Saturday, February 11, 2012

ပြောရဦးမယ်ဗျာ (၅)

by ဖိုး သိကြား on Saturday, February 11, 2012 at 2:12pm ·


ပြောရဦးမယ်ဗျာ.. မပြောရတာတောင် အတော်ကြာသွားပြီ..။ ဖိုးသိကြား အမိမြေပြန်ရောက်ပြီးနောက်
အရင်လို အွန်လိုင်း မတက်နိုင်ခဲ့ဘူး..။ အလုပ်တွေကများ ကျန်းမာရေးကမကောင်း ကျန်းမာရေး ကောင်း
ပြန်တော့လည်း ကော်နက်ရှင်ကမကောင်းနဲ့ လုံးလည်ချာလည်လိုက်လို့လေ..

ခုတော့ ပြောချင်တာတွေများနေလို့ ကော်နက်ရှင်ကို ထိပ်တိုက်ရင်ဆိုင်ပြီး ပြောချလိုက်တော့မယ်ဗျို့
ပထမဆုံးပြောချင်တာက အလယ်ရွာ မီးဘေးသင့်ဒုက္ခသည်တွေကို သွားလှူခဲ့စဉ်က မြင်တွေ့ခဲ့ရတဲ့
ဘ၀င်မကျစရာ ကိစ္စပါ..။
အားလုံးသိတဲ့အတိုင်း အလယ်ရွာမှာ မီးလောင်တော့ မီးဘေးသင့်ပြည်သူ
အပေါင်းကို အလယ်ရွာက အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းမှာ ဒုက္ခသည်စခန်း ဖွင့်ပြီး လက်ခံထား
ပါတယ်..။ လာလှူကြတဲ့သူတွေလည်း မနည်းပါဘူး..။ ဖိုးသိကြားတို့လမ်းမှလည်း လူငယ်တွေစုပြီး
လမ်းထဲက လှူဒါန်းကြတဲ့ အ၀တ်အထည် အသုံးအဆောင် နဲ့ စားစရာတွေကို သွားရောက် လှူဒါန်း
ကြပါတယ်..။

မြန်မာလူမျိုးတို့ရဲ့ စေတနာတွေကြောင့် ရရှိတဲ့ အလှူငွေတွေ ပစ္စည်းတွေကလည်း အများကြီးပါ..။
ပထမနေ့ စားစရာတွေသွားလှူတော့ ကြားရတဲ့သတင်းတွေ မြင်တွေ့ရတဲ့ မြင်ကွင်းတွေအရ လှူဒါန်း
ထားတဲ့ ပစ္စည်းတွေဟာ ဒုက္ခသည်တွေလက်ထဲကို ရောက်ရှိတာ ကြန့်ကြာမှုတွေ ရှိနေပါတယ်.။
လူအင်အားပဲ နည်းလို့လား.. အချိန်ပဲမရလို့လားမသိ ပစ္စည်းတွေဟာ ဂိုထောင်ထဲမှာပဲ တောင်လိုပုံ
နေတာကို တွေ့ရတယ်..။

ဒါနဲ့ပဲ ဖိုးသိကြားတို့ နောက်နေ့မှာ ဒုက္ခသည်တွေလက်ထဲကို မြန်မြန်ဆန်ဆန် ရောက်ဖို့ဆိုပြီး လမ်းထဲ
က အမတွေကိုပါ ခေါ်ပြီး သွားရောက် ဝေငှလှူဒါန်းကြတာပေါ့..။ အရင်ဆုံး ဆရာတော်ကို ၀င်ဖူး သြ၀ါဒ
ခံယူပြီး ဆရာတော်ရဲ့ သြ၀ါဒ အတိုင်း အရနည်းတဲ့ သူတွေကို ဦးစားပေးလှူဒါန်းကြတယ်.။


