Thursday, September 12, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၉)

သစ်ထူးလွင်



Posted: 12 Sep 2013 07:21 AM PDT

မြောက်ကိုရီးယားနိုင်ငံမှာ နျူကလီးယား လက်နက်တွေ တဖြည်းဖြည်း တိုးမြှင့် ထုတ် လုပ်နိုင်မယ့် ယုံပြောင်း (Yongbyon) နျူကလီးယား ဓာတ်ပေါင်းဖို ပြန်လည်ပတ် နေပြီလို့ ယူဆရကြောင်း အမေရိကန်က သုတေသီတွေက ပြောပါတယ်။ ယုံပြောင်း နျူကလီးယား စက်ရုံရဲ့ တာဘိုင်တွေကနေ အဖြူရောင် အခိုးအငွေ့တွေ ထွက်လာတာကို လတ်တလော ဂြိုလ်တု ဓာတ်ပုံတွေမှာ တွေ့ရတယ်လို့ အမေရိကန်ရဲ့ ကိုရီးယားဆိုင်ရာ လေ့လာရေးဌာနက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြောက်ကိုရီးယား နျူလက်နက် အစီအစဉ်အတွက် အရေးပါတဲ့ Yongbyon ဓာတ်ပေါင်းဖို

Posted: 12 Sep 2013 06:58 AM PDT

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်တွင် အခြေစိုက် နေထိုင်သော ငြိမ်းချမ်းရေး ဆွေးနွေးဆဲ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) က ချင်းပြည်နယ်ရှိ ပလက်ဝမြို့ ဒေသခံများကို ဆက်ကြေးတောင်းခဲ့ကြောင်း အဆိုပါမြို့ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က အဆိုပါ ပါတီမှ ဗိုလ်ကြီးအဆင့်ရှိ ဦးခိုင်လင်း ရောက်ရှိလာပြီး ပလက်ဝမြို့ရှိ အိမ်ထောင်စု တစ်စုလျှင် ၆၀၀၀ကျပ်၊ ဈေးဆိုင်ကြီး တစ်ဆိုင်လျှင် ၁၅,၀၀၀ ကျပ်၊ ဈေးဆိုင်ငယ် တစ်ဆိုင်လျှင် ၆၀၀၀ကျပ်ကို တောင်းခံခဲ့ပြီး သြဂုတ်လအကုန်တွင် အိန္ဒိယနိုင်ငံဘက်မှ ချမ်းရွာသစ်ရှိ ဦးအောင်သာဦး ဆိုသူထံသို့ ပေးရမည် ဖြစ်ကြောင်း၊ မပေးနိုင်၊ မပေးလိုပါက အသက်အန္တရာယ် ထိခိုက်စေမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ပလက်ဝအခြေစိုက် ခူးမီး မီဒီယာတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Sep 2013 06:26 AM PDT
မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး မြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ ၂ ရက် အကြာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ ရင်းနှီး မြုပ်နှံမှုဖိုရမ်မှာ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံရဲ့ မြေယာတန်ဖိုး ကြီးမြင့်နေတဲ့ အပေါ် အလေးထား ပြောဆို ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ နေပြည်တော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်မှ ၁၁ ရက်အထိ ၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ရင်းနှီး မြုပ်နှံမှု ဖိုရမ်မှာ မြေယာ တန်ဖိုး ကြီးမြင့်မှု အပေါ် ပြည်ပ ရင်းနှီးမြုပ်နှံ သူတွေက အလေးထား ပြောဆိုခဲ့ တာပါ။ ဒါကြောင့် မြေယာ တန်ဖိုး ကြီးမြင့်မှုက နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြုပ်နှံမှု အပေါ် အတိုင်းအတာ တစ်ခုအထိ အဟန့်အတား သဖွယ် ဖြစ်တယ်လို့ အဆိုပါဖိုရမ်သို့ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ရင်းနှီးမြုပ်နှံမှုနှင့် ကုမဏီများ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက အခုလို ပြောပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Sep 2013 06:09 AM PDT

တိုက်ပွဲများ ရပ်တန့်ထားကာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေသည့် ကာလတွင် တပ်မတော်နှင့် ကေအိုင်အေတို့ ဗန်းမော်ခရိုင်အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေကြောင်း ဒေသခံများက The Voice သို့ ဆက်သွယ် ပြောကြားသည်။ ယင်းတိုက်ပွဲမှာ တပ်မတော် ခမရ ၅၀၀၅ နှင့် ကေအိုင်အေ တပ်မဟာ ၃ လက်အောက် တပ်ရင်း ၁၂ တို့ ဗန်းမော်ခရိုင် မန်စီမြို့နယ် နန်လင်းပါနှင့် မုန်ဒင်ကြား နန်ဖန်ချောင်းအနီးတွင် ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကေအိုင်အို ဘက်က ပြောကြားသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Sep 2013 06:02 AM PDT

