Sunday, September 29, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၉)

သစ်ထူးလွင်



Posted: 29 Sep 2013 03:57 AM PDT

လက်ပတောင်းတောင်ဒေသ လယ်တီဆရာတော်ဘုရားကြီး သိမ်နဲ့စေတီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အင်းအားစုများက မန္တလေးမြို့ ငွေငါးကျောင်းတိုက်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး စုံစမ်းရေး ကော်မရှင် တင်ပြချက်တွေနဲ့ သံဃာတော်တွေရဲ့ ၀ိနည်းတော် လုပ်ထုံး... လုပ်နည်းများအတိုင်း ထိန်းသိမ်းပေးဖို့ စက်တင်ဘာ ၂၉ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲ အပြီးမှာ လမ်လျှောက်ချီတက်ပွဲကိုလဲ စတင်ပြုလုပ်နေပါတယ်။
သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ
DVB TV News

အမရပူရမြို့နယ်ကနေ လက်ပတောင်းအထိ ချီတက်လမ်းလျှောက်လာတဲ့ လယ်တီ ဆရာတော်ဘုရားကြီး သိမ်နဲ့စေတီ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး အင်းအားစုတွေကို စစ်ကိုင်းအ၀င်မှာ တားဆီးပြီ

အမရပူရမြို့နယ်ကနေ စတင်ချီတက်လမ်းလျှောက်လာနေတဲ့ လက်ပတောင်းဒေသ လယ်တီဆရာတော်ဘုရားကြီး သိမ်နဲ့စေတီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အင်းအားစုတွေကို စစ်ကိုင်းအ၀င်မှာ စောင့်ကြိုနေသူများကို တွေ့ရစဉ်။
Posted: 29 Sep 2013 03:42 AM PDT

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်ကို ဒုတိယအကြိမ်မြောက် ကျော်လွန်ခဲ့သဖြင့် မြို့အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ငူမြို့ခံများ ထံမှသိရသည်။ စက်တင်ဘာလ ၂၈ ရက်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ အထက်သို့ ကျော်လွန်ပြီး ၆၁၆ စင်တီမိတာအထိ ရောက်ရှိ ခဲ့ကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ပြောကြားသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Sep 2013 03:22 AM PDT

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ မဲဇလီဒလကျေး  ရွာရှိလယ်သမားကြီးဦးစိန်သောင်
း နှင့် လယ်သမားများ၏ လယ်ယာ မြေကိစ္စနှင့် ပတ်သက်၍သတင်း မီယာများတွေ့ဆုံပွဲကို ၂၀၁၃ ခုနှစ်   စက်တင်ဘာ (၂၅) ရက်နေ့ နံနက်  (၁၀း၃၀) တွင် လယ်သမားကြီး ဦးစိန်သောင်းအိမ်၌ ကျင်းပရာ လယ်ယာမြေနှင့် ပတ်သက်သော  ကိစ္စများကို မီဒီယာအဖွဲ့များအား ရှင်းလင်းပြောကြားခဲ့ကြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Sep 2013 03:12 AM PDT

ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ အတွက် လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဆောင­်ဖို့ မြန်မာအစိုးရဟာ ဘဏ္ဍာငွေ အကုန်အကျခံမှု သိပ်ကို နည်းပါးနေတယ်လို့ WHO အရာရှိက စက်တင်ဘာ ၂၈ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Sep 2013 03:04 AM PDT

စက်တင်ဘာလ ၂၄ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်၏ ပထမအကြိမ်၊ ဆဋ္ဌမပုံမှန်အစည်းဝေး၏ ၈ရက် မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသ ကြီး၏ စည်ပင်သာယာရေး ဥပဒေ ကြမ်းကို အတည်ပြုခဲ့သည်။ ယင်းဥပဒေကြမ်းတွင်စည်ပင် သာယာဥပဒေ ချိုးဖောက်မှုများ အတွက် ငွေဒဏ်ကို ဆယ်ဆတိုး ခြင်းနှင့် ထောင်ဒဏ် မြှင့်တင်ခြင်း တို့ပါဝင်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Sep 2013 02:47 AM PDT

