သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၉)
သစ်ထူးလွင် |
|
-
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆြို
ခင်း မရှိပါက အလုပ်ရှင်များအား အရေးယူမည် - ဖိလစ်ပိုင်တွင် မွတ်ဆလင်သူပုန်များက ဓားစာခံ အများအပြားကို ဖမ်းဆီးထား
- သုံးခွမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေး
-
တရားမဝင် မြန်မာနိုင်ငံသားတွေကိုပြန်ပို
့ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ် - နေပြည်တော်တွင် Rocker အချိုရည်ရောင်းချခြင်း တားမြစ်
- နေပြည်တော်တွင် လူငါးယောက်က လူတစ်ယောက်ကို နေ့ခင်းကြောင်တောင် သေနတ်ပြ ကျင်စက်ဖြင့်တို့၍ ဖမ်းဆီးခေါ်ဆောင်
- မီးနီဖြတ်မောင်းသောပြိုင်ကား အငှားယာဉ်တိုက်
- အလွဲသုံးစားမှု တိုင်ကြားခံရသော တရားသူကြီးကို စုံစမ်းစစ်ဆေးမည်
- အိမ်ဖေါ်အား မီးပူနှင့်ထိုးခဲ့သူကို ယနေ့အထိမဖမ်းဆီးသေး
- ရွှေကူမြို့တွင် လူသတ်မှုဖြစ်ပွားခဲ့ရာ ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
- အထောက်အထား အဓိကထားသဖြင့် ဓားမဦးချ တောင်သူများ နစ်နာဟု သူရဦးရွှေမန်းဆို
- အောက်ခြေရပ်ကွက်များအတွင်း ပဋိပက္ခ ဖြစ်ပွားနိုင်သည့် မီးပွားများ ရှိနေဟုဆို
- ယာဉ်တိမ်းရှောင်မောင်းနှင်ရာမှ ဧရာဝတီမြစ် အတွင်းကျ ဦးခေါင်းခန်းစီးနင်းသူ နှစ်ဦးသေဆုံး
- လင်မယားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံး
- သတင်းထောက်နှစ်ဦး လှေပေါ်ခိုးပါလာ
- ဆီးရီးယားအရေး သံတမန်နည်း အိုဘားမား ပိုနှစ်သက်
- အင်တာနက်မှာ ကောလဟာလဖြန့်သူ ထောင် ၃ နှစ်
- ၉၆၉ လှုပ်ရှားမှုအပေါ် သံဃမဟာနယက ဝေဖန်တာကို သံဃာတချို့ပယ်ချ
- ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ကစပြီး ဥရောပခရီး စတင်မယ်
- အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ပြင်ဆင်
- မြန်မာဘက်က ခိုးဝင်သူတွေကို ဘင်္ဂလားဒေ့ရှ် ပြန်ပို့မယ်
- ဓာတုလက်နက် အပ်နှံဖို့ ရုရှားကမ်းလှမ်းတာကို ဆီးရီးယားနဲ့ ကန်တို့ ကြိုဆို
- တရုတ်စာသင်ကျောင်းပေါက်ကွဲမှု နှစ်ဦးသေ ၄၄ ဦးဒဏ်ရာရ
- တရုတ် ရဲဘက်စခန်းက လူကုန် လွှတ်ပေးမယ်
- ၇၄ နှစ်မြောက် ဦးဥတ္တမနေ့ ရန်ကုန်လူထု ထောင်ချီတက်ရောက်
Posted: 10 Sep 2013 02:46 AM PDT
အလုပ်
အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးနည်းဥပဒေပြဋ္ဌာန်းပြီး
သည့်အချိန်အထိ အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူညီချက်စာ
ချုပ်ချုပ်ဆိုခြင်းမရှိပါက ဥပဒေ ပါ ပြစ်ဒဏ်များအတိုင်း အလုပ် ရှင်များအား
အလုပ်ရုံ၊ အလုပ်သ မားဥပဒေရေးရာဌာနမှ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်သည် အလုပ်သမား၏ ရသင့်ရထိုက်သည့်
အခွင့်အရေးများတောင်းဆိုရာ တွင် အလွန်အရေးပါခြင်းကြောင့်
ချုပ်ဆိုရန်မရှိမဖြစ် လိုအပ်ကြောင်း၊ အဆိုပါဥပဒေ၏ နည်းဥပဒေအ
မြန်ဆုံးထွက်ရှိနိုင်ရန် အလုပ်သ မားညွှန်ကြားမှုဦးစီးဌာနအနေ ဖြင့်
