သမိုင်းနှင့်ပတ်သက်သော ပအိုဝ်းတိုင်းရင်းသားများ ၅
ထို့ကြောင့်တောင်သူ (ပအူ) ပအိုဝ်းနှင့် တောင်သား(ရောင်တူ) လူမျိုးတို့သည် ပျူလူမျိုးတစ်မျိုးတည်းမှဖြစ်ကြောင်းထင်ရှားလေသည်။ ပျူတို့၏ မြို့တော်ပောာင်းများကို လေ့လာမှတ်တမ်းပြုကြရာ၌ သထုံကိုချန်ထားလေ့ရှိကြသည်။ အကြောင်းမှာသထုံ၏ နှောင်းခေတ်ကာလများ ၊ ပျက်သုဉ်းရချိန်များသည် မွန်တို့ ထိုးဖေါက် ၀င်ရောက် လွှမ်းမိုးခြင်းကြောင့်ဖြစ်သည်။ ပျူတို့၏ မြို့တော်များမှာ ရှေးအကျဆုံး ပာံလင်းမှတကောင်း ၊ ဗိဿနိုး ၊ သရေခေတ္တရာ ၊ ပင်လယ်(မိုင်းမော) စသောမြို့များအပြင် သထုံသည်လည်း အဓိကပါဝင်ပတ်သက်မှု ရှိခဲ့ပါသည်။
တကောင်းဆိုတာပျူပဲ၊ တကောင်းမှာ ပျူအထောက်အထားတွေတွေ့ရတယ်။ အခုတကောင်း ကို တူးဖော်၍ ရွှေဖေါင်းကြွဆင်းတုတော်က ရန်ကုန်ကို ရောက်နေပါပြီ ။ အဲဒီဖေါင်းကြွမျိုး ၁၉၆၀- ပြည့်နှစ်က သုဝဏ္ဏ ဘူမိမြို့၊ သထုံမြို့ကို ဆရာတပည့် ဦးစံဝင်း မပာာဝိဇ္ဇာဘွဲ့အတါက် ကျမ်းပြုဖို့လေ့လာစဉ်က တွေ့ရှိသည်။ တကောင်းနဲ့ သုဝဏ္ဏဘူမိ ဆက်သွယ်ပုံကိုလေ့လာဖို့ လမ်းစပေါ်ပေါက်လာသည်။
သထုံ ပာူသော ဝေါပာာရမှာပအိုဝ်းဘာသာ သဲုင်ထွုံ မှရွေ့လျားလာခြင်းဖြစ်ကြောင်း၊ ဘီစီ ၆၀၀ ကတည်းကပင် သထုံတွင် ပအိုဝ်းလူမျိုးတို့ ရှိခဲ့ကြောင်း မပာာသက္ကရာဇ် ၂ ခုနှစ်အတွင်း သူရိယန္ဇာမင်း အုပ်ချုပ်စဉ် ရွှေစာရံဘုရားတည်ခဲ့ကြောင်း၊ လယ်တီ ဦးလှတင်ရေး ဇိနိန်ကွန်လှိုင် ရွှေစာရံဘုရားသမိုင်းတွင် ဖော်ပြထားသည်။ သထုံတွင် မင်းဆက်ပေါင်း (၁၅၈) ဆက်အုပ်ချူပ်ခဲ့ပြီး (၁၄၇) ဆက်နောက်ပိုင်းတွင် ဓမ္မမာလာမင်းမှစ၍ ပအိုဝ်းမွန်စပ်မင်းများ အုပ်ချုပ်ခဲ့ကြောင်း နောက်ဆုံးမင်းမှာ မနုပာာမင်းဖြစ်ကြောင်း၊ သုဝဏ္ဏပကာသနီကျမ်းနှင့် ဦးကုလားရာဇ၀င်ကျမ်းတွင် တွေ့ရကြောင်း၊ လေ့လာမှတ်သားရပါသည်။ ဘီစီ ၆၀၀ ရာစုခန့်၌ တည်ထောင်သော တကောင်းပြည်ကို အုပ်ချုပ်သည့် မင်းဆက်(၃၃) ဆက်မြောက် ဘိန္နကရာဇာ လက်ထက်တွင် တရုတ်များဝင်ရောက် ကျူးကျော်တိုက်ခိုက်သဖြင့် တကောင်းပြည်ကြီး ပျက်စီးခဲ့ရလေသည်။ (၈၃၂) ခုနှစ်တွင်နန်ချောင်မင်း၏ စစ်သည်တို့သည် ယခုခေတ်ရွှေဘိုအနီးရှိ ပာံလင်းပြည်သား ပျူတို့ကိုတိုက် လေသည် ထို့နောက်ပဲခူး သထုံဒေသသို့ (၈၃၅) ခုနှစ်တွင်ဆင်း၍ တိုက်ပြန်လေသည်။ နန်ချောင်စစ်သည်တို့က တိုက်ခိုက်လာရာတွင် ပျူတို့သည် အနစ်နာဆုံးဖြစ်လေသည်။
ပဲခူးပာူသော ဝေါပာာရသည် ပျူပအိုဝ်းတို့၏ ဝေါပာာရဖြစ်သည်။ အထက်အရပ်ပာု ဆိုလိုသည်။ မော့ဒွမ်(မုဒုံ) ဓလ/တလ/က္လ စသည်တို့သည်အောက်အရပ်၊ အောက်အစွန်းအရပ်ကို ညွန်းသောဝေါပာာရများ ဖြစ်သည်။ တရုတ်နန်ချောင်မင်းသည် ပာံလင်းပျူကိုတိုက်သကဲ့သို့ သထုံ ပျူကိုလည်း ဆင်းတိုက်ခဲ့ကြောင်း နားလည်နိုင်ပေသည်။
မောင်းထောင်ဆရာတော်ရး ရွှေကျင်ဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိမှ သုဝဏ္ဏဘူမိပြည်ပာု မတွင်မီကာလက ပြည်စောင့်နတ် မြို့စောင့်နတ်ပာု ရှိသော်လည်း တန်ခိုးဣဒ္ဓိပါဒ် မကြီးလွန်း သာမညသာရှိကုန် ၏ ။ ထို့နောက် သုဝဏ္ဏဘူမိပြည် တည်ထောင် ဖြစ်ပွားသာယာစည်ပင်ရှိသောအခါမှ ထိုနတ်တို့ကို ပြည်စောင့် နတ် မြို့စောင့်နတ်ပာု ရှေးထက်သာလွန်၍ မွန်လူမျိုးပအိုဝ်းလူမျိုးတို့ လိုလားအားစိုက်ကြကုန်၏ ။
ပညောင်ပင်ကြီးအောက်တွင် အုတ်ဂူ၊ အုတ်နန်း၊ နတ်နန်း၊ နတ်ကွန်း တည်လုပ်ကိုးကွယ်၏ ထိုကိုမွန်ဘာသာဖြင့် ဂိုသွယ်ဂထုံပာုခေါ်ကြသည်။ ဂိုးကားဂူ၊ သွယ်ကားညောင်၊ ဂထုံကား အရိပ်ညောင်ရိပ်ဂူ ပာုဆိုလိုသည် နောက်တွင် ဂကိုးသွယ်ပျောက်၍ ဂထုံမှ သထုံဖြစ်သွားသည်ပာု လေ့လာသိရှိရပါသည်။
သထုံဆိုသည်မှာ ယနေ့မြန်မာပြည်ရှိသထုံချည်းသက်သက်ကိုမဆိုလို။ နဂရပထမဆိုသည့်ပထမ သထုံသည် ထိုင်းအခေါ်နခုံပထုံဖြစ်ပြီး သုဝဏ္ဏဘူမိ၏မြို့တော်ပာု သတ်မှတ်၏
