Saturday, February 4, 2012

ဂုဏ်ယူပါတယ် ပုံပြောသူများ

by Mg Ogga on Sunday, February 5, 2012 at 2:39pm
 
ကျနော်မှာ ဖက်တွယ်စရာ မြတ်နိုးစရာ အဖွဲ့စည်းဆိုလို့ လူမူအကျိုးပြုဗုဒ္ဓဘာသာလူငယ်ကွန်ယက် နဲ့ မြန်မာ့ပုံပြောသူများ နှစ်ဖွဲ့သာရှိပါတယ်။ အခြားအဖွဲ့တွေမှာ ပါဝင်တယ်ဆိုရုံ ပါဝင်ပြီး ထဲထဲဝင်ဝင် ပတ်သက်မူမရှိ။ ဒီနှစ်ဖွဲ့မှာ ဗုဒ္ဓဘာသာလူငယ်အဖွဲ့က ကျနော်ကို မွေးဖွားပေးပြီး ပုံပြောသူများကတော့ ကျနော်တို့ မွေးဖွားပေးခဲ့တာပါ။
ပုံပြောသူများကို ကျနော်မွေးဖွားတယ် ဆိုပေမဲ့ တကယ်မွေးဖွားခဲ့ သူတွေက သူငယ်ချင်း ရဲဘော်ရဲဘက်တွေ ဖြစ်တဲ့ သန်စင်စိုး၊ပိုင်စိုးဦး၊ချမ်းငြိမ်းဖြူတို့က စတင်မွေးဖွားခဲ့တာပါ။ ကျနော်က သူတို့မွေးဖွားခဲ့တဲ့ ပုံပြောသူများ ကို ပြုစုစောင်ရှောက်သူသာ……