တရုတ်နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ တရားမဝင် တင်သွင်း ဝင်ရောက်လျက်ရှိသော ကျန်းမာရေး ထောက်ခံချက် မရှိသည့် စားသုံးရန်မသင့်သော အရည်အသွေးနိမ့် ကုန်ပစ္စည်း ဝင်ရောက်မှု ထိန်းချုပ်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Sep 2013 03:35 AM PDT

လိုင်စင်ရ ဧည့်လမ်းညွှန်များကို အောက်တိုဘာ ၁ ရက်မှ စတင်ကာ တစ်နေ့တာ ၀န်ဆောင်မှုအဖြစ် အနည်းဆုံး ၃၅ ဒေါ်လာပေးရန် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဧည့်လမ်းညွန်များ အသင်းဗဟို အလုပ်အမှုဆောင် ဦးထွန်းမြတ်က မဇိ္ဈမသို့ ပြောသည်။ အဆိုပါ အနည်းဆုံးသတ်မှတ်ချက်မှာ ယခင်ကသတ်မှတ်ခဲ့ခြင်းမရှိခဲ့ဘဲ လက်ရှိအချိန်တွင် ဧည့်လမ်းညွှန်များ၏ အရည်အသွေးအား အသင်းလက်အောက်ရှိ ပညာရေး ကော်မတီမှ သင်ကြားမြှင့်တင်ပေးထားပြီးဖြစ်
၍ ထိုက်သင့်သော ၀န်ဆောင်မှုစရိတ် သတ်မှတ်ရခြင်းဖြစ်ကြောင်း ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Sep 2013 02:49 AM PDT

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးမှုတစ်ခုနှင့် ပတ်သက်၍ သံသယရှိသဖြင့် ဖမ်းဆီးထားသော အချုပ်သားတစ်ဦး စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက သေဆုံးခဲ့ကြောင်း သေသူ၏ မိသားစုဝင်များထံမှ စုံစမ်းရရှိသည်။ သေဆုံးသူမှာ မော်လိုက်မြို့နယ်အတွင်းရှိ နန်းသီကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဦးဘိုရှိန်ဖြစ်ကြောင်း၊ သူ့ကို မော်လိုက်ရဲစခန်း၌ အမှုအမှတ် မူးယစ်(ပ)၁၇/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း သေသူ၏မိသားစု ၀င်များက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Sep 2013 02:52 AM PDT
UNFPA လက်ထောက်ဌာနေ ကိုယ်စားလှယ် ဒေါက်တာနေဝင်းနှင့် တွေ့ဆုံခြင်း
သမီးရည်းစား အတူနေကြတာဟာ ယဉ်ကျေးမှု တစ်ခုလို ဖြစ်နေတာ တွေ့ရတယ်။ အဲဒီယဉ်ကျေးမှုဟာ HIV ပျံ့နှံ့ မှုအပေါ် ဘယ်လောက်အထိ သက်ရောက် စေပါသလဲ။

သမီးရည်းစား အတူနေကြ တယ်ဆိုတာ ဟိုအရင်တုန်း ကတော့ ဒါဟာ ရှက်စရာ အလုပ်တစ်ခု ဖြစ်တယ်။ လူသိခံရမှာလည်း ကြောက်ကြတယ်။ ဒီလို ဖြစ်ဖို့လည်း ခဲယဉ်း တယ်။ အခြေအနေ လည်း မပေးသေးဘူးပေါ့။ ဒါပေမဲ့ ခု နောက်ပိုင်းကတော့ ဒါဟာ ရှက်စရာ မဟုတ်ဘူးလို့ ထင်လာတာလေးတွေ လည်း ပါတယ်။ အခြေအနေက လည်း အကြောင်းကြောင်းတွေ ပံ့ပိုးတယ် လွတ်လွတ်လပ်လပ်တွေ ဖြစ်လာကြတာ လည်း ပါတယ်။ အဲဒါကြောင့် ဒါဟာ လူငယ်တွေကြားမှာ တော်တော်လေး ပျံ့ပျံ့ နှံ့နှံ့ ဖြစ်နေတယ်ဆိုတာကို တွေ့ တယ်၊ မြင်တယ်၊ ကြားတယ်၊ သိတယ်ဆို information က တစ်ဆင့် သိရတာ။ ဒါပေမဲ့ တကယ့် တကယ်မှာ အထောက်အထား တိတိကျကျရှိလား ဆိုရင်လည်း မရှိဘူးလေ။ ဒါမျိုးက စာရင်းဇယား ကောက်ထားတာမျိုး မဟုတ်ပဲ။ ဘာပဲ ပြောပြော မြင်တွေ့နေရတဲ့ ဟာတွေမှာ တော့ ဒီလိုမျိုးရှိတယ် ဆိုတာ သိတယ်။ အဲဒီတော့ အဲဒီလိုဟာမျိုးကျတော့ ဘာ တွေ ဖြစ်လာလဲဆိုတော့ သမီးရည်းစား အိမ်ထောင်မကျသေးခင် အတူတူနေ ကြတဲ့အခါမှာ ဖြစ်လာနို င်တဲ့ နော က် ဆက်တွဲတွေမှာတော့ နှစ်ခုပဲ ရှိတယ်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