ရေးဆွဲမှုများပြုလုပ်နေပြီဖြစ် ကြောင်း အလုပ်ရုံ၊ အလုပ်သမား ဥပဒေရေးရာဌာန
ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်ကပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Sep 2013 02:42 AM PDT
ဖိလစ်ပိုင် နိုင်ငံတွင် ထကြွသောင်းကျန်းနေသည့် မွတ်ဆလင် သူပုန်တပ် များသည် အင်္ဂါနေ့က နောက်ထပ် ဓားစာခံ အများအပြားကို ဖမ်းဆီး လိုက်ကြောင်း သိရှိရသည်။ ဒုတိယနေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့ရာတွင် စစ်တပ်နှင့် သူပုန်တို့ကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး နှစ် ဖက်စလုံး အကျအဆုံးများ ရှိခဲ့ကြောင်း စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 10 Sep 2013 02:32 AM PDT
စက်တင်္ဘာလ ၁၀ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်သည် ယနေ့ မနက်တွင် သုံးခွမြို့သို့ ရောက်ရှိကာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် မြို့နယ်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းသိရပါတယ်။ ဒေါ်စုစုလွင်မှ လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်း ပြောကြားပြီး ရပ်ရွာ ဖွံ့ဖြိုးရေး ဆိုင်ရာများအား ပွင့်လင်းစွာ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့လည်း သွားရောက်ကာ ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ပါတယ်။ နေ့လည်ပိုင်းမှာတော့ သုံးခွ မြို့နယ် အဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ် သင်ကြားနေသည့် အပ်ချုပ်သင်တန်းသို့ သွားရောက်ကာ လိုအပ်သည်များကို ပွင့်လင်းစွာ ဆွေးနွေးအကြံ ပြုခဲ့ပြီး၊ မြို့ နယ် အဖွဲ့ ချုပ် တာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးနေ ကြောင်းသိရပါတယ်။ by Myanmar News Now |
||
Posted: 10 Sep 2013 01:28 AM PDT
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ
တရားဝင် အထောက်အထား မရှိဘဲ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား တွေကို
နေရပ်ပြန်ပို့ရေး ဆိုင်ရာ အမျိုးသား မဟာဗျူဟာ အစီရင်ခံစာကို ဘင်္ဂလားဒေ့ရှ်
အစိုးရက တနင်္လာနေ့က အတည်ပြု ခဲ့ပါတယ်။ အစီရင်ခံ စာအရ တရားမဝင်
မြန်မာနိုင်ငံသား တွေကို မည်သူမည်ဝါ စိစစ်၊ နေရာချပြီး မူလနိုင်ငံ
ပြန်ပို့ဖို့ စီစဉ်ထားတာပါ။ အဲဒီအစီအစဉ်ကို အကောင်အထည် ဖော်ဖို့အတွက်
အမျိုးသားညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီနဲ့ အမျိုးသား အလုပ်အဖွဲ့ဆိုတဲ့
အဖွဲ့အစည်းနှစ်ရပ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖွဲ့စည်း
ဆောင်ရွက်သွားမယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 10 Sep 2013 12:51 AM PDT
