Monday, September 30, 2013

ဆေးလိပ် (သို့ မဟုတ်) ဖြေရှင်းရတော့မည့်ပြဿနာတစ်ရပ်

(ယနေ့ ထုတ် 7 Day Daily သတင်းစာပါ ဆောင်းပါး)

"အစ်ကို ဆေးလိပ်သောက်အုံးမလား "
အသံကြားရာ မော့ကြည့်လိုက် တော့ ဆေးလိပ်ကုမ္ပဏီ တစ်ခုဧ။် ဝန်ထမ်းဝတ်စုံ
ဝတ်ထားပြီး ဆေးလိပ်ဗူးများကို ကိုင်ထားသော အပြုံးချိုချို ဖြင့် မိန်းမပျိုလေး တစ်ယောက်။
"အခု ပရိုမိုးရှင်းကာလဆိုတော့ တစ်ဗူးဝယ်ရင် တစ်ဗူးလက်ဆောင်ပေးတယ်
အကို၊ပြီးတော့ ဗလာမပါ ကံစမ်းမဲ လည်း နှိုက်လို့  ရတယ်" ဟု သူမက အားတက်သရော
ဆက်ပြောသည်
"တော်ပါပြီ ညီမလေး ။ အကိုက ဆေးလိပ်မသောက်တတ်ပါဘူး " ဟု ငြင်းလွှတ်လိုက်တော့
"ကျေးဇူးတင်ပါတယ် အကို" ဟု ပြောကာ ကျွန်တော်ထိုင်နေသော
လက်ဖက်ရည်ဆိုင်ထဲရှိ တခြား သူများ ထံသို့  သွားရောက်ကာ ဆက်လက်ရောင်းချ
နေသည်ကို တွေ့ ရသည်။ သူမနှင့်အတူ တူညီဝတ်စုံဝတ်ဆင်ထားသော အခြား
အရောင်းမြှင့်တင်ရေး ဝန်ထမ်း
ကောင်မလေး လေးငါးယောက် လောက် လက်ဖက်ရည်ဆိုင်ထဲရှိ လူ တစ်ချို့  ထံ
လိုက်လံရောင်းချကာ ပရိုမိုးရှင်းလုပ်နေသည်ကိုလည်း တွေ
့ရသည်။ဝယ်သူလည်းရှိ မဝယ်သူလည်းရှိသလို ပရိုမိုးရှင်းအနေနှင့်
အခမဲ့ပေးသည့် ဆေးလိပ်ကို စမ်းသပ်သောက်သုံး
ကြည့်နေသူများလည်းရှိသည်။ဒီလို ဆေးလိပ်ကုမ္ပဏီ များ ဧ။် ပရိုမိုးရှင်း
မျိုးသည် မြန်မာပြည်ရှိ အမျိုးသား အများစု စုဝေးရာလက်ဖက်ရည်ဆိုင်များ
စားသောက်ဆိုင်များ ဘီယာဆိုင်များတွင် တွေ့ မြင်နေကျ မြင်ကွင်းတစ်ခုပင်
ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု
ဥပဒေကို ၂၀၀၆ ခုနှစ် မေလ ၄ ရက်နေ့ တွင် စတင်ပြဌာန်းခဲ့သော်လည်း ယနေ
့ချိန်ထိ အသက်ဝင်ခြင်းမရှိသေးသလို ထို ဥပဒေအရ
အရေးယူဆောင်ရွက်ခြင်းမျိုးလည်း
မတွေ့ ရသေးပဲ ဆေးလိပ်ကြော်ငြာများ နှင့် ဆေးလိပ် ကုမ္ပဏီများဧ။်
အရောင်းမြှင့်တင်ရေးကို နိုင်ငံ အနှံ့ အပြားတွင် ပုံစံအမျိုးမျိုးနှင့်
တွေ့ နေရဆဲဖြစ်သည်။ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ
သောက်သုံးခြင်းကြောင့် ရရှိလာသော
ကျန်းမာရေးပြဿနာများသည် ဖွံ့ ဖြိုးဆဲ နိုင်ငံတစ်ခုအဖို့  ဝန်ထုပ်ဝန်ပိုး
တစ်ခု အဖြစ် ဖိစီးနှိပ်စက်လျက်ရှိသလို ဆေးလိပ်သောက်သုံးသူ များနှင့်
ထိတွေ့ ဆက်ဆံနေရသော မိသားစု နှင့် ပတ်ဝန်းကျင်ရှိ ကလေး လူကြီး ကျားမ
မရွေး ဆေးလိပ်သောက်သူထံမှ
ရှုထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့ များ ကို
ရှုရှိုက်နေရခြင်းကြောင့်လည်းကောင်း၊ ဆေးလိပ်ကိုမီး စွဲ လောင်ကျွမ်းရာမှ
ထွက်လာသော မီးခိုးငွေ့ များကို ရှုရှိုက်ရာမှလည်းကောင်း ရရှိသော
တစ်ဆင့်ခံဆေးလိပ်သောက်ခြင်းကြောင့် ရောဂါဖြစ်ပွားနှုန်း
သည်လည်း တနေ့ တခြား တိုးပွားလာလျက်ရှိသည်။ကမ္ဘာတစ်ဝန်း
ဆေးလိပ်သောက်သုံးခြင်း ကြောင့် နှစ်စဉ် လူဦးရေ ခြောက်သန်းခန့် 
သေဆုံးလျက်ရှိပြီး ထိုအထဲမှ ခြောက်သိန်းကျော်သည်
တစ်ဆင့်ခံဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူများ ဖြစ်သည်
ဟုလည်း သိရသည်။