ဓမ္မသောကနှင့်အမရ၀တီခေတ်(အေဒီ ၁၂၀ မှ ၁၂၈) က အနုပညာလက်ရာများရှိနေကြ၏ အေဒီ ၂၁၇ မှ ၅၅၀ နှစ်အတွင်း တည်ထောင်သော ပူနန်ထက်ရှေးကျ၏ နခုံပုထုံကို သာသနာနှစ် သုံးရာနှင့် လေးရာနှစ် လောက်တွင်တည်၏ ။ အေဒီ(၉၅၇) တွင် ကမ္ဘောဒီးယားက ပြန်ပြုပြင်၏ ။ အေဒီ ၁၀၅၇ တွင် နော်ရထာ နခုံပုထုံပျက်စီးသွားပြီး ယူတောင်းသို့ ပြောင်းသွား၏ ။ ယူတောင်းသည် ဒွါရ၀တီ၏ နောက်ဆုံမြို့တော်ဖြစ်၏ ။ ယူတောင်ဘုရင် မွန်တို့မှ စစ်ရှုံး၍ နခုံပုထုံသို့ ပြန်ပြောင်းသွား၏ ။ မြို့တည်သော်လည်းမစည်ကားတော့ပေ။
ပာံလင်းမြို့တော်မှာလည်းအေဒီ ၈၃၂ တွင် နန်ချောင်တို့တိုက်ခိုက်သောကြောင့် ပျက်စီးရသည်။ တစ်ဖန် ၈၃၅ ခုနှစ်တွင် လယ်တွင်းဒေသ ပန်းလောင်မြစ်အနီးရှိ မိုင်းမောပာုခေါ်နေကြသော ပထမပင်လယ်မြို့ (တရုတ်ခေါ် မိချဲင်=စပါးမြို့) ကိုလည်းနန်ချောင်တို့က ဆက်လက်တိုက်ခိုက်ဖျက်ဆီးခဲ့ပြန်သည်။ ပာုလည်းလေ့ လာမှတ်သား ရပြန်သည်။ ၈၃၅ ခုနှစ်တွင် နန်ချောင်တို့ တိုက်သော ပျူဒေသမှာ ပင်လယ်မြို့ဖြစ်စေ ၊ သထုံဖြစ်စေ ပျူပအိုဝ်းတို့အရေးနိမ့်ခဲ့ရသည် ချည်းသာဖြစ်ကြောင်းသိမှတ်ရမည်သာဖြစ်လေသည်။
သုဝဏ္ဏဘူမိ၏ မြို့တော်ဖြစ်ခဲ့သော နခုံပုထုံ (နခွန်ပုထုံ)သည် ယနေ့ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၏ အနောက်တောင်ဘက် မိုင်(၄၀) ကျော်အကွာတွင်တည်ရှိပြီး ထိုနခုံပုထုံကို တောင်သူလူမျိုးမင်းများ တည်ထား စိုးစံပြီး သာသနာ့အဆောက်အဦး ဘုရားစေတီများ တည်ထားကိုးကွယ်ခဲ့ကြောင်းလည်းကြားနာမှတ်သားရ ဖူးပါသည်။
သုဝဏ္ဏသထုံပအိုဝ်းဒုံ ပာုဆိုထားသည်နှင့် အညီ သုဝဏ္ဏဘူမိသထုံနှင့် ပတ်သက်သော မှတ်တမ်းများ အယူအဆများများစွာရှိနေသည်ကို သိရှိလေ့လာနိုင်ရန် ကြိုးစားတင်ပြခြင်းဖြစ်ရာ ပြီးပြည့်စုံသည့်တင်ပြမှု မပာုတ်ပာု သတိထား မှတ်ယူစေချင်ပါသည်။ သထုံဇာတိသား သထုံထာဝရသား ပအိုဝ်းလူမျိုးများသည် သထုံ နှင့်ပတ်သက်၍ သထုံဇင်္ဂမသား တို့ထက် သုဝဏ္ဏဘူမိသထုံအကြောင်းကို ပိုမိုသိသင့်သည် ပိုမိုလေ့လာသင့်သည်။
အံ့သြဖွယ်ရာများ စုဝေးနေသော သုဝဏ္ဏဘူမိ ၊ Great Wonders of Suwanaphumi ပာူသော စီမံကိန်းကို ချမှတ်ကာလေ့လာသုတေသနပြုရန်ကြံရွယ်ထားကြသည်။ ထာဝရသား မြန်မာနိုင်ငံဖွား ၊ ပအိုဝ်းတိုင်းရင်းသားများသည်လည်း ထိုစီမံကိန်၌ မှတ်ကျော်အတင်ခံနိုင်ရန် ကြိုးစားသင့်လှသည်။
သုဝဏ္ဏဘူမိသည်-
(က) မပာာဇနကဇာတ်တော်အရ မဇ္ဈိမဒေသမှ သဘောင်္ထွက်၍ ယူဇနာ (၇၀၀)တွင် သဘောင်္ပျက်ကြောင်းပါရှိ၍ ၎င်းယူဇနာ(၇၀၀) ထက်ပို၍ ဝေးလံသောအရပ်ဒေသ ဖြစ်ရပေမည်။
(ခ) ပါရာဇိကဏ် အဌကထာအရ ကျွန်းမြေဖြစ်ခြင်း ။
(ဂ) ဘင်္ဂလားပင်လယ်အော်၏ အရှေ့ဘက်၌တည်ရှိခြင်း။
(ဃ) လှေသဘောင်္နှင့် သွားလာကုန်ကူးသန်းမှုသန်းမှု များ များပြားခြင်း။
(င) ရှေးပောာင်းသာသနာ့အဆောက်အအုံများ ထင်ရှားခြင်း။
စသောအချက်များအပေါ်မူတည်၍ ကောက်ချက်ချရသော် မြန်မာပြည်အပါအ၀င် အရှေ့တောင်အာရှ နယ်ပယ်များဖြစ်သော မလေး ၊ စင်္ကာပူ၊ ဂျာဗား ၊ စုမတြား ၊ ယိုးဒယာ၊ ကမ္ဘောဒီးယား ၊ လာအို နှင့် ဗီယက်နမ် နိုင်ငံအားလုံးတို့ကိုပင်ခေါ်သည်။ ၀ါအင်ဒိုချိုင်းနာ ကျွန်းစွယ်တစ်ခု လုံးနှင့် ဂျားဗား ၊ စုမတြာတို့သည် သုဝဏ္ဏဘူမိပင်ဖြစ်သည်ပာု မှတ်သားသင့်ပေသည်။