“ကိုဘသစ် နက်နက်စောစောကြီးဘယ်ကလှည့်လာတာ
လဲ”
“မော်လမြိုင်ကပြန်လာတာပါ။ ကျုပ်ဘကြီးတစ်ယောက်နေမကောင်းလို
့သွားကြည့်တာ၊ဘကြီးကအသက် ၈၁ နှစ်ရှိပြီ”
“အခြေအနေဘယ်လိုရှိလဲ”

“ကောင်းသွားပါပြီ။ ဘကြီးတို့က ခြံထဲမှာနေတော့လေကောင်းလေသန်
့ရတယ်။သန်သန်မာမာဆိုပေမဲ့ ဘကြီးစကားနဲ့ဆိုရင် ဇရာထောင်းတော့ ဘယ်ဟာမှမကောင်းဘူး ကွ လို့ပြောရမှာပဲ”
“အင်းဇရာကိုညာလို့မရဘူး”

“ဒါနဲ့ဘာသတင်းထူးသေးလဲ”

“ခင်ဗျားပြောတဲ့ ငပိကိစ္စတော့ထူးတယ်ဗျ၊ MRTV ကသတင်းတွေထုတ်ပြန်တယ်”

“ဟုတ်လား၊လုပ်စမ်းပါဦး”

“သူတို့ဟာ ဧရာဝတီတိုင်းရန်ကုန်တိုင်းစတဲ့ ငပိ Sample သုံးမျိုးကို FDA ဓာတ်ခွဲခန်းကိုပို့သတဲ့”

“ဓာတ်ခွဲခန်းပို့လည်း ယူရီးယားတွေ့မှာပဲပေါ့”

“မတွေ့ဘူးတဲ့၊ ငပိ Sample သုံးမျိုးအနက် တစ်မျိုးမှာပဲ ယူရီးယားတွေ့တယ်၊ဒီလိုဆိုရင် အဲဒီတစ်မျိုးသာ ယူရီးယားဓာတ်မြေသြဇာထည့်ထားတာ ဖြစ်ရမယ်ပေါ့။ တကယ်လို့ ငပိဟူသ၍ ယူရီးယားပါတယ်ဆိုရင် ကျန်တဲ့ ငပိ Sampleနှစ်ခုမှာလည်း ဒီလိုယူရီးယားကိုတွေ့ရမယ်လို
့ဗအုပ်ခိုင်ကကောက်ချက်ချတယ်”
“ကိုဘအုပ်ခိုင်ကောက်ချက်ချတာကို
ကြားတော့ ကျုပ်ဘကြီးပြောတာကိုသတိရတယ်”
“ကျုပ်မော်လမြိုင်သွားတယ်လေ၊
ဘကြီးနေမကောင်းလို့သွားကြည့်တာ၊ကျုပ်ပြောပြတယ်မဟုတ်လား”
“ပြောပါတယ်”

“မော်လမြိုင်ရောက်တော့ဘကြီးကနေေ
ကာင်းနေပြီ၊ သူ့ကိုကြက်ပေါင်းရည်တို့ ငှက်သိုက်တို့ကို တိုက်တော့မသောက်ဘူး။ဒါနဲ့ ဘကြီးကိုမေးတာပေါ့။
‘ဘကြီး ၊ ဘာလို့ဒါတွေမသောက်လဲ”

“ဒါတွေက ဓာတုဗေဒပစ္စည်းတွေပါမယ်လေ”

“ဟင်ဘကြီးဘယ်လိုလုပ်သိလဲ”

“သိဆို ကြက်ပေါင်းရည်ဆိုတာ ခဏလေးထားရင်တောင် ပုတ်သွားတာပဲလေ။တစ်ညလောက်ကြာရင်
သိုးသွားတာပဲ”
“ဒါနဲ့ကျုပ်လည်းဘကြီးကို ဒါတွေမတိုက်ရဲတော့ဘူး။ ကြာကြာခံအောင်လုပ်ထားတဲ့အစာဆို
တာ တစ်စုံတစ်ခုထည့်ရတယ်။ ဥပမာ ငါးဆားနယ်ဆိုကပါတော့ ဆားက မပုတ်အောင်လုပ်ထားတယ်။ ငါးသေတ္တာဆိုဆီက မပုတ်အောင်လုပ်ထားတာပေါ့”
“အင်းဒါကြောင့်မြန်မာဆိုင်က  ဟင်းတွေဆီများတာပေါ့”