Rocker အားဖြည့် အချိုရည်ဘူးများအတွင်း အရောင်ပြောင်းလဲနေသည့် အရည်များနှင့် အဖတ်များ ပါဝင်နေသည်ကို တွေ့ရှိရသဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေပြီး ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူရန် ညွှန်ကြားထားကြောင်း နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။ စက်တင်ဘာ ၃ ရက်က နေပြည်တော်ရှိ အမှတ် (၁၁) အခြေခံမူလတန်းကျောင်းတွင် ကျောင်းသား မိဘတစ်ဦး ၀ယ်လာသည့် အချိုရည်အား ဆရာမများက ကျောင်းသား ကျောင်းသူများအား တိုက်ရာ ထို Rocker အချိုရည် နှစ်ဘူးတွင် မည်းညစ်ညစ်အရည်များ၊ အဖတ်များနှင့် အရောင်ပြောင်းလဲနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားပြီး စတိုးဆိုင်များအား စစ်ဆေးကာ ရောင်းချမှု တားမြစ်ထားကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 10 Sep 2013 12:47 AM PDT
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် စက်တင်ဘာ ၇ ရက် နေ့လယ်အချိန်မှာပင် လူငါးဦးက လူတစ်ဦးကို သေနတ်ပြပြီး ကျင်စက်ဖြင့်တို့ကာ လူရောကားပါ ခေါ်ဆောင်သွားသည်။ ကယန်းပြည်သစ်ပါတီမှ စီးပွားရေးတာဝန်ခံ ကိုလင်းထိန်သည် စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်း (၇)လမ်းရှိ ကားဝပ်ရှော့တွင် ကားပြင်နေစဉ် မတ်တူးကားတစ်စီး၊ ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာသူ ငါးဦးက သေနတ်ပြပြီး ကျင်စက်ဖြင့်တို့ကာ လူရောကားပါ ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများနှင့် ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Sep 2013 12:30 AM PDT
လမ်းမတော်မြို့နယ် သရက်တော ကျောင်းတိုက်အနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘုန်းကြီးလမ်းမီးပွိုင့်တွင် စက်တင်ဘာလ ၈ ရက်နေ့ ည ၁၂ နာရီခွဲခန့်က မီးနီကိုဖြတ်၍ အရှိန်ပြင်း မောင်းနှင်လာသော ပြိုင်ကားနှင့် အငှားယာဉ်တစ်စီးတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း လမ်းမတော် မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ “ဘာဖြစ်မှန်းတော့ မသိဘူး။ အုန်း၊ ဆိုတဲ့အသံကြီးကြားလို့ ဆင်းကြည့်တာ ပြိုင်ကားထဲက ဆင်းလာတဲ့လူက တော်တော်မူးနေပုံရတယ်။ သူက အငှားယာဉ်ကို ကွေ့ပြီးတော့ကို တိုက်လိုက် တာ” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Sep 2013 12:10 AM PDT
အာ
ဏာအလွဲသုံးစားမှု၊ လာဘ်ပေး လာဘ်ယူမှုများဖြင့် တိုင်ကြားခြင်း ခံထားရသော
ရခိုင်ပြည်နယ်မှ တရားသူကြီးကို ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၈ဦး
ကတရားလိုအဖြစ် တိုင်ကြားထား သော ကြောင့် ယင်းဖြစ်ရပ်ကိုစုံ
စမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ကာ စစ်ဆေးမည်ဖြစ်ကြောင်း တရား လိုတစ်ဦးဖြစ်သူ
ကျောက်တော် မြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက
ရန်ကုန်တိုင်းမ်နေ့စဉ်သို့ စက်တင် ဘာ ၈ရက်က တရားဝင် ထုတ်ဖော်
ပြောကြားလိုက်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 10:00 PM PDT
