Thursday, September 26, 2013

သစ်ထူးလွင် သတင်း စုစည်းမှု (၂၆-၉)

သစ်ထူးလွင်



Posted: 26 Sep 2013 06:42 AM PDT

ကျောက်ဖြူမြို့နယ် တရားရုံးတွင် ဒေသခံများ ပြုလုပ်နေသော ဆန္ဒပြပွဲမှာ ညနေ ၆ နာရီခွဲခန့်တွင် ပြီးဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။ မဒေးကျွန်းရွာမ ဆရာတော်ကြီး ဆန္ဒပြသူများ စုဝေးနေရာသို့ လိုက်ပါလာပြီး ဒေသခံ ရွာသားများကို ဖျောင်းဖျ ခေါ်ယူသွားသည်ဟု ကျောက်ဖြူ လူမူ ကွန်ယက်မှ ကိုလှမြင့်ကျော်က ပြောသည်။ ကျောက်ဖြူ ခရိုင် ဥက္ကဌ အပါအ၀င် အာဏာပိုင်များမှ ရွာသားများကို ဖျောင်းဖျပေးရန် ဆရာတော်ကြီးကို လျှောက်ထားပြီးနောက် ဆရာတော်ကြီးမှ ရွာသားများကို လာရောက် ခေါ်ယူသွားသည်ဟု သိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Sep 2013 06:25 AM PDT

တရုတ် နိုင်ငံမှာ စစ်တပ်က ဗိုလ်ချုပ်ကြီး တစ်ယောက်ရဲ့ သားကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနဲ့ ဘေဂျင်းမြို့က တရားရုံးတစ်ခုက ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ တရုတ်နိုင်ငံမှာ အဆင့်မြင့် အရာရှိကြီးတွေရဲ့ သားသမီးတွေ အထိန်းအကွပ်မဲ့ ထင်ရာစိုင်း လုပ်နေချိန်မှာ လီတီယန်ရီရဲ့ မုဒိမ်းမှုကြောင့် လူထုရဲ့ ဒေါသကို ပိုဆွပေးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။ စစ်တက္ကသိုလ်ကျောင်းရဲ့ ဂီတ ဆိုင်ရာ ဌာနမှူး ဖြစ်တဲ့ သူ့ဖခင်ဟာ ကြယ်သုံးပွင့် ဗိုလ်ချုပ်ကြီး တစ်ယောက်နဲ့ ရာထူး အဆင့် တူပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လီတီယန်ရီဟာ အရင်ကလည်း လမ်းစည်းကမ်း ဖောက်ဖျက်မှုနဲ့ ထိန်းသိမ်းခံခဲ့ရဖူး

Posted: 26 Sep 2013 05:04 AM PDT

ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ခုနှစ်ထောင်ကျော်တွင် ရေကြီးမှုဖြစ်ပေါ် ထိုင်းနိုင်ငံတွင် ရေကြီးမှုများ နေရာအများအပြားတွင် ဖြစ်ပေါ်လျက်ရှိရာ ဒေသ ၂၉ ခုတွင် ရေကြီးမှု ကြုံတွေ့နေရသည်။ ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ၇,၉၆၂ ရွာတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ စက်တင်ဘာ ၁၇ ရက်ကတည်းက စတင်ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုကို လူပေါင်း ၂ သန်းကျော် (၂,၁၀၈,၉၇၇) တို့ ကြုံတွေ့နေရသည်။ နိုင်ငံတစ်ဝန်း ရေကြီး မှုကြောင့် နေအိမ် ၆,၉၀၀ ခန့်၊ လမ်းအရေအတွက် ၂,၃၀၁ လမ်းနှင့် တံတား ၁၄၅ စင်းတို့ ပျက်စီးခဲ့ကြောင်း ထိုင်းနိုင်ငံ သဘာဝဘဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာန အကြီးအကဲ ချတ်ချိုင်း ပရွန်လတ်က ပြောကြား သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နိုင်ငံတစ်ဝန်း ရေကြီးမှုကြောင့် နေအိမ် ၆,၉၀၀ ခန့်၊ လမ်းအရေအတွက် ၂,၃၀၁ လမ်းနှင့် တံတား ၁၄၅ စင်းတို့ ပျက်စီးခဲ့ကြောင်း ထိုင်းနိုင်ငံ သဘာဝဘဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာန အကြီးအကဲ ချတ်ချိုင်း ပရွန်လတ်က ပြောကြား