ဖော်ပြပါဌာနကြီးတစ်ခုလုံးကို သုဝဏ္ဏဘူမိတိုင်းပာု ခြုံ၍ခေါ်ရသော်လည်း မြို့တော်သည်ကား အခြေအနေအားလျှော်စွာ အပြောာင်းအလဲများရှိမည်မှာ မလွှဲပေ။ မပာာဇနကမင်းသားတို့ခေတ်က သုဝဏ္ဏဘူမိ မြို့တော် သည်မည်သည့်မြို့ပာု အတိအကျမသိရသော်လည်း သေဏထေရ် ၊ ဥတ္တရထေရ်တို့ သာသနာပြုကြွ လာသောခေတ်၌မူ စာပေအရပ်ရပ်ကိုထောက်ရှု၍ သုဓမ္မပူရ (ကေလာသတောင်ပတ်ဝန်းကျင်ဌာန)သည်ပင်မြို့ တော်ဖြစ်နေသည်ပာု ယူဆထားသင့်၏ ။ (နောက်သုဓမ္မ မှ သုဓုမ်= သထုံပာူသောအမည်ဖြင့် ယခုသထုံမြို့နေ ရာသို့ရွှေ့ပြောင်း၍ တစ်ခေတ်တစ်ခါ မြို့တော်ဖြစ်လာပေသည်။) နာလန္ဇပုရပိုက်ပါ စုမတြာဘုရင် သိရိပုတ္တဒေ-လက်ထက်။ ခရစ်နှစ် ၁၄၄၄ အချိန်တွင်မူ သုဝဏ္ဏဘူမိတိုင်း၏ မြို့တော်သည် စုမတြာကျွန်း၌ဖြစ်နေသည်ပာု ယူဆနိုင်သည်။ အောဒီ ၃ ရာစုအတွင်းက တရုတ်ပြည်မှ အိန္ဒယပြည်သို့ ကုန်းလမ်းခရီးဖြင့် မြန်မာနိုင်ငံမှဖြတ်သွားစဉ် ပင်လယ်ရေပြင်ထဲရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ပျူဘုရင်၏ ရွှေမြိုတော်ရှိ၏ ဘုရင်ကိုယ်တိုင်ကစာပေကျမ်းဂန်ကို ရေးသားပြုစုတတ်၏ မျက်မြင်တွေ့ရခဲ့သော ကျမ်းတစ်ဆူသည် စကားလုံးအရေအတွက်သုံးထောင်တို့နှင့်တကွ ဖြစ်၏ စသည်ဖြင့် တရုတ်ဘုန်းတော်ကြီးနှစ်ပါးက တရုတ်ဘာသာဖြင့် မှတ်တမ်းပြုခဲ့ဖူး၏ ။
ထိုအခြေအနေအရပ်ရပ်ကိုထောက်ဆပြီး မဇ္ဈိမဒေသသို့သွားရောက်ကာ သက္ကတိုင်းသကျနယ်မြေ တည်ထောင်ခဲ့သော သာကီဝင်မြန်မာလူမျိုး ပျူပအိုဝ်းတို့၏ အစဉ်အလာသည် ဂုဏ်ငယ်စရာရှိမည်မထင်ပေ။
သကျာသမတ္ထာပဋိဗလာတိအတ္ထော ပာူသော ဒီ၊ ဌ၊ ၁၊ ၂၃၄-အရ သက္က ပာူသည်မှာ လွန်စွာစွမ်းဆောင် နိုင်သူများ ၊ လွန်စွာရဲဝံ့သတ္တိကောင်းသူများ ပာုခေါ်ဆိုနိုင်ပါသည်။ ထိုသက္ကတို့သည် တောထပ်ထပ် တောင်အသွယ်သွယ် မြစ်ပြင်ကျယ်အမျိုးမျိုးကို ဖြတ်သန်းလာခဲ့ကြသူများဖြစ်ကြသဖြင့် စွမ်းရည်သတ္တိအပြည့်ရှိ သူများဖြစ်သည်။ ထို့ကြောင့် ဗြဟ္မာလူမျိုးစုတို့က ထိုသူတို့ကို သက္ကလူမျိုးပာု ကောင်းချီးပေးကာ ချီးမွမ်းခဲ့ကြ သည်။ သက္ကမှသကျများဖြစ်လာသည်။ မဇ္ဈိမဒေသတိုင်းသားတို့က သက္ကများကို သကျလူမျိုးများပာု ခေါ်ခဲ့ကြသည်။ ထိုသကျတို့ကို နှောင်းခေတ် မြန်မာတို့က သာကီဝင်များပာုခေါ်ခဲ့ကြသည်။ သက္က၀ံသ သကျဝံသမှ သာကီဝင်ဖြစ်လာသည်။ အားလုံးအဓိပ္ပါယ် အတူတူပင်ဖြစ်လေသည်။ ပျူပအိုဝ်း ဘာသာစကား၌ ပါဠိသက်စကားလုံးဖြစ်သော သကျနှင့် သာကီဝင်ဆိုသည်မှာ သ=စိတ်၊ကျ = ရဲဝံ့ခြင်း သတ္တိရှိခြင်းနှင့်သာ = ခက်ခဲခြင်းမရှိ ၊ သာလွန် မြင့်မြတ်ခြင်း ၊ ကီ=အထက်တန်းစား ၊ ၀င် = သူ တကာတို့ပာုဖွင့်ဆိုနိုင်သဖြင့် သကျ = စိတ်ဓါတ်ရဲရင့်သူ ၊ သာကီဝင် = သူတကာထက် သာလွန်မြင့်မြတ်သော အထက်တန်းစားလူမျိုးစသည်ဖြင့် ဝေါပာာရ အနက် အဓိပ္ပါယ်ရှိလေသည်။
သရေခေတ္တရာပျက်စဉ် သုံအုပ်စုကွဲသော ပျူလူမျိုးမှ တစ်အုပ်စုသည် စစ်ဘေးစစ်ဒဏ် မကြာခဏ ပိုမိုရင်ဆိုင်ခဲ့ကြရပြီးမှ ပုဂံတွင် မြန်မာပာုတွင်လာခြင်းကိုထင်ရှားစွာ သိမြင်ခဲ့ကြပြီးဖြစ်လေသည်။
ပျူချည်းသက်သက် မြန်မာဖြစ်လာသည် မပာုတ်ဘဲ ပျူနှင့်ဗမာ ၊ ပျူမွန်စပ်နှင့် ဗမာ ပေါင်းစည်းခြင်းမှ သည် မြန်မာဖြစ်လာသည်ပာု သက်သေပြစရာအကြောင်းအချက်များစွာရှိလေသည်။ အလောင်းစည်သူမင်း၏ ဘိုးဘေး အစဉ်အဆက်ကိုလေ့လာကြည့်ပါက ထင်ရှားပေမည် ။ ပျူ ကို ပထမမြန်မာ ၊ ပျူဗမာစပ် ကို ဒုတိယမြန်မာ ၊ ပျူမွန်စပ်နှင့် ပျူဗမာစပ် ကို တတိယမြန်မာ ပာူ၍ သတ်မှတ်ကာ မြန်မာ့ သမိုင်းကို လေ့လာမည် ဆိုပါက သမိုင်းစဉ်တစ်ခုကို ရှင်းလင်းစွာ သိမြင်ခွင့်ရလာ နိုင်ကြမည်ဖြစ်ပါသည်။ ဤနေရာတွင် ပထမမြန်မာနှင့် ဒုတိယမြန်မာကိုလေ့လာတင်ပြမည်ဖြစ်ပါသည်။
သာကီမျိုးပော့ဒို့မြန်မာ ပာု မြန်မာများ အစဉ်အလာကြွေကြော်ခဲ့ကြသည်။ အကြောင်းမဲ့ ကြွေးကြော်ခဲ့ ကြမည်မပာုတ်ပါ။ ကြောင်းကျိုးဆက်နွယ်၍ ကြွေးကြော်ဝံ့ခြင်းသာဖြစ်သည်။ သွေးရင်းသားရင်းပင်ဖြစ်၍ မမှိတ်မသုန်လက်ခံပာစ်ကြွေး နိုင်ခဲ့ကြခြင်းဖြစ်ပါသည်။
မြန်မာလူမျိုးအစနှင့် ဆက်နွယ်၍ အယူအဆနှစ်ရပ်ရှိခဲ့သည်ကို ဤကဏ္ဍ၌ ဆက်စပ်လေ့လာသုံးသပ် တင်ပြလိုပါသည်။