“ဟုတ်တယ်၊မြန်မာပြည်လိုပူတဲ့ ဒေသတွေမှာ ဟင်းတွေမှာ ဆီတွေအုပ်နေမှမပုပ်သိုးတာပေါ့။ေ
ရခဲသေတ္တာထဲထည့်ပြီး ထားရင် နှစ်ရက်သုံးရက်တော့ခံတယ်။ Freezer ထဲထည့်ထားရင် ဒီထက်ကြာကြခံတယ်”
“ခင်ဗျားဘကြီးကခေါင်းမာတာပဲ”

“သူပြောတာမှန်ပါတယ်။ အမှန်တော့အန္တရာယ.်နည်းတဲ့ Sodium Benzoate လိုမျိုးကို အစားအသောက်တွေမှာ Food Preservative အနေနဲ့ခွင့်ပြုထားတယ်။ဒါပေမဲ
ကအချို့ကျတော့လည်း ယမ်းစိမ်း (Soium Nirate )ကိုထည့်တယ်။ ၀က်အူချောင်းတို့မှာ ထည့်တာရှေးကတည်းကပဲ”
“ဘာမှမဖြစ်ဘူးလား”

“ကင်ဆာဖြစ်တာပေါ့။ဒါကလည်းများမှ
ပါ။ ရှောက်ယိုတွေမှာကော့ပါးဆာလဖိတ်(ဒုတ္ထာ)ထည့်တာ လည်းအန္တရာယ် များတယ်”
“စိမ်းစိမ်းလေးဖြစ်အောင်ထည့်တာ
ပဲမဟုတ်လား”
“မှန်ပါတယ်။ အစားအသောက်တွေမှာ Adulteration ဆိုတာ မျိုးတွေအများကြီးပါ”

“ဒါဆိုရင် ငပိမှာ ယူရီးယားမြေသြဇာထည့်တယ်ဆိုတာ ခင်ဗျားလက်ခံတာပေါ့”

“ဒါကိုကျွန်တော်ဘာမှ ကောက်ချက်မပေးလိုပါဘူး။အရင်အပတ်
ကကျွန်တော်ပြောသလိုပါပဲ ငါးတွေရဲ့ကိုယ်ထဲမှာ ယူရီးယားတွေပါနေတယ်။ဒါကြောင့် ကျွန်တော်က ယူရီးယားကိုငပိမှာတွေ့ရင် ဓာတ်မြေသြဇာကြောင့်ဆိုတာမပြောနိုင်ဘူး လို့ပြောခဲ့တာပဲ”
“ဒါပေမဲ့ကိုဘသစ်ရ၊ ကိုဗအုပ်ခိုင်က သူတို့ဟာ ဧရာဝတီတိုင်းရန်ကုန်တိုင်းစတဲ့ ငပိ Sample သုံးမျိုးကို FDA ဓာတ်ခွဲခန်းကိုပို့တယ်။ငပိ Sample သုံးမျိုးအနက် တစ်မျိုးမှာပဲ ယူရီးယားတွေ့တယ်၊ဒီလိုဆိုရင် အဲဒီတစ်မျိုးသာ ယူရီးယားဓာတ်မြေသြဇာထည့်ထားတာ ဖြစ်ရမယ်လို့ဗအုပ်ခိုင်ကကောက်ချ
က်ချထားတယ်”
“ဒါကြောင့်ပြောတာပေါ့၊ စောစောကစကားကိုပြန်ကောက်မယ်။ကျု
ပ်ဘကြီးကို အားဖြစ်စေတာတွေဘာတိုက်တိုက်မသောက်ဘူး။ဘကြီးက ‘ငါအားရှိပါတယ် မင်းဒီမှာကြည့်’ ဆိုပြီးခြံထောင့်ကိုခေါ်သွားတယ်။ ပြီးတော့ ဧရာမကျောက်တုံးကြီးကိုမပြတယ်”
“သူကျောက်တုံးကြီးကိုမပြတယ်ဟုတ်
လား”
“ဟုတ်တယ်။ဒါပေမဲ့ကျောက်တုံးကြီး
ကိုသူမမနိုင်ဘူး”
“ဒါဆိုသူအားရှိတယ်ဆိုတာမှားနေတာ
ပေါ့”
“ဒါပေမဲ့သူကပြောတယ်။ ‘ ဟေ့ ဒီမှာတွေ့လး။ ဒီကျောက်တုံးကိုငါ ၁၈ နှစ်သားကလည်းမ,မနိုင်ဘူး။ခုလည်း
မ, မနိုင်ဘူး။ ငါ ၁၈ နှစ်သားလောက်အားရှိတုန်းပဲ’ တဲ့”
“ဟားဟား၊ သူ့လောဂျစ်ကလဲ တစ်မျိုးကြီးပဲ”

