Saturday, September 21, 2013

"အလုပ်များနေလို့"

Thanlay Ko's photo.
Photo: "အလုပ်များနေလို့"

တခါက...
ဘယ်ဘာသာတရားကိုမှ မယုံကြည်တဲ့ "ဘုရားမဲ့ဝါဒီ" တစ်ယောက်ရှိသတဲ့
တနေ့တော့ အဲဒီလူဟာ ခန်းမဆောင်တခုအတွင်းမှာ သူ့နောက်လိုက်တွေကို ဟောပြောနေတယ်

"လောကမှာ ဘုရားမရှိကြောင်း ခင်ဗျားတို့ကို ကျုပ်လက်တွေ့ပြမယ်"

...ဆိုပြီး သူက ဒီလို အော်တယ်

"ဘုရားသခင် ဆိုတာ တကယ်ရှိရင် အခုလာပြီး ကျုပ်ကို ဒီစင်မြင့်ပေါ်ကနေ ထိုးချလိုက်စမ်းပါ"

ခဏစောင့်တယ်၊ ဘာမှ ဖြစ်မလာတော့ ထပ်အော်တယ်... ..

ခဏထပ်စောင့်တယ်၊ ဘာမှမဖြစ်လာဘူး ဒါနဲ့ ထပ်အော်ပြန်တယ်... ...

အဲ...
ကံဆိုးချင်တော့ ကော်ရစ်ဒါကနေ ဖြတ်လျှောက်သွားတဲ့ နဘမ်းသမားတစ်ယောက်က သူအော်တာကို ကြားလို့ ရပ်ကြည့်နေတာ သူမသိဘူး
ခဏခဏအော်နေတော့ နဘမ်းသမားက အမြင်ကပ်လာပြီး အခန်းထဲဝင်လာတယ်
ပြီးတော့ အဲဒီလူကို နှစ်ချက်သုံးချက် ထိုးချလိုက်တာ စင်အောက်ကျသွားပြီး ပုံ့ပုံ့ကြီး လဲနေပါလေရော
နာနေတဲ့ကြားထဲက မေးရှာတယ်... ...

"မင်းက ဘာလို့ ငါ့ကိုထိုးတာလဲ"
"မင်းပဲ ဘုရားသခင်တကယ်ရှိရင် လာထိုးဆို"
"ဒါဆို မင်းက ဘုရားသခင်လား"

ဒီတော့ နဘမ်းသမားက ပြန်ပြောတယ်... ...

"မဟုတ်ဘူး၊ သူမအားလို့ ငါ့ကိုလွှတ်လိုက်တာ"... တဲ့
 
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...