Saturday, February 4, 2012

ကိုယ်တိုင်ခေါင်းစဉ် ဖြည့်ရန်

by အား မာန် on Saturday, February 4, 2012 at 6:19pm
 
ပီးခဲ့သောနေ့ 01.02.2012 မီဒီယာများ၌ မြန်မာသတင်းတခုနှင့်ပတ်သတ်၍ စိတ်မကောင်းစရာအဖြစ် တွေးနေမိသလို မြန်မာနိုင်ငံသမ္မတသည် မြန်မာများအတွက် ရယ်မောစရာဟာသအဖြစ် စကာင်္ပူတွင် တင်ဆက်သွားခဲ့ပါသည်။ အဖြစ်အ ပျက်များသည် လက်လက်ဆတ်ဆတ်ရှိနေသောကြောင့် အတွေးထဲတွင် လင်းလက်လွန်းအားကြီးနေပါသည်။ စင်္ကာပူ တွင် ဒုတိယအမျိုးသမီးငယ်တဦး တိုက်ပေါ်မှ ခုန်ချသေအပြီး (နိုင်ငံရေးအရကြည့်လျှင် တဏှာရူးပြီး ကိုယ့်ကိုကိုယ် အ ဆုံးစီရင်ခြင်း ဖြစ်ဖွယ် ရှိပါသည်) တတိယအမျိုးသမီးငယ်တဦး အဝေးပြေးကားလမ်းမအမြင့်ပေါ်မှ ခုန်ချ၍ သေကြောင်း ကြံခဲ့သည်မှာ ကာလအားဖြင့် မကြာလှသေးပေ။