အထူးသဖြင့် မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ၊
နာတာရှည်အဆုတ်ရောဂါ၊ နှလုံးသွေးကြောရောဂါ အပါအဝင် အခြား နာတာရှည် ရောဂါ
များ နှင့် ကင်ဆာပေါင်းစုံ ဖြစ်ပွားလျက်ရှိကာ ကမ္ဘာပေါ်တွင် ကင်ဆာရောဂါ
အဖြစ်များဆုံး
နိုင်ငံများစာရင်းတွင် ဒုတိယနေရာချိတ်လျက်ရှိသည့်အပြင်
ဆေးလိပ်မသောက်သူများတွင်လည်း တဆင့်ခံဆေးလိပ်သောက်ခြင်းကြောင်
ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ၊ ကိုယ်ဝန်ဆောင်မိခင်
ဆေးလိပ်သောက်သုံးခြင်း သို့  မဟုတ်
တဆင့်ခံဆေးလိပ်သောက်ခြင်းကြောင့်သန္ဓေသားလောင်း ဧ။် အဆုတ်ကို
ထိခိုက်စေသည့်အပြင် မွေးရာပါ ကိုယ်လက်အင်္ဂါချို့ ယွင်းခြင်းများ လည်း
ပိုမို များပြားလာကာ တိုင်းပြည်ဧ။် လူစွမ်းအားအရင်းအမြစ်များကို တစစီ ဖဲ့
ခြွေခြင်းခံရလျက်ရှိသည့်အပြင်
ထိုရောဂါများကို ကုသရသည့်အတွက် ကျန်းမာရေး အသုံးစရိတ်များ ပိုမို
သုံးစွဲရခြင်း ၊ အလုပ်မလုပ်နိုင်သည့် နာတာရှည်ရောဂါသည်များကြောင့်
တိုင်းပြည်ဧ။် ကုန်ထုတ်စွမ်းအားများ ကျဆင်းသလိုစီးပွားရေး
ထိခိုက်နစ်နာမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

