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမိသားစု တွေ့ဆုံဆွေးနွေးပွဲမှာ ဒေသခံပြည်သူတဦးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒီဆွေးနွေးပွဲကို တက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ခြံစည်းရိုးကတော့ ကာတယ်။ ဒါပေမယ့် ချောင်းတွေ၊ မြောင်းတွေကျတော့ ကာမယ့်လူမရှိဘူး။ အဲဒီမှာ လှေတွေ ခိုးဝင် ခိုးထွက်ရှိတယ်။ ငါးဖမ်းတာတို့။ အမြဲတမ်း စိမ့်ဝင်ဖို့က ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုကာလမှာ ဒီဘက်ကို ခိုးဝင်လာကြတာ ပိုများတယ်” လို့ ပြောပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Sep 2013 03:00 AM PDT

စစ်ကိုင်တိုင်း မုံရွာခရိုင် လက်ပန်းတာင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို မဖြိုဖျက်ရေးအတွက် ချီတက်တောင်းဆို ဆန္ဒပြသူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် အချက် ၃ ချက် သဘောတူညီခဲ့ကြတယ်လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ကိုလှိုင်က ပြောပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Sep 2013 02:38 AM PDT

ရန်ကုန်မြို့တော်တွင် တစ်ပေပတ်လည် မြေဈေးစံနှုန်းများကို သတ်မှတ်လိုက်ခြင်းကြောင့် စက်မှုဇုန် ဈေးကွက်အတွင်း အရောင်းအဝယ် ရပ်တန့်လျက် ရှိကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။ အဆိုပါ စက်မှုဇုန် ဈေးကွက် အတွင်းတွင် ဝယ်ယူမည့်သူထက် စောင့်ကြည့်သူ ပိုမိုများပြားလျက် ရှိကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 30 Sep 2013 04:26 AM PDT
ကျောက်စကျောက်နတွေ စုပုံနေတဲ့ အကြားက လက်တစ်ဖ၀ါး စာလောက်ရှိတဲ့ ကျောက်စိမ်းတုံး တစ်တုံးကို ကြိုးစား ပမ်းစားနဲ့ ရှာဖွေနေတဲ့ ကိုတင်ထွန်း အတွက် အခုချိန်မှာတော့ သူလိုချင်တာကို ရရှိသွားခဲ့ပါပြီ။ အဲဒီ ကျောက်စိမ်းတုံးက သူ့ရဲ့ဘ၀အတွက် ကောင်းမွန်တဲ့ အပြောင်း အလဲတစ်ခုကို ဖန်တီး ပေးနိုင်လိမ့်မယ်လို့လည်း ကိုတင်ထွန်း တစ်ယောက် မျှော်လင့်နေပါတယ်။ အရင်ကလည်း အလားတူ ဖြစ်ရပ်မျိုး ကိုတင်ထွန်း ကြုံခဲ့ရပြီးပါပြီ။ “မနှစ်က ကျပ်သိန်း ၅၀၀ နီးပါးတန်တဲ့ ကျောက်စိမ်းတုံး တစ်တုံးကို ကျွန်တော်ရခဲ့ဖူးတယ်” လို့ ကိုတင်ထွန်းက ပြောပါ တယ်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 30 Sep 2013 02:05 AM PDT

မန္တလေးမြို့ ဒိုင်းမွန်းပလာဇာတွင် ကျင်းပခဲ့သည့် စတိတ်ရှိုးပွဲ၌ ပရိသတ်အချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားရာမှ လူခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ ယင်းဖြစ်စဉ်တွင် ပါဝင်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။ ယခုလ ၂၇ ရက်က မန္တလေးမြို့ ဒိုင်းမွန်းပလာဇာတွင် ကျင်းပခဲ့သည့် ရှိုးပွဲ၌ ပွဲကြည့်သူအချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားခဲ့ရာ လူငယ်ခုနစ်ဦး ဒဏ်ရာများရရှိခဲ့ပြီး၊ ရန်ပွဲတွင် ပုလင်းကွဲ၊ ဖန်ကွဲများဖြင့် ရိုက်နှက်ခဲ့ကြပြီး ထိုသို့ရိုက်နှက်ခဲ့သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများတွင် ဆယ်ကျော်သက်အရွယ်လူငယ်များ ပါဝင်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မေ၂၆ရက်ညကကျင်းပခဲ့သော (မျှော်စင်ကျွန်း)  ဟစ်ဟော့ရှိုးပွဲမြင်ကွင်း ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)