Posted: 26 Sep 2013 04:56 AM PDT

နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ဒေသခံရွာသားများတည်ဆောက်ထားသော လျှိုပိတ်ဆည်တစ်ခု ယမန်နေ့ညက ကျိုးပေါက်သွားကြောင်း သတင်းရရှိသည်။ အဆိုပါဆည်သည် ထန်းတပင်ကျေးရွာမှ ဒေသခံရွာသားများက တောင်ကျလျှိုကိုပိတ်ကာ တည်ဆောက်ထားသော လျှိုပိတ်ဆည်ဖြစ်ပြီး ဆည်ကျိုးပေါက်သွားသည်မှာ မှန်ကန်ကြောင်း ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးတင့်က စက်တင်ဘာ ၂၅ ရက်တွင် အတည်ပြုပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ငလိုက်ဆည်ကျိုးမည်ကို ပူပန်နေကြပြီး တာဝန်ရှိသူများစောင့်ကြည့်ပြင်
ဆင်နေ
စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ခရမ်းကိုင်းကျေးရွာသားများ ရေကြီးရေလျှံမှုကြောင့် ပြောင်းရွှေ့နေစဉ် ဓာတ်ပုံ - သန်းထူး

Posted: 26 Sep 2013 04:40 AM PDT
ပါကစ္စတန် နိုင်ငံအနောက်မြောက်ပိုင်းရှိ ဘုရား ရှိခိုးကျောင်း တစ်ခု၌ စက်တင်ဘာ ၂၂ ရက်က အသေခံ ဗုံးခွဲ တိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားမှုကြောင့် ခရစ် ယာန် အသိုင်း အဝိုင်းကြား စိုးရိမ် ပူပန်မှု များ ပေါ်ပေါက်ခဲ့ပြီး အစ္စလာမ္မစ် အ ကြမ်းဖက်မှု များ၌ ၄င်းတို့သည် ပစ်မှတ် တစ်ခု ဖြစ်လာမည်ကို ကြောက်ရွံ့တုန် လှုပ်လျက် ရှိကြောင်း သိ ရသည်။ ပါကစ္စတန်ရှိ ခရစ်ယာန် ဘာသာ ဝင်များသည် စက်တင်ဘာ ၂၃ ရက်တွင် ပက်ရှ်ဝါမြို့ရှိ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းများ၌ အသေခံ ဗုံးခွဲ တိုက်ခိုက် မှုအား ဆန္ဒပြမှု များ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဗုံးခွဲ တိုက်ခိုက်မှု၌ ခရစ်ယာန် ဘာသာဝင်ပေါင်း ၈၂ ဦး သေဆုံးခဲ့ သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 26 Sep 2013 04:35 AM PDT

ကာလ တန်ဖိုး သတ်မှတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)မှ ရန်ကုန်မြို့ တွင်း မြို့နယ်အလိုက် မြေဈေးနှုန်း များ သတ်မှတ်ပေးသော်လည်း ရန်ကုန်အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းသွားခြင်းမရှိဘဲ အရောင်း အဝယ် အေးစက်နေကြောင်း ရန် ကုန်အိမ်ခြံမြေအသိုင်းအဝိုင်းထံ
မှ စုံစမ်းသိရှိရသည်။ ယခုကဲ့သို့ မြို့နယ်အလိုက် မြေဈေးနှုန်းများ သတ်မှတ်လိုက် ခြင်းသည် အစိုးရမှ မြေဈေးအား ထိန်းချုပ်ခြင်းအတွက် မဟုတ်ဘဲ အိမ်ခြံမြေရောင်း ဝယ်ခြင်းများ မှ အခွန်အား တိကျစွာရရှိနိုင်ရန် အတွက် ယခုကဲ့သို့ သတ်မှတ်လိုက် ခြင်းဖြစ်ကြောင်း အိမ်ခြံမြေကျွမ်း ကျင်သူများက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရန်ကုန်မြို့ပြမြင်ကွင်း။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ) Yangon Media Group