UNFPA လက်ထောက်ဌာနေကိုယ်စားလှယ် ဒေါက်တာနေဝင်းနှင့် တွေ့ဆုံခြင်း

Posted: 12 Sep 2013 02:16 AM PDT

မန္တလေး ၊ ၁၂-၉-၂၀၁၃
မန္တလေး အောင်မြေသာစံ မြို့နယ် ၊ ညောင်ကွဲ ရပ်ကွက် ၊ (၁၁)လမ်းတွင် ယနေ့ နံနက်(၂)နာရီ (၁ဝ)မိနစ်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်(၃)လုံး ၊ ကား(၂)စီး ၊ ဆိုင်ကယ်(၂)စီး တို့ မီးလောင် ပျက်စီးခဲ့သည်။

ဖြစ်စဉ်မှာ အောင်မြေသာစံ မြို့နယ်၊ ညောင်ကွဲ ရပ်ကွက် ၊ အကွက် (၄၁၅/ N-၂) ၁၁-လမ်း ၊ ၈၇x၈၈ လမ်းကြားရှိ အိမ်ငှား ဦးမျိုးမင်း (၂၅)နှစ်၊ (ဘ) ဦးမြင့်မောင်၏ ပုလင်းခွံ ရောင်းဝယ်ရေး (၂ဝx၄ဝ)ပေ ထရံကာ သွပ်မိုး ၊ မြေစိုက်တွင် တယ်လီဖုန်း အားသွင်း ထားခဲ့ရာမှ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွား ခဲ့သည်။ မီးလောင်ရာသို့ မန္တလေးတိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန ကွပ်ကဲမှုရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့် ဦးစီးသော မီးသတ်သန္ဓေ (၃ဝ)ဦး ၊ အရံ(၂ဝဝ)ဦး ၊ မီးသတ်ယာဉ် (၂၅)စီး တို့ဖြင့် မီးငြှိမ်းသတ် ခဲ့ရာ နံနက်(၂) နာရီ(၄၅) မိနစ်တွင် မီးလုံးဝ ငြိမ်းသွားခဲ့ပြီး ၊ မီးလောင်ကျွမ်း မှုကြောင့် (၂ဝx၄ဝ) ပေပတ်လည် ပျဉ်ထောင်သွပ်မိုး (၁)လုံး ၊ (၂ဝx၂၅)ပေ နံကပ်(၂)ထပ် (၁)လုံး ၊ စုစုပေါင်း အိမ်(၃)လုံး ဆုံးရှုံးမှုတန်ဖိုး (၂၈၅ဝဝဝဝိ/-) ၊ (၇ဃ/၇၈၃ဝ) ပြိုင်ကား(၁)စီး တန်ဖိုး(၁၂ဝဝဝဝဝဝိ/-) ၊ (၈ဈ/၅၈၂ဝ) လိုက်ထရပ်ကား (၁)စီး တန်ဖိုး(၇ဝဝဝဝဝဝိ/-) ၊ ဆိုင်ကယ်(၂)စီး (၈ဝဝဝဝဝိ/-) စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး (၂၂၆၅ဝဝဝဝိ/-)ခန့် ရှိခဲ့ကြောင်း နှင့် ဒေါ်စုစုမေ (၅၃)နှစ် ၊ ကသာ မြို့နယ် နေထိုင်သူမှာ လက်နှစ်ဖက် မီးဟပ် ၊ ခါးနာ (မစိုးရိမ်ရ)ဒဏ်ရာရရှိ ခဲ့သည်ဟု သိရသည်။


အဆိုပါ ဖြစ်စဉ်ကြောင့် မီးစတင် လောင်ကျွမ်း ခဲ့သည့်အိမ်မှ အိမ်ငှားဖြစ်သူ ဦးမျိုးမင်းအား အမှတ်(၄)ရဲစခန်းမှ (ပ)၂၆၂/၂ဝ၁၃၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