“ဒါကြောင့်ပြောတာပေါ့။ မတွေ့တာမဖြစ်တာ စောစောက ဘကြီး မ,မနိုင်တာတွေကို ကောက်ချက်ချလို့မရဘူး။ သူတို့ တကယ်လို့ ငပိဟူသ၍ ယူရီးယားပါတယ်ဆိုရင် ကျန်တဲ့ ငပိ Sampleနှစ်ခုမှာလည်း ဒီလိုယူရီးယားကိုတွေ့ရမယ် လို့ပြော တယ်။ ဒါဟာဖြစ်နိုင်သလိုမဖြစ်လည်းမြ
ဖစ်နိုင်ဘူး။ယူရီးယားဟာ ကြာလာရင်အမိုးနိးယားနဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြစ်သွား တယ်။ နောက်ပြီးယူရီးယားကို ဘက်တီးရီးယားအချို့ကလည်းစားသုံးတယ်”
“ဒါဆိုသူတို့ကောက်ချက်တွေဟာမှား
နေတာပေါ့”
“သိပ္ပံစကားနဲ့ပြောရင်တော့ မသေချာတဲ့ကောက်ချက်ပေါ့။တောင်ေ
ပ်ါမှာလူသုံးယောက်ကိုတွေ့တယ်။တစ်ယောက်ပဲဘုရားရှိခိုးတယ်ဒါကြောင့်ကျန်တဲ့နှစ်ယောက်ကဗဒ္ဓဘာသာဝင်မဟုတ်ဘူး ဆိုတဲ့ကောက်ချက်လိုမျိုးပါ”
“ဒီလိုကောက်ချက်ချရင်မှားလား”

“မှားနိုင်ပါတယ်။ ခုဟာက မြန်မာတစ်မျိုးသားလုံးစားသောက်ေ
နတဲ့ ငပိကိစ္စကိုပြောတာကြောင့်သတိထားဖို့ပြောတာပါ။ ဓာတ်ခွဲခန်းကတော့ပါမပါအဖြေထုတ်ပေးတာပဲ၊ ဒါပေမဲ့တစ်ခါတစ်ခါ ဘယ်လောက်ပါတာကိပဲစမ်းလို့ ရမယ်ဆိုတာမျိုး လည်းရှိတယ်။အချို့ငပိလုပ်ရင် အူတွေကလီစာတွေကိုမထုတ်ဘူး။ အချို့က အူတွေကလီစာတွေထုတ်တယ်။ မတူဘူး။ အူကလီစာတွေပါရင် ငပိတွေထဲမှာယူရီးယားတွေများနေမှာအသေအချာပဲပေါ့”
“ဒါဆိုရင်ငပိကိုစားသုံးဖို့သင့်
တယ်ပေါ့”
“ကျုပ်ကအဲဒါကိုပြောချင်တာမဟုတ်
ဘူး။ လွဲမှားနေတဲ့ လောဂျစ်တွေအယူအဆတွေနဲ့ မှားတဲ့ကောက်ချက်တွေမချမိဖို့ပါ။ သိပ္ပံပညာမှာ မှန်ကန်တဲ့ကောက်ချက်တွေချလို့ ခုလိုကမ္ဘာကြီးတိုးတက်လာတာပါ။ ခင်ဗျားကိုဒီအကြောင်းတွေ ပြောပြရဦးမယ်”
“ပြောပါဗျာ၊ ခင်ဗျားဘကြီးလိုပြောချင်တာက ကျုပ်ဟာ သိပ္ပံပညာကိုအရင်ကလည်း နားမလည်ဘူး။ခုလည်းနားမလည်ဘူး၊ ဒါကြောင့် ကျုပ်က ငယ်ငယ်ကလိုပဲခုထိပညာတော်နေတာ”

“ဟားဟားဟား”