Posted: 30 Sep 2013 01:55 AM PDT

လူငယ်တစ်ဦးက ဓာတ်ဆီပုလင်းကိုင်၍ လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့် ပက်ကာ မီးတို့သောကြောင့် တတိယတန်း ကျောင်းသားလေးတစ်ဦး၏ ကျောကုန်းတွင် မီးလောင်ဒဏ်ရာ ရရှိသွားသော ဖြစ်စဉ်တစ်ခု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းပိုင် နယ်မြေတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ““ဖြစ်စဉ်ဖြစ်ခဲ့တာ မှန်ပါတယ်။ ပြစ်မှုကျူးလွန်သူက တိမ်းရှောင်နေပြီး တရားဥပဒေအတိုင်း ဆက်လက်အရေးယူသွားမှာပါ”” ဟု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်စိန်မြင့်က ပြောသည်။ ဟင်္သာတမြို့၊ မြ၀တီရပ်ကွက်တွင် စက်တင်ဘာ ၂၈ ရက် ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ကျော်ထက်ဝင်းဆိုသူက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကလေးငယ်ကျောကုန်းမှမီးလောင်ဒဏ်ရာ ဓာတ်ပုံ - Hinthada Humanright

Posted: 30 Sep 2013 01:49 AM PDT

ထူးခြားသည့် ပထဝီ အနေအထားအရ ရခိုင်ပြည်နယ်တွင် နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် ရခိုင်တိုင်းရင်းသားများ ခက်ခက်ခဲခဲ ကာကွယ်နေရပြီး ရခိုင်တိုင်းရင်းသားများ သာ မကာကွယ်ခဲ့ပါက မြန်မာနိုင်ငံ မြေပုံသည် ယခုအတိုင်း တည်ရှိနေမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ ရန်ကုန်မြို့တော် International Business Centre (IBC) တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Sep 2013 11:03 PM PDT

တိုင်းရင်းသား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပဒေမူကြမ်းကို ရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ပြီး ယင်းမူကြမ်းကို လွှတ်တော်တင်ရန် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ အဆိုပါ ဥပဒေမူကြမ်း တတိယအဆင့် အနေနှင့် ရှေ့နေချုပ်ရုံးနှင့် အဆိုပါရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဥပဒေချုပ်များနှင့် ညှိနှိုင်းပြီး အဆိုပါ ဥပဒေမူကြမ်းကို လွှတ်တော် တင်ရ် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Sep 2013 10:58 PM PDT

တပ် မတော်နှင့် KNU ကရင်အမျိုး သား အစည်းအရုံးနှင့် အကြိမ်ကြိမ် ထိတွေ့ဆက်ဆံမှုများကြောင့် ယုံ ကြည်မှု တည်ဆောက်ခြင်းသည် ၉၉ဒသမ၉၉ရာခိုင်နှုန်းအထိ တိုး လာပြီဟု ကာကွယ်ရေးဦးစီးချုပ် က တင်စား ပြောဆိုကြောင်း KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။ ဖဒိုမန်းငြိမ်းမောင်က ''အခု နှစ် နှစ်ဆန်းပိုင်းမှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့စပြီးတွေ့တယ်။ သူက ပထမအကြိမ် KNU နဲ့တွေ့ဆုံ တုန်းက ယုံကြည် မှု က ရာခိုင်နှုန်း ရဝ ပဲရှိ တယ်။ အခု တတိယအကြိမ်တွေ့ တော့ ယုံကြည်မှုတည်ဆောက် တာက ၉၉ဒသမ၉၉ရာခိုင်နှုန်း ရှိလာပြီဆိုပြီးတော့ ပြောတယ်။ တော်ရုံတန်ရုံကိစ္စတွေဆို နားလည် မှုရှိလာပြီလို့ ပြောတယ်။ နှစ်ဦး နှစ်ဖက်တွေ့ ဆုံတာ သုံးကြိမ်ရှိပြီ ဖြစ်တဲ့အတွက် ဆက်ဆံရေးက တိုးတက်လာတယ်''ဟု ကာကွယ် ရေးဦးစီးချုပ်က ပြောဆိုခဲ့ကြောင်း ပြောသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Sep 2013 10:52 PM PDT