The Myawady Daily
Posted: 12 Sep 2013 01:39 AM PDT

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ မှ ဒေသခံတစ်ဦးကို စစ်သင်တန်း မှ လေ့ကျင့်ပစ်ခတ်လိုက်သည့် ကျည်ထိမှန်ခံရမှုတစ်ခု စက်တင် ဘာလ ၁၁ ရက်က ဖြစ်ပွားခဲ့ ကြောင်း ဒေသခံများနှင့် မြို့နယ် တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရ သည်။  အဆိုပါကျည်ထိမှန်သူမှာ တောင်တွင်းကြီးမြို့၊ ရေဦးအုပ်စု၊ ငွေဘိုကျေးရွာနေထိုင်သူ (ဘ) ဦးတင်ဆောင်၏သား ကိုမြင့်နိုင် ၄၂ နှစ်ဖြစ်ပြီး သူက ထိုနေ့ မွန်း တည့် ၁၂ နာရီ မိနစ် ၃၀ အချိန် ခန့်တွင် ၎င်း၏ယာမြေမှ ထွန် ယက်ပြီး ရွာသို့အပြန်အမှတ် (၇) စစ်အခြေခံလေ့ကျင့်ရေးတပ်က လေ့ကျင့်ပစ်ခတ်လိုက်သည့်ကျည် ထိမှန်ခဲ့ခြင်းဖြစ်သည်ဟုကာယကံ ရှင်ကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 12 Sep 2013 01:23 AM PDT
မြန်မာ နိုင်ငံ မြေအောက် သယံဇာတတူး ဖော်ရေး လုပ်ငန်းများဖြစ်သော မုံရွာ-လက်ပံတောင်း တောင်ကြေး နီမိုင်း လုပ်ငန်းများ တွင်လည်း ကောင်း၊ ချင်းပြည်နယ် မြွေတောင် ဖားတောင်ကြေးနီ ထွက်ဒေသ များတွင်လည်းကောင်း၊ အခြား အခြားသော ကြေးနီထွက်ဒေသ များတွင်လည်းကောင်း၊ ကြေးနီ နှင့်တွဲလျက် ရွှေထွက်နေမည်ဖြစ် ကြောင်း ချင်းအမျိုးသားပါတီမှ ဦးဇိုဇမ်က ကလေးမြို့ မြို့မိမြို့ဖ နှင့်တွေ့ဆုံပွဲတွင်လည်းကောင်း၊ ဟားခါးမြို့ဒေသခံမြို့မိမြို့ဖတို့ နှင့်တွေ့ဆုံပွဲတွင်လည်းကောင်း ပြောသည်။
''ကျွန်တော်က ဂျာမနီနိုင်ငံ မှာ ဘူမိဗေဒနဲ့ ဘွဲ့ရခဲ့တာပါ။ ကျွန် တော်တို့ သင်ခဲ့ရတာကတော့ ကြေးနီထွက်တဲ့နေရာတိုင်းမှာ ရွှေထွက်တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဦးဇိုဇမ်


Posted: 12 Sep 2013 01:18 AM PDT

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင်ကျိုက်ထီးရိုးစေတီတော
် တောင် တက် လမ်းတွင် သက်ကြီး ရွယ်အိုဘုရားဖူးများ သွားလာရေး လွယ်ကူရန် အတွက် Cable Car ပြေးဆွဲနိုင်ရန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ ဂျပန်နိုင်ငံ Asia Africa Cooperation Environment Center (ACEC) Myanmar INGO အသင်းဥက္ကဋ္ဌ Mr. Mitsuru Suzuki နှင့်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက် နံနက် ၁ဝနာရီက မွန်ပြည် နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ မွန် ပြည်နယ် အစိုးရ အဖွဲ့ဝင် ဗမာ တိုင်းရင်းသားရေးရာဝန်ကြီးဦး သက်ဝင်း၊ စည်ပင် သာယာဝန် ကြီး ဒေါက်တာတိုးတိုး အောင်၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဦးဝင်းမော်ဦးနှင့် အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးဇော်လင်း ထွန်းတို့နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကျိုက်ထီးရိုးစေတီတော်ကို ဖူးမြော်ကြည်ညိုနေသည့် မြင်ကွင်း။ ဓာတ်ပုံ - အေအက်ဖ်ပီ