ကမ္ဘာ့နိုင်ငံတော်တော်များများတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ပြဿနာများကို
ထိန်းချုပ်နိုင်ရန်အတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီး
ထွက်ကုန်များအပေါ်အခွန်များ တိုးမြှင့်ကောက်ခံသလို အသက် အရွယ်ကန့် သတ်
ရောင်းချစေကာ၊
လက်လီတစ်လိပ်ချင်း ရောင်းချမှုမျိုးကို ခွင့်မပြုပဲ ၊ ဆေးလိပ်
ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း အစိုးရပိုင် ကုမ္ပဏီများ
လုပ်ငန်းများနှင့် ယုံကြည်စိတ်ချရလောက်သည့် လုပ်ငန်းရှင်များကိုသာ
လုပ်ကိုင်ခွင့်ပေးသည်။
ဒါမှသာသက်ဆိုင်ရာ အစိုးရအနေဖြင့် ထိန်းချုပ်ရလွယ်ကူပြီး မိမိတို့ 
နိုင်ငံအတွင်း အရည်အသွေး မကောင်းသော ဆေးလိပ်များ ပေါပေါများများ
ထုတ်လုပ်မှုနှင့် နိုင်ငံတကာ ဆေးလိပ်ကုမ္ပဏီများဧ။်
လက်ဝါးကြီးအုပ်မှုများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံမှာတော့ ထိုသို့ မဟုတ်ပါ။ ငွေကျပ် ငါးဆယ်၊ တစ်ရာ
ရှိရုံဖြင့် နေရာတိုင်းလိုလိုတွင် အရည်အသွေး ပြည့်မီလား မပြည့်မီလား
မသိရသော ဆေးလိပ် အမျိုးစားပေါင်းများစွာ ကို လွယ်လင့်တကူ
ဝယ်ယူသောက်သုံးနိုင်သလို ၊ အသက်အရွက် ကန့် သတ်မှုမရှိပဲ
ရောင်းချနေမှုများကြောင့် ကျောင်းသား လူငယ် ကလေး အရွယ်
များအထိပါ ဆေးလိပ် သောက်သုံးခြင်း အလေ့ အထများ
တိုးတက်ထွန်းကားလျက်ရှိသည်။ ထို့ အပြင် အမြတ်ခွန် ရရှိရေးကို သာ
မျှော်ကိုပြီး နိုင်ငံဧ။် အနာဂတ်ကို ထည့်သွင်းတွက်ချက်မှုမရှိသဖြင့်
အစိုးရသစ် လက်ထက် မြန်မာ့ရင်းနှီးမြုပ်နှံမှု ကော်မရှင်က
စီးကရက် စက်ရုံသစ်နှစ်ရုံတည်ဆောက်ခွင့်ပြုခဲ့ခြင်းကလည်း အသက်မဝင်သေးသည့်
ဥပဒေကို ပိုပြီး အင်အားချိနဲ့ အောင် လုပ်ဆောင်သလို ဖြစ်ခဲ့သည်။အစိုးရက
ခွင့်ပြုထားသော ဆေးလိပ်စက်ရုံများမှ ထုတ်လုပ်သည့် ဆေးလိပ်အရေအတွက်မှ ၉၀
ရာခိုင်
နှုန်းခန့် ကို ပြည်ပသို့  တင်ပို့  ရောင်းချရသည်ဟု ဆိုသော်ငြားလည်း
အများစုမှာ ပြည်ပသို့  အထွက်ပြကာ တရားမဝင်
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တဆင့် ပြည်တွင်း သို့ ပင်
ပြန်လည်ဝင်ရောက်လာသောကြောင့် ကိုယ့်အတတ်နှင့်ကိုယ်စူးသလို
ဖြစ်နေသည်။

မြန်မာ့နိုင်ငံတွင် ရောင်းချလျက်ရှိသော ဆေးလိပ် အမျိုးအစားပေါင်း
တစ်ရာကျော်ရှိပြီး အများစုမှာ ပြည်တွင်းပြည်ပ မှ တရားမဝင်
နည်းလမ်းများဖြင့် ဝင်ရောက်လာသော်လည်း ဥပဒေအကြောင်းအရ မည်သူကမျှ
အရေးယူဆောင်ရွက်
ခြင်းမျိုးမရှိသည့်အပြင် ဆေးလိပ်ကုမ္ပဏီကြီးများဧ။် ပေါ်ပေါ်တင်တင်
ပြုလုပ်သော ဆေးလိပ်အရောင်းမြှုင့်တင်ခြင်းများ၊ဂျာနယ်မဂ္ဂဇင်းမှ အစ
ရုပ်သံမီဒီယာ ကြော်ငြာဘေလ်ဘုတ်အဆုံး မလိမ့်တပတ်နည်းလမ်းများသုံးကာ
ကြော်ငြာခြင်းများသည်
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှု ဥပဒေပါ အချက်များကို
ပြောင်ပြောင်ကြီး ဆန့် ကျင်ရာ ရောက်နေသော်လည်း သက်ဆိုင်ရာအာဏာပိုင်တို့ 
အနေဖြင့် အရေးယူမှု မရှိပဲ လက်ပိုက်ကြည့်နေကြခြင်းကြောင့်
ဆေးလိပ်သောက်သုံးသူ ဦးရေမှာ လျော့ ကျသွားခြင်းမရှိပေ။