(ဒီနေရာမှာ ကြားဖြတ်ပြောလိုတာက ကယ်ဆယ်ရေး စခန်းဖွင့်ထားတဲ့ အောင်ဇေယျာမင်း ဘုန်းကြီး
ကျောင်းနဲ့ ကျောင်းထိုင် ဆရာတော် အကြောင်းပါ.။ အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းဟာ နွမ်းပါးတဲ့
ခလေးတွေကို အခမဲ့ စာသင်ပေးနေတဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတကျောင်းပါ..။ ဒါ့အပြင်
ဆရာတော်ဟာ မိဘမဲ့ ကလေးတွေကိုလည်း ကျွေးမွေးပြီး ထိမ်းသိမ်းစောင့်ရှောက်ပေးနေပါတယ်..။
ဆရာတော်ဆီမှာ ၂လသား အရွယ်ကနေ အရွယ်စုံ မိဘမဲ့နေတဲ့ ကလေးတွေ မှီခိုနေရပါတယ်..။ ဖိုးသိ
ကြားတို့က အခု မီးဘေးသင့် ပြည်သူတွေကို မလှူခင်ကတည်းက သွားရောက်လှူဒါန်းဖူးပါတယ်..။
ပြည့်သျှံနေတဲ့နရာတွေမှာ ဂုဏ် ပကာသနအတွက် လှူဒါန်းမယ့်အစား ခုလို လိုအပ်နေတဲ့ နေရာ တွေမှာ
သွားရောက်လှူဒါန်းတာဟာ ပိုပြီး အကျိုးရှိပါတယ်..။ နေ့စဉ် မိဘမဲ့ကလေးတွေကို ကျွေးမွေးရတဲ့
ကုန်ကျစရိတ်ဟာ တနေ့တနေ့ မနည်းပါဘူး..။ အလှူရှင်တွေ လိုအပ်ပါတယ်.။ ဒါ့ကြောင့် တကယ့်
စေတနာမှန်နဲ့ ကုသိုလ်ယူလိုသူများကို အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းကို ကိုယ်တိုင်သွားရောက်
လေ့လာပြီး သွားရောက် လှူဒါန်းကြဖို့ တိုက်တွန်းလိုပါတယ်.. ဒါကတော့ ကြားဖြတ် နိဗ္ဗာန်ဆော် လုပ်
ပေးတာပါ..)

ပြန်ဆက်ပါဦးမယ်.။ အဲလိုနဲ့ ဆရာတော်ကို ၀င်တွေ့ပြီး ပထမဆုံး ကျောင်းအတွက် ဆန်အိတ်တွေဆီနဲ့
စားစရာတွေ ကျောင်းစိမ်း အ၀တ်အစားနဲ့ အသုံးအဆောင်တွေကို လှူးဒါန်းပါတယ်..။ ပြီးတော့ မီးဘေး
သင့်ပြည်သူတွေအတွက် အ၀တ်အထည်နဲ့ အသုံးအဆောင်တွေကို အဆောင်တွေကိုသွားပြီး ကိုယ်တိုင်
လှူဒါန်းကြတာပေါ့..။ အဲဒီမှာစတွေ့ပြီပေါ့...။

အဲဒီအဆောင်မှာ ကူညီဖို့လား ဘာဖို့လည်းတော့မသိ ရောက်ရှိနေကြတဲ့ မိခင်နဲ့ကလေး စောင့်ရှောက်ရေး
က အန်တီကြီးတွေခင်ဗျ.. ကျနော်တို့ကို ကူညီပြီး အ၀တ်အစားအိတ်တွေ  လှူဒါန်းပေးကြတယ်..။
ဒါကတော့ ကောင်းပါတယ်..။ ဒါပေမယ့် မကောင်းတာကတော့ အဆိုပါ အန်တီကြီးတွေက အထုတ်ဖွင့်ပြီး
ကာင်းတဲ့ထမီတွေ အ၀တ်အစား အသစ်တွေကိုဆိုရင် နောက်မှာသွားထားကြတယ်.။ သူတို့အတွက်ပေါ့ဗျာ..
ဒီကြားထဲ ဟိုဟာလေးပေးပါလား ဒီဟာလေး ပေးပါလားဆိုပြီး တောင်းကြသေးတယ်..။ ဒါကတော့ ဘယ်လို
မှ မဖြစ်သင့်တဲ့ ကိစ္စဗျာ.. ဘယ့်နှယ် မီးဘေးသင့် ပြည်သူတွေ ဒုက္ခသည်တွေအတွက် လှူဒါန်းတာကို ဒုက္ခ
သည်မဟုတ်တဲ့ သူတို့ကပါ ရောယောင်ပြီး အလှူခံကြသတဲ့ ကိုယ်တိုင်ယူကြသတဲ့.. ဒါမျိုးဟာ မဖြစ်သင့်တဲ့
ကိစ္စတွေပါ..။

ဒီလို ဆွမ်းဆန်ထဲ ကြွက်ချေးရောတာကိုတော့ လက်မခံနိုင်ပါဘူး..။ ဒါနဲ့ပဲ အ၀တ်တွေကို ပြန်ထည့်ပြီး
ကိုယ့်ဖာသာကိုယ်ပဲ ဝေခဲ့ပါတယ်..။ ဒီလိုမျိုး အကျင့်တွေကို ပြင်သင့်ကြပါပြီ..။ ကူညီမယ်ဆိုရင်လည်း
စေတနာသက်သက်နဲ့ပဲ ကူညီကြဖို့ အဲဒီ့ စိတ်ဓါတ်တွေကို ပြုပြင်ကြဖို့ အပြုသဘောနဲ့ ပြောလိုက်ရပါတယ်။