စကာင်္ပူကိုတည်ထောင်ခဲ့သည့် (အင်္ဂလန်ဝန်ကြီးချုပ် မာကရက်သက်ချာကိုပင် သူကဲ့သို့ စာတော်သူမဟုတ်ဟု ကြွေး ကြော်ခဲ့သည့်) လီကွမ်ယူသည် နိုင်ငံတည်ထောင်ခါစကာလ၌ နှစ် နှစ်ဆယ်အတွင်း မြန်မာကိုမှီအောင်လုပ်မည်ဟု အတိ အလင်းကြေငြာခဲ့သူ ဖြစ်သည်။ ယခု စကာင်္ပူသက်တမ်းသည် ၄၆ နှစ်ပတ်လည်ပြီးဖြစ်ရာ ၁၉၆၆ နှစ် ဝန်းကျင်တွင် ထို ကဲ့သို့ ကြေငြာခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာပြည်သားတဦးဖြစ်သည့် ဦးသန့် သည် အထွေ ထွေအတွင်းရေးမှူးချုပ် (တတိယမြောက်) တာဝန်ကို ထမ်းဆောင်နေသော အချိန်ဖြစ်သည်။ ဤပြယုဂ်သည် မြန်မာ ပြည်အနေဖြင့် နိုင်ငံတကာနယ်ပယ်တွင် ဝင်ဆန့်နိုင်မှုကို ဖော်ညွှန်းသော နောက်ခံအခြေအနေဖြစ်ပါသည်။ မြန်မာပြည် တွင်မူ ဦးနေဝင်း အာဏာရယူ- သို့မဟုတ် လုယူထားချိန်လည်း ဖြစ်သည်။
ယခုမျက်မှောက်ခေတ်ကာလ၌ မည်ကဲ့သို့ပြောင်းလဲသွားပါသနည်း အိုမြန်မာ၊ အဘယ်ကဲ့သို့သောသူသည် မေးခဲ့သည်ရှိ သော် မည်သို့သောအဖြေများ ရသည်ဖြစ်စေကာမူ မည်သူ၌ တာဝန်ရှိသနည်းဆိုသည် မေးခွန်းကိုလည်း သိခွင့်ရထိုက် သည့် အချိန်ဖြစ်ပါသည်။ ၎င်းအဖြေကို ဖြစ်စဉ်တခုဖြင့် နှိုင်းယှဉ်ကြည့်လျှင် ကားလမ်းမအမြင့်ကြီးပေါ်မှ ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့သော မြန်မာအမျိုးသမီးငယ်ကို သူရဲကောင်းအဖြစ်ဖြင့်ပင် ဂုဏ်ပြုထိုက်သည်ဟု ထင်မြင်လာမိတော့ သည်။ မီဒီယာများမှပေးခဲ့သော ယင်းသတင်းရင်းမြစ်တွင် ခက်ခဲလွန်းအားကြီးပြီး သူမအနေဖြင့် ဖြေရှင်းမနိုင်တော့သည့် ရင်ဆိုင်အခက်အခဲကြောင့်ဟု ဆိုပါသည်။ ထို့ကြောင့်ပင် သူမအနေဖြင့် သေကြောင်းကြံစည်ကာ သူမဘာသာ ဖြေရှင်း ခြင်း ဖြစ်နိုင်သည်ကို သူမကဲ့သို့ ဤနိုင်ငံ၌ ကျွန်ဖြစ်နေကြရသော မြန်မာများသည် ခံစားသိရော ဆင်ခြင်သိနှင့်ပါ သဘော ပေါက်မိကြမည်မှာ အမှန်ပင် ဖြစ်ပါသည်။
ယမန်နေ့ (01.02.2012) တွင် မြန်မာသမ္မတ ဦးသိန်းစိန် သည် နှစ်လေးဆယ့်ငါးနှစ်အတွင်း၌ မြန်မာနိုင်ငံကိုသာမက အာရှနိုင်ငံများကိုပါ ဖြတ်ကျော် တက်လှမ်းနိုင်ခဲ့ပြီဖြစ်သော စကာင်္ပူနိုင်ငံငယ်တွင် နှစ်ငါးဆယ်ကျော်လာပြီးသည့်တိုင် မြန် မာစစ်အစိုးရများများ မဖြေရှင်းနိုင်ခဲ့သော မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေး ခေါင်းစဉ်အတော်များများ သို့မဟုတ် အခက်အခဲများ များကို ကူညီဖြေရှင်းပေးပါရန် (ဝန်ကြီးချုပ် (စကာင်္ပူ) ထံတွင် သမ္မတ (မြန်မာ) ဆိုသူ ဦးသိန်းစိန်သည်) နားလည်မှု စာ ချွန်လွှာများ ရေးထိုးကြသည်ဟု မီဒီယာများတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ မြန်မာသည် ထိုကဲ့သို့ နိုင်ငံ၏အကြီးအကဲအဖြစ် ခံယူ ရယူထားပါသည့် ပုဂ္ဂိုလ်ကိုယ်တိုင် နိုင်ငံရပ်ခြားသို့ မိသားစုနှင့်တပါတည်း သွားရောက်၍ အကူအညီတောင်းခံနေရ ပါသည် အိုမြန်မာ။
အရှက်မရှိလိုက်သည့် ဖြစ်ခြင်း။ အာဏာကို ဘယ်လိုယူရမလဲ၊ အာဏာကို ဘယ်လို ကြာရှည်အောင် ထိန်းထားရမလဲ၊ အာဏာဖြင့် လူထုကို ဘယ်လိုကြောက်ရွံ့အောင် ဘယ်လို နှိပ်စက်ပြီး ဘယ်လိုအာဏာပြရမလဲ … လဲပေါင်းများစွာတို့ကို မည်သည့်နိုင်ငံထံတွင်မှ မြန်မာစစ်အာဏာရှင်များသည် ယခုကဲ့သို့ အကူအညီတောင်းခံခဲ့ခြင်းမျိုးကို အတိတ် မီဒီယာများ တွင် ဖော်ပြထားခြင်း မတွေ့ဖူးသေးချေ။