ဥပဒေ ပါ ဆေးလိပ်မသောက်ရ နေရာများ အဖြစ် သတ်မှတ်ထားသော အများပြည်သူနှင့်
ဆိုင်သော နေရာများ ပန်းခြံ ကလေးကစားကွင်း အားကစားရုံ ၊ ရုပ်ရှင်ရုံ ၊
ဘတ်စ်ကား မှတ်တိုင်များ၊လေအေးပေးစက်တပ်ဆင်ထားသော အခန်းများ၊ ကျောင်း၊
ဆေးရုံ
ဘတ်စ်ကားများ၊ခရီးသည် သယ်ယူပို့ ဆောင်ရေး ယာဉ်များ ပေါ်တွင်No Smoking
ဆေးလိပ်မသောက်ရ ဟု စာတမ်းများ ကပ်ခြင်း မီဒီယာများတဆင့် အသိပညာ
ပေးခြင်းများကို ပြုလုပ်လျှက်ရှိသော်လည်း လိုက်နာမှု အားနည်းကာ
စည်းကမ်းပျက်သော
ဥပဒေကို မလေးစားသောဆေးလိပ်သောက်သုံးသူများကို တွေ
့မြင်နေရဆဲပင်ဖြစ်သည်။ဒါကလည်း ထိုသူတို့ ဧ။် အပြစ် တစ်ခုတည်းကြောင့်တော့
မဟုတ်ပါ။ အစိုးရဧ။် ဆေးလိပ်မသောက်ရဟူသော ကန့် သတ်နယ်မြေများတွင်
ဆေးလိပ်သောက်သုံးသူများ
အတွက် ဆေးလိပ်သောက်ခွင့်ရှိသော နေရာများ စီမံထားခြင်းမျိုး မရှိမှုကလည်း
နိုင်ငံသူနိုင်ငံသားတို့ ဧ။် စည်းကမ်းလိုက်နာမှုကို အားနည်းအောင် ဥပဒေကို
ချိုးဖောက်အောင် ပြုလုပ်ပေးနေသည်နှင့်တူသည်။

ကျောင်းနှင့်ဝန်းကျင် ပေတစ်ရာပတ်လည်တွင်
ဆေးလိပ်၊ကွမ်းယာနှင့် အခြားမူးယစ်စေသည့် ပစ္စည်းများ ရောင်းချခွင့်မပြုရ
ဟု အမိန့် ထုတ်ထားသော်လည်း
သူတို့ နှင့် မဆိုင်သလို ပင် ခပ်တည်တည်နှင့် အသက်၁၈ နှစ်အောက်လည်း မသိ
ကျောင်းသားလည်း မရှောင် လာဝယ်သမျှ အကုန် ရောင်းချနေကြသော
လမ်းဘေးဈေးသည်များကြောင့်လည်းကောင်း ထိုသို
့ရောင်းချနေခြင်းမျိုးကိုလည်း သိသိကြီးနှင့်
အရေးယူမှုများ မရှိခြင်းကြောင့်လည်းကောင်း
ကျောင်းသားလူငယ်လူရွယ်များအကြားဆေးလိပ်သောက်သုံးသူ
များပြားလာသည်။မူးယစ်ဆေး အစ ဆေးလိပ်က ဆိုသလို
ယခုကဲ့သို့  အထိန်းအကွပ်မဲ့မှု အသိပညာဗဟုသုတဖြန့် ဝေရာတွင် အားနည်းမှု
တို့ ကြောင့် ဆေးလိပ်မှ တဆင့်တက်ကာ ဆေးခြောက် နံပါတ်ဖိုး အစရှိသည့်
မူးယစ်ဆေးဝါး များကို စမ်းသပ် သုံးစွဲကြရင်း မူးယစ်ဆေးဝါးဧ။်
သားကောင်များအဖြစ်သို့ ကျရောက်ကာ ဘဝပျက်သွားသူ ကျောင်းသား
လူငယ်လူရွယ်လေးများကြောင့်
တိုင်းပြည်ဧ။် အနာဂတ်မှာ ရင်လေးစရာ ပင်ဖြစ်သည်။

ဆေးလိပ်ဧ။် ဆိုးကျိုးကို သိရှိနားလည်ပြီး ဆေးလိပ်ဖြတ်လိုသူ များအတွက်လည်း
ဆေးလိပ်ဖြတ်စင်တာများ လူမှုအဖွဲ့ အစည်းများ မရှိခြင်း ၊ အစိုးရနှင့် NGO
အဖွဲ့ အစည်းများဧ။် ဆေးလိပ်ဖြတ်လိုသူများအပေါ် ပံ့ပိုးမှု အားနည်းခြင်း၊
ဆေးလိပ်ဖြတ်လိုသူများအတွက် ထုတ်လုပ်သော ဆေးလိပ်ဖြတ်ပစ္စည်းများ ဥပမာ
electronic cigrette သည်လည်း လူတန်းစားအလွှာအသီးသီးအတွက်
လက်လှမ်းမှီနိုင်သော ဈေးနှုန်းအနေအထားတွင်မရှိခြင်း ၊
မိသားစုနှင့်ပတ်ဝန်းကျင် အပေါင်းအသင်းဧ။်
ကူညီပံ့ပိုးမှု အားနည်းခြင်းတို့ ကြောင့် ဆေးလိပ်ဖြတ်ရန် အခက်အခဲများ
ရှိနေဆဲဖြစ်သည်။

