Monday, September 2, 2013

"အပျိုစင်တစ်ယောက်ရဲ့ည"

Kyar Phyu Nwe shared Myanmar Online News's photo.
  Monday, September 2, 2013

ကျမ အိပ်ပျော်လုလု အချိန်မှာ သူရောက်လာတယ်
တနေကုန် အလုပ်မှာ ပင်ပန်းထားတော့
ကျမ အရမ်းအိပ်ချင်နေပြီ
သူ့ကို တွန်းလှန်ဖို့ရာ အင်အားမရှိဘူး

သူ....
ကျမ တကိုယ်လုံး ခြေဆုံးခေါင်းဆုံး လိုက်ကြည့်တယ်
သူ့လက်တွေခြေတွေနဲ့ ပွတ်သပ်ကျည်စယ်တယ်
အသံကလည်း ပလုံးပထွေးနဲ့ ဘာတွေမှန်းလဲ မသိဘူးရှင်

ပြီးတော့...
ကျမခန္ဓာကိုယ်ရဲ့ တနေရာကိုရောက်တော့
သူ... သူ... သူ့စိတ်တိုင်းကျ
ကျမ အသွေးအသားတွေကို စားသုံးတော့တယ်

သူ့ လိုအင်တွေလည်း ပြည့်ရော
ကျမကို ထားခဲ့ပြီး
သူပြန်သွားပါတော့တယ်...

ကျမမှာသာ တစ်ကိုယ်တည်း
နာကျင်ပြီး ကျန်ခဲ့ရတာပါ... ...

သူကိုက်သွားတဲ့နေရာလေးမှာ
ယားကျိကျိလေးနဲ့
ဖုလေးတောင် ကျန်ခဲ့တယ်

တော်တော်ဆိုးတဲ့ "ခြင်"


သန်၎ကို-ပေါက်ကရရေးသည်
https://www.facebook.com/thanlayko
ဟာသဗိမာန်-ဆရာသန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...