ပထမအယူအဆမှာ မြန်မာ့ရှေးပောာင်း ရာဇ၀င်စာတမ်းများ အဆိုအမိန့်ဖြစ်သည်။ မြန်မာ့ရှေးပောာင်း ရာဇ၀င်လောကတွင် ရှင်မပာာသီလ၀ံသ (၁၆ - ရာစုတစ်ဦး) ၊ ဦးကုလား(၁၈ - ရာစုအဦး) ၊ တွင်းသင်းတိုက်ဝန် မပာာစည်သူ (၁၈-ရာစု) တို့သည် တွေ့ရှိရသမျှအနက် ရှေ့ပြေး ရာဇ၀င်ကျမ်း ပြုဆရာ များဖြစ်သည်။ ထိုဆရာတို့ ရာဇ၀င်ကျမ်းများတွင် တကောင်း ကစသည်။ သို့သော် တကောင်းခေတ်ဦး မင်းဆက်များအ ကြောင်း အသေးစိတ် မဖော်ပြကြ တကောင်းခေတ် နောက်ပိုင်းကို ရေးရာ၌သာ မည်သည့် တကောင်းမင်းလက်ထက် စသည်ဖြင့် မှတ်တမ်းတင် လေ့ရှိသည်။ ထို့ပြင် ထိုတကောင်းမင်းတို့သည် မည်သည့် အမျိုးအနွယ် ဖြစ်သည်ကိုလည်း ထိုကျမ်းတို့၌မဖော်ပြ။ သို့သော် ၁၈၂၉ ခုနှစ်တွင် စတင်ပြုစု သော မှန်နန်းရာဇ၀င် ဆရာများလက်ထက်ရောက်သောအခါ တကောင်းရာဇ၀င်ကို အကျယ်ပြောဆိုလာသည်။ တကောင်းမင်းဆက် ပထမဘုရင်သည် အဘိရာဇာပာုဆိုသည်။ တကောင်းမျိုးနွယ်စုသည် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသမှ ထွက်လာခဲ့ကြသူများဖြစ်သည်ပာု ဆိုသည်။ အထူးသဖြင့်ကား ထိုမျိုးနွယ်စုသည် မြတ်စွာဘုရား သခင်၏အနွယ်ဝင် သကျသာကီဝင်များဖြစ်သည်ပာုဆိုသည်။ မှန်နန်းရာဇ၀င်အလိုအရ မြန်မာတို့သည် အိန္ဒိယအဆက်အနွယ် သာကီဝင်မျိုးများပာုဆိုရလိမ့်မည်။
( မှတ်ချက် ။ ။ ထိုအဆို မှာမမှန်ကန်ပါ။ ပျူတို့၏ နေရာဒေသအကျယ်အပြန့်ကိုလေ့လာပါက မြန်မာတို့ အဆိုသာမှန်ကန်ကြောင်းတွေ့ရမည်ဖြစ်သည်။ ယနေ့ အိန္ဒိယကုန်းမြေ၏ တစ်စိတ်တစ်ဒေသကိုပိုင် စိုးခဲ့ဖူးသည့် သမိုင်းကြောင်းကို သိရှိပါက အိန္ဒိယယဉ်ကျေးမှုနှင့်နီးစပ်ခဲ့မည်ကို နားလည်နိုင်ရမည် ဖြစ်ပါသည်။)
မြန်မာတို့သည် အိန္ဒိယယဉ်ကျေးမှုနှင့် မကင်းသော်လည်း မြန်မာတို့သည် အိန္ဒိယအဆက်အနွယ်များ မပာုတ်သည်မှာ ထင်ရှားပြီးဖြစ်ရာ ထိုအဆိုအမိန့်၏ မခိုင်မာပုံကိုအကျယ်ရှင်းရန် မလိုတော့ပေ ။ သို့သော် သာကီဝင် တို့နှင့် အမျိုးစပ်ချင်သော မှန်နန်းရာဇ၀င် ဆရာတို့၏ စိတ်ဓါတ်ကိုမူ သတိချပ်သင့်လိမ့်မည်။ ရှေ့သွား ကျမ်းအများက မဆိုမမိန့်ဘဲ ဤကျမ်းတွင်မှဆိုမိန့်ခြင်းသည် ထူးခြားသည် ပာုဆိုထားရာ ပထမမြန်မာဖြစ်သည့် ပျူပအိုဝ်းတို့၏သမုင်းကြောင်းကို ဂဃနဏလေ့လာသိမြင်ပါက မည်သည့် အဆိုက မှားပြီး မည်သည့်အဆိုက မှန်သည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။ မြန်မာတို့သည် သာကီမျိုးအမှန်ဖြစ်ပေသည်။
ဒုတိယအယူအဆမှာ နောက်နှောင်း သုတေသီတို့၏ အဆိုအမိန့်ဖြစ်သည်။ တရုတ်ပြည် ကန်စုပြည်နယ်မှ ဆင်းသက်လာကြကာ မြန်မာတို့၏ မူလာဒေသသည် တောင်ဘက်၌တောင်ရှိ၍ မြောက်ဘက်၌ မြစ်ကြောရှိသော ပာိုအင်ပာို မြစ်ကြီး၏ မာချု ခေါ်မြစ်ဖျားအစိတ်အပိုင်းနှင့် ဗယန်ခရ ခေါ်တောင်ကြီး၏ စပ်ကြားဒေသဖြစ်သည်ပာု မှန်းဆကြသည်။ ထိုသို့ မှန်းဆကြရာ၌ မြန်မာစကားတွင် သုံးနှုန်းသော မြောက်အရပ်ဆိုင်ရာဝေါပာာရသည် ပဓာနအကြောင်းတစ်ကြောင်းဖြစ်သည်။ မြောက်အရပ်ကို ရှေးပောာင်းမြန်မာစကားတွင် မြစ်အောက် (မက်အောက်) ပာုရေးသားခဲ့သည်။ မြစ်၏ အောက်ဘက်အရပ်ပာု အဓိပ္ပါယ်ရသည်။ မြစ်ရေစတင်စီးဆင်းရာအရပ်ကို မြစ်အထက် ပာူသော အဓိပ္ပါယ်ဖြင့် မြစ်ညာပာုသာ ခေါ်ဆိုလေ့ရှိရာ မြစ်အောက် ပာူသောစကားမှာ မြစ်စုန်ဆင်းသွားရာ အရပ်ဖြစ်မည်ကို သံသယရှိရန်မလို။ ပာိုအင်ပာို မြစ်သည် ကြုံတောင့် ကြုံခဲ မြောက်ဘက်သို့စီးဆင်းနေလေရာ ထိုအရပ်သည်ပင် မြန်မာတို့၏ မူရင်းဒေသပာု တွက်ဆသည်မှာ ကျိုးကြောင်းညီညွတ်သည်ပာုဆိုရ လိမ့်မည်။ ထို့ကြောင့်မြန်မာတို့သည် သာကီဝင်မပာုတ်မူ၍ တိဘက်မြန်မာအနွယ်ဝင်များသာဖြစ်ကြသည်။ ထိုမူလမြန်မာများသည် ထိုဒေသတွင် အေးအေးချမ်ချမ်း မနေနိုင်ခဲ့ကြချေ။ တရုတ်တို့၏ အနှိပ်အစက်ကို မကြာခဏခံခဲ့ရသည်ပာုဆိုသည်။ တရုတ်တို့ရန်ကုန်ရှောင်ရင်း ရေကြည်ရာမြက်နုရာသို့ တစ်သုတ်ပြီးတစ်သုတ် ပြောင်းရွှေ့ခဲ့ကြသည်။ မြန်မာပြည်ဘက်ရောက်မှ တည်တည်တံ့တံ့ နေခွင့်ရကြသည်။