ဖွံ့ ဖြိုး ဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအတွက်
ဝန်ထုပ်ဝန်ပိုး အဖြစ် တည်ရှိနေသော ဆေးလိပ်နှင့် ဆေးရွက်ကြီး ပြဿနာကို
ဖြေရှင်းရာတွင် အဘက်ဘက်က အားနည်းချို့ ယွင်းမှုများကြောင့်
မြန်မာနိုင်ငံရှိ ကျားမမရွေး အသက်သေဆုံးရခြင်းဧ။် အဓိကအ
ကြောင်းအရင်းများတွင် ဆေးလိပ်သောက်ခြင်းသည် နံပါတ် ၃
နေရာတွင်ရပ်တည်လျက်ရှိသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဧ။် စစ်တမ်းများ
တွင် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အသက်၁၅ နှစ် မှ ၆၄ နှစ်ကြား
အရွယ်ရောက်ပြီးသူ အမျိုးသားများအကြား
ဆေးလိပ်သောက်သုံးမှုသည် ၄၄.၃ ရာခိုင်နှုန်းနှင့် အမျိုးသမီးများမှာ ၇.၈
ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသလို တစ်ဆင့်ခံဆေးလိပ်သောက်သုံးသူ
အရေအတွက်သည်လည်း စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ အပြင်
အများပြည်သူနှင့်ဆိုင်သော
နေရာများ ဥပမာ စားသောက်ဆိုင်များ၊ရုံးခန်းများ၊သယ်ယူပို
့ဆောင်ရေးယာဉ်များပေါ်တွင် ဆေးလိပ်သောက်သုံးမှုများကို
ထိန်းချုပ်ခြင်းမရှိနိုင်သေးသလို ဆေးလိပ်နှင့် ဆေးရွက်ကြီးပြဿနာများ
ထိန်းချုပ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာဧ။် အကူအညီကိုလည်း
လိုအပ်လျက်ရှိနေဆဲ ဟု ဖော်ပြထားသည်။ ဆေးလိပ်နှင့် ဆေးရွက်
သောက်သုံးခြင်းနှင့် တစ်ဆင့်ခံဆေးလိပ်သောက်သုံးခြင်း တို့ ကြောင့်
ဖြစ်ပေါ်လာသော ဆေးလိပ်နှင့် ပတ်သက်ဆက်နွှယ် ရောဂါဝေဒနာရှင်များလည်း
ဆေးရုံဆေးခန်းများတွင်
တနေ့  တခြား တိုးပွားလာလျက်ရှိသည်။