Posted: 26 Sep 2013 04:31 AM PDT

ဖြူးမြို့နယ် ဒိုင်းတစ်ရာကျေးရွာ အုပ်စု ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းရှိ ပျံကျဈေးဆိုင် ၁၅၀ ခန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူး၏ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၄ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်နှင့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော လူ ၂၀၀ ခန့်ဖြင့် ရှင်းလင်းခဲ့ကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ပျံကျဈေးဆိုင်များကို ရွှေ့ပြောင်းရန် စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ရက်သတ္တတစ်ပတ်ကြာ အချိန်ပေးခဲ့ပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ရှင်းလင်း ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း၊ ပျံကျဆိုင်ခန်းများကို ဆိုင်ပိုင်ရှင်များ ကိုယ်တိုင် ဖျက်သိမ်းခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ပြီးစီးခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Sep 2013 04:27 AM PDT

အိပ်ရာကထပြီး မတ်မတ်လေး ထိုင်ရန်မှာ ဆိုဖောင်းအတွက် အလွန်ခက်ခဲ လွန်းလှသည်။ သူမ ကလေးများ အကူအညီဖြင့် သစ်သားအိမ်ငယ်လေးအတွင်း သွားလာနေထိုင်ရသည်။ တစ်အိမ်လုံး ဆေးနံ့တွေကလည်း ပျံ့နှံ့နေသည်။ ဆိုဖောင်းအသက် ၅၉ နှစ်ရှိပြီ။ ယမန်နှစ်က သူမသည် အိမ်ထဲမှ “ကယ်ကြပါရှင်” ဟုအော်ပြီး ပြေး ထွက်လာသည်။ သူမ အော်သံက ထိတ်လန့်စရာ ကောင်းလှသည်။ လက်ကားရား ခြေကားရား ဝှေ့ယမ်းအော် ဟစ်ပြီး သူမပြေးထွက်လာခြင်း ဖြစ်သည်။ သူမတစ်ကိုယ်လုံး ဓာတ်ဆီတွေ ရွှဲနေပြီး အပေါ်ပိုင်းတွင် မီးတွေစွဲနေသည်။ အိမ်နီးနားချင်းတွေက ပြေးထွက် လာကြပြီး မီးကိုဝိုင်း ငြှိမ်းလိုက်ကြသည်။ ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး မီးလောင်ကျွမ်းမှုကို ခံစားခဲ့ရသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Sep 2013 04:22 AM PDT

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိ
န်း ၀င်ရောက်လုပ်ကိုင်နေတဲ့  စီအန်ပီစီ  China National Petroleum Cooperation  ကုမ္ပဏီကို ဆန္ဒပြခဲ့တဲ့ ဒေသခံ ခေါင်းဆောင် ၁၀ ဦးကို မြို့နယ်တရားရုံးက  အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။ ဒီတရားစီရင်မှုဟာ မတရားဘူးလို့ ယူဆပြီး ကိုထွန်းကြည် အပါအ၀င် ရွာသား ၁၀ ဦးကို ပြန်လွှတ်ပေးဖို့၊ ပြန်မလွှတ်ပေးရင် အတူတကွဆန္ဒပြခဲ့တဲ့ သူတို့လူ ၅၀၀ ကျော် အတူအဖမ်းခံမယ်လို့  ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Sep 2013 04:18 AM PDT