ဒေါက်တာခင်မောင်ညို

by Myanmar News Now


Posted: 29 Sep 2013 01:10 AM PDT

ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာ တွင် မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။  ၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန်တွင်  စန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် စန္ဒယော်ကျေးရွာနေ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုး မှာ နေအိမ်တွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်း ထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်
တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား(၆)လက်မခန့်ရှိဝါးရိုးတပ် မီးဖိုချောင်သုံးဓါးအကျိုး(၁)ချောင်းတို့အား တွေ့ရှိခဲ့ရကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Sep 2013 12:54 AM PDT

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်၌ ဘာသာခြားတစ်ဦးက သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သံတွဲမြို့ ဒေသခံများက ပြောကြားသည်။ သံတွဲမြို့ မြို့တော်ခန်းမ အနီးရှိ ငပလီ အထွေထွေ ရောင်းဝယ်ရေး ဆိုင်ရှေ့တွင် လာရပ်သော သုံးဘီးယာဉ်၏ ယာဉ်မောင်းကို ဆိုင်ပိုင်ရှင်က ဆဲဆိုပြီး ယာဉ်တွင် တပ်ဆင်ထားသော သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ အနီးပတ်ဝန်းကျင်မှ လူအယောက် ၂၀၀ ခန့်က ဝိုင်းအုံမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 29 Sep 2013 12:45 AM PDT

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”
...
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။

ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။

အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 28 Sep 2013 11:27 PM PDT
ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးကို အမေရိကန် နိုင်ငံမှ အခြေချ နေထိုင်ခွင့်ပြု ခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့် ပြည်ဝင်သူ ဦးရေ နည်းပါးသည့် စာရင်းတွင် ပါဝင်နေသည့် အတွက် ပညာ အရည်အချင်း အနိမ့်ဆုံး တက္ကသိုလ် ဝင်တန်းအောင် မြန်မာနိုင်ငံ သား မည်သူမဆို အောက်တိုဘာ ၂ ရက်မှစပြီး www.dvlottery.state.gov မှ လျှောက်ထား နိုင်ပြီဖြစ် ကြောင်း ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မဟာ ဗန္ဓုလလမ်း ရှိ YMCA ခန်းမ၌ ကျင်းပသော အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာ ကံစမ်းမဲ သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သံရုံး မှ Vice Consul. Jonathan Chestnut က ပြောကြား ခဲ့ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Sep 2013 10:55 PM PDT

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ သတင်းစာတိုက်တွေနဲ့ ပုံနှိပ်စက်ရုံတွေ အတွက်ဆိုပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေအတွက် ပြန်ကြားရေးဝန်ကြီးဌာနက သင့်တော်တဲ့ လျော်ကြေးတွေပေးခဲ့ကြောင်း ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က အာဖက်အေကို ပြောကြားလိုက်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကပေးတဲ့ လျှော်ကြေးဟာ ကာလပေါက်ဈေးထက် သိပ်ပြီးနည်းပါးလွန်းတဲ့အတွက် ဝဲကြီးကျေးရွာ လယ်သမားတွေက မကြေနပ်ကြဖူးလို့ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်ရဲ့ ကိုယ်ရေးအရာရှိ ဦးခင်မောင်တင့်က အာဖက်အေကို ၂၈ ရက်နေ့မနက်က ပြောဆိုခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 28 Sep 2013 10:52 PM PDT

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို
င်က သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်မယ်လို့ ပြောကြားလိုက်ပါတယ်။ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့ တပ်မတော် ခေါင်းဆောင်တွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးရာမှာ အခုလိုပြောကြားခဲ့တာ ဖြစ်တယ်လို့ ကေအင်ယူ ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဗဒိုမန်းငြိမ်းမောင်က RFA ကိုပြောပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 28 Sep 2013 10:43 PM PDT