ဆေးလိပ်သောက်သုံးသူ ကိုသာမက လူမှုပတ်ဝန်းကျင်အသိုင်းအဝန်း ပါမကျန်
အဘက်ဘက်က ဆိုးကျိုးများကို ဖြစ်ပေါ်စေလျက်ရှိသော ဆေးလိပ်နှင့်
ဆေးရွက်ကြီး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပြီး ဆေးလိပ်သောက်သုံးသူလျော
့ကျရေး ၊ စည်းကမ်းတကျ ဆေးလိပ်သောက်သုံးမှု များ ဖြစ်ပေါ် လာစေရေးအတွက်
အစိုးရအနေနှင့်
ထုတ်ပြန်ပြီးသား ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ
ထိန်းချုပ်မှုဥပဒေကို အသက်သွင်းပေးဖို့  လိုအပ်နေပြီ
ဖြစ်သည်။ တရားဥပဒေချိုးဖောက်ကာ ဆေးလိပ်နှင့်ဆေးရွက်ကြီး တရားမဝင်
ထုတ်လုပ်ရောင်းချခြင်းများ၊ လက်လီ တစ်လိပ်ချင်း ရောင်းချခြင်းများ၊
အရောင်းမြှင့်တင်ခြင်းများ၊ စာသင်ကျောင်းများနှင့်
အနီးအနားပတ်ဝန်းကျင်တွင်ရောင်းချနေခြင်းများကို
ထိရောက်စွာ အရေးယူဖို့  လိုသလို ဥပဒေပါ
ဆေးလိပ်မသောက်ရနေရာများတွင်လည်းဆေးလိပ်သောက်သုံးသူများအတွက် နေရာများ
အခန်းများ ဖန်တီးပေးကာ ဥပဒေကို လေးစားလိုက်နာစေသလို အများပြည်သူ
ဒုက္ခရောက်မည့်ဘေး မှ ကယ်တင်ဖို့ လည်း
လိုပေသည်။ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်းများ ရောင်းချသူ
လမ်းဘေးဈေးသည်များ လျော့ နည်းလာစေရေးအတွက် ထိုသူတို့  အပေါ် အခွန်
တိုးမြှင့်ကာ ကောက်ခံမည့်အစား
တခြားသင့်တော်ရာ အလုပ်အကိုင်အခွင့် အလမ်း များဖော်ဆောင်ပေးသင့်သည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် တကွ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံဧ။် အထင်ကရ
ပုဂ္ဂိုလ်များ ၊ အနုပညာရှင်များ အနေနှင့်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီး
အန္တရာယ်များကို အများပြည်သူ သိရှိနားလည်သဘောပေါက်လာအောင် ကျယ်ကျယ်ပြန်
့ပြန့် ပညာပေးရေး လုပ်ငန်းစဉ်များ
အောင် မြင်အောင် မိမိတို့  ကိုယ်တိုင်က ရှေ
့ဆောင်စံပြအဖြစ်ဦးစီးဦးဆောင်ပြုလုပ်ဆောင်ရွက်သင့်သည်။ ပြည်တွင်းပြည်ပ
အဖွဲ့ အစည်းများဧ။် အကူအညီဖြင့်
ဆေးလိပ်ဖြတ်ချင်သူများအတွက် ဆေးလိပ်ဖြတ်စင်တာများ ထူထောင်ပေးဖို့ 
လိုသလို ၊ ဆေးလိပ်ဖြတ်ပစ္စည်းများ ကိုလည်း အလွှာစုံမှ လက်လှမ်းမီ သော
ဈေးနှုန်းများဖြင့်ရရှိ နိုင် အောင် ဆောင်ရွက်ပေးသင့်သည်။
ဆေးလိပ်ကုမ္ပဏီပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း
မိမိအကျိုးစီးပွားထက် အများအကျိုးကို ဦးစားပေး၍ ဥပဒေကို
လက်တစ်လုံးခြား မလုပ်ပဲ တိတိကျကျ လေးစားလိုက်နာဖို့ လည်း လိုပေသည်။ထို
့အပြင် ဆေးလိပ်သောက်သုံးသူ ပြည်သူများ ကလည်း နိုင်ငံကြီးသား
ပီသစွာဖြင့် အများပြည်သူနှင့်ဆိုင်သောနေရာများ
လူစည်ကားထူထပ်သောနေရာများတွင်ဆေးလိပ်သောက်သုံးခြင်း ကိုရှောင်ကြဉ် ခြင်း
ဖြင့်  မိမိ ဧ။် ဆေးလိပ်ငွေ့ ကြောင့် သူတစ်ပါး
စိတ်အနှောင့်အယှက်ဖြစ်ခြင်း တဆင့်ခံဆေးလိပ်သောက်ခြင်းကြောင်
သူတစ်ပါးကိုပါ ရောဂါရစေခြင်းမျိုး မဖြစ်အောင် ဂရုစိုက်သင့်သည်။

ဒါမှသာ ဖွံ့ ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖြစ်မှ ဖွံ့ ဖြိုးပြီး နိုင်ငံ
တစ်နိုင်ငံအဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန် ရင်ဆိုင်ကျော်လွှား
ရမည့် အရာများထဲမှ ဆေးလိပ်နှင့်ဆေးရွက်ကြီးပြဿနာ ၎င်းနှင့် ဆက်စပ်လျက်ရှိသော
နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ကို့ 
ဖြေရှင်း ရာတွင် အစိုးရ၊အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ ပြည်သူလူထု များ
အားလုံး တာဝန်သိစွာဖြင့် အသိစိတ်ရှိရှိ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သာ
အောင်မြင်နိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

ဇေယျာဖြိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...