Monday, September 2, 2013

" အပျင်းပြေ _ ၁ "

. . . . . . . လူကြီး(ကိုယ့်ထက်တော်တော်ကြီးတဲ့)တွေပြောတဲ့ တချို့စကားတွေကို ကျွန်တော်(တို့) နားမလည်နိုင်သေးဘူးဗျ။ တချို့ကျတော့လည်း ကိုယ်အသက်ကြီးလာတာနဲ့အမျှ 'ဟုတ်တယ် .. ဟုတ်ပါလား' လို့ သိသိလာရတာတွေလည်း ရှိတယ်။

. . . . . . . "လူဆိုတာ အခါးကိုကြိုက်သကွ" ၊ "ကြီးလာရင် အခါးကိုကြိုက်လာရော" .. ဆိုတာမျိုး ကျွန်တော် တော်တော်ကြားခဲ့ဘူးတယ်။ အခုထိတော့ ကျွန်တော် အခါးမကြိုက်တတ်သေးဘူး။ အခါးကြိုက်လာလောက်အောင် မကြီးသေးလို့လဲ ဖြစ်ကောင်းဖြစ်မယ်။

. . . . . . . ကျွန်တော်က ဂိမ်းအလွန်ကြိုက်ပါတယ်။ ဂိမ်မာလို့တောင် ခေါ်လို့ရတဲ့အချိန်တွေရှိခဲ့တယ်။ တချို့လူတွေဟာ personal ကြည့်တာနဲ့ ဒီလူဂိမ်းကြိုက်လိမ့်မယ်လို့ သိနိုင်တယ်ဗျ။ လွန်ခဲ့တဲ့ ၅ နှစ် ၊ မြန်မာပြည် အလယ်ပိုင်း ဆေးရုံတစ်ခုမှာ တာဝန်ကျစဉ် .. ဦးလေးအရွယ်ဖြစ်တဲ့ မန်းလေးသား ဆရာဝန်ကြီးတစ်ဦးနဲ့ ခင်မင်မိတယ်။ သူကလည်း တာဝန်ကျတဲ့ဆီ တစ်ယောက်တည်းထွက်လာခဲ့တဲ့ တစ်ဦးတည်းသမား ၊ ကျွန်တော်လည်း တစ်ဦးတည်းသမား။ ဒီလူဒီလူပဲ ပျင်းခြောက်ခြောက်နဲ့ ခင်မင်ကြရတာပေါ့။ အဲဒီမှာ သူ့ personal က ဂိမ်းကြိုက်မယ့်ပုံ ၊ အခန့်မသင့်ရင် စွဲတောင်စွဲမယ့်ပုံ။ တခါမှတော့ မဆော့ဖူးဘူး။ စွဲလည်း ကောင်းတာပဲ ၊ အပျင်းပြေတာပေါ့ဆိုပြီး .. သူ့ကိုကျွန်တော်က ဂိမ်းတွေအကြောင်း ပြောပြဖြစ်တယ်။ (ကျွန်တော်တို့တာဝန်ကျရာအရပ်က အလွန်ပျင်းဖွယ်ကောင်းတယ်)။ "ဆရာ .. တချို့ဂိမ်းတွေဟာ တကယ့်ဘ၀တစ်ခုအတိုင်း နေ့စဉ်ဆောင်တာတွေ ၊ ရုန်းကန်တာတွေ ၊ ပျော်တာတွေ .. အို စုံလို့ပဲ ... virtual life တစ်ခု ရထားသလိုပဲ ဆရာ ... ဆော့ကြည့်ပါလား .. တကယ် စွဲဖို့ကောင်းတယ်" .. စသည် ပြောဖြစ်တာပေါ့။ သူက ဒီလိုပါပဲ ၊ အင်း အဲ ပေါ့။
. . . . . . . တနေ့တော့ ကျွန်တော့် ကွန်ပျူတာယူသွားပြီး "ရော့ ဆရာဆော့ကြည့်" ဆိုပြီးထိုးပေးတော့ ... သူက "ဟာ နေပါစေ .. မဆော့ချင်ပါဘူးဗျာ"တဲ့။ "ဆရာ မဆော့ဘူးသေးလို့ပါ .. ဆော့ကြည့်ပြီးရင် ဆရာကြိုက်လိမ့်မယ်" ဆိုတော့ .. သူကပြောတယ်။ "ဟုတ်ပါတယ် .. ကြိုက်ရင်လည်းကြိုက်လိမ့်မယ် .. ဒါပေမယ့် မစွဲလောက်ဘူး ၊ နောက်ပြီး အပြင်က ဘ၀ဆိုတာကိုက တကယ့်ဂိမ်းကြီးပဲလေဗျာ ... ခင်ဗျားပြောသလို ရုန်းကန်တာတွေ အပြည့်ပဲ ၊ ကျွန်တော့် သမီးတွေအကြောင်း .. အိမ်က အမျိုးသမီးအကြောင်း .. ကား အကြောင်း တွေက တကယ့် ဘ၀ထဲက ကျွန်တော့်အတွက် ပိုအရေးကြီးတဲ့ကိစ္စတွေပေါ့ ... ခင်ဗျားလည်း ကြီးလာရင် အဲဒါမျိုးတွေနဲ့ ပြည့်လာတဲ့အခါ ဂိမ်းတွေကို ဒီလောက်စွဲမှာမဟုတ်တော့ဘူး" တဲ့။

. . . . . . . အဲဒါ ဟုတ်ပါတယ်။ အခုကျွန်တော် သူပြောတဲ့အတိုင်းပဲ။ တခါတလေ အရင်က သိပ်စွဲလမ်းခဲ့တဲ့ဂိမ်းတွေကို စိတ်ရှိလက်ရှိ(မအိပ်ပဲ) ဆော့ပစ်လိုက်မယ်လို့ အချိန်ပေးပြီးဆော့ပေမယ့် ကျွန်တော့်ကို သိပ်ပြီးမတွန်းလှုပ်နိုင်တော့တာ သတိထားမိလာပါတယ်။

. . . . . . . "ဘုရားစာအုပ်တွေ သေချာဖတ်ပြီးရင် တခြားစာအုပ်တွေ ၊ ၀တ္ထုတွေ ဘယ်လောက်ကောင်းကောင်း လူကိုမတိုးတော့ဘူး" တဲ့ ... မိတ်ဆွေတို့ရော ကြားဖူးပါသလား။

. . . . . . . အဲဒါလည်း ဟုတ်နေတာကို ကျွန်တော် သိသိလာရပြန်ပြီဗျ။


(ယက္ခ)ရဲကြီး ။ ၁၈.၈.၁၃ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...