ပဲခူးမြို့တွင် လွန်ခဲ့သည့်(၂၅.၃.၂၀၁၂)နေ့က တိုင်းတရားသူ ကြီးဟောင်း ယခု (တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ) အိမ်တွင်ငှားရမ်း နေထိုင်သော ပဲခူးမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်(၃၆-နှစ်)မှ ၄င်းအိမ်တွင် အိမ်ဖေါ်အဖြစ် အလုပ်လုပ်ကိုင်သူ မအေးယုအောင်(၁၅-နှစ်)အားမီးပူနှ အလင်းရောင် by Myanmar News Now |
||
Posted: 09 Sep 2013 09:47 PM PDT
ဗန်းမော်ခရိုင် ရွှေကူမြို့နယ် တောပုန်းကျေးရွာတွင် (၁၅ နှစ်)အရွယ် မိန်ကလေးတစ်ဦး စက်တင်ဘာ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲက အသတ်ခံရသဖြင့် ရွှေကူမြို့မရဲစခန်းက အမှုဖွင့်ခဲ့သည်။ အသတ်ခံရသူသည် စက်တင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ရွာမှ တစ်ဦးတည်းထွက်လာပြီး ည ၁ဝ နာရီခန့်အထိ နေအိမ်သို့ပြန်မလာသဖြင့် ဖခင်ဖြစ်သူနှင့်ရွာသားများက ဝိုင်းဝန်းရှာဖွေကြရာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 09:43 PM PDT
မြေယာစီမံခန့်ခွဲမှု ကော်မတီများသည် မြေယာကိစ္စများကို ဆောင်ရွက်ရာ တွင်စာရွက်စာတမ်း အထောက်အထားကိုသာ အဓိကထား ဆောင်ရွက်နေသည့် အတွက် အမှန်တကယ် ဓားမဦးချ လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ တရားစွဲဆို ခံရခြင်းများ၊ ပြစ်ဒဏ် ချမှတ်ခံရခြင်းများ ဖြစ်ပေါ်နေကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 09:37 PM PDT
မြန်မာနိုင်ငံတွင်း လူဦးရေအများဆုံး နေထိုင်သော ရန်ကုန်မြို့တော် အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အောက်ခြေ ရပ်ကွက်များတွင် ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဖြစ်ပွားနိုင်သော မီးပွား (ရန်ပွဲ) များ မကြာခဏ ဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် SEA Games အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပဋိပက္ခများနှင့် SEA Games လုံခြုံရေးနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Sep 2013 09:02 PM PDT
မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက် အတွင်း စက်တင်ဘာ ၇ ရက်နေ့ က ဧရာဝတီ မြစ်ကမ်းနားလမ်း တွင် ရပ်ထားသည့် ယာဉ်အား တိမ်းရှောင် မောင်းနှင်ရာမှ လမ်းမြေသား ပဲ့ကျကာ ယာဉ်မှာ ဧရာဝတီမြစ် အတွင်း ထိုးကျသွားပြီး ဦးခေါင်းတွင် ပါရှိသည့် ယာဉ်မောင်းနှင့် အတူပါသူ နှစ်ဦးသေဆုံး သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက် မြစ်ဖျားဧရာ စက်လှေဆိပ် (လဖဆိပ်)လမ်းတွင် တောင်မှမြောက် သို့ ကမ်းနားလမ်း အတိုင်း မောင်းနှင် လာသော --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 07:30 PM PDT