Posted: 12 Sep 2013 01:04 AM PDT

ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ များ ပြန်လည် ရိုက်နှိပ်ထုတ်ဝေရန် လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က ယနေ့ ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အဆိုတင်ခဲ့မှုကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဝင် ကိုယ်စားလှယ် ဒေါက်တာ စောလှထွန်းက ကန့်ကွက်ခဲ့သည်။ ကန့်ကွက်မှု ရှိသဖြင့် ဦးကျော်တင်ပြသော အဆိုအား လွှတ်တော်ဥက္ကဌ က ကိုယ်စားလှယ်များကို မဲစနစ်ဖြင့် ဆုံးဖြတ်စေခိုင်းခဲ့ရာ ထောက်ခံ သူ နှစ်မဲသာ ရှိခဲ့၍ ဆွေးနွေးခွင့် မရရှိခဲ့ပေ။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 12 Sep 2013 01:00 AM PDT
HIV နဲ့ အလားတူတဲ့ SIV ရောဂါပိုးက HIV ပိုးထက် ၁၀ ဆ အန္တရာယ် ပိုများ

အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ သိပ္ပံပညာရှင်တွေက HIV နဲ့ အလားတူတဲ့ ရောဂါပိုး တမျိုး ဖြစ်တဲ့ SIV ရောဂါပိုးကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတမျိုးကို မျောက်တွေမှာ စမ်းသပ်ကြည့်ခဲ့ရာမှာ ထိရောက်မှု ရှိတာ တွေ့ရပါတယ်။

ကာကွယ်ဆေးထိုးခဲ့တဲ့ မျောက်တွေထဲက တဝက်လောက်ဟာ ရောဂါ ကူးစက်မခံရဘူးလို့ Nature ဆေးသိပ္ပံ ဂျာနယ်ထဲမှာ ဖေါ်ပြထားပါတယ်။

အခုအခါ လူတွေမှာ စမ်းသပ်နိုင်မယ့် ကာကွယ်ဆေးမျိုးကို သိပ္ပံပညာရှင်တွေ ဖန်တီး ထုတ်လုပ် လိုက်နိုင်ပြီ ဖြစ်ပါတယ်။

လုံခြုံစိတ်ချမှု ရှိအောင် စမ်းသပ်မှုတွေ အရင်ဆုံး လုပ်ရအုံးမှာ ဖြစ်ပေမယ့် လာမယ့် ၂နှစ်အတွင်း ဒီကာကွယ်ဆေးကို လူတွေမှာ စမ်းသပ် ထိုးကြည့်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Posted: 12 Sep 2013 12:48 AM PDT

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော မောင်တောမြို့မှ ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည့် ဘင်္ဂါလီ ၂၉ ဦးကို မောင်တောခရိုင် တရားရုံးက ထောင်ဒဏ် ခုနစ်နှစ်စီ အသီးသီး ချမှတ်လိုက်သည်ဟု ထိုတရားရုံး တွင် အမှုလိုက်နေသည့် အထက်တန်း ရှေ့နေ ဦးအောင်ကျော်ညွန့်က မဇ္ဈိမကိုပြောသည်။ ထိုတရားရုံးက ဘင်္ဂါလီများကို စီရင်ချက်ချ လိုက်သည်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်ကလည်း မဇ္ဈိမကို အတည်ပြုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော မောင်တောမြို့မှ ပဋိပက္ခများ

Posted: 12 Sep 2013 12:34 AM PDT


တောင်ငူ၊ စက်တင်ဘာ ၁၂
ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် ဘိုးတော်ကုန်း ကျေးရွာအုပ်စု နတ်စင်ကုန်း ကျေးရွာတွင် မွေးရာပါ မျက်စိပေါက် အရည်ပြားပိတ် ရောဂါပါ ကလေးငယ်တစ်ဦး ကို အမိ မမာမာ(၂၅နှစ်)နှင့် ဖခင် ဦးမောင်ညွှန့် (ကျဘမ်းလုပ်သား) တို့မှ ဧပြီလ ၁ ရက်နေ့က နေအိမ်တွင် အရပ်လက်သည်ဖြင့် မွေးဖွားခဲ့ ကြောင်းသိရသည်။

မိဘဖြစ်သူများမှာ ကျဘမ်း လုပ်ကိုင်စားသောက်ရပြီး ငွေကြေး အခက်အခဲကြောင့် ဆေးရုံသို့ ပြသရန်
နောက်နှေးနေပြီး ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၏ ကူညီပေးမှုကြောင့် ၅ လကျော်ကြာမှ မြို့နယ် ဆေးရုံအုပ်ကြီးထံ သွားရောက်ပြသ ခဲ့ရကြောင်း သိရသည်။

ကလေးငယ်အား ခွဲစိပ်ကုသရန် ရန်ကုန်မြို့ ရန်ကင်း ကလေးဆေးရုံကြီးသို့ လွဲပြောင်း ပေးအပ်ထားသော်လည်း ငွေကြေး အခက်ကြုံနေရသည်။

