Friday, September 20, 2013

သူတောင်းစားတဦးက ဘုရားကို နောက်ထပ် ဘတ် ၁ သန်း လှူဒါန်း

ဧရာဝတီ Friday, April 5, 2013

တောင်းရမ်းစားသောက်ရသူ သူတောင်းစား တဦးအနေနဲ့ ထိုင်းဘတ်ငွေ သန်းချီပြီး လှူဒါန်းနိုင်တယ်ဆိုတာ မယုံနိုင်စရာဖြစ်ပေမယ့် ဒါက တကယ့်လက်တွေ့မှာ ရှိနေပါတယ်။
ထိုင်းနိုင်ငံ နခုန်ပထုန်ရှိ ကျော်ကြားတဲ့ ဘုရားတဆူဖြစ်တဲ့ ၀ပ်ရိုင်းခင်းကို နာမည်ကြီး ထိုင်း သူတောင်စားကြီး တဦးက ထိုင်းဘတ်ငွေ နောက်ထပ် ၁ သန်း (ကျပ် သိန်း ၃၀၀ ခန့်) ကို ယမန်နေ့က ထပ်မံလှူဒါန်း လိုက်ပါတယ်။

ဘတ်ငွေ ၁ သန်း ထပ်မံ လှူဒါန်းလိုက်တဲ့ မစ္စတာ အိုင်ယမ်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ဘန်ကောက်က ၅၆ ကီလိုမီတာ ဝေးတဲ့ ဆမ်ဖရမ်ခရိုင်က ၀ပ်ရိုင်းခင်း ဗုဒ္ဓဘာသာ ဘုရားကျောင်းရှေ့ မှာ နေ့စဉ်ဘဲ မိုးလင်းက မိုးချုပ်ထိ ထိုင်နေတတ်တဲ့ အသက် ၆၃ နှစ်ရှိ မစ္စတာ အိုင်ယမ် ကမ်ဘီရာနွန်အဲဒီ အလှူကြီးကို ပေးခဲ့တာလို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

မစ္စတာ အိုင်ယမ်ဟာ ဒီ ဘုရားကျောင်းရှေ့မှာ တောင်းရမ်းနေခဲ့တာ ၃၄ နှစ်တောင် ရှိပါပြီ။ သူ့ကို ဘယ်ဆွေမျိုးကမှလည်း မစောင့်ရှောက်ကြပါဘူး။

ခင်လိုဖွယ် ယဉ်ကျေးတဲ့ သူတောင်းစားကြီး မစ္စတာ အိုင်ယမ်ဟာ ဘေးနားက ဖြတ်သွားသူတွေကို ဘယ်တော့မှ လှူဖို့တန်းဖို့ ပြောလေ့ မရှိပါဘူး။

သူ့ဟာသူ ထိုင်နေလေ့ရှိပြိး သူ ထိုင်နေတဲ့ ဘေးနားမှာ သံမဏိ သေတ္တာလေးချထားမယ်၊ သူတောင်းရမ်းလို့ရတဲ့ ပိုက်ဆံတွေကို အဲဒီ သေတ္တာလေးထဲ ထည့်သိမ်းမယ်။

အဲဒီမှာတော့ သူ့ကို လှူဒါန်းစွန့်ကြဲကြတဲ့ ဓာတ်ပုံလေးတွေ၊ အဲဒီဘုရား ကျောင်းကို သူလှူခဲ့တဲ့ အလှူငွေ
ဖြတ်ပိုင်းတွေနဲ့ မှတ်တမ်းစာရွက်တွေ၊ သူ့ပိုက်ဆံတွေထည့်တဲ့ ပလပ်စတစ်အိပ်ကြီးတလုံးရယ်၊ ဒါတွေကို ခင်းကျင်းပြသထားမယ်။

အသက် ၄၂ နှစ်ရှိ ဘုရားလူကြီး မစ္စတာ ပွန်တက်ပ် ပတ်ထ၀ီက ပြောတာမှာတော့ မစ္စတာ အိုင်ယမ်ဟာ သူ့မှာ မသန်စွမ်းပေမယ့် ရိုကျိုးမှုတွေက သူနဲ့တွေ့ဖူးတဲ့ လူတွေကို သနားဂရုဏာသက်စေတာ အမှန်ပါဘဲတဲ့။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီလတုန်းက အဲဒီဘုရားမှာ ဘုရားဖူးတွေအတွက် ကြာပန်းကြီးဝယ်ဖို့ ထိုင်း ဘတ်ငွေ ၄ သိန်း ဘုရားကို လှူခဲ့တဲ့ သတင်းဟာ အတော်ပျံ့နှံ့သွားပြီး အမည်မသိ သူတောင်းစား ဘ၀ကနေ လူသိရှင်ကြား ဖြစ်ခဲ့ရပါတယ်။