ထိုဒုတိယအယူအဆမှာ ဖော်ပြသောမြန်မာသည် ပျူနှင့်ပေါင်းစပ်လာသည့် ဗမာအဆက်ဒုတိယ မြန်မာဖြစ်သည်။ သာကီဝင်ဖြစ်သည့် ပထမမြန်မာ(ပျူပအိုဝ်း) တို့နှင့် မျိုးမစပ်သေးမီကာလပာု ယူဆပါက သာကီဝင်မပာုတ်ပာုဆိုသော အဆိုမှန်နိုင်ပေမည်။ ပထမ မြန်မာနှင့် ဒုတိယမြန်မာတို့တွေ့ဆုံ ပေါင်းစည်းခွင့်ရခဲ့ သောအခါ ယနေ့မြန်မာသည် သာကီမျိုး မပာုတ်ပာုမည်သူငြင်းမည်နည်း ။
ရှေးပောာင်းရာဇ၀င်တို့အဆိုအရ မြန်မာတို့သည် ဘီစီ ၆ ရာစု သို့မပာုတ် ၉ ရာစုကပင် ရောက်ရှိနေပြီပာုဆိုကြသည်။ ဤအဆိုမှာ မြန်မာလူမျိုးတို့ကိုရည်ညွန်းခြင်းမပာုတ်ပေ။ အိန္ဒိယမှ သကျအနွယ် တို့ ရောက်ရှိလာခြင်းကို ရေးဆိုထားခြင်းဖြစ်သည်။ အချို့သုတေတီတို့ကမူ အေဒီ (၉) ရာစု ရောက်မှ ၀င်ရောက်လာကြသည်ပာု ဆို၏ ဤအဆိုကို စတင်ဖော်ထုတ်သူမှာ အင်္ဂလိပ်လူမျိုး ပါမောက္ခလုစ်ဖြစ်သည်။ မစ္စတာလုစ်သည် တရုတ်တို့ရေးသော မန်ရှုးကျမ်းကို ကိုးကား၍ ရေးသားခဲ့သည်။ ၎င်းကမြန်မာတို့သည် အေဒီ (၉) ရာစုတွင် နတ်ထိပ် တောင်ကြား လမ်းမှ ၀င်လာပြီးကျောက်ဆည်လွင်ပြင်၌ အခြေချနေခဲ့ကြသည်ပာုဆို၏ မြန်မာအစကျောက်ဆည်က ပာူသော သမိုင်းသစ်အဆိုကိုကြွေးကြော်ခဲ့သည်။
အထက်ပါအဆိုကိုလက်ခံနိုင်ဖွယ်မရှိပါ ။ ၉ ရာစုတွင် ၀င်ရောက်လာသူများမှာ မင်အစုဝင်များသာဖြစ် လေသည်။ မစ္စတာလုစ်သည် မင်အစု နှင့် မြန်မာအစု ကိုခွဲခြားမလေ့လာ မိသောကြောင့် အဆိုများ တိမ်းယိမ်းခဲ့ရသည် ။ မြန်မာပာု ခေါ်တွင်မည့်အစုသည် အေဒီ ၅ ရာစုခန့်တွင် အထွေထွေ အကြောင်းများကြောင့် ရေကြည်ရာမြက်နုရာဆင်းသက်လာကြသည်။ အချို့သည် ရခိုင်တောင်တန်းဆီသို့ ရောက်သွာားကသည်။ သူတို့သည် ရခိုင်ဒေသ၌ ကမ်းယံအမည်ဖြင့် ခြေချနေထိုင်ကြသည်။ အချို့သည် ပုံတောင် ပုံညာဒေသသို့ တက်သွားကြသည်။ သူတို့ကို ယော (ယ၀်) ပာုခေါ်သည်။
အချို့မြန်မာတို့သည် ဧရာဝတီနှင့် ချင်းတွင်းမြစ်နှစ်သွယ်စပ်ကြား၌ နေရာသစ်ကို ရှာဖွေကြသည်။ ထိုအချိန်တွင် မြန်မာတို့ အတွက် အခြေချစရာနေရာ ကောင်းများရှားပါးနေချေပြီ ။ မြေကောင်းမြေသန့် ဒေသများမှာ ပျူလူမျိုးတို့၏ လက်အောက်တွင်ရှိနေကြပြီ။
ရွှေဘိုဝန်းကျင်သည် ပာံလင်းပျူတို့၏ လက်အောက်၌ှရှိနေ၏ လယ်တွင်းဒေသကျောက်ဆည်လွင်ပြင် မှာလည်း မိုင်းမောပာု ခေါ်နေကြသော ပင်လယ်ပျူတို့၏ လက်အောက်၌ ရှိနေသည်။ အောက်ပိုင်းဒေသမှာ သရေခေတ္တရာ ပျူတို့၏ နယ်မြေဖြစ်သည်။
မြန်မာတို့သည် နေရာသစ်ကိုရှာဖွေကြရာ၌ မြစ်ဝှမ်းဒေသကိုလည်းလိုချင်ကြသည်။ သို့ရာတွင် မြစ်ဝှမ်းဒေသ၌ နေရာကောင်းများ ရှားပါးနေပြီ။ ပျူလူလူမျိုးတို့၏ မက်မောခြင်းမရှိသော ဒေသတစ်ခု၌ ခြေချနေ ကြရသည်။ ထိုဒေသကာလနောင်အခါတွင် အရိမဒန္ဇနခေါ် ပုဂံမြို့တော်ကြီးဖြစ်လာမည့် ဧရာဝတီ မြစ်ကွေ့ ဒေသပင်တည်း၊ ပျူလူမျိုးတို့ မက်မောခြင်း မရှိသောဒေသပာုဆိုသော် မသင့်လျော်ပေ ။ အဘယ်ကြောင့်ဆို သော် ပျူဂါမ ၊ ပျူရပ် ပျူရွာပာူသော အဓိပ္ပါယ်ဆောင်သည့် ပျူဂါမ၊ပျုဂါမ၊ပုဂါမ၊ပုဂါမ်၊ပုဂံ (မွန်သံ နှင့် ပေါက္ကံ ပာုဖတ်သည်။ ) ပုဂံမြို့တော်ကို သာသနာတော် နှစ် ၆၅၁ (ခရစ်နှစ် ၁၀၇ ) ခုတွင် သမုတိရာဇ်မင်း တည်ထောင် သည်မှစ၍ အနော်ရထာမင်းစတင်အုပ်စိုးတော်မူသော သာသနာတော်နှစ် ၁၅၈၈ (ခရစ်နှစ် ၁၀၄၄) အထိ နှစ်ပေါင်း ၉၃၇နှစ်အတွင်း ပျူနှင့် မြန်မာတို့ရောစပ်နေသည့် အခြေအနေမျာ ပျူလည်းမြန်မာ၊ မြန်မာလည်းပျူ ပာု ခေါ်ဆိုသင့်သောအခြေသို့ ရောက်နေပြီပာု ယူဆကလွဲနိုင်မည်မပာုတ်ချေ ပာူသော အဆိုကို သတိချပ်သင့် သည်။
ပထမမြန်မာနှင့် ဒုတိယမြန်မာတို့ တွေ့ဆုံပူးပေါင်းကာ မြန်မာပာု တစ်စိတ်တစ်ဝမ်းတည်းစည်းလုံး ညီညွတ်စွာ ခံယူနေထိုင်ခဲ့ကြသော အစအဦးကာလဖြစ်သည်။ ထိုကာလများအတွင်း အေဒီ (၈၃၂) တွင် အထက်အညာရှိ ပာံလင်းကို နန်ချောင်တို့ တိုက်ခိုက် ဖျက်ဆီးသကဲ့သို့ အေဒီ(၈၃၅) တွင် လယ်တွင်းဒေသ ပန်းလောင်မြစ်အနီရှိ ပထမ ပင်လယ် မြို့ ( တရုတ် အခေါ် မိချဲင် = စပါးမြို့) ကိုလည်း နန်ချောင်တို့တိုက်ခိုက် ဖျက်ဆီးခြင်းခံရသည့် အချက်ကို အထက်၌ ဖော်ပြခဲ့ပြီးဖြစ်သည်။
