Wednesday, February 1, 2012

“ဒီကနေ့  စင်္ကာပူမှာ စင်ကာပူဝန်ကြီးချူပ်ကိုတွေ့ဖို့ အခန်းထဲမှာ ထိုင်စောင့်နေရတဲ့ မြန်မာ့ သမ္မတဘဝတဲ့”

by Say Pause on Monday, January 30, 2012 at 11:45pm
 
မြန်မာပြည်နိုင်ငံရေးနဲ့ ပတ်သက်ပြီး အရင်စစ်အစိုးရလက်ထက် လုပ်ဆောင်ချက်များအပေါ် တစ်တိုင်းပြည်လုံး သီးခံနိုင်စရာမရှိတာ မှန်ပါတယ်။

သို့ပေမယ်လို့ . .

လက်ရှိအချိန်မှာ ချစ်ခြင်း၊ မုန်းခြင်း၊ အယူစွဲခြင်း၊ အငြိုးအတေးထားခြင်းစတဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ထည့်မတွက်ပဲ ကြည့်မယ်ဆိုရင်ဖြင့် . . .


အခုအရပ်သား အစိုးရလက်ထက်မှာ ယခင်စစ်အစိုးရလက်ထက် အရည်အချင်း မပြည့်မှီမှု၊ ကိုယ်ကျိုးဖက်မှုစတဲ့ မကောင်းမှု မျိုစုံကြောင့် နိုင်ငံချွတ်ခြုံကျရာကနေ ပြုပြင်ပြောင်းလဲဖို့ရာအတွက် ပြည်သူ လူထုရဲ့ ပြီးပြည့်စုံ၊ အောင်မြင်တဲ့ တော်လှန်မှုတရပ် မပါဝင်ပဲ၊ စစ်အစိုးရရဲ့ ပြောင်းလဲရန် သင့်ချိန်ကြောင့် ယခင် စစ်အစိုးရလုပ်ခဲ့သမျှ ခါးဆီးခံပြီး ပြုပြင်ပြောင်းလဲလိုစိတ်နဲ့ ပြောင်းလဲနေတဲ့ မြန်မာပြည်ရဲ့ သမ္မတ။

မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတော် သမ္မတတစ်ဦး အနေနဲ့ နိုင်ငံတိုးတက် ဖို့ရာအတွက် ပြုပြင်ပြောင်းလဲတဲ့အခါ နိုင်ငံတကာနဲ့ ဆက်ဆံရေးပိုင်းမှာ ဘယ်လောက် အောက်ကျ၊ နောက်ကျ နိုင်လိမ့်မယ်ဆိုတာ ကိုယ်တိုင် ခံစားကြည့်ရင် သိနိုင်ပါတယ်။

ဒီလို ခံစားချက်မျိုးကို ကျွန်တော်တို့၊ ကိုယ်ကိုယ်တိုင် ဆိုရင် ခံစားနိုင်ပါ့မလား ?

အခုလို ပြောင်းလဲမှု လုပ်နေတာတွေဟာ ခင်ဗျားတို့၊ ကျွန်တော်တို့ လိုလားတဲ့ ဆန္ဒအတိုင်း စတင်ပြောင်းလဲနေပြီဆိုရင် ကျွန်တော်တို့က အခုလို ဦးဆောင် ပြောင်းလဲမှုရဲ့နောက်က ဝိုင်းဝန်းထောက်ပံ့ပြီး တိုးတက်ရာ တိုးတက်ကြောင်း ဆောင်ရွက်ရမယ့် အချိန်မှာ စင်္ကာပူဝန်ကြီးချုပ်ကိုတွေ့ဖို့ အခန်းထဲမှာ ထိုင်စောင့်နေရတဲ့ မြန်မာ သမ္မတဘဝဆိုပြီး လှောင်ရယ်နေတဲ့ သူတို့ စိတ်ဓာတ်တွေကိုလည်း ကျွန်တော် ဘယ်လို သုံးသပ်ရမှန်း မသိနိုင်လောက်အောင်ပါပဲ။