အဲဒီနောက် သူက ဘတ်ငွေ နောက်ထပ် ၉၉၉၉၉၉ ( ဘတ် ၁ သန်းခန့်) ကို အဲဒီဘုရားကို ထပ် လှူလိုက်ချိန်မှာတော့ သတင်းခေါင်းကြီးပိုင်း နေရာတွေပါ သူက နေရာယူနိုင်ခဲ့ပါတယ်။

အခု သူလှူတဲ့ နောက်ထပ် ဘတ် ၁ သန်းဟာလည်း ကြာပန်းဝယ်ဖို့အတွက်နဲ့ ဘုန်းကြီးကျောင်းမှာ ပြန်လည်ထူထောင်ရေး အလုပ်တွေ လုပ်ဖို့အတွက်ပါတဲ့။ ပြောရရင် သူ လှူဒါန်းခဲ့တာ စုစုပေါင်း ဘတ်ငွေ ၂ သန်းကျော်နေပါပြီ။

ဝပ်ရိုင်ခင်း ဘုရားကျောင်းဟာ နခုန်ပထုန်မှာ အကျော်ကြားဆုံးတွေထဲက တခုဖြစ်ပါတယ်။ တနင်္လာ က သောကြာထိ ကြားရက်တွေမှာ လူပေါင်း ၃ ထောင်လောက် လာကြပြီး စနေ၊ တနင်္ဂနွေတွေမှာတော့ လူ ၅ ထောင်ကနေ ၁ သောင်းထိ လူတွေက အလည်သွားကြတဲ့ နာမည်ကြီး ဘုန်းကြီးကျောင်း တခုလည်းဖြစ်ပါတယ်။

ဘုရားလူကြီး မစ္စ ပွန်ထက်ပ်က ပြောတာမှာတော့ မစ္စတာ အိုင်ယမ်ရဲ့ ကြီးကျယ်တဲ့ လှူဒါန်းမှု သတင်း ပျံ့နှံ့သွားပြီး သူလည်း လူသိရှင်ကြားဖြစ်ခဲ့ပေမယ့် သူက နေမြဲတိုင်း ရိုရိုကျိုးကျိုးပဲ နေဆဲပါဘဲတဲ့။

ဒါပေမယ့် ဘုန်းကြီးကျောင်းက ကျောင်းတိုင် ဆရာတော်က ကျောင်းဝန်းနားက သူငှားနေတဲ့ အိမ်ကိုရွှေ့ပြီး နေဖို့ တိုက်တွန်းခဲ့တာကိုတော့ သူက လက်ခံခဲ့ ပါတယ်။

ဒါကလည်း မသမာသူတွေက သူ့ကို ပစ်မှတ်ထားပြီး ဒုက္ခပေးမှာစိုး လို့ပါ။ ဒါကြောင့်ဘဲ သူဟာ ဘုန်းကြီးကျောင်းဝန်းထဲက မြေကြီးပေါ် တဲလေး ထိုးပြီး နေပါတယ်။

အရပ်ထဲက လုံခြုံရေးလုပ်ပေးကြတဲ့ စေတနာရှင်တွေကလည်း ဘုန်းကြီးကျောင်းထဲ ညတိုင်းလာပြီး သူ့ကို စောင့်ရှောက်တာတွေ လုပ်ပါတယ်လို့ ဘုရားလူကြီး ပွန်ထက်ပ်က ဆိုပါတယ်။

မစ္စတာ အိုင်ယမ်က ပြောတာကတော့ နှစ်စဉ် ဘုရားကို သူလှူတဲ့ငွေတွေဟာ သူတောင်းရမ်းလို့ ရတဲ့ ငွေအားလုံးနီးပါးပါ ဘဲတဲ့။

သူက တနင်္လာက သောကြာနေ့တွေထိ တရက်ကို ၀င်ငွေက ဘတ်ငွေ ၃ ထောင်က ၄ ထောင်လောက်ရှိပြီး စနေ၊ တနင်္ဂနွေ ဆိုရင် ဘတ်ငွေ ၂ သောင်းက ၄ သောင်းထိ ၀င်ငွေ ရတယ်လို့ ဆိုပါတယ်။

နောက်ပြီး အဲဒီ ခရိုင်ထဲမှာရှိတဲ့ တခြား ဘုရားကျောင်းကန်တွေကိုလည်း သူက ဘတ်ငွေ ၁ သိန်းကနေ ၂ သိန်းလောက်ကိုလည်း လှူဒါန်းပါသေးတယ်လို့ သူက ပြောပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...