ယင်းအခက်အခဲ အတွက် ရေတာရှည် NLD မှ ရေတာရှည်မြို့နယ်အတွင်း အလှူငွေများ ကောက်ခံပြီး လုံလောက်သည့် ပမာဏ ရရှိပါက ရန်ကုန်သို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ရေတာရှည် NLD
မှပြောကြားသည်။

အဆိုပါ ကလေးငယ် မောင်ကံကောင်းကို မိခင်မှ သားဦး အဖြစ် မွေးဖွားခဲ့ခြင်းဖြစ်ပြီး မိခင်နို့ ကောင်းမွန်စွာဆို့နိုင်ပြီး ၊ ထမင်းနှင့် မုန့်များပင် စားနိုင်ကြောင်း ဆေးရုံပြသရန် ကြောက်၍ မပြဖြစ်ခဲ့ကြောင်း
ရေတာရှည်မြို့နယ်မှ လူမှုကူညီသူများ၏ အားပေးမှုကြောင့် အခုမှ ပြဖြစ်ခဲ့ကြောင်း ဘယ်ဘက်မျက်လုံးမှာ အပေါ်ယံအရေပြား ပိတ်နေပြီး ညာဘက်မျက်လုံးမှာ ပြားလွှာသော အရည်ပြားဖုံးအုပ်နေပြီး
သူငယ်အိမ်ကို မြင်ရကြောင်း မိခင်ဖြစ်သူမှပြောပါသည်။

““ ဒီကလေးက မွေးရာပါ မျက်လုံးအရည်ပြားပိတ် ရောဂါပါ တစ်ချို့ဒါမျိုးမွေး လာရင် မွေးဖွားပြီးချင်းပဲ ဆုံးသွားတာများတယ် အခု ၅ လလောက်အထိ ကျန်းမာနေနိုင်တော့ အသက်ရှင်နိုင်အခွင့် အလမ်းများပါတယ် မျက်စိကတော့ ခွဲစိပ်ဖို့လိုပါတယ် ဘယ်ဘက်မျက်လုံးက သိပ်မသေချာဘူး ညာဘက်ကခွဲစိပ် လိုက်ရင်ပြန်မြင်နိုင်တယ် ဆီးလမ်းကြောင်းကလည်း ခွဲစိပ်ကုသမယ်ဆိုရင် ဖြစ်နိုင်ပါတယ် ဒီကလေးအတွက် တိုင်းကျန်းမာရေး ဦးစီဌာနကို အစီရင်ခံပြီး ရန်ကင်း ကလေးဆေးရုံကြီးကို လွဲပြောင်းပေးဖို့ စီစဉ်နေပါတယ်”” ဟု ရေတာရှည်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မြင့်နိုင်ကပြောပါ
သည်။
အဆိုပါ ကလေးငယ်အတွက် ပါဝင်ကူညီချင်သူများ အနေဖြင့် ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဖုန်းနံပါတ် ဦးမောင်မောင် (၀၉၄၂၈၂၀၇၇၇၈)၊ ဦးဝင်းသိန်း (၀၉၄၂၃၆၆၁၁၈၈ ) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ကိုကျော်စွာ (တောင်ငူ)

by Myanmar News Now
Posted: 12 Sep 2013 12:09 AM PDT

မလေးရှားမှထွတ်ပြေးလာသောမြန်မာ
အလုပ်သမား ၁၅၀ ခန့်သည် မြန်မာ-ထိုင်းနယ်စပ်မှတဆင့် စက်တင်ဘာ ၁၁ ရက်နေ့က မြ၀တီမြို့သို့ရောက်ရှိလာခဲ့သည်
၎င်းအလုပ်သမားများသည် မလေးရှားမှ ၃ညအိပ် ၄ရက်ခရီးဖြင့်နယ်စပ်ကိုဖြတ်ကျော
်ကာ ထွတ်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
မြ၀တီမြို့ခရိုင်အုပ်ချုပ်ရေးမှ
ုးနှင့်တာဝန်ရှိသူများက ယင်းအလုပ်သမားများ၏ နေရပ်အသီးသီးသို့ ဘက်စ်ကားကြီးများနှင့်အခမဲ့တာဝန်ယူပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
NW

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


Posted: 12 Sep 2013 12:03 AM PDT
ည ၇ နာရီကျော် ..။ နေ့အလင်း ရောင်ကွယ်ပျောက်ပြီး လမ်းမကြီးဘေးရှိ ဆိုင်အချို့ ပိတ်သိမ်းနေပြီဖြစ်သည်။ ဆိုင်ကယ်များ ဥဒဟိုသွားလာနေ သည့် မန္တ လေးမြို့ ၇၈ လမ်းမကြီးဘေး၊၃၁ နှင့်၃၂ လမ်း ကြားရှိ ကလေးကစား စရာအရောင်းဆိုင် Fantasy World ဘေးကပ် လျက်ပိတ်ထားသည့် ဆိုင်ရှေ့ ပလက် ဖောင်းပေါ်ရှိ လမ်းေ ဘးမီးရောင်အောက်၊ မြက် ဖျာနှစ် ချပ်ခင်း၍ ကလေး ၁၃ ဦး ခန့် ဗလာစာအုပ်များကို ဖွင့်ဖတ်နေသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 12 Sep 2013 12:00 AM PDT

