Captain Jack ခေါင်းပေါ်က မြန်မာ့ငါးပြားစိ
Ko Ko Oo's photo.

Pirate of the Carribean ဇာတ်ကားတွေထဲက
ဇာတ်လိုက်ကျော် Captain Jack Sparrow
(Jonny Deep) နဖူးပေါ်မှာ တွဲလောင်းဆွဲထားတဲ့
သူ့အဆောင်လေးကိုလည်း မိတ်ဆွေတို့ သတိထားမိမှာပါ
အဲ့သည့်အဆောင်လေးမှာ ပစ္စည်း ၈ မျိုးပါတဲ့အတွက်
Jack Sparrow's piece of eight လို့ခေါ်ပါတယ်
ဒဂါ င်္းလေးတစ်ပြားပါပြီး ပုတီးစိလေးတွေ သီထားပါတယ်
Jack ပထမဆုံး ဓါးမြတိုက်ခဲ့တဲ့ ပြင်သစ်သင်္ဘောက ရရှိတာဖြစ်ပြီး
ဒဂါ င်္းလေးကို ကံကောင်းစေတဲ့အဆောင်အဖြစ်
Jack က သူ့နဖူးခေါင်းစီးမှာ အမြတ်တနိုး ဆွဲထားပါသတဲ့
ဒါမရှိရင် Jack Sparrow ဘုန်းနိမ့်မယ်ဆိုတာ သိတဲ့
သူ့ရန်သူတွေဟာ အဲ့သည့်အဆောင်လေးကို မရမက လိုက်လုပါတယ်
Captain Jolly Roger ဆိုရင် လောင်းကစားလုပ်ပြီး လုဖူးပါတယ်
ဒါပေမယ့် သူမရခဲ့ပါဘူး
နောက်ဆုံးတော့ At World's End ထဲမှာ Jack ရဲ့ အဆောင်လေးကို Hector Barbossa က ဖြတ်ထုတ်လိုက်တာကြောင့်
Jack ကံဆိုးသွားပြီး
ရေဘဝဲကြီး ခံတွင်းထဲကို သက်ဆင်းသွားရပါတော့တယ်
ဒါက piece of eight အကြောင်းပါ
စကားမစပ်!!!
မိတ်ဆွေတို့ သတိထားမိပါသလား
သေချာကြည့်ကြည့်ပါ
အဲ့သည့် ဒဂါ င်္းလေးဟာ
၁၉၆၂ ခုနှစ်ထုတ် မြန်မာငွေ ငါးပြား ဖြစ်နေပါတယ်ခင်ဗျာ
ကျွန်တော်လည်း တလောက HD ကြည့်မိမှ သတိထားမိတာပါ
ဒါနဲ့ internet မှာရှာကြည့်ပါတယ်
Disney က ဘာပြောထားသလဲဆိုတော့
ဒဂါ င်္းလေးက ထိုင်းက ရှေးဟောင်း ဒဂါ င်္လေးဖြစ်ပြီး
ပုတီးစိလေးတွေကတော့ မော်ရိုကိုကဖြစ်ပါတယ်တဲ့
ကျွန်တော်လည်း တတ်စွမ်းသမျှ ယိုးဒယား ဒဂါ င်္းတွေ ရှာကြည့်ပါတယ်
ပုံစံတူလုံးဝ မရှိပါခင်ဗျာ
သူတို့ ပိုက်ဆံတွေမှာ ထိုင်းဘုရင်ပုံနဲ့ စေတီပုထိုးပုံတွေသာ သွန်းလောင်းပါတယ်
ကေသရာဇာ ခြင်္သေ့ပုံ မရှိပါဘူး
သေချာတိုက်ကြည့်ပါ
ဒါ ၁၉၆၂ ထုတ် မြန်မာ့ပိုက်ဆံ ငါးပြားသာဖြစ်ပါတယ်
ဒါကြောင့် ကမ္ဘာကျော် Captain Jack Sparrow ဟာ
မြန်မာ့ငါးပြားကို တရိုတသေ ချိတ်ဆွဲ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး
မြန်မာ့ငါးပြားမရှိတော့တဲ့အတွက် သူကံဆိုးသွားရတာဖြစ်ကြောင်း ပြောပြရင်း
ငါးပြားရှင် မြန်မာလူမျိုးတစ်ယောက် အနေနဲ့
သင်လည်း ဂုဏ်ယူနိုင်ကြောင်း
တင်ဆက်လိုက်ရပါတယ်ခင်ဗျာ
ကိုဆေး

မြန်မာ့ငါးပြားမရှိတော့တဲ့အတွက်
ငါးပြားရှင် မြန်မာလူမျိုးတစ်ယောက် အနေနဲ့
သင်လည်း ဂုဏ်ယူနိုင်ကြောင်း
တင်ဆက်လိုက်ရပါတယ်ခင်ဗျာ
ကိုဆေး
0 comments:
Post a Comment