နေပြည်တော် ၊ ၁၀-၉-၂၀၁၃ ကရင်ပြည်နယ် ၊ ကော့ကရိတ် မြို့နယ် ၊ နောင်ကိုင် ကျေးရွာ အုပ်စု မိဖာလဲ ကျေးရွာနေ ဦးမြလွင် ၄၈ နှစ် (ဘ) ဦးထွန်းကြည် နှင့် ဇနီးဖြစ်သူ ဒေါ်ရင်တင် ၅၂ နှစ် (ဘ) ဦးစံဟန် တို့နှစ်ဦးသည် စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခွဲ ခန့်က နေအိမ် အရှေ့လှေကား အနီး ခြေဆေးကန် ဘေး၌ သေနတ် ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း သိရှိရသဖြင့် တာဝန်ရှိ သူများက သွားရောက် စစ်ဆေးရာ အလောင်းများ အနီးတွင် ပွိုင့် - ၃၀ ကာဘိုင် ကျည်ခွံ ၁၅ ခုခန့် တွေ့ရှိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက် စိစစ်ရာ ၄င်းတို့ နှစ်ဦးသည် ကျေးရွာအတွင်း အောက်လမ်း အတတ်ပညာ များဖြင့် ပြုစား လုပ်ကြံ နေသူများ အဖြစ် သတင်းထွက် နေခြင်းကြောင့် ကျေးရွာသူ ကျေးရွာသား များမှ ကျေနပ်မှု မရှိကြောင်း နှင့် အဆိုပါ လင်မယား နှစ်ဦး သေဆုံးသည့် ဖြစ်စဉ်အား ကော့ကရိတ် မြို့နယ် မြို့မရဲစခန်း မှ အသေးစိတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။ Myawady Daily Myawady |
||
Posted: 09 Sep 2013 06:18 PM PDT
ကမ္ဘာ့နာမည်ကြီး နယူးယောက်ထိုင်းမ်စ် မဂ္ဂဇင်းဌာနရဲ့ သတင်းထောက်နဲ့ ဓာတ်ပုံဆရာတို့နှစ်ဦး သြစတြေးလျနိုင်ငံပိုင် ခရစ္စမတ်ကျွန်းကို လှေတွေနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။ အမေရိကန် နိုင်ငံသားတစ်ဦး Luke Mogelson နဲ့ ပေါ်တူကီနိုင်ငံသား Joel Van Houdt သတင်းသမားနှစ်ဦးတို့ သြစတြေးလျနိုင်ငံကို ခိုးဝင်လာတဲ့ လှေနဲ့အတူ ပါလာကြောင်းကို သြစတြေးလျနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက အတည်ပြု ပြောဆိုခဲ့ပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Sep 2013 06:13 PM PDT
ဆီးရီးယား အစိုးရအနေနဲ့ ဓာတုလက်နက်တွေကို နောက်ထပ် အသုံးမပြုနိုင်အောင် စစ်ရေးထက် သံတမန်ရေး နည်လမ်းတွေကို အသုံးပြုဖို့ သူ့အနေနဲ့ ပိုမို လိုလားတဲ့အကြောင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ တနင်္လာနေ့ညက အမေရိကန် ရုပ်သံအစီအစဉ် ၆ ခုမှာတော့ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆတ် (Bashar al-Assad) အစိုးရကို ဖိအားပေးရေး သမ္မတ အိုဘားမားက ပြောဆိုခဲ့တာပါ။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 06:07 PM PDT
တရုတ်အစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်အရ အင်တာနက် အွန်လိုင်းပေါ်မှာ တာဝန်မဲ့ ရေးသားဖော်ပြချက်အဖြစ် တွေ့ရှိရင် ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးခံရတော့မှာ ဖြစ်ပါတယ်။ တရုတ်ဗဟိုတရားရုံးချုပ်နဲ့ အစိုးရရှေ့နေတွေက ထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်အရ အသရေပျက်စေတဲ့ ပြောဆိုမှုမျိုးတွေကို အွန်လိုင်းသုံးသူတွေက အကြိမ်ပေါင်း ၅ ထောင်ကျော် ဖတ်ရှုတာ၊ ဒါမှမဟုတ် ဘလော့ဂ်တွေ ဒါမှမဟုတ် တရုတ်နိုင်ငံက အင်တာနက် လူမှုကွန်ရက်ဖြစ်တဲ့ Weibo ပေါ်မှာ အကြိမ် ၅၀၀ ကျော် ဖော်ပြတယ်ဆိုရင် အရေးယူဖို့ စဉ်းစားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Sep 2013 06:01 PM PDT