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ပြည်နယ်အစိုးရ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းမရှိသေးကြောင်း KNPP မှ ဗိုလ်မှူးဘုန်းနိုင်က ပြောသည်။ “တိုင်းပြည်အတွက် ဖွံ့ဖြိုးရေးလုပ်မယ်။ လမ်းပန်းဆက်သွယ်ရေးလုပ်မယ်။ ကျန်းမာရေးကိစ္စတွေ လုပ်မယ်။ ကျနော်တို့က တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ကျနော်တော်တို့ ၀င်ထွက်ပြီးတော့ ပူးပေါင်းလုပ်ဆောင်တာမရှိဘူး။ ဒီနေ့ အထိပဲ။”   ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 29 Sep 2013 10:46 PM PDT

၂၀၁၄ ခုနှစ်မကုန်ခင် မွန်နှစ်ပါတီ ပူးပေါင်းရေးအတွက် အလေးထား ဆောင်ရွက်သွားမယ်လို့ မွန်အမျိုးသား ညီလာခံ ဒုတိယနေ့ ပါတီပေါင်းစည်းရေး ဆွေးနွေးပွဲမှာ ပါတီခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။ ပါတီပေါင်းစည်းရေးနဲ့ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါ
တီ ဥက္ကဌ နိုင်ငွေသိန်းက RFA ကို အခုလိုပြောပါတယ်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Sep 2013 10:43 PM PDT

ရခိုင်ပြည်နယ်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံ ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် စက်တင်္ဘာလ ၂၉ ရက်နေ့က ကျင်းပ ပြုလုပ်သော ဆွေးနွေးပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယကလည်း ဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌလည်း ဖြစ်သော သူရ ဦးရွှေမန်း တက်ရောက်ပြီး ရခိုင်မိသားစုများ၏ တင်ပြချက်များကို အထူးဂရုပြု နားထောင်ခဲ့သည်ဟု သိရသည်။ ၎င်းဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် အတွင်းရှိ ၁၇ မြို့နယ်မှ တစ်မြို့နယ် (၃) ဦးကျစီဖြင့် ကိုယ်စားလှယ် (၅၀) ကျော် တက်ရောက်ခဲ့ပြီး လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းအား ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ၏ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးတင်ပြခဲ့ကြသည်
ဟု တက်ရောက်ခဲ့သူများက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

( ဤဓါတ်ပုံအား Rakhine Citizen Journalists Facebook မှ ကူးယူဖေါ်ပြသည်။)


Posted: 29 Sep 2013 10:40 PM PDT

ဝိပဿနာဆရာကြီး ဦးဂိုအင်ကာသည် စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီခန့်က သူ၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ကြောင်းသတင်းရရှ
ိသည်။
သူ၏ ဈာပနကို အောက်တိုဘာ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံဘုံဘေမြို့တွင်ကျ
င်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ဆရာကြီး ဦးဂိုအင်ကာသည် ၁၉၂၄ ခုနှစ်က မြန်မာနိုင်ငံ မန္တလေးမြို့တွင်မွေးဖွားခဲ့ပါ
သည်။
Popular Myanmar News Journal


Posted: 29 Sep 2013 10:37 PM PDT

လျှပ်စစ်မီး ၂၄ ရရှိရေး အတွက် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ဒေသခံ ၃၀၀၀ ကျော်ခန့်က ယနေ့တွင် လမ်းမများပေါ် ချီတက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။ ဆန္ဒဖေါ်ထုတ်ပွဲကို ယနေ့ (စက်တင်္ဘာလ ၃၀ ရက်)  နံနက် ၉ နာရီမှ စတင်က ရမ်းဗြဲမြို့ တလျှောက်ရှိ လမ်းမများပေါ် ချီတက် လှည့်လည်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးဆောင် ပါဝင်သူ ကိုကျော်လွင်က နိရဉ္စရာသို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...