ဂျပန်နိုင်ငံဟာ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ အတွက် ဗီဇာလိုအပ်ချက်တွေကို ဖြေလျော့ပေးဖို့ စီစဉ်နေတယ်လို့  ဂျပန်အစိုးရ တာဝန်ရှိသူတဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။ ဂျပန်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု မဟာဗျူဟာကို မြှင့်တင်ပေးနိုင်မယ့် ကြိုးပမ်းချက် အဖြစ်  ခရီးသွားကဏ္ဍ တိုးမြင့်လုပ်ဆောင်ဖို့  လုပ်ဆောင်တာလို့ ဂျပန်အစိုးရ တာဝန်ရှိ သူတွေက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Sep 2013 03:15 AM PDT

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြိုနယ် ဟေမာဇလရပ်ကွက် ၂၈ လမ်း၊ ၇၆x၇၇ ကြားရှိ ဟိုတယ်တစ်ခုတွင် စက်တင်ဘာလ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က နိုင်ခြားသားတစ်ဦး အိပ်ရာပေါ်တွင် ဝတ်လစ်စားလစ်ဖြင့် စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ သေဆုံးသူ သြစတြေးလျနိုင်ငံသား Mr.Wayne Gibson Mikchel (၆၈) နှစ်သည် အဆိုပါ ဟိုတယ်သို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တစ်ဦးတည်း တည်းခိုခဲ့ပြီး စက်တင်ဘာလ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က ဟိုတယ် သန့်ရှင်းရေးဝန်ထမ်းက သန့်ရှင်းရေး ပြုလုပ်ရန်အတွက် တံခါးခေါက်ရာ တုံ့ပြန်မှု မရှိသဖြင့် ဟိုတယ်ရှိ သော့အပိုဖြင့် ဖွင့်ခဲ့ရာ စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Sep 2013 03:08 AM PDT

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာကျေးရွာတွင် စက်တင် ဘာ ၂၃ရက် ညနေပိုင်းက ဓား ပြတိုက် လုယက်မှုတစ်ခုဖြစ်ပွား ခဲ့ကြောင်း ဒေသခံများထံမှ သိ ရသည်။ ကျိုက်မရောမြို့နယ် တရနာ ကျေးရွာ အိမ်အမှတ်၅/၁ဝ၇ တွင်နေထိုင်သော မ---တစ်ဦး တည်း စက်တင်ဘာ ၂၃ရက်နေ့ ည ၆နာရီက ဘုရားရှိခိုးနေစဉ် မျက်နှာဖုံးစွပ်ထားသောလူလေး ဦးက နေအိမ်အတွင်းဝင်ရောက် ကာ ဓားပြတိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Sep 2013 02:46 AM PDT

မြန်မာ နိုင်ငံတွင် ရေဖုံးလွှမ်း နိုင်ခြေမြင့် မားလျက်ရှိသည့် နေရာပေါင်း ၂ဝခန့်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒပညာရှင် ဒေါက် တာထွန်းလွင်က ပြောကြားလိုက် သည်။ အဆိုပါရေဖုံးလွှမ်းခံရမှု အခြေအနေ မြင့်မားနေဆဲဒေသ များမှာ ဧရာဝတီတိုင်း အရှေ့ တောင်ပိုင်း၊ ရန်ကုန်တိုင်းအရှေ့ တောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း စွန်းတို့ဖြစ်ပြီး ဧရာဝတီတိုင်းတွင် (ပုသိမ်ဒေသ၌ တစ်နေရာ၊ မအူပင် ဒေသ၌ ခြောက်နေရာ)၊ ပဲခူးတိုင်း တွင် ရှစ်နေရာနှင့် ရန်ကုန်တိုင်း တွင် ငါးနေရာခန့်တို့ဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Sep 2013 02:38 AM PDT