ဗုဒ္ဓဘာသာ အမှတ်တံဆိပ် အဖြစ်နဲ့ ၉၆၉ အမှတ်တံဆိပ် အသုံးပြုပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဟာ နိုင်ငံတော်သံဃမဟာနယက အဖွဲ့ရဲ့ စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးလို့ ပြောဆိုတာကို ၉၆၉ လှုပ်ရှားမှုမှာ ပါဝင်တဲ့ ရဟန်းသံဃာတော် အချို့က ပယ်ချလိုက်ပါတယ်။ ၉၆၉ အမှတ် တံဆိပ်ကို အသုံးပြုပြီး လှုပ်ရှားမှုတွေ ပြုလုပ်နေတာဟာ သံဃာမဟာနယက အဖွဲ့ကထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့ မကိုက်ညီဘူးဆိုပြီး သံဃမဟာနာယက အဖွဲ့က သြဂုတ်လ တုန်းက ပြောဆိုပြီး တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ညွန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Sep 2013 05:51 PM PDT
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ကစပြီး အရှေ့ဥရောပသုံးနိုင်ငံ ခရီးစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။ ပိုလန်နိုင်ငံ၊ ဟန်ဂေရီနဲ့ ချက် သုံးနိုင်ငံခရီးစဉ်အတွင်း ပိုလန်နိုင်ငံကို အရင်ဦးဆုံး သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ကျရင် ပိုလန်နိုင်ငံ ဝါဆောမြို့ကို လည်ပတ်ပြီးနောက်ပိုင်း ဟန်ဂေရီနိုင်ငံနဲ့ ချက်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Sep 2013 05:48 PM PDT
မြန်မာနိုင်ငံ မှာ နှစ်ပေါင်း ၄ဝ ကျော် အတွင်း ပထမ ဆုံး အကြိမ် လို့ ပြော နိုင်တဲ့ အရှေ့ တောင် အာရှ အားကစား ပြိုင်ပွဲ ကို လက်ခံ ကျင်းပ ဖို့ ရက်ပေါင်း ၉ဝ သာ ကျန်တော့ တဲ့ အတွက် ရန်ကုန် အပါအဝင်၊ ငွေဆောင်၊ နေပြည်တော် နဲ့ မန္တလေး စတဲ့ လက်ခံ ကျင်းပမယ့် မြို့တွေ မှာ ပြင်ဆင်မှု တွေ ပြုနေပါပြီ။ ၁၉၆၀ ပြည့်လွန် နှစ်တွေ တုန်းက ဒီလို နိုင်ငံတကာပွဲ တွေ လက်ခံ ကျင်းပ ခဲ့ဖူးတဲ့ ရန်ကုန်မြို့မှာ မနေ့တုန်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အားကစား ဝန်ကြီးဌာန က တာဝန်ခံ တွေ ပထမဆုံး အကြိမ် ညှိနှိုင်းမှု တွေ ပြုလုပ်ကြပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Sep 2013 05:33 PM PDT
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို မြန်မာပြည် ဘက်ခြမ်းကနေ ခိုးဝင် လာတယ် ဆိုတဲ့ သူတွေကို စိစစ်ပြီး မြန်မာပြည် ပြန်ဖို့ဖို့ အစီအစဉ် တခုကို ဘင်္ဂလားဒေ့ရှ် ကက်ဘိနက်က အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ပတ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ ဟာ Cox's Bizarr မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင် သွားလေ့လာခဲ့ အပြီးမှာ အဲဒီမှာ ရှိတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေ တွေကို အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Sep 2013 05:27 PM PDT