ဝန်ထမ်းတွေ လစာတိုးပေးဖို့ လွှတ်တော်က အတည်ပြုလိုက်ပါပြီ..။ ၀မ်းသာပါတယ်..။ ကြိုဆိုပါတယ်..။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက " လက်ရှိဝန်ထမ်းတွေဟာ လစာနည်းပါးတဲ့အတွက် အဂတိ
လိုက်စားနေကြကြောင်း လာဒ်ပေးလာဒ်ယူ နေကြကြောင်း  ဆရာ၊ဆရာမတွေဆိုလည်း အပြင်ကျူရှင်တွေ
နဲ့ ငွေရှာနေကြရတဲ့ အတွက် လစာတွေတိုးပေးမည် ဖြစ်ပါကြောင်း "ပြောကြားသွားတယ်..။

မှန်သင့်သလောက်မှန်ပါတယ်..။ ဒါပေမယ့် လစာတိုးပြီးသွားတဲ့တိုင်အောင် လာဒ်ပေးလာဒ်ယူ နဲ့ ကျူရှင်
တွေ ရှိနေဦးမယ် ဆိုရင်တော့ ရည်မှန်းချက် ပြည့်မြောက်မှာ မဟုတ်ပါဘူး..။ ငွေကြေးဖောင်းပွပြီး ကုန်
ဈေးနှုန်းတိုး လာမှာပဲ ဖြစ်လိမ့်မယ်..။ ဒီတော့ လစာတိုးပြီးသွားရင်တော့ အကျင့်ပျက်ဝန်ထမ်းတွေကို ထိထိရောက်ရောက် နှိမ်နှင်းပေးပါဦး..။ လစာကလည်း အတော်အတန် လောက်ငအောင်တော့ တိုးပေး
ပေါ့နော့..။ နောက်ပြီး ကုန်ဈေးနှုန်းတွေကိုလည်း တည်ငြိမ်အောင် ထန်းသိမ်းပေးကြပါဦးလို့ အားလုံး
ကိုယ်စား ပြောလိုက်ပြန်ပြီဗျာ..။

မနေ့က အရှင်ဂမ္ဘီရကို ဘုန်းကြီးကျောင်း ဖွင့်လှစ် ၀င်ရောက်မှုကြောင့် သက်ဆိုင်ရာက ခေါ်ဆောင်သွား
သတဲ့..။ ဘုန်းကြီးကျောင်းဆိုတာ ဘုန်းကြီးတွေ ကိုရင်တွေရှိရမယ့် နေရာပါ..။ ဒါကြောင့် ပိတ်ထားတဲ့ ဘုန်းကြီးကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပြီး သာသနာ့ ၀န်ထမ်း သံဃာတော်တွေကို သာသနာ့တာဝန်
တွေ ပြန်လည် ထမ်းဆောင်ခွင့်ပေးပါ..။ ဖမ်းဆီးထားတဲ့ သံဃာတော်တွေကို အပြစ်မရှိဘူးလို့ ယူဆပြီး
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပြီးမှ ဘာကြောင့် ကျောင်းတိုက်တွေကို ဆက်ပြီး အကျဉ်းချထားဦး
မှာလဲ??? လူကြီးမင်းတို့ ပြောတဲ့ ပွင့်လင်း မြင်သာတဲ့ခေတ်ကို ရောက်နေပြီဆိုရင် အလကားနေ သံသယ
တွေ မပွားသင့်တော့ပါဘူး..။ခုချိန်မှာ အားလုံးပူးပေါင်းပြီး တိုင်းပြည်အကျိုး ပြည်သူ့အကျိုး ဖော်ဆောင်
နေတဲ့ အချိန်မှာ ယုံကြည်မှု ပျက်ပြားစေမယ့် ကိစ္စတွေ မလုပ်သင့်တော့ပါဘူး လို့ မြင်မိတာကို ပြောချ
လိုက်ပြန်ပြီဗျို့..။

အမေစုရဲ့ စည်းရုံးရေး ခရီးစဉ်ကတော့ နောနော် သီချင်းခေါင်းစဉ်အတိုင်းပေါ့.. "အတိုင်းထက်အလွန်ပဲ"
အောင်မြင်ခဲ့တယ်..။ မေတ္တာတွေ ရရှိခဲ့တယ်.။ ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့ကြတယ်..။ ဒေသတချို့
မှာ စီစဉ်သလို မဖြစ်တာကလွဲလို့ပေါ့..။ တကယ်တော့လည်း ပြောဟောဖို့ နေရာဒေသက အဓိကမကျပါဘူး..
အမေ့ရဲ့ မေတ္တာ စေတနာတွေကို ပြည်သူတွေ ခံစားသိရှိနေတာ ကြာခဲ့ပြီမို့ ဘာမှပြောခွင့်မရဘဲ ပြန်သွားရင်
တောင် ပြည်သူတွေက အမေ့အကြည့်တချက်နဲ့ လုံလောက်နေပါပြီ..။ စိတ်ချပါ..အမေ.. အမေ စိတ်မပျက်
စေရပါဘူး.. အမေ့ရဲ့ နောက်မှာ ပြည်သူတွေက တာဝန်ကျေဖို့ စောင့်နေကြပါပြီ..လို့ အမေ့ကို ရဲရဲကြီး ပြော
ချလိုက်ပြီနော်..။