မြန်မာရေတပ်၏ တိုက်ခိုက်ခြင်း ခံရသော ထိုင်းငါးဖမ်းသင်္ဘောမှ မာလိန် မှူးအား မြန်မာအာဏာပိုင်များက ထိန်း သိမ်းထားသည်ဟု ဆိုသော်ငြား နှစ်နိုင်ငံ စလုံးက အကြောင်းကြားခြင်း မရှိသေး ကြောင်း မာလိန်မှူး၏ ဇနီးဖြစ်သူက ပြောသည်။ ထိုင်းမီဒီယာများကမူ မာလိန်မှူး မစ္စတာ ကာယုအား မြန်မာအာဏာပိုင် များကထိန်းသိမ်းထားကြောင်းကို ထိုင်း ရေတပ်မှသိရသည် ဟု ရေး သားဖော်ပြ ကြသော်ငြား သူကိုယ်တိုင်အနေဖြင့်မူ မြန်မာဘက်မှရော ထိုင်းဘက်မှပါ မည်သည့်အကြောင်းကြားချက်မှ မရရှိသေး ကြောင်း မာလိန်မှူး၏ ဇနီးဖြစ်သူ မစ္စ ပီယမ်နန် ဂျန်အွန်က ပြောခြင်းဖြစ် သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ငါးဖမ်းစက်လှေတစ်စင်းနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ။ ဓါတ်ပုံ - The Myawady Daily


Posted: 26 Sep 2013 02:30 AM PDT

ဆာလောင်မှုကို ဆန့်ကျင်နိုင်တဲ့ တစ်ခုတည်းသော ကုစားချက်က သင့်တော်တဲ့ သားဆက်ခြားနည်းပဲ။
- ဖရီးဒရစ်ခ်ျ ဒူးရန်မတ် (၁၉၂၁-၁၉၉၀)
- ၂၀ ရာစု ဆွစ်ဇာလန်စာရေး ဆရာကြီး။

ဒီနေ့ကို စက်တင်ဘာလ ၂၆ ရက်နေ့တိုင်း ကျင်းပစေဖို့ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်း ၁၀ ခု ရှိပါတယ်။ အဲဒါတွေက - (၁) ပဋိသန္ဓေ တားဆီးခြင်းဆိုင်ရာ အာရှ-ပစိဖိတ် ကောင်စီ APCC (Asian Pacific Council on Contraception)၊ (၂) လက်တင် အမေရိကန် အလယ်ပိုင်းအဖွဲ့ (Centro Latinamericano Salud y Mujer)၊ (၃) ပဋိသန္ဓေ တားဆီးခြင်းနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဥရောပ လူမှုအဖွဲ့အစည်း (European Society of Contraception and Reproductive Health)၊ (၄) ကမ္ဘာ့ လူဦးရေဆိုင်ရာ ဂျာမန် ထောက်ပံ့ရေး အဖွဲ့အစည်း (German Foundation for World Population)၊ (၅) သူငယ်နာနှင့် ဆယ်ကျော်သက် မီးယပ်၊ သားဖွားကုဆိုင်ရာ နိုင်ငံတကာ အဖွဲ့ချုပ် (International Federation of Pediatric and Adolescent Gynecology)၊ (၆) နိုင်ငံတကာ မိဘ ဘဝ ကြိုတင်စီမံမှု အဖွဲ့ချုပ် (International Planned Parenthood Federation)၊ (၇) မာရီစတုပ်စ် နိုင်ငံတကာ အဖွဲ့အစည်း (Marie Stopes International)၊ (၈) လူဦးရေ ဝန်ဆောင်မှုများ နိုင်ငံတကာအဖွဲ့ (Population Services International)၊ (၉) လူဦးရေ ထိန်းချုပ်မှုကောင်စီ (Population Council) နဲ့ (၁၀) နိုင်ငံတကာ ဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာ အမေရိကန် ပြည်ထောင်စုအေဂျင်စီ USAID (United States Agency for International Development) တို့ပဲ ဖြစ်ပါတယ်။ တခြားသော နိုင်ငံတကာ NGO အဖွဲ့တွေနဲ့ အမျိုးသမီးရေး လှုပ်ရှားဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကလည်း ပူးပေါင်း ပါဝင်လေ့ ရှိပါတယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Sep 2013 02:20 AM PDT

မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသော ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်ရိုက်နှိပ်ပေးရန် တောင်းဆိုမှုအတွက် ဆန္ဒလက်မှတ်များ စတင်ကောက်ခံလျက် ရှိကြောင်း အဆိုပါ လက်မှတ် ကောက်ခံမှုအတွက် တက်ကြွ လှုပ်ရှားသူ Blood Group သွေးကူညီပေးရေး အဖွဲ့မှ ဦးညီညီက The Voice သို့ ပြောကြားသည်။ အဆိုပါ ဆန္ဒလက်မှတ် ကောက်ခံမှုကို စက်တင်ဘာ ၂၀ ရက်နေ့မှ စတင်ပြုလုပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ကောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Sep 2013 01:27 AM PDT

ရန်ကုန်-စက်တင်ဘာ၂၆

ဇာဂနာ(မောင်သူရ)သည် ကျန်းမာရေးအခြေအနေကြောင့် ယနေ့ အောက်ဆီဂျင်ဘူးဖြင့် အသက်ရှုနေရကြောင်းသိရသည်။ ဇာဂနာ ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး လူရွှင်တော် အရိုင်းကှို ဆက်သွယ်မေးမြန်းခဲ့ရာ "ဒီမနက်မှသိတာ ၊ ဖေ့ဘုတ်ပေါ်မှာတွေ့လိုက်တာ၊ အသက်ရှုမဝဘူး၊ အဆုတ်ေ၇ာင်နေတယ်လို့ ပြောတယ်။ အခု အောက်ဆီဂျင်ပေးထားတယ်။ ဆေးရုံတင်မှာကို မတက်ချင်ဘူးပဲ ငြင်းနေတာ။ ငြိမ်းချမ်းရေးပွဲပြီးတဲ့ညက အကောင်းပဲရှိသေးတယ်။ မနေ့ည စက်တင်ဘာ ၂၅ ရက်ညကမှဖြစ်တာ။ တစ်ယောက်တည်းနေရင်း အသက်ရှုကျပ်လာတယ်ပြောတယ်။အခု သူ့အိမ်ကို သတင်းသွားမေးရမယ်။ " ဟု ပြောပြခဲ့သည်။

Popular Myanmar News Journal


Posted: 26 Sep 2013 01:28 AM PDT
နိုင်ငံခြားသို့ တရား မဝင် အလုပ် သွားလုပ်သူများမှ မွေးဖွားလာသော ကလေး များသည် နိုင်ငံသား အဖြစ် ဆုံး ရှုံးမှု မရှိသော်လည်း ကျန်းမာရေး ဌာနမှ မွေးစာရင်း ထုတ်ပေးနိုင်မှု မရှိပါကြောင်း ကျင်းပနေသော မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် က ဖြေကြားသည်။ မြန်မာနိုင်ငံမှ အကြောင်း အမျိုးမျိုးကြောင့် တစ်ဖက်နိုင်ငံ (နိုင်ငံခြား)တွင် သွားရောက် အလုပ်လုပ်ကိုင် သူများ ထဲတွင် အချို့က တရားဝင်နှင့် တရား မဝင် သွားရောက် အလုပ်လုပ် သူ သိန်းချီ ရှိနေကြောင်း၊ တရားမဝင် သွားရောက် အလုပ်လုပ် သူများ နိုင်ငံခြားတွင် လက်ထပ်ပြီး မွေးဖွားလာသော ကလေး အရွယ်ရောက် လာ ၍ ကျောင်း အပ် သည့်အခါ မွေးစာရင်း မရှိ၍ ကျောင်းအပ်၍ မရကြောင်း၊ အိမ်ထောင်စု စာရင်းမှာ မပါ၍ နိုင်ငံသား စိစစ်ရေးကတ် မရရှိ၍ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Sep 2013 12:59 AM PDT