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ စနေနေ့က နောက်ထပ် အားကြီးတဲ့ ငလျင်တခု ထပ်မံလှုပ်ခဲ့တာကြောင့် လူပေါင်း ၁၅ ဦးလောက် သေဆုံးခဲ့ပါတယ်။ အဲဒီဒေသမှာ လွန်ခဲ့တဲ့လေးရက်က လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ကြီးမားတဲ့ငလျင်ကြီး တခုလှုပ်ခဲ့တာပါ။ မနေ့ကလှုပ်ခဲ့တဲ့ငလျင်ကြောင့် ဒဏ်ရာရတဲ့ဦးရေဟာ နောက်ပိုင်းမှာ ပိုပြီးမြင့်တက်လာနိုင်တယ်လို့ အစိုးရအာဏာပိုင်တွေက ပြောပါတယ်။ ဘလူချီစတန်ပြည်နယ်က Awaran ခရိုင်မှာလှုပ်ခဲ့တဲ့ငလျင်ဟာ အင်္ဂါနေ့ကလှုပ်ခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲရိုက်ခိုက်မှုဖြစ်တယ်
လို့ ဆိုပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 28 Sep 2013 10:38 PM PDT

ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်တဲ့ ကေအန်ယူ အဖွဲ့ဟာ မနေ့က နေပြည်တော်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ် ။ ကေအန်ယူ ဖက်မှာ အဖွဲ့ဝင် ရှစ်ယောက်ပါတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ နှစ်ဖက် တပ်တွေကြား ယုံကြည်မှု တည်ဆောက်ဖို့ ကိစ္စကို အဓိကထား ခဲ့ကြတယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

Posted: 28 Sep 2013 10:34 PM PDT
ပြည်ထောင်စု အစိုးရ နဲ့ ပြည်နယ်တိုင်း ဒေသကြီး အစိုးရ တွေ ကြား၊ ညှိနှိုင်း ဆောင်ရွက်ဖို့ အတွက် ဒုတိယ ဝန်ကြီး ၂၃ ဦး ပါဝင်တဲ့ ကော်မတီ ၂၆ ခု ကို သမ္မတ ဦးသိန်းစိန် က ဖွဲ့စည်းပေး လိုက်ပါတယ်။ အကြောင်းရင်း ကတော့ လက်ရှိ သမားရိုးကျ ဆောင်ရွက်နေတဲ့ ရုံးလုပ်ငန်း ပုံစံထက် သွက်လက် ထိရောက်တဲ့ ပုံစံမျိုး ကို ကဏ္ဍ အလိုက် ဆောင်ရွက်ဖို့ ဖြစ်တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန် က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြန်မာ သမ္မတ ဦးသိန်းစိန်




Posted: 28 Sep 2013 06:58 PM PDT



စက်တင်ဘာ(၂၉)ရက်နေ့  ၂၀၁၃

ရန်ကုန်မြို့  ပြည်လမ်းမပေါ်ရှိ ပါဒမီမီးပွိုင့်မှာ ဆန့် ကျင်ဖက် ယာဉ်ကြောကို ပိတ်ရပ်ထားတဲ့ တပ်မတော် ဆေးတက္ကသိုလ် ကြိုပို့ ယာဉ် ။


Posted: 28 Sep 2013 04:25 PM PDT

စက်တင်ဘာလ(၂၉)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 28 Sep 2013 04:22 PM PDT
စက်တင်ဘာလ(၂၉)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 28 Sep 2013 04:16 PM PDT
စက်တင်ဘာလ(၂၇)ရက်နေ့ ထုတ် M Plaza Shopping Journal Vol 1 Issue 16
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 28 Sep 2013 10:07 AM PDT

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အစိုးရပိုင် သတင်းစာတိုက်တွေနဲ့ ပုံနှိပ်စက်ရုံတွေအတွက်ဆိုပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက လယ်မြေဧက ၂ဝဝ ကျော်ကို နေပြည်တော်ကောင်စီကတစ်ဆင့် တောင်သူတွေဆီ ပြန်ပေးမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ နေပြည်တော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှာ မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးရဲထွဋ်က ပြောခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 28 Sep 2013 10:04 AM PDT

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ညက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပုဒ်မ ၃ခုနဲ့ တရားစွဲခံထားရတဲ့ ဝဲကြီးရွာသား ၁ဝ ဦးက ကျည်တောင်ကန်ရဲစခန်းမှာ သွားရောက်အဖမ်းခံတဲ့အတွက် ဥတ္တရသီရိမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ရွာသားတွေတင်မကဘဲ ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲဝင်တွေကိုပါ စစ်ဆေးပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ တရားလိုလုပ်မယ့် နေပြည်တော် ပုပ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရဲစခန်းက ရဲအုပ်စိန်သောင်းက အခုလိုပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 28 Sep 2013 10:01 AM PDT