ဒီတခါတော့ ယဉ်ကျေးမှုအကြောင်းပါ..။ အခု 5Movies တို့ Skynet တို့မှာ နိုင်ငံခြားရုပ်ရှင်တွေ ပြသကြ
တယ်။ အဲဒီမှာ မပေါ့်တပေါ် တွေဆိုရင် ဆင်ဆာဖြတ်ပါတယ်..။ ဒါပေမယ့် အပြင်မှာ လူတကောင်လုံး
မျက်မြင် ကိုယ်တွေ့ မြင်နိုင်တဲ့ ကုန်စည်ပြပွဲတွေ၊ ကားပြပွဲတွေ ကုန်ပစ္စည်း ပရိုမိုးရှင်းပွဲတွေမှာကျတော့
မလုံ့တလုံတွေကို ၀တ်ဆင်ခွင့် ပေးထားကြတယ်..။ တမျိုးတော့ တမျိုးပဲ.. ဘယ်လိုတမျိုးလဲ ဆိုတာကို
တော့ ဖိုးသိကြား ဥာဏ်မမှီပါကြောင်း .. ကြံဖန်ပြီး တွေးမိတာတော့ သူတို့က မပေါ်တပေါ်ပဲ ဆင်ဆာဖြတ်
တာ..။ မလုံ့တလုံဆိုရင် ပွင့်လင်း မြင်သာခွင့် ပေးတယ် ထင်ပါရဲ့..

ဖေဖော်ဝါရီ ၁၄ ရက်တဲ့.. ချစ်သူများနေ့တဲ့.. ချောကလက်တွေ ပေးကြ လက်ဆောင်တွေပေးကြ တည်း
ခိုခန်းတွေ သွားကြ.. ဟော်တယ် တွေတက်ကြသတဲ့.. ခရစ်ယာန် ဘုန်းကြီးတပါး သေဆုံးတဲ့နေ့ကိုအမျိုး
မျိုး အဓိပ္ပါယ် ဖွင့်ဆိုပြီး အလေးအမြတ် ပြုကြသတဲ့..။ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ နေ့ထူးနေ့မြတ်တွေ
ဖြစ်တဲ့ ဖဖော်ဝါရီ ၁၂ (ပြည်ထောင်စုနေ့) နဲ့ ဖေဖော်ဝါရီ ၁၃ (ဗိုလ်ချုပ်မွေးနေ့) တို့ကျတော့ သာမန်ပဲသ
ဘောထား မေ့ထားကြတယ်..။ ဂီတဖျော်ဖြေပွဲတွေကလည်း ချစ်သူများနေ့ကို ဂုဏ်ပြုပြီး စီစဉ်တင်ဆက်
ကြသတဲ့..။ တကယ်ဆိုရင် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုပြီး တိုင်းရင်းသား ချစ်ကြည်ရင်းနီးရေး အတွက်
လုပ်ကြပါလား.. တလွဲဆံပင်ကောင်းနေကြတယ်..။ ဖိုးသိကြားတို့ကတော့ ရည်းစားရှိခဲ့စဉ်ကရော မရှိစဉ်
ရော ချစ်သူများနေ့ဆိုတာကို ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့တို့လို အလေးအမြတ် မထားခဲ့ဘူး..။
တကယ်တော့ ချစ်တတ်သူများအတွက် နေ့ရက်တိုင်းဟာ ချစ်သူများနေ့ပါပဲ...



ကဲ.. ပြောချင်တာတွေလည်း ပြောချပြီးသွားပြီ။ ရင်ထဲလည်း နည်းနည်း ပေါ့သွားပြီ..။ သဘောထား တိုက်
ဆိုင်တာတွေ ရှိသလို မတိုက်ဆိုင်တာတွေ ရှိရင်လည်း သည်းခံကြပေတော့..။ ဖိုးသိကြားရဲ့ စေတနာ ဝေဒနာ
ဖြစ်ခဲ့ရင်တော့ စိတ်မကောင်းရုံမှတပါး..

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား(11/02/2012)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...