ထိုင်း Gunkul Engineering Co., နှင့် တရုတ် China Three Gorges Co., တို့က ပြည်တွင်းရှိ ဒေသအချို့တွင် လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်... ထောင်ချီ ထုတ်လုပ်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်း လျှပ်စစ်ဓာတ်အား ဝန်ကြီးဌာန လျှပ်စစ်စွမ်းအားဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်းက ပြောကြားသည်။ Gunkul Engineering Public Co., က မွန်၊ ကရင်၊ တနင်္သာရီနှင့် ရှမ်းပြည်နယ်တို့ရှိ နေရာ ခုနစ်နေရာတွင် လျှပ်စစ်ဓာတ်အား ပမာဏ ၂၉၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် လေစွမ်းအင် စက်ရုံများ ဆောက်လုပ်ရန် လေ့လာမှုများ ပြုလုပ်နေပြီး China Three Gorges Co.,က ချင်း၊ ရခိုင်၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လေ့လာမှုများ ပြုလုပ်နေကာ ၁၁၀၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် လေစွမ်းအင် စက်ရုံများ ဆောက်လုပ်ရန် ရည်ရွယ်ထားကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Sep 2013 12:55 AM PDT

အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်ခွင့် Diversity Visa Program (DV) ကံစမ်းမဲအကြောင်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် အသိပေး ရှင်းလင်းမည် ဖြစ်ကြောင်း အမေရိကန်သံရုံး ကောင်စစ်ဝန်ဌာနက စက်တင်ဘာလ ၂၅ ရက်က ထုတ်ပြန်လိုက်သည်။ ပထမအကြိမ် ရှင်းလင်းခြင်းကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် YMCA ရုံး၊ ဒုတိယအကြိမ် ရှင်းလင်းခြင်းကို အောက်တိုဘာလ ၃ ရက်နေ့တွင် American Center နှင့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ယုဒသန် ခန်းမတို့၌ ညနေ ၅ နာရီ ၃၀ မိနစ်မှ ၇ နာရီအထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 26 Sep 2013 01:06 AM PDT

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ ဆန္ဒဖေါ်ထုတ်သူ (၁၀) ဦးကို မြို့နယ် တရားရုံးက ထောင်ချလိုက်သဖြင့် လူပေါင်း ၄၀၀ ခန့်က တရားရုံးရှေ့တွင် စုရုံးပြီး ကြွေးကြော်သံများ ပြိုင်တူ ကြွေးကြော်ကာ ဆန္ဒပြနေကြသည်ဟု သတင်း ရရှိသည်။ ကိုထွန်းကြည် အပါအ၀င် လူ (၁၀) ဦးအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မူ ဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် ယနေ့ နံနက်က ကျောက်ဖြူမြို့နယ် တရားရူံက  ထောင် (၃) လစီ ချမှတ်လိုက်ပြီးနောက် ယခုလို ဆန္ဒပြပွဲများ ပေါ်ပေါက်လာကြောင်း ကျောက်ဖြူ လူမူ ကွန်ယက်မှ ကိုလှမြင့်ကျော်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ဆယ်ဦးအား ပုဒ်မ-၁၈ ဖြင့် တရားစွဲဆိုထားသည်ကို ကျောက်ဖြူမြို့နယ်တရားရုံးတွင် ယနေ့ ၂၀၁၃ စက်တင်ဘာ (၂၆) ရက်နေ့တွင် စီရင်ချက်ချမည် ဖြစ်ရာ ကျောက်ဖြူမြို့ပေါ်တွင် ရဲတပ်သား တစ်ရာကျော်၊ စစ်သား လေးဆယ်ခန့်အပြင် မီးသတ်ကားများကို ပါ နေရာချထား၍ အသင့်ပြင်ထားသည်။ ဓါတ်ပုံ ( Coral Arakan News )


Posted: 26 Sep 2013 12:33 AM PDT

ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲ၊ ဟဲနန်းကျေးရွာအုပ်စု၊ ကျူပေါ်ကျေးရွာ၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာတွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ မွန်းလွဲ ၂း၃၀ နာရီ အချိန်ခန့်၌ SSA (RCSS) (ရွက်ဆစ်) အဖွဲ့မှ ရွက်ဖ ဦးစီးသည့် (အင်အား (၃၀) ဦးခန့်) အဖွဲ့မှ ထောင်ထားသည့် တိုက်မိုင်းဟု ယူဆရသော မိုင်း (ဗုံး) တစ်လုံး ပေါက်ကွဲသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မိုင်းနင်းမိ၍ အပြစ်မဲ့ပြည်သူများ ဒဏ်ရာရ