နိုင်ငံသမ္မတဟာ နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုထားတာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ အောက်ကျနေတဲ့ ‘သမ္မတ’ ဟာ လူတစ်ဦး တစ်ယောက်ကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုတဲ့အတွက် နိုင်ငံတစ်ခုလုံး ဂုဏ်သိက္ခာကျတာပါ။

ကိုယ်ပြုသမျှ ကိုယ့်စိတ်ရဲ့ ကောင်းခြင်း၊ မကောင်းခြင်းဟာ တခြားသူ မခံစားရပါဘူး၊ ကိုယ်တိုင်ပဲ ခံစားရပါတယ်။

အများနည်းတူ နိုင်ငံခေတ်မှီဖွံ့ဖြိုးတိုတက်ဖို့အရေး၊ ပြုပြင်ပြောင်းလဲဖို့ရာ နိုင်ငံနဲ့ချီတဲ့ ကိစ္စတွေမှာ ပုဂ္ဂိုလ်စွဲတွေကို ရှေ့တန်းတင်ပြီး နိုင်ငံပြောင်းလဲမှု အပေါ် ဆန္ဒပြင်းပျနေကြတဲ့ သူတို့ရဲ့ ရေနှစ်သူကို ဝါးလှံနဲ့ထိုးချနေတဲ့ စိတ်ဓာတ်တွေကို ပြုပြင်ဖို့အတွက်လည်း သတိရစေချင်ပါတယ်။
--
https://www.facebook.com/photo.php?fbid=3106784276634&set=a.1378253264439.2052836.1475121874&type=1&theater





--
ကိုးကားချက် ။     ။ ပြုပြင်ပြောင်းလဲလိုစိတ်နဲ့ ပြောင်းလဲနေတဲ့ မြန်မာပြည်ရဲ့ သမ္မတ လမ်းစဉ်ကို နိုင်ငံတွင်းကကော၊ အပြင်ဘက်ရောက်နေတဲ့ သူတွေပါ သုံးသပ်နိုင်ပါစေ။ တစ်ချိန်တော့ မြန်မာမျက်နှာဦးမော့လာတော့မှာပါ။

ဒီကနေ့ သမိုင်းနဲ့ချီတဲနားရွက်ကို တံတွေးဆွတ်ခံလိုက်ရတဲ့နေ့ပဲ အစာကြေကြေနေတဲ့ ပြေပြေလည်လည်နေနေတဲ့ ခြင်္သေ့တစ်ကောင်ကို ရန်စလိုက်တဲ့နေ့ အဲဒီ အကြောင်းကြောင့် နောင်နှစ်ကြာတဲ့အခါ ပေးဆပ်မှု ကြီးကြီးမားမားကို ပြန်ခံရမယ်၊ ခံစားရတာနဲ့ ပိုပြီး ခံစားရအောင် ခင်းကျင်းပြလိမ့်မယ်။ သမိုင်းကြောင်းနဲ့ ချီပြီး စကားပြောကြတဲ့အခါ နောက်ကွယ်မှာ သမိုင်းမရှိလို့ ကြောက်လန့် ရှက်ရွံ့ နေရမယ့် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံအတွက်အကောင်းဆုံး ကောင်းပြနိုင်ခဲ့ သလို အရက်စက်ဆုံး ရက်စက်ပြနိုင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံက သည်းခံပြတယ် ဆိုတာ အချိန်တစ်ခု သာသာပဲ ဖြစ်လိမ့်မယ် ။အိပ်မက်ဆိုးညတွေမှာ ချွတ်ချုံကျမယ် စင်္ကာပူ .... ။လူကြီးလူကောင်းဆန်တဲ့ မင်းတို့ စကားသံတွေ မင်းတို့ အပြောနဲ့ အလုပ်မညီခဲ့တဲ့၊ ကိုယ်ထူ ကိုယ်ထ နိုင်ငံရေး သိပ္ပံကိုသာ သင်ရိုးညွှန်းတမ်း လုပ်ပြီး သင်ကြပေတော့ တံငါသည်က တံငါသည်ပဲ သမိုင်းဆိုတာ ဘယ်တော့မှ အမှောင်ကျမသွားဘူး ။

