Tuesday, September 10, 2013

ဒီမိုကရေစီအရေးအတွက် ဘာအရေးအကြီးဆုံးလဲ...?


ဘုန်းဘုန်း အရှင်ရာဝိက မေးထားပြီး ဘုန်းဘုန်းဖြေထားတာက အခြေခံဥပဒေ ဖြစ်တယ်။
မိမိဖြေလိုက်တာက Democratic Institutions လို့ဖြေတယ်။ အဲ့အထဲမှာ အရပ်ဖက်၊ အစိုးရဖက်၊ မီဒီယာ၊ လွှတ်တော်၊ တရားစီရင်ရေး အကုန်ပါသွားတာပေါ့လေ။

အခု အဲ့ဒါကို နည်းနည်းအကျယ်ချဲ့တွေးမိတယ်။

ဒီမိုကရေစီစံနစ် ဟာ တိုင်းပြည်ကြွယ်ဝဖို့ အလားအလာကောင်းများစွာဖန်တီးပေးနိုင်တယ်။

ဒီတော့ တိုင်းပြည်အေးချမ်းကြွယ်ဝ လိုရင် ဒီစံနစ်ကို ဖြစ်ထွန်းအောင် လုပ်ကြမယ်။

အဲ့မှာ အယူအဆ နှစ်ရပ်ကို သတိပြုမိတယ်။

(၁) ကားလ်မာ့စ်ရဲ့အယူအဆ ဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေးစံနစ်က လူကိုပုံသွင်းတယ်ဆိုတာရှိတယ်။

(၂) နောက် မာ့စ်ဝီးဘားရဲ့အယူအဆ ဖြစ်တဲ့ လူကအဓိကဖြစ်ပြီး လူသာလျှင် စံနစ်အတွက် အရေးကြီးတယ် ဆိုတာရယ် ရှိတယ်။လူက စံနစ်ကိုပုံဖော်တယ်ပေါ့။

အခု မြန်မာနိုင်ငံမှာ တစ်ခုခု ဖြစ်ပြီဟေ့ ဆိုရင် စံနစ်အပေါ် အရင်ဆုံးလက်ညှိုးထိုးကြတာတွေရှိတယ်။ အဲ့ဒါ မာ့စ်အတွေးအခေါ် လွှမ်းမိုးခြင်းခံရတဲ့ လူတွေပဲ။ (အဲ့လူတွေကတော့ ကိုယ့်ကိုယ်ကို ဘာအိုင်ဒီယာလွှမ်းမိုးခံထားရမှန်း သိမယ်မထင်ဘူး)။ဥပမာ အနေနဲ့ လမ်းဘေးခလုတ်တိုက်လဲရင်တောင် သွေးစုပ်အာဏာ၇ှင်လူတန်းစားကြောင့် ဒီလို ဖြစ်ရတယ်။ ဒါကို ပြုပြင်ဖို့ လူထုတိုက်ပွဲခေါ်ရမယ်။ နင်းပြားတွေအားလုံး ညီညွတ်ကြ ဆိုတဲ့ ဟာသ ဥပမာသည် ဥပမာကောင်းပဲ။

နောက် တစ်ခုခုဖြစ်တယ်ဆိုရင် လူကသာအရေးအကြီးဆုံး၊ ကိုယ်ကောင်းရင်ခေါင်းဘယ်မရွေ့ဘူး။ အစိုးရစံနစ်က ဘယ်လောက်ဆိုးဆိုး ကိုယ်သာလုပ်တတ်ရင် မခက်ပါဘူး ဆိုတဲ့အတွေးအခေါ် ဥပမာကိုလဲတွေ့ရလေ့၇ှိတယ်။ အဲ့ဒါက ဝီးဘားရဲ့သဘော စစ်စစ် မဟုတ်လှပေမယ့် ခပ်ဆင်ဆပ် ဖြစ်တယ်။ Social Structure အပေါ်ကနေရှုမြင်တာမဟုတ်ဘဲ အနီးကပ်တစ်ဦးချင်း ခံယူချက်တွေကို ချဉ်းကပ်တာမျိုးဖြစ်တယ်။

ဒီအယူအဆနှစ်ခု အားပြိုင်လွန်ဆွဲ တာတွေကို မကြာခဏ တွေ့ရတယ်။ တစ်ကယ်တမ်းတော့ မာ့စ်ဝါဒမှာ စံနစ်ကြောင့်လူတွေတွေးခေါ်ပုံလွှမ်းမိုးခံရခြင်းဖြစ်တယ်ဆိုတာ Macro View ဆန်ပြီး တစ်ကယ်တမ်း တစ်ဦးချင်းရဲ့ အယူအဆတွေကိုအသေးစိတ် ရှုမြင်ခြင်းဟာ Micro View ဆန်တယ်လို့ ကျနော်ကတော့ထင်တယ်။ နှစ်ခုလုံးအတွက်သက်သေပြထားတာတွေလဲ မနည်းဘဲ ရှိပါတယ်။