အေဒီ (၆) ရာစုလောက်တွင် မြန်မာတို့သည် အင်အားစုမိလာပြီး မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ကို ထူထောင်ကြပြီ။ အေဒီ (၆၃၈) တွင် မြန်မာတို့က ကိုယ်ပိုင်သက္ကရာဇ်ကို အသုံးပြုကြသည်။
(ပျူသက္ကရာဇ်ပင် ဖြစ်သည်)
အေဒီ (၉) ရာစုကျော်လောက်တွင် နန်ချောင် (နန်စော) ဒေသ၌ ကွဲကွာနေရစ်သော မြန်မာလူမျိုးတို့နှင့် တစ်နွယ်တည်းဖြစ်သည့် မင်အစု ၀င်တို့ကလည်း မြန်မာပြည်အတွင်းသို့ ရောက်ရှိလာကြသည်။ ထိုအချိန်တွင် မြန်မာတို့အင်အားစုကြီးထွား လာပြီး ပုဂံကိုဗပာိုပြု၍ နိုင်ငံတော်သစ်ကို ထူထောင်ကြသည်။
မသည်သို့ဆိုစေ စစ်ဘေးစစ်ဒဏ် အလီလီခံ ခဲ့ရပြီး ရသမျှအင်းအားကုန်စုရုန်းကာ ပုဂံမြို့တော်ကြီး ပေါ်ပေါက်လာမည့်ဒေသတွင် ရာတည်၍ အေးချမ်းစွာ နေလိုသော ပထမမြန်မာဖြစ်သည့် ပျူပအိုဝ်းနှင့် တရုတ်တို့၏ နှိပ်စက်မှု ဒဏ်မှရုန်းထွက်ကာ လွတ်လပ်စွာနေလိုသော ဒုတိယမြန်မာတွင် အ၀င်အပါဖြစ်လာမည့် ဗမာလူမျိုး တို့သည် အဖြစ်ခြင်းအကြိုက်ခြင်း တူညီကြကာ ပူးပေါင်းနေထိုင်ခဲ့ကြလေသည်။
ပျူပာူသောဝေါပာာရနှင့် ပအိုဝ်းပာူသော ဝေါပာာရသည် ပျူဘာသာ စကားပျူဝေါပာာရ ၊ ပအိုဝ်းဘာ သာ ပအိုဝ်းဝေါပာာ၇များပင်ဖြစ်ပြီး အဓိပ္ပါယ်အနက်သွားတူသည့် ဝေါပာာရများဖြစ်သည်။ ပျူ ဝေါပာာရကို ဗျည်း နှင့် သရ ခွဲထုတ်ပါက ပ ဗျည်းနှင့် အူ(ဦ) သရပါဝင်နေကြောင်းတွေ့ရပေမည်။ ပျူပအိုဝ်း ဘာသာစကားအရ ပသည်ပေါ်ပေါက်ခြင်း ၊ ပေါက်ဖွားခြင်းဖြစ်သည်။ အူ (ဦ) မှာ ဦးစွာဖြစ်ခြင်း ပထမဖြစ်ခြင်းကိုဆိုလိုသည်။ ထို့ကြောင့် ပအူဆိုသော ဗျည်းသရပေါင်းဝေါပာာရကို ဧက၀ဏ္ဏဖွဲ့ပါက ပျူပာုအသံထွက်လာပါသည်။ ပအိုဝ်းပာူ သည် ကား ပ ဗျည်းနှင့် အိုး သရတွဲထားသော ဝေါပာာရဖြစ်သည်။ ထို ပအိုဝ်း/ ပအိုဝ်း ဝေါပာာရကို ဧ၀ဏ္ဏဖွဲ့သော် ပို = ပိုလ် ၊ မြန်မာအဓိပ္ပါယ် ဗိုလ်ဖြစ်သည်။ ဦးစွာ ပေါက်ဖွားသော လူမျိုး ၊ ဗိုလ် လျင် ပေါက်ဖွားသောလူမျိုးဖြစ်သည်။
ပျူကိုဖြစ်စေ ၊ ပအိုဝ်းကိုဖြစ်စေ တောင်သူပာု သုံးနှုန်းဖော်ပြလေ့ရှိသည် ။ ပျူပအိုဝ်းကို တောင်သူပာုသိ ခဲ့ကြသည်။ ထီးလှိုင်မင်းနန်းတည်ကျောက်စာ၌ တိဂ်စူလ် ၁ ၊ ပါရှမှတ်တမ်းတွင် တြသူလ် ၆ ဋူသူလ် ၂ ပာု သုံးနှုန်းမှတ်တမ်းတင်ခဲ့သည်။ စွေမင်းဆက် တရုတ်တို့သည် ကျဲ(န်)လာ့ (ခမာ) တို့၏ အနောက်ဘက် အိမ်နီးချင်းနိုင်ငံဖြစ်သော ပျူနိုင်ငံတွင် နေထိုင်သူတို့ကို ထူလော်ကျူပာုသိလာကြ၍ ထိုနိုင်ငံအတွင်းရှိ မြစ်ကြီး ဧရာဝတီကို ထူးလော်ကျူးကျီးယန်း (ထူလော်ကျူးမြစ် သို့ ထူလော်ကျူးတို့၏မြစ်) ပာု သိခဲ့ကြပေမည်။ ထိုကြောင့် ပျူနိုင်ငံ ကို ထူလော်ကျူးကျီးယန်းနိုင်ငံ ( ထူလော်ကျူးမြစ် နိုင်ငံ သို့ တိရ်စူလ် မြစ်နိုင်ငံ သို့ ပျူမြစ် နိုင်ငံ) ပာုခေါ်ခဲ့ပာန်တူသည်။ သို့ရာတွင် ထိုအမည်သည် ရှည်လျားလွန်းသဖြင့် ထူလော်ကို ဖြုတ်လိုက်၍ ကျူးကျီးယန်းနိုင်ငံပာု အကျဉ်းအားဖြင့် ခေါ်လိုက်သည်။ မြန်မာနိုင်ငံ ၏ အဓိကမြစ်မင်း ဧရာဝတီသည် ရှေးက တောင်သူမြစ် ၊ ပျူမြစ်ပာု မှတ်တမ်းတင်ခဲ့သည်။ သံလွင်မြစ်သည် ပအိုဝ်းဘာသာအားဖြင့် ရေးစီးကြမ်းသော ၊ ရေစီးသန်သောမြစ်ပာု ဆိုနိုင်သည်။
ပအိုဝ်းအစ သထုံက ပာုဆိုသော်လည်း ပျူအစ ပာံလင်းကပာု သတိပြုရန်လိုသည်။ ပာံလင်းသည်မင်း သက်အရှည်ဆုံးနှင့် မြို့သက် အရှည်ဆုံးမြို့ဖြစ်သည်။ ပာံလင်းရာဇ၀င်၌ သာမပာုတ် ကမ္ဘာ့ ရာဇ၀င်၌လည်း မင်းဆက်အများဆုံးမြို့သက် အရှည်ဆုံး ပာုသိရသည်။ ပာံလင်းမြို့အနေအထားမှာလည်း တကောင်း ၊ သရေခေတ္တရာ နှင့် ပုဂံမြို့များထက် ပိုမိုကြီးမား ခိုင်ခံ့ကြောင်းရေးသား ဖော်ပြထား၏