ပုံပြောသူများကို ရွှေပြည်သာက ရပ်ကွက်လေးတစ်ခုမှာ စမွေးဖွားခဲ့တယ်။ နောက် IYCAP က လုပ်တဲ့ Youth Forum မှာ ပုံပြောသူများ မွေးစာရင်းတင်ခဲ့တယ်။ ဒီမွေးစာရင်းတင်တဲ့ အချိန်ကစပြီး ကျနော် ပုံပြောသူများ ရဲ့ နာနီ စဖြစ်ခဲ့တယ်။ အဲ ဒီလို မွေးစာရင်တင်ပြီးသိပ်မကြာ ပုံပြောသူများရဲ့ မွေးဖွားသူ သန်စင်နဲ့ ပိုင်စိုးတို့ က အောင်သပြေ အပန်းဖြေစခန်းမှာ ၃လလောက် အနားယူသွားယူတယ်။ ဒီကောင် နှစ်ကောင် အပန်းဖြေစခန်းက ပြန်လာတော့  အားသစ် မာန်သစ်တွေ နဲ့ ပုံပြောသူများ ခရီးရှေ့ ဆက်ခဲ့ပါတယ်။
စတင်ခရီး ဆက်စဉ်က  လူလေး ၅ ယောက် ၁၀ ယောက် ပိုက်ပိုက်က မရှိ ဘာလုပ်ရမှန်းမသိ ဒီလို ချို့ချို့တဲ့တဲ့နဲ့ ခရီးတွေဆက်ခဲ့တယ်။ ပုံပြောသူများ လသား အရွယ်လောက်မှာတင် IYCAP လောကတ္တစရီယဖောင်ဒေးရှင်း Lotus Foundation ကရင်တက္ကသိုလ်စာပေနဲ့ယဉ်ကျေးမူအသင်း(ဘားအံ) CSCC ခရစ်ယာန်နှစ်ခြင်း အသင်းတော်   တို့ ရဲ့ ဖိတ်ခေါ်မူတွေနဲ့ အပွဲပွဲနွဲရင်း ပုံပြောသူများ အရွယ် ရောက်ခဲ့တယ်။
နောက်ထပ်ပွဲတွေ ပွဲတွေ ဆိုတာ မပြောပါနဲ့တော့ ပုံပြင်ကို ချစ်ဖို့ ပုံပြင်တွေ ပြောဖို့ နေရာတစ်ကာ လိုက်ပြောတာ အခု ၂ နှစ်ကျော် ၃ နှစ်နီးနီးသို့ ရောက်ခဲ့တဲ့ အချိန်မှာ ရန်ကုန်ဆိုတာ ထားလိုက် အခြား နယ်တွေကိုပဲ ကြည်မယ်ဆို ဒေးဒရဲ၊ ဖျာပုံ၊ ပုသိမ် ၊ ပဲခူး၊ ပွင့်ဖြူ၊ မန္တလေး၊ ရေစကြို၊ ရွှေဘို စတဲ့စတဲ့ နေရာတွေကို ပုံပြောသူများရောက်ခဲ့လေပြီ ပုံပြင်တွေပြောခဲ့လေပြီ ပုံပြင်တွေ ချစ်တတ်အောင် ထိန်းသိမ်းတတ်အောင် အသိပညာဝေမျှခဲ့လေပြီ။ အဖွဲ့ဝင်တွေကလည်း စတင်ဖွဲ့စည်းတုန်းက လေး ငါး ခြောက် ယောက် အခု ၅၀ကျော်ပြီ။
ကျနော်အတွေ့ကြုံအရ ရံပုံငွေ အလှူရှင်မရှိတဲ့အဖွဲ့၊အဖွဲ့စည်းတစ်ခုက ကျောထောက် နောက်ခံ မလုပ်ထားတဲ့ အဖွဲ့၊ ဖွဲ့စည်းပုံသေချာမရှိတဲ့ အဖွဲ့ဟာ ရေရှည်ရပ်တည်ဖို့ မလွယ်ပါဘူး။ ရပ်တည်နိုင် ရင်လည်း လှုပ်ရှားမူ တွေ မပြတ် ဖြစ်နေဖို့ဆိုတာ မလွယ်ပါဘူး။ အခု ပုံပြောသူများကို အလှူရှင်ဆိုတာ ကိုယ့်သူငယ်ချင်းတွေ နီးစပ်ရာမိသားစုတွေ၊ ကျောထောက်နောက်ခံဆိုလို့ ဘာမှမရှိ၊ ဖွဲ့စည်းပုံလား ဥက္ကဌ မရှိဘူး  အတွင်းရေးမူး မရှိဘူး အဖွဲ့ဝင်တိုင်းဟာ ခေါင်းဆောင် ကိုယ်ဆိုင်တဲ့ကိစ္စမှာ ကိုယ့်ခေါင်းဆောင် လုပ်ကြတယ်။ နောက် အားလုံးဟာ ညီကိုမောင်နုမတွေလိုပဲ သဘောထားကြတယ်။ အထက်အောက် မဟုတ်ဘူး ဘေးတိုက် အလျားလိုက်….။
ပုံပြောသူများ စဖွဲ့ကာစကနေ အခုထိ အကြောင်းကြောင်းကြောင့် မပါဝင်နိုင်တော့တဲ့ အဖွဲ့ဝင်တွေ ရှိတယ် သားကျွေးမူ မယားကျွေးမူတွေနဲ့ စီးပွားရေးကိစ္စတွေကြောင့် အားမှ အားသလို လာတဲ့ အဖွဲ့ဝင်တွေ ရှိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်တစ်ကြိမ်တစ်ခါ ပုံပြောသူများဖြစ်ပြီး အကြောင်းကြောင့် အဖွဲ့နဲ့ အဆက်သွယ်ပြက် နေသူများလည်း ကိုယ်စိတ်ထဲရင်ထဲမှာ ပုံပြောသူများလို့ ခံယူနေတဲ့အချိန်ထိ သူတို့ဟာ ပုံပြောသူများဖြစ်နေအုန်းမှာပါ။
အခုဆို ကျနော်ပုံပြောသူများနဲ့ ကင်းကွာနေတာ ၆လကျော် ၇လနီးနီးလောက်ရှိပြီ ပုံပြောသူများနဲ့ ရေခြားမြေခြား ကင်းကွာနေပေမဲ့ စိတ်ကတော့ မကင်းကွာ အွန်လိုင်းပေါ်မှာ ပုံပြောသူအဖွဲ့ဝင်တွေ တွေတိုင်း အဖွဲ့အဆင်ပြေလား? ဘာထူးသေးလဲ ? အားလုံးအဆင်ပြေတယ်နော် ? စတဲ့မေးခွန်းတွေ အမြဲမေးဖြစ်တယ်။ ပြောသာပြောရတာ သိပ်စိတ်မချ အဖွဲ့ဝင်သစ်တွေ ကအခြေနေဘယ်လိုရှိ အဖွဲ့က ပိုက်ဆံရှိသေးရဲ့လား ဒီလိုတွေးပြီးပူရ ပန်ရတာ အမော အခုတော့ ကျနော် စိတ်အေးပြီ။
၂ နှစ်သား ပုံပြောသူများက ရေစကြိုပုံပြောသူများကို မွေးဖွားပေးလိုက်ပြီတဲ့။ ဝမ်းသာလိုက်တဲ့ ဖြစ်ချင်း ရေစကြို၊မုံရွာ၊မြိုင်၊မြောင် ဆိုတာ ကျနော်ဒေသတွေ ကျနော်ကြီးခဲ့တဲ့ဒေသတွေ ဒီဒေသတွေ ဟာ ပုံပြင်တွေ အောတိုက် ရှိတဲ့ဒေသတွေ စကားပြောရင် ပုံတိုပတ်စလေးနဲ့ ပြောတတ်တဲ့ ဒေသတွေ ဒီဒေသတွေမှာ ပုံပြောသူများအဖွဲ့တစ်ခုဖော်ဆောင် နိုင်ခဲ့တဲ့ ပုံပြောသူများ …………………………..
ဂုဏ်ယူပါတယ်ပုံပြောသူများ
မောင်ဥဂ္ဂါ
မိဂဒါဝုန်အင်စတီကျု
ဟိမ၀န္တာတောင်ခြေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...