မိုးခေါင်မူကြောင့် စိုက်ပျိုးသီးနှံ ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ တောင်သူလယ်သမားများအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ ငွေကြေးနှင့် နည်းပညာထောက်ပံ့ကူညီမှုများ ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ မိုးခေါင်၍   သီးနှံပျက်စီးမှုများခဲ့သည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦး၊ မြင်းခြံ၊ မိတ္ထီလာခရိုင်များမှ တောင်သူလယ်သမားများအတွက် အဓိကကူညီပေးမည်ဖြစ်ပြီး ယခုအခါ ငွေကြေးနှင့် နည်းပညာအထောက်အပံ့များ ပေးအပ်ရန် ရှေ့ပြေးကွင်းဆင်း လေ့လာခြင်းများ ပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ  သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မန္တလေး အပါအ၀င် မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ယခုနှစ်၌ မိုးခေါင်၍ သီးနှံများ ပျက်စီးခဲ့သည်။ ပုံတွင်မကွေးတိုင်းမှ နှမ်းခင်းတစ်ခင်း ခြွေလှေ့ရန်ပြင်ဆင်နေစဉ် ဓာတ်ပုံ-မိုးကျော် - 7day daily

Posted: 11 Sep 2013 11:52 PM PDT

ဒီလစက်တင်ဘာ ၂၇ ရက်နေ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးပွဲကျင်းပဖို့ ထိုင်းကအဆိုပြုထားတယ်လို့ အစိုးရ သတင်းရပ်ကွက်က ပြောပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး ကုမ္ပဏီနဲ့ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ ထားဝယ်စီမံကိန်းနဲ့ ပတ်သက်ပြီး အစဦးရင်းနှီးမြှုပ်နှံငွေ ထိုင်းဘတ်ငွေ ၁၂ သန်းကို တဝက်စီထည့်ဝင်ကြဖို့ ပြီးခဲ့တဲ့ဇွန်လက ထိုင်းနဲ့ မြန်မာ နှစ်ဘက်သဘောတူညီခဲ့ကြပါတယ်။ မူလက သတ်မှတ်ထားခဲ့တဲ့ အစဦးရင်းနှီးမြှုပ်နှံမှုပမာဏက ထိုင်းဘတ်ငွေ သန်း ၁ဝဝ ဖြစ်ပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကုမ္ပဏီကို ထိုင်းနိုင်ငံမှာ မှတ်ပုံတင်မယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Sep 2013 11:19 PM PDT

ဒီမိုကရေစီ အခွင့်အရေးကို လက်တွေ့ အသုံးချနေတာ မြင်ရဖို့ အတွက် မိုးစိုခံရတာ ထိုက်တန်ပါတယ် ( ဒေါ်အောင်ဆန်းစုကြည်)
ဝါဆော(ပိုလန်)-စက်တင်ဘာ ၁၂

အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်ပါလီမန်ကို အလည်အပတ် သွားရောက်ရာ ပါလီမန်ရှေ့တွင် လမ်းကိုပိတ်ပြီး ဆန္ဒပြနေသည့် ပိုလန်အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များကြောင့် ကားပေါ်က ဆင်းလမ်းလျောက်သွား ခဲ့ရပြီး ထိုအချိန်တွင် မိုးရွာနေသဖြင့် မိုးမိသွားခဲ့သော်လည်း စိတ်အနှောက်အယှက်မဖြစ်ဘဲ ဒီမိုကရေစီ အခွင့်အရေးကို လက်တွေ့ အသုံးချ ဆောင်ရွက်နေကြတာကို မြင်ရတာ အလွန်စိတ်ဝင်စားစရာ ကောင်းသည်ဟု ဆိုခဲ့သည် ။