တရုတ်နိင်ငံမှာ လူမှောင်ခိုဂိုဏ်းတခုက ဖမ်းဆီးထားတဲ့ ကလေးငယ် ၉၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို ရဲတွေက ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီအမှုနဲ့ဆက်နွယ်ပြီး မသင်္ကာသူ ၃၀၁ ယောက်ကို ဖမ်းဆီးထားတယ်လို့ အစိုးရပိုင် ရှင်ဟွာသတင်းက ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ကပ်နေတဲ့ ယူနန်ပြည်နယ်နဲ့ ဆီချွမ်ပြည်နယ်တွေကနေ ကလေးတွေကိုဝယ်ပြီး တခြား ဒေသတွေမှာ ပြန်ရောင်းနေတဲ့ လူမှောင်ခိုကွန်ယက်ကြီးကို ဖြိုခွင်းနိုင်ဖို့ ပြည်နယ် ၁၁ ခုမှာ ရဲတပ်ဖွဲ့တွေ စီမံချက်ချဆောင်ရွက်ခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
တရုတ်နိုင်ငံမှာ ကလေးခိုးမှုဟာ အဓိကပြဿနာကြီးတခုဖြစ်ပါတယ်။

တအိမ်ထောင် ကလေး ၁ ယောက်ပဲ ယူရမယ့် မူဝါဒကြောင့်ရော သားယောင်္ကျားလေးတွေကိုသာ အဓိကလိုချင်ကြတဲ့ အစဉ်အလာကြောင့်ပါ အခုနှစ်ပိုင်းတွေအတွင်း ကလေးတွေနဲ့ အမျိုးသမီးတွေကို ခိုးယူမှုတွေ ပိုပြီးများလာနေပါတယ်ရှင်။

ဗွီအိုအေ (မြန်မာဌာန)
Posted: 28 Sep 2013 09:58 AM PDT

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ဆန္ဒသဘောထားကိုရယူဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ
က ဒီနေ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ တိုင်းရင်းသားပါတီတွေကတော့ ပြင်ဆင်ဖို့ခက်ခဲလှတဲ့ ဖွဲ့စည်းပုံကို အသစ်ပြန်လည်ရေးဆွဲဖို့ အားသန်နေကြပါတယ်။၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတာနဲ့ပတ်သက်ပြီး NLD ရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေး ကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ ထားပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မလား၊
အသစ်ဆွဲမလား ဆိုင်ရာအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၂၈၊ ၂၀၁၃)

Posted: 28 Sep 2013 09:54 AM PDT

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မလား၊ အသစ်ရေးဆွဲမလားဆိုတာကို ပြည်သူ့ဆန္ဒ သဘောထားရယူမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲ့ဒီကြေညာချက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေ ဖွဲ့စည်းပုံပြင်မလား၊ အသစ်ရေးဆွဲမလား ဆိုတဲ့အချက်အပေါ် တညီတညွတ်ထဲ ဆုံးဖြတ်ချက်မချနိုင်တာကြောင့် အခုလို ပြည်သူ့ဆန္ဒရယူဖို့ လုပ်ဆောင်မှာလို့ ဖော်ပြထားပါတယ်။
ဆန္ဒသဘောထား ကောက်ယူသွားမယ့်အခြေအနေတွေနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီရဲ့ ပြောခွင့်ရ ဦးဝင်းမြင့်က အခုလို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 28 Sep 2013 09:51 AM PDT

အစိုးရက မီတာထိန်းသိမ်း စောင့်ရှောက်ခနဲ့ အခြားဝန်ဆောင်မှုတချို့ကို ဒီလကုန်ပိုင်းကလို့ ဈေးလျှော့ပေါ့တဲ့စနစ်နဲ့ ကောက်ခံမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အများပြည်သူထံကနေ မီတာထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံနေတဲ့နှုန်းထားကို လာမယ့်အောက်တိုဘာလကစပြီး ၁ လကို ကျပ် ၁၀၀၀ ကနေ ၅၀၀ ကျပ် လျှော့ပြီး ကောက်ခံမယ်လို့ ရန်ကုန်းတိုင်းဒေသကြီး လျှပ်စစ်ပေးဝေရေးဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - မျိုးဇော်လင်း


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...