ဒီအယူအဆနှစ်ရပ်ကို လှလှကလေးနဲ့ မြန်မာမှာ ပြောကြတာရှိတယ်။ လူ နဲ့ မူ တဲ့။

အခု ဒီမိုကရေစီစံနစ်ကြီးဖွံ့ဖြိုးလာဖို့ကို မာ့စ်လိုအမြင်နဲ့အခြေခံဥပဒေပြုပြင်ခြင်း၊ အာဏာရှင်ကို စိန်ခေါ်ခြင်း၊ အရပ်ဖက်အဖွဲ့အစည်းများကို အားပေးခြင်း၊ မီဒီယာလောက ဖွံ့ဖြိုးလာအောင် တည်ဆောက်ယူခြင်း စတာတွေလုပ်နေကြသလို တိုင်းပြည်တစ်ခုရဲ့ အဓိက အခြေခံယူနစ်ဖြစ်တဲ့ လူတစ်ဦးချင်းစီရဲ့ စိတ်နေစိတ်ထား ခံယူချက်တွေဟာ ဒီမိုကရေစီစံနစ်နဲ့ အလွယ်တကူ အသားကျနေဖို့ အရေးကြီးတယ်လို့မြင်တယ်။

ဒီလိုအသားကျအောင်ပျိုးထောင်ပေးဖို့ သိပ်ကို လိုအပ်တယ်လို့ ယူဆမိတယ်။ ဝီးဘားရဲ့ရှုထောင့်ကနေ လှမ်းကြည့်တာပေါ့လေ။ ဒီမိုကရေစီမှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လွတ်လပ်မှုနဲ့ အတူ တွဲဖက်ပါဝင်လာတဲ့ တာဝန်ယူရဲမှု၊ ဥပဒေကို လေးစားလိုက်နာမှု စတဲ့ အရည်အသွေးကောင်းတွေ ကိုယ့်နိုင်ငံသားတွေထဲမှာ ဖွံ့ဖြိုးလာရေးသည် အင်မတန်ကိုမှ အရေးကြီးတဲ့ကိစ္စတစ်ရပ်ဖြစ်တယ်လို့ ရှုမြင်မိတယ်။

ဒီဟာကိုဘယ်လိုလုပ်ကြမလဲ လို့မေးတော့ အသုံးလုံးကြေ သင်တန်းတွေကို သတိရမိတယ်။ ဦးဖိုးကျားတို့ခေတ်က အမျိုးသားကျောင်းတွေကောလိပ်တွေကို သတိရမိတယ်။ လူတွေ မျက်စိပွင့်လာဖို့၊အမြင်ကျယ်လာဖို့ ဒီလို အဖိုးနည်း၊ ကုန်ကျစရိတ်နည်း လှုပ်ရှားမှုတွေ လုပ်ရင် ဘာလို့ မဖြစ်နိုင်ရမလဲ ဆိုတာကို တွေးမိပါတယ်။ ဘူတန်နိုင်ငံဟာ နည်းပညာဖွံ့ဖြိုးမှုအကူအညီနဲ့ ပညာရေးပြောင်းလဲမှုတွေလုပ်ခဲ့တယ်။ အခု မြန်မာပြည်မှာ နည်းပညာအကူအညီနဲ့ အရင်ခေတ် အသုံးလုံးကြေမှာ လူတစ်ရာလုပ်ရမှာကို အခု လူဆယ်ယောက်လောက်နဲ့ လုပ်နိုင်ရင် ဘယ်လောက်ကောင်းမလဲ လို့ တွေးမိနေတယ်။

ချုပ်ပြောရရင် လူတစ်ဦးတစ်ယောက်ဟာ တိုင်းပြည်ထဲက လူထုရဲ့အခြေခံယူနစ်ဖြစ်တယ်။ Grass Root Level လို့ ငှားသုံးချင်တယ်။ အဲ့ဒီလယ်ဗယ်အထိ ဆင်းပြီး အတွေးအခေါ်ပိုင်း တော်လှန်ရေးဆင်နွဲမှ တိုင်းပြည်တိုးတက်ဖို့ ဖြစ်နိုင်မယ်။ အဲ့လို အတွေးအခေါ် တော်လှန်ရေးဆင်နွဲတဲ့ လှုပ်ရှားမှုတွေမှာ သက်မွေးဝမ်းကျောင်းအတတ်ပညာသင်ပေးတာတွေပါ တွဲပါလာရင်တော့ Capacity Building ခေါ်တဲ့ စွမ်းရည်တည်ဆောက်ခြင်းဖြစ်သွားပြီ။ အကြမ်းဖျင်းကြည့်လိုက်လို့ အမေရိကန်တစ်ယောက်၊ စင်ကာပူနိုင်ငံသားတစ်ယောက်၊ ဂျပန်တစ်ယောက် နဲ့အတူ ပခုံးချင်းယှဉ်နိုင်အောင် အတွေးအခေါ်ခံယူချက် မြင့်မားတဲ့ မြန်မာတစ်ယောက်ကို တွေ့ရအောင် Average ဟာ စွမ်းရည်မြင့်နေပြီဆိုရင် မြန်မာ ဟာ အာရှထိပ်သီးဘဝကို ခဏလေးနဲ့တက်လှမ်းနိုင်မှာပဲဖြစ်တယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...