ဆီးရီးယားနိုင်ငံတွင်းမှာရှိတဲ့ ဓာတုလက်နက်တွေကို နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ဆီ အပ်နှံ ဖျပ်ဆီးဖို့ ရုရှား အစိုးရက ကမ်းလှမ်းတာကို အမေရိကန်အစိုးရအပါအဝင် ဆီးရီးယားနိုင်ငံကပါ ကြိုဆိုလိုက်ပါတယ်။ အမှန်မှာတော့ ဆီးရီးယားအစိုးရကနေ ဓာတုလက်နက်တွေကို ဖျက်ဆီးလိုက်မယ်ဆိုရင် အမေရိကန် အစိုးရအနေနဲ့ ဆီးရီးယားနိုင်ငံကို ဝင်မတိုက်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အမှုမဲ့ ပြောဆိုပြီးနောက် အဲဒီစကားကို ရုရှားအစိုးရက အတည်ယူပြီး ဓာတုလက်နက်ဖျက်သိမ်းလိုက်ဖို့ ဆီးရီးယားကို ကမ်းလှမ်းလိုက်တာကို သက်ဆိုင်ရာ နိုင်ငံတွေအပါအဝင် နိုင်ငံတကာကပါ ကြိုဆိုလိုက်တာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Sep 2013 05:22 PM PDT
တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ Guilin မြို့ မူလတန်းကျောင်းပြင်ပမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အတွက် လူနှစ်ဦး သေဆုံးပြီး ၄၄ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကလေးတွေ ကျောင်းတက်ဖို့ ကျောင်းဝင်းနား ရောက်ရှိလာချိန်မှာ ဆိုင်ကယ်သမားတစ်ဦး စီးလာတဲ့ ဆိုင်ကယ် မီးလောင်ပြီး ပေါက်ကွဲသံ ထွက်ပေါ်လာပြီးတော့ သေဆုံး ဒဏ်ရာရမှုတွေ ဖြစ်ပေါ်တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Sep 2013 04:21 PM PDT
တရုတ်နိုင်ငံ၊ ဂွမ်ဇူးမြို့က အငြင်းပွားဖွယ် ပညာပေး ရဲဖက်စခန်းမှာ ထိန်းသိမ်းထားတဲ့ နောက်ဆုံး လက်ကျန် လူ ၁၀၀ ကို အခုနှစ် အကုန်မှာ ပြန်လွှတ်ပေးတော့မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းမီဒီယာက ပြောပါ တယ်။ ဂွမ်ဇူးမြို့ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့တွေထဲက တစ်ခုဖြစ်ပြီး၊ ၁၉၅၀ ခုနှစ်တွေတုန်းက ဒီ အကြီးဆုံး ပညာပေး ရဲဖက်စခန်းကို ဖွင့်လှစ်ခဲ့တာ ဖြစ်ကာ၊ သံသယရှိသူ ဘယ်သူ့ကို မဆို ရုံးမထုတ်ခင် အဲဒီစခန်းမှာ ၄ နှစ် ကြာသည်အထိ ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။ တရုတ်ခေါင်းဆောင်တွေကတော့ တစ်နိုင်ငံလုံးမှာ အခုလိုမျိုး အပြောင်းအလဲတွေကို ပြုလုပ်သွားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အခုလို ရဲဖက်စခန်းမျိုးတွေဟာ တရုတ်နိုင်ငံ နေရာအများစုမှာ ဆက်လက် ဖွင့်လှစ်ထားရှိဆဲ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း)
|
||
Posted: 09 Sep 2013 04:08 PM PDT
ကိုလိုနီနယ်ချဲ့စနစ်ကို တော်လှန်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူ ရခိုင်တိုင်းရင်းသား ဆရာတော် ဦးဥတ္တမ ပြန်လွန်ခဲ့တာ ၁၉၃၉ ခု စက်တင်ဘာလမှာ ဖြစ်ပါတယ်။ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်တဲ့ ၇၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရဟန်းရှင်လူ ၄၀၀၀ နီးပါးတက်ရောက်ခဲ့ပြီးတော့ အဲ့ဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment