Author: lubo601 |
10:45 PM |
|
အမေရိကန်ကယ်ရီဖိုးနီးယားတက္ကသိုလ
်နယ်မြေခွဲ Berkeleyကျောင်းဝင်းမှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ Saul Perlmutter ဟာ ၂
ဝ၁၁ခုနှစ်မှာ
တခြားပညာရှင်နှစ်ဦးနဲ့အတူ ရူပဗေဒနိုဘယ်လ်ဆုကို ရရှိခဲ့ပါတယ်။
နိုဘယ်လ်ဆုရကြောင်းသတင်း သူကြားသိချိန်ဟာ သူစာမေးပွဲခန်းစောင့်နေချိန်ဖြစ်တယ်။ သူဆုရတဲ့သတင်းကို ကြားတာနဲ့ "ကျွန်တော့်အတွက် ကိုယ်ပိုင် ကားပတ်ကင်ရပြီပေါ့"လို့ပဲ အားလုံးကို သူတည်တည်ငြိမ်ငြိမ်ပြောခဲ့ကြောင်းကို ကျောင်းတွင်းဝက်ဆိုက်ဒ်ကနေတဆင့် သိခဲ့ရပါတယ်။
တကယ်လို့ သင်ဟာနိုဘယ်ဆုရှင်တစ်ဦးဖြစ်တယ်ဆိုရင်
Berkeleyကျောင်းက သင့်ကို ဘာဆုချမလဲ။ ငွေကြေးလား၊
လုံးချင်းအိမ်တစ်ဆောင်လား၊ ဂုဏ်ပုဒ်တွေလား၊ ကမ္ဘာပတ်ဟောပြောပွဲလား... ဒါတွေ
တစ်ခုမှ မဟုတ်ပါဘူး။
တကယ်လို့ Berkeleyကျောင်းကိုသွားရောက်ပြီး
အင်တာဗျူးမလုပ်ခဲ့ရင် နိုဘယ်လ်ဆုနဲ့ ကားရပ်နားရာနေရာဟာ
ဘယ်လိုပတ်သက်ကြောင်းကို စာရေးသူလည်းသိမှာမဟုတ်ပါဘူး။ စာရေးသူတို့
အင်တာဗျူးသွားရောက်မေးမြန်းတုန်းက
စာကြည့်တိုက်မှူးက "NL"လို့ရေးထားတဲ့ ဆိုင်းဘုတ်တွေစိုက်ထူထားတဲ့
ကားရပ်နားရာနေရာကို ညွှန်ပြပြီး "ဒီကားရပ်နားရာနေရာက
နိုဘယ်လ်ဆုရှင်တွေရဲ့ကား ရပ်ဖို့နေရာပါ။ တခြားကားတွေ ရပ်လို့မရပါဘူး။ ဒါဟာ
နိုဘယ်လ်ဆုရှင်တွေအတွက် ကျောင်းကပေးထားတဲ့တစ်ခုတည်းသော ဆုပါပဲ"လို့
ပြောပါတယ်။
Berkeleyကျောင်းက ရှုခင်းအင်မတန်လှသလို ပတ်ဝန်းကျင်ကလည်း သက်ဝင်ထကြွပါတယ်။ ဒါပေမယ့် ကားတွေ ဝင်ချင်တိုင်းဝင်ခွင့်မရှိပါဘူး။
ကားရပ်ဖို့က ပိုဆိုးတာပေါ့။ NL က Nobel Laureate ရဲ့အတိုကောက်ပါ။ ဒီလို
အပြာရောင် ကားသီးသန့်ရပ်နားခွင့် အမှတ်အသားဟာလည်း နိုဘယ်လ်ဆုရှင်တွေကို
အရိုအသေပေးတဲ့ ကျောင်းရဲ့တမူထူးခြားတဲ့ပုံစံဖြစ်တယ်။ Berkeleyကျောင်းဝင်းထဲမှာ စာရေးသူတွေ့ရတဲ့ သီးသန့်ကားရပ်နားရာနေရာမှာ မသန်စွမ်းသူတို့ရဲ့ကားရပ်နားတဲ့နေရာကလွဲရင်
ကျန်တဲ့ကားရပ်နားရာနေရာက နိုဘယ်လ်ဆုပိုင်ရှင်တွေရဲ့ ကားပဲဖြစ်ပါတယ်။ NL
ကားရပ်နားရာနေရာတစ်ခုမှာ တောင်တက်စက်ဘီး(mountain bike)တစ်စီးကိုလည်း
တွေ့ခဲ့ပါသေးတယ်။ ဒီနေရာပိုင်ရှင်ရဲ့ ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းနေမှာပါပဲ။
သမိုင်းတစ်လျှောက်မှာ Berkeleyကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒါမှမဟုတ်
တာဝန်ထမ်းဆောင်နေတဲ့ နိုဘယ်လ်ဆုရှင်ပေါင်း ၆၆ဦးထက်မနည်း ရှိခဲ့ပါတယ်။
အဲဒီကျောင်းရဲ့ ရူပဗေဒကျောင်းဆောင်ရှေ့မှာပဲ NL ကားရပ်နားရာနေရာ ၅
နေရာရှိပါတယ်။
နိုဘယ်လ်ဆုရခဲ့ပေမယ့် လခမတိုးဘူး၊ ခါတိုင်းလိုပဲ
ပုံမှန်စာပြ၊ ပုံမှန်စာမေးပွဲခန်းစောင့်၊ ပုံမှန်
လက်တွေ့စမ်းသပ်မှုတွေလုပ်တာပဲ။ ပိုလာတာတစ်ခုက ကားရပ်ဖို့ ကိုယ်ပိုင်
ကားရပ်နားရာနေရာတစ်ခု ရသွားတာပါပဲ။
ဒီဆုပေးတဲ့အတိုင်းအတာနဲ့ ပတ်သက်ပြီး Berkeley ပါမောက္ခက "ပညာရေးသုတေသနလုပ်ချိန်မှာ တကယ်လို့ ငြိမ်သက်တည်ငြိမ်တဲ့စိတ်မရှိရင် ရှေ့ဆက်လုပ်လို့မရသလို တိုးတက်ဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်ဘူး"လို့ ပြောပါတယ်။
Laureate(စာပေပညာ(သို့)စစ်ပညာမှာ
ထူးချွန်အောင်မြင်သူကို အသိအမှတ်ပြုတဲ့ဂုဏ်ပုဒ်) သရဖူကို Laurus nobilis
အကိုင်းအခက်နဲ့ ကျစ်ထားတာဖြစ်တယ်။ ဒီသရဖူမှာ လင်းလက်တောက်ပနေတာက ရွှေကြောင့်
စိန်ကြောင့်မဟုတ်ပါဘူး။ တည်တံ့ခိုင်မြဲတဲ့ မွှေးရနံ့ကြောင့်ပါ။ တမူထူးတဲ့၊
မဝင့်ကြွားတဲ့ တည်ငြိမ်မှုတွေက ဒီLaureateရဲ့အနှစ်သာရပဲဖြစ်ပါတယ်။ နိုဘယ်လ်ဆုက ကျော်စောမှု ဂုဏ်သရေမဟုတ်ပါဘူး..တစ်သက်တာအောင်မြင်မှုဆုလည်း
မဟုတ်ပါဘူး... လက်ရွေးစင်သူရဲကောင်းတွေကို မသိခြင်းနယ်ပယ်ထဲ
ဆက်လက်စူးစမ်းရှာဖွေဖို့၊ လူ့အဖွဲ့အစည်းကို ရှေ့ဆက်တိုးတက်စေမယ့်
လှုံ့ဆော်အား၊ ပြင်းပြစိတ်တွေ မပျောက်ပျက်ဖို့ နှိုးဆွပေးတာပဲဖြစ်ပါတယ်။
Berkeleyကျောင်းကနေ ဘာကြောင့် နိုဘယ်လ်ဆုရှင် ၆ဝဦးကျော်ပေါ်ထွက်ခဲ့သလဲ...
"ကားရပ်နားရာနေရာလုဖို့" ဆိုတာက အကြောင်းပြချက်တွေထဲကတစ်ခု
ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
မူရင်းရေးသားသူ -- Fu Qin
မူရင်းလင့်-- http://aidu.hbust.org/renwu/201304248088.html
နိုင်းနိုင်းစနေ (22. Sept. 2013)
0 comments:
Post a Comment