ပျူအစပာံလင်းမှသည် ပျူခေတ်အဆုံး သရေခေတ္တရာနှင့် ပအိုဝ်းအစသထုံကသည် ယနေ့ တိုင်အောင် သမိုင်းစဉ်ရွေ့လျော်လာခဲ့သော ဖြစ်ရပ်သည် ကြီးကျယ်လှ၏ ခမ်းနားလှ၏ သမိုင်းသင်ခန်းစာ ယူမည်ဆိုပါက များစွာ သံဝေဂယူစရာ ၊ သတိပြုစရာ အချက်များ ပြည့် လျှမ်းနေပါသည်။ တောင်သူပာု ခေါ်တွင်ခံလာရခြင်း အကြောင်းရင်းများကိုလေ့လာဖော်ထုတ်ရသော် များစွာရရှိလိမ့်မည် အမှန်ဖြစ်ပါသည်။
(၁) ဇမ္ဗူဒီပါလင်္ကျာ တောင်ကျွန်း သြဘာနမိတ်ထွန်းသည့် တောင်ကျွန်းသူ တောင်ကျွန်းသား ။
(၂) မွန်ဂိုလ်လွိုက် (၄) မျိုးတွင် တောင်ပိုင်းမျိုးနွယ်ဖြစ်ခြင်း ။
(၃) ပိာမသန္တာတောင်စဉ် တောင်တန်းနှင့် တောင်ဘက်ဒေသများတွင် နေထိုင်ကြသူများ ။
(၄) တရုတ်အိန္ဒိယပိုးလမ်းမကြီး၏ တောင်ဘက်တွင် နေကြသူများ ၊
(၅) တောင်ဘက်ပင်လယ်သမုဒ္ဒရာဆီသို့ စီးဝင်သော မြစ်ကြီးငါးသွယ်ကို ပိုင်ဆိုင်ကြသူများ ။
(၆) မြန်မာနိုင်ငံအတွင်း ရှေးပောာင်း မြို့ပြကြီး များတွင် သထုံသည် တောင်ဘက် အကျဆုံး၌ ရှိနေသဖြင့် ယင်းတွင်နေထိုင်သူတောင်သူ ။
(၇) ပုဂံမြို့တောင်ဘက် မင်းကပါအရပ်တွင် စစ်သုံ့ပန်းအဖြစ် နေထိုင်ကြရသူ ။
(၈) နိုင်ငံတစ်နိုင်ငံတိုင်းပြည်တစ်ပြည်၏ ခြေခံလူတန်းစားအများစု တောင်သူလယ်သမား ။
(၉) နိုင်ငံတစ်နိုင်ငံတိုင်းပြည်တစ်ပြည်၏ အခြေခံလူတန်းစားအများစု တောင်သူလယ်သမား ။
(၁၀) သေလွန်သူများကို တောင်ရှိရာအရပ်ဘက်ဦးခေါင်းထားမြုပ်နှံသည့် (သို့) မြောက်အရပ်သို့ ဦးခေါင်းထားသိ င်္ဂြိုပ်ာလေ့ ရှိသော လူမျိုး (မြတ်ဗုဒ္ဓပရီနိဗ္ဗာန်စံယူတော်မူသော အနေအထားနှင့် ညောင်ကန်ဒေသ ကြေးခေတ်အလောင်းများ၏ အနေအထားများမှာ ပအိုဝ်းတို့၏ ထုံးစံဓလေ့နှင့် ကိုက်ညီသည်။ )
ထိုအချက်များကို ထောက်သော် ပျူတောင်သူ ပအိုဝ်းပာူသည် ပြည်ထောင်စုမြန်မာနိုင်ငံ၌ ထာဝရသားများအဖြစ် ရှေးအတီတေ ကာလမှသည် မျက်မှောက်ကာလနှင့် နောက်နောင်အနာဂတ်ကာလများ ဆီ ကမ္ဘာဆုံးတိုင်အောင်လောကဓံလှိုင်းကို ရင်ဆိုင်သွားကြမည် သာဖြစ်ပါသည်။
သုဝဏ္ဏသထုံပအိုဝ်းဒုံ ပာူသည် ယနေ့ မြန်မာသထုံမျှမက ကျယ်ဝန်းခဲ့သည်ကို ဂုဏ်ယူဖွယ်ရာအောင်း မေ့ ဆင်ခြင်နိုင်ရန် ဖော်ထုတ်တင်ပြလိုက်ရပေသည်။
ဒုံပာူသောဝေါပာာရသည် ယနေ့ခေတ်နားလည်သည့် ရွာမည်ကမတ္တပာု မယူဆစေလို ။ လူ့ပြည်နတ်ရွာဆိုသကဲ့သို့ ဒုံကိုတိုင်းနိုင်ငံကြီးအဖြစ်သိမြင်နားလည်နိုင်ပါစေ ။
စာညွန်းနှင့်ကျမ်းကိုး
(၁) ၁၉၉၃-ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက်နေ့၊ (၄၅)နှစ်မြောက် လွတ်လပ်ရေးနေ့သို့ သ၀ဏ်လွာ၊
(၂) ၂၈-၄-၉၅ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအမှုဆောင်များ စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းပွဲတွင် ပြောကြားသည့်သြ၀ါဒစကားမှ၊
(၃) ၁၀-၇-၉၅ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအမူဆောင်များ စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ် (၆) သင်တန်းဆင်းပွဲတွင်ပြောကြားသည့်သြ၀ါဒစကားမှ၊
(၄) တက္ကသိုလ်တင်ခ၏ မြန်မာနှင့်အဖြားဆောင်းပါးများမှ စာမျက်နှာ ၅/၆
(၅) ဦးလှသိန်းထွဋ် ဓမ္မာစရိယ (B.A) ၏ ဗုဒ္ဓနှင့် မြန်မာလူမျိုး စာမျက်နှာ ၁၀၀/၁၀၁ ။
(၆) ရှာရှာဖွေဖွေ မြန်မာ့သမိုင်း အတွဲ (၂) (ရည်စိန်) လင်(န်) ယန်(င်)နှင့် ဆက်စပ်သော ရှေးပောာင်းမြန်မာနိုင်ငံသမိုင်းတစ်ရပ် ၊ စာမျက်နှာ ၁၉ ။
(၇) တောင်ကြီးဂေါက်ကလပ်နှစ် (၅၀) ပြည့် ရွှေရတု အထိမ်းအမှတ် မဂ္ဂဇင်း ၊ စာမျက်နှာ ၆၇
(၈) မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ပါတီစည်းရုံးရေး ၊