ကျွန်တော်ထင်ပါတယ် ကျွန်တော်တို့ မမြင်နိုင်တဲ့ သူ့ရဲ့အရှေ့မှာ သူ့ကို ဧည့်ခံနေတဲ့သူတွေ ရှိမှာပါ ( ဓာတ်ပုံသဘော အရ လူတယောက်ထဲကို ကွက်ပြီး ရိုက်လို့ ရသလို ၊ ရိုက်ယူတဲ့မြင်ကွင်း နည်းနည်းပြောင်းတာနဲ့ လက်ရှိဖြစ်နေတဲ့ဟာတွေနဲ့ ကင်းကွာအောင် ဓာတ်ပုံပညာနဲ့ ရိုက်ပြလို့ရတယ်ဆိုတော့ ) ဓာတ်ပုံကို မြင်ပြီး စဖွတဲ့သူက နိုင်ငံရေးအကြောင်းပြုလုပ်စားနေတဲ့ ကောင်တွေ အသုံးချနေတယ်လို့ မြင်မိတယ်။ ကျွန်တော့်အမြင်အရတော့ Istana မှာ (စင်္ကာပူ)စလုံးဝန်ကြီးချုပ်နဲ့တွေ့ ဖို့ စောင့်ခိုင်းထားတယ်ဆိုတာမဖြစ်နိုင်ပါဘူး။ ‘ မြန်မာ့သမ္မတကြီး’ ဟိုတယ်က အိပ်ခန်းထဲမှာ ရိုက်ထားတဲ့ပုံရော မဖြစ်နိုင်ဘူးလား။ အဲ့ဒါကို နောက်ပိုင်း လူတွေက ဘုမသိဘမသိ သေချာ အကျိုးအကြောင်းမဖတ်ကြည့်ပဲ ကိုယ်တွေးချင်ရာဇွတ်တွေး ရေးချင်ရာ ဇွတ်ရေးပြီးဖွနေတယ်လို့ မြင်မိတယ်။ နောက်တခု ထပ်သိရတာက ( MOU ထိုးတဲ့အချိန်မှာ သက်သေလုပ်ဖို့ အတွက်စောင့်နေတုန်းရိုက်ထားတဲ့ပုံ။ ) ကိုင်း .. ဘယ်နှယ့်လုပ်မတုံး ကိုယ်ရွှေမျိုးချစ်တွေရဲ့ .. အရောင်ဆိုးပေးတိုင်း အရောင်တင်ခံချင်တဲ့စိတ်တွေ ဖျောက်သင့်နေပီ ...၊ မစဉ်းစားမဆင်ခြင်ပဲ သေချာမသိဇွတ်သွေးကြွပြနေရင် ခင်ဗျားတို့ ထပ်အလိမ်ခံရလိမ့်မယ်ဗျ ..  သဘောထားမမှန်တဲ့ မီဒီယာတွေရဲ့ မှိုင်းကို သတိထားသင့်ပါတယ်။

ကိုယ့်နိုင်ငံတော်သမ္မတသတင်း ပြည်ပမီဒီယာတွေရေးမှသိရတဲ့ဘ၀၊ စတုတ္ထ မဏိုင် ဆိုပြီး အသံကျယ်ခဲ့တဲ့ မီဒီယာတွေသိရမှာက ‘ မြန်မာ့သမ္မတ’ ဟာ လူတစ်ဦး တစ်ယောက်ကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ပြည်ထောင်စုမြန်မာနိုင်ငံဆိုတဲ့ နိုင်ငံတော်တစ်ခုလုံးကို ကိုယ်စားပြုတာပါ၊ တစ်တိုင်းပြည်လုံး သီးခံနိုင်စရာမရှိတာ ..