Posted: 26 Sep 2013 12:16 AM PDT

မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်၊ အေးဇရပ်ရက်ကွက်အတွင်း ရပ်ကွက်သူ ရပ်ကွက်သားများမှ အလှုငွေထည့်ဝင်ကာ ကိုယ်ထူကိုယ်ထ ပြုပြင်ထားသော ထောင့်ငါးရာပေအရှည်ရှိ လမ်းဖွင့်ပွဲတွင် ပါတီတခုမှ ဝင်ရောက်နာမည်ကောင်းယူ၊ ဆိုင်းဘုတ်တပ်သွားသဖြင့် ဒေသခံများ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။ ယင်းလမ်းဖောက်လုပ်ရန်အတွက် သုံးဆယ့်ငါးသိန်းမျှ ကုန်ကျပြီး ရပ်ကွက်သူ ရပ်ကွက်သားများထဲမှ မိမိတက်နိုင်သလောက် ထည့်ဝင်ကာ ရှစ်လပိုင်းမှ စတင်ပြုပြင် ဖောက်လုပ်ခဲ့သော လမ်းသစ်ကြီးအား ၂၄.၉.၂၀၁၃နေ့လည်၁၂နာရီတွင် လမ်းသစ်ဖွင့်ပွဲကျင်းပခဲ့ပြီး တစညပါတီမှ ပါတီဆိုင်းဘုတ်တပ်ကာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 26 Sep 2013 12:09 AM PDT

နေပြည်တော် ကောင်စီနယ်မြေ ၊ ဒက္ခိဏသီရိမြို့နယ် ၊ ဂူနှစ်လုံးဆည်စုကျေးရွာ အုပ်စု မကျည်းကုန်း ကျေးရွာ နှင့် ဂွေးတောက်ရိုးကျေးရွာရှိ တောင်သူများ၏ လယ်ယာမြေများကို ဗိုလ်မှူးဟောင်း ဦးခင်မောင်ဝင်း ရယူထားခြင်းသည် သစ်တောဌာနမှ လုပ်ပိုင်ခွင့် ချထားပေးခြင်းမဟုတ်ကြောင်း ယမန်နေ့ ၂၅.၉.၂၀၁၃ ရက်နေ့က နေပြည်တော်ကောင်စီ သစ်တောဌာန တိုင်းရုံးသို့ ဦးငွေထွန်း နှင့် တောင်သူ ဦးကြည်သိန်း ၊ ကိုမောင်မောင်လွင်တို့ သွားရောက်မေးမြန်းစုံစမ်းရာမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 25 Sep 2013 11:30 PM PDT

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ ပေးပို့ထားသော ရေကျိုငါးပိများအား ဓာတ်ခွဲစစ်ဆေးရာ ယူရီးယား (Urea) ဓာတ် ပါဝင်မှုကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)က မဇ္ဈိမသို့ စက်တင်ဘာ ၂၄ ရက်က ဖြေကြားသည်။ သို့သော် ထိုသို့ယူရီးယားပါဝင်ခြင်းမှာ ဓာတ်မြေသြဇာ ရောနှောခြင်းကြောင့် ဟုတ်သည်၊ မဟုတ်သည်ကို ခွဲခြားနိုင်ခြင်း မရှိပါကြောင်းလည်း ဖြေကြားသည်။ ယင်းတွေ့ရှိမှုနှင့်ပတ်သက်ပြီး မည်သို့ဆက်လက် ဆောင်ရွက်ရန်ရှိသည်ဆိုသည့် အချက်ကိုမူ ဆက်လက် ဖြေကြား ပေးခြင်း မရှိခဲ့ပေ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...