ပါလီမန်အဆောက်အဦးသို့ ရောက်ရှိပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က
"ကျမ မိုးရွာနေတဲ့ကြားက ပါလီမန်ကို လမ်းလျောက်လာရလို့ စိတ်အနှောင့်အယှက် မဖြစ်ပါဘူး ၊ ဒီလို
ဒီမိုကရေစီ အခွင့်အရေးကို လက်တွေ့ အသုံးချ ဆောင်ရွက်နေကြတာကို မြင်ရတာ အရမ်း စိတ်ဝင်စားဖို့ကောင်းပါတယ် ၊ပြီးတော့ သူတို့ ( ဆန္ဒပြသူများ) ၀တ်ထားတဲ့ ရောင်စုံ ဂျတ်ကက်တွေကလည်း အရမ်းလှပါတယ် " ဟု ပြောခဲ့သည်။

kyl
ref : Reuter

Popular Myanmar News Journal


Posted: 11 Sep 2013 11:14 PM PDT

ထန်းကိုင်း ရေနံမှော်အတွင်း ရေနံတွင်း တူးသူများ၊ ရေနံခပ်သူများ၊ ရေနံစိမ်း ရောင်းဝယ်ပြုလုပ်နေသူများနှင့် ဈေးဆိုင်ဖွင့် ရောင်းချနေသူများ အားလုံးကို ရက်ကန့်သတ်လျှက် တစ်ပတ်အတွင်းအပြီးဖယ်ရှား ခိုင်းကြောင်းသ တင်းရရှိသည်။ မှော်အတွင်း ပြည်သူ (၂)သိန်းဝန်းကျင်ခန့် ရောက်ရှိ၍ ရေနံလက်ခပ်တွင်းများဖြင့် လုပ်ကိုင်ရှာဖွေနေမှုကို၉-၉-
၂၀၁၃နေ့တွင် သရက်ခရိုင် ရဲမှူးမှ စာတစ်စောင်ပြ၍ လုပ်ငန်း ခေါင်းဆောင်ဟု ယူဆသူများ ကိုခေါ်ယူ သတိပေး လိုက်ခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 11 Sep 2013 11:04 PM PDT

 နှစ် နှစ်ခန့်ကြာပြီဖြစ်သည့် မြောက် ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့ သော မင်းမဲ့စရိုက်ဆန်ဆန်လူ သတ်မှုတွင် ပါဝင်သူဟုယူဆထား သူများကို သေဒဏ်ပေးထိုက်သည့် ပုဒ်မဖြင့် တရားလိုရဲအရာရှိက အင်းစိန် မြောက်ပိုင်း ခရိုင်တရား ရုံး၌ စက်တင်ဘာ ၁ဝရက်က စွဲ ချက်တင်လိုက်ကြောင်း သိရသည်။ ယင်းစွဲချက်ပုဒ်မကို ပြင် ဆင်ရန်အတွက် တရားပြိုင်၏ မိသားစုဝင်များနှင့် အကျိုးဆောင် ရှေ့နေများက ရန်ကုန်တိုင်းဒေသ ကြီးတရား လွှတ်တော် သို့ တက် ရောက်သွားမည်ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 11 Sep 2013 10:39 PM PDT

နိုင် ဂျီးရီးယားနိုင်ငံ၏ Moonlight Maternity ဆေးခန်းပိုင်ရှင်က မွေးဖွားကာစ ကလေးငယ်များကို ရောင်းစားနေသည်ဆိုသော စွပ် စွဲမှုနှင့် ပတ်သက်ဆွေးနွေးပြော ကြားရန် လိုလားခြင်းမရှိကြောင်း သိရသည်။ စွပ်စွဲမှုအရ ယောက်ျား လေးများသည် မိန်းကလေးများ ထက် ပိုမိုဈေးရရှိသည်ဟု ဆိုသည်။
အသက်ရ၄နှစ်အရွယ်ရှိ ဘင်အက္ကပူဒါချီသည် အန်အူဂူ မြို့အရှေ့တောင်ဘက်ပိုင်းရှိ ဆေး ခန်းပိုင်ရှင်ဖြစ်သည်။ အက္ကပူဒါချီ ၏ဆေးခန်းအား လုံခြုံရေးတပ်ဖွဲ့ က စစ်ဆင်ရေးတစ်ရပ်အဖြစ် ဝင် ရောက်စီးနင်းခဲ့ပြီးနောက် ကလေး စက်ရုံကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ ခြင်းဖြစ်သည်။ မေလအတွင်းက အက္ကပူဒါချီ၏နေအိမ်သို့ ရဲတပ် ဖွဲ့က စီးနင်းဝင်ရောက်ရှာဖွေရာ ရောင်းချမည့် မွေးကင်းစကလေး များကို တွေ့ရှိခဲ့ကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နိုင် ဂျီးရီးယားနိုင်ငံ၏ Moonlight Maternity ဆေးခန်း

Posted: 11 Sep 2013 10:31 PM PDT

အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်မားခြင်းကို လျှော့ချရန် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေး စံနှုန်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ သတ်မှတ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ ဈေးနှုန်းသတ်မှတ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြေစာရင်း ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အရာရှိများ ပါဝင်သည့် အဖွဲ့ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကပြောဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...