 နိုင်ငံတော်အဆင့် လူကြီးတွေတွေ့တာ အစည်းအဝေးလုပ်တာ အချိန်တစ်ခုခုကိုတော့ သတ်မှတ်ထားပြီးသားပါ။ သူ့တို့မှာ တနေ့တာ Schedule တွေရှိပြီးသားပါ။ပုံတစ်ပုံကိုကြည့်ပြီး..မရေမရာကောက်ချက်ချပြီး ထင်မြင်ချက်ပေးတာတော့ မကောင်းပါဘူး။တခါတလေ Facebook ကို အမှိုက်ပုံနဲ့တူတယ်လို့ပြောတာ လက်ခံချင်စရာပဲ။

သူများတွေယောင်ပြီဆိုလဲ ကိုယ်ပိုင်ဥာဏ်နဲ့သင့်၏မသင့်၏မတွေးပဲ လိုက်ယောင်ကြတယ် ၊ လိုက်ပြောကြတယ်။ နှစ်ပေါင်းများစွာမျက်စိပိတ်နားပိတ် ကာအကြောက်တရားနဲ့ အုပ်ချုပ်ခံခဲ့ရလို့လား ၊ ဟုတ်တယ်ဆိုရင်လဲ ပြင်လို့ရတဲ့အချိန်ရောက်နေပါပြီး ပြင်ကြဖို့ စည်းလုံးကြဖို့ ကိုယ်ပိုင်အတွေးတွေ၊ စဉ်စားဥာဏ်တွေနဲ့ တိုင်းပြည်ဂုဏ်သိက္ခာတက်အောင်လုပ်ရတော့မယ့်အချိန်၊ မြန်မာတွေ စိတ်ဓါတ်နဲ့ စည်းကမ်း ပျောက်ခဲ့လို့ ထီးနန်းပါပျောက်ခဲ့ပြီးပြီသင်ခန်းစာယူသင့်ပါတယ်။တကယ်တော့ ရန်ုကုန်လောက်တောင်မကျယ်တဲ့ (စင်္ကာပူ )ဒီစလုံးကျွန်းနိုင်ငံသူနိုင်ငံသားတွေကလဲ ဒီမိုကရေစီကိုအပြည့်အ၀မရပါဘူး။ အစိုးရဟာ သူတို့အာဏာကိုလာထိမဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှု၊ လှုပ်ဆောင်မှုအားလုံးကို ဥပဒေဆိုတာနဲ့ ခြိမ်းခြောက်ပိတ်ပင်ထားတာပါ။ စင်ကာပူလို့စဖြစ်လာကတည်းက လီမိသားစုကဦးဆောင်လွမ်းမိုးအုပ်ချုပ်လာခဲ့တာပါ။

အောက်မှာ ကျွန်တော်လဆန်းလောက်ကတင်ထားတဲ့ ပို့စ်လေးကိုသွားဖတ်ကြည့်နိုင်ပါတယ်။ အတိအကျပါပဲ
https://www.facebook.com/note.php?note_id=253955001336603

Notes Said :: Here well, you have a right to have different view if you knew what it means. I'm not insisting you refer to support my comment. That's your choice!Just reread it if I've ever talked about the show. Then you'll got the point hopefully.Anyway,I thanks all reader of my notes.For taking the time to read it.

We should take some feedback and action to them definitely,,Whatever reason shouldn't ask or do even awaiting to sign. This is not signing sale contract, President (repreaented all myanmar nationality) was signing government legal contract with highest position of other country. Suppose to be sit side by side with followers covered by National Flag. unacceptable behavior.So we know what should we do? Now I am ready for blame.But RIGHT NOW I FELT VERY SAD FOR OUR PRESIDENT COZ HE IS GOING NOT FOR HIM FOR OUR NATION AND PEOPLE.
http://news.yahoo.com/photos/politics-1316124216-slideshow/myanmar-president-thein-sein-visits-20120130-001429-102.html

SINGAPORE - JANUARY 30: President of Myanmar Thien Sein waits to witness the signing of the Memorandum of Understanding of the Singapore-Myanmar Technical Cooperation Programme at the Istana on January 30, 2012 in Singapore. President Thien Sein is on a three-day visit to Singapore. Mr Thien Sein is Myanmar's first civilian president after years of military rule. (Photo by Chris McGrath/Getty