ဒုတိယကမ္ဘာစစ်ကြီးပြီးသောအခါ စစ်ရှုံး စစ်ဒဏ်မွမွနှင့် ကြေပျက်ခဲ့ရသော အာရှမှ ဂျပန်နိုင်ငံ၊ နိုင်ငံတော် ပြန်လည်တည် ဆောက်ရေးအတွက် အဘယ်နိုင်ငံများသို့သွားရောက်၍ အကူအညီတောင်းခံခဲ့ဘူးပါသနည်း။ ယခုကား ရှက်ဖွယ်အတိပါ အိုမြန်မာ။
မန္တလေးတောင်ခြေအနီးမှ ဆီဘမ်းနီဆရာတော်သည် (အင်္ဂလိပ်ခေတ်) သူ့ကျွန်ဘဝ ရောက်နေသော မြန်မာပြည်သူလူ ထုကို ကိုယ်စားပြု၍ ရေးသားခဲ့သော ဆုံးမစာကဗျာတခုကို အောက်မေ့မိပါသည်။ (ကဗျာတပုဒ်လုံးကို လက်တမ်းမရွတ် ဆိုနိုင်တော့ပါ နားလည်ပေးပါရန် မေတ္တာရပ်ခံပါသည်။) ထိုဆုံးမစာ၏ ဆိုလိုရင်းမှာ သူ့ကျွန်ဘဝတွင်နေရခြင်းထက် သေ ရသည်က မြင့်မြတ်သေးသည်ဟု ဖြစ်ပါသည်။
ထိုအချိန်သည် အင်္ဂလိပ်လက်အောက်၌ မြန်မာတပြည်လုံး သူ့ကျွန်ဘဝ ရောက်နေရချိန်ဖြစ်သကဲ့သို့ ယနေ့မြန်မာများ သည်လည်း နိုင်ငံအတော်များများသို့ ကျွန်အဖြစ်ရောက်နေကြသည်ဟု ဆိုရမည်ဖြစ်သည်။
အကြောင်းမှာ မြန်မာစစ်အစိုးရများသည် လူထုအစိုးရမဟုတ်သည့်အတွက် နိုင်ငံတကာတွင်တန်းတူရည်တူ အဆင့်မရှိ (ပမာအားဖြင့် အမေရိကန်သည် မြန်မာနိုင်ငံစစ်အစိုးရများလက်ထက်တွင် ၎င်းနိုင်ငံ ၏ သံအမတ်ကြီးအဆင့်ရှိသော သံတမန်အားခန့်အပ်ထားခြင်း မရှိချေ)သောကြောင့် “နိုင်ငံရေးသြဇာ” လုံးဝမရှိရှာချေပါတကား။ ဓနအင်အား ပညာရေး အပါအဝင် ဆင်းရဲပြီး နိုင်ငံရေး သြဇာလုံးဝမရှိရှာသော မြန်မာပြည်မှ နိုင်ငံသားများမှာ ပညာရပ်ဖြင့်ဖြစ်စေ ကာယအား ဖြင့်ဖြစ်စေ နိုင်ငံရပ်ခြားတွင်သွားရောက် လုပ်ကိုင်ရသောအခါ (အမျိုးသား/သမီး ကာယလုပ်သားများသည် အများစုဖြစ် ပါသည်။ အဘယ်ကြောင့် စစ်အစိုးရလက်ထက်တွင် များပြားလာရပါသနည်း) တခြားသောနိုင်ငံသား များနှင့်ယှဉ်လျင် အခွင့်အရေးနည်းပါးပြီး ရသေ့စိတ်ဖြေနည်းဖြင့် လုပ်ကိုင်ကြရသည်မှာ ကိုယ်တွေ့ဖြစ်ရပ်များဖြစ်သည်။
ထိုကဲ့သို့ တန်းတူအခွင့်အရေး မရရှိသော်လည်း ရသည့်အခွင့်အလမ်းမျှဖြင့် ကျေနပ်နေရသောဘဝများသည် ခေတ်သစ် ကျွန်ဘဝ များပင် ဖြစ်ပါတော့သည်။
အခက်အခဲများစွာအတွက် စကာင်္ပူတွင် သေကြောင်းကြံစည်ကာ အဆုံးစီရင်နည်းကို ရွေးချယ်ခဲ့သော တတိယမြောက် မြန်မာအမျိုးသမီးသည် နိုင်ငံတော်သမ္မတထက် အရှက်ကြီး သူလား? သို့မဟုတ် ဆီဘမ်းနီဆရာတော်၏ အဆုံးအမကို အသက်နှင့်လဲလှယ်ပြီး လိုက်နာသည်လား …. ကိုယ်တိုင်သည်လည်း ကျွန်ဘဝရောက်နေရသည်၊ ဘယ်အပိုင်း ဘယ်အ ခန်း ဘယ်သူမှန်သနည်းဆိုသည်ကို စဉ်းစားရင်းဖြင့် ရှက်.. ရှက် .. ရှက်စိတ်များဖြစ်လာရသည်မှာ ယခုမှ ခံစားနေရသည် မဟုတ်ပေ။ အကြောင်းပြချက်တခု ပေးပါမည်။
“မြန်မာ သမ္မတဆိုသူတောင် စကာင်္ပူရောက်လာပြီး အကူအညီတောင်းခံသည်”

ဆိုမှဖြင့် .. ဟ ဟာ ဟား
သို့မဟုတ် .. ဟ ဟ ဟား
နေပါဦး .. ဟား ဟား ဟ !
အကောင်းမြင်တာလား … အမြင်ကောင်းတာလား …. အိုမြန်မာ။

လွင်ပြင်
02-02-2012 Pm 2:22

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...