(၉) ဗပာိုကော်မတီ ၁၂/၁၃ ဌာနချုပ် ပြည်ထောင်စုမြန်မာနိုင်ငံတိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ ။ ကရင် ။ ပထမအကြိမ်ပုံနှိပ်ခြင်း ၊ မဆလ ပါတီမူပိုင် ၊ ဒီဇင်ဘာ ၁၉၆၇ ခုနှစ်ထုတ် ၊ စာမျက်နှာ ၃၆-၉၇-၁၀၄-၃၈၈။
(၁၀) ရှမ်းပြည်နယ်ရှိ ပအိုဝ်းလူမျိုးများ အကြောင်း (ဘာသာပြန်လက်နှိပ်မှု) ၊ အမေရိကန်နိုင်ငံတော် နယ်ဘွဲ့လွန် တက္ကသိုလ် ၊ ၀ီလီယံဒန်းပာက်က်၏ ဒဿနိက ဘာသာရပ်ဆိုင်ရာ ဒေါက်တာဘွဲ့အတွက် တင်သွင်းသည့် စာတမ်း စာမျက်နှာ ၇၂-၈၀-၈၁-၈၂-၈၄ ။
(၁၁) ပင်လုံစစ်တမ်းဦးအုန်းဖေ ( ရှမ်းပြည်နယ်ဦးစီးအဖွဲ့ဝင်ပောာင်း) စာမျက်နှာ ၁၉၇ ။
(၁၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းအမူဆောင်များစီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၁) ၇-၃-၉၄ ရက်နေ့ သင်တန်းပို့ချချက် မှတ်စု ။
(၁၃) သတ္တမ အကြိမ်ထုတ် ဦးဘသန်း-ဘီအေ စီရင်ရေးသားသည် မြန်မာရာဇ၀င် စာမျက်နှာ ၁၆ ။
(၁၄) ဒေါက်တာနိုင်ပန်းလှ၏ သုတေသနစာပေများ စာမျက်နှာ၂၅
(၁၅) မင်းဆယ်ပါး ရာဇ၀င် ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) စာမျက်နှာ ၉၆/၉၇
(၁၆) အိုဘယ့်အနော်ရထာ တက္ကသိုလ်စိန်တင် စိန်တင် ၊ စာမျက်နှာ ၂၈၆ ။
(၁၇) မြန်မာနိုင်ငံ ပိဋကတ်တိုက်စာကြည့်တိုက်များ ပခုက္ကူ ဦးအုံးဖေစာပေဆုရ ၊ ဇော်အောင်ထွတ် (စာကြည့်တိုက်ပညာ) စာမျက်နှာ ၆ ၊ ၇ ။
(၁၈) ပျူစစ်သည် မြ၀တီ စာမျက်နှာ ၄၂ ။
(၁၉) မြန်မာမှုအထွေထွေ ၊ ဦးလှအောင် ၊ စာမျက်နှာ ၁၉၅ ။
(၂၀) ပအိုဝ်း မောင်ခွန်နွယ် (အင်းလေး) ၊ အမျိုးသားစာပေဆုရ စာမျက်နှာ ၆၀ ။
(၂၁) ပုဂံခေတ်မြင်ကွင်းကျယ် ၊ လှသမိန် ၊ စာမျက်နှာ ၁၇ ။
(၂၂) တောင်သား(သို့) ရေမြေကို အောင်နိုင်သူ ၊ စောကြူမောင် (ယောမြေ) ၊ စာမျက်နှာ ၈ - ၂၉ - ၃၁ - ၃၂ - ၅၈ -၅၉ - ၆၀ ။
(၂၃) ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ၏ သုတေသနစာပေများ ဒေါက်တာနိုင်ပန်းလှ စာမျက်နှာ ၁၇၇ ။
(၂၄) မြန်မာ့ရွဲပညာ မှတ်ကျော် ၊ စာမျက်နှာ ၂၅ ။
(၂၅) ပအိုဝ်းယဉ်ကျေးမှုမဂ္ဂဇင်း ၊ ၁၉၇၈ တက္ကသိုလ်များ(ရန်ကုန်) စာမျက် ၄၇ ။
(၂၆) ပြည်ထောင်စု သမိုင်းမှတ်တိုင်များ ဦးသိန်းပာန် မပာာဝိဇ္ဇာဘွဲ့ ၊ စာမျက်နှာ ၃၁ ။
(၂၇) ကန်ကြီးသာသနာပိုင်မှတ်တမ်း တေရသမရွှေကျင်နိကာယ သံဃရာဇာရွှေကျင်သာသနာပိုင်ကန်ကြီး ဆရာတော်ဘုရား၏ သာသနာရေး လောကရေး အထွေထွေ မှတ်စု ၊ စာမျက်နှာ ၂၀၃ ၊ ၁၅၉ ။
(၂၈) ထေရ၀ါဒဗုဒ္ဓဘာသာ ရေစကြို အရှင်ဧသိက စာမျက်နှာ ၉၂ ။
(၂၉) PNO ဥက္ကဋ္ဌ ဖြားတန် ဦးအောင်ခမ်းထီ၏ နောင်ခဲတွင် မြွက်ကြားသော မှတ်တမ်းတိတ်ခွေမှ
(၃၀) ဘိက္ခုနီသာသနာနှင့် သီလရှင်သမိုင်း ရဝေထွန်း ၁၉၉၈ နိုဝင်ဘာ စတုတ္ထအကြိမ် စာမျက်နှာ ၁၀၀။
(၃၁) မြန်မာ့စာတိုက်ကြီးများ ဒဂုံညွှန့် ၂၀၀၀ပြည့်နှစ် ၊ ဒီဇင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်း အမှတ် ၂၁၇ စာမျက်နှာ ၁၁၈ ။
(၃၂) ဗုဒ္ဓနှင့် မြန်မာလူမျိုး ဦးလှသိန်းထွဋ် ဓမ္မာစရိယ (B.A) စာမျက်နှာ ၁၅၃-၁၅၄ ။
(၃၃) ရှေးပောာင်းသုတေသနနှစ်ချုပ် အစီရင်ခံစာ ၊ ဗပာိုပုံနှိပ်တိုက် ၊ ၁၉၆၆ ၊ စာမျက်နှာ ၂ ၊ ၁၃ ။
(၃၄) ပုဂံခေတ် မြန်မာစာ ပထမတွဲ စော်လူ ( ပခုက္ကူဦးအုံးဖေ စာပေဆုရ) စာမျက်နှာ ၂၀ - ၂၁ ။
(၃၅) ထေရ၀ါဒဗုဒ္ဓဘာသာ ရေစကြို အရှင်ဧသိက ရှေးပောာင်းမွန်ကျောင်စာပေါင်းချုပ် အပိုင်း (၂) ဦးချစ်သိန်း စာမျက်နှာ ၁၄ ။
(၃၆) ထေရ၀ါဒဗုဒ္ဓဘာသာ ရေစကြို အရှင်ဧသိက ၊ စာမျက်နှာ ၉၄ ။
(၃၇) နိုင်ငံသမိုင်းသုတေသနစာစောင် (၅) ၊ တရုတ်မှတ်တမ်းလာရှေးပောာင်း မြန်မာနိုင်ငံ အမည်တစ်ခု ၊ ရည်စိန် သုတေသနမူး ၊ စာမျက်နှာ (၂၀) ။
(၃၈) ပာန်လင်းရွှေပြည် ၊ စန်းယုံအောင် ၊ ၁၉၅၅ ခု ၊ ယဉ်ကျေးမှု စာစောင် ။
http://kaungnanne.com/2012-07-30-03-36-45/117-2012-08-03-09-51-27 မှ ....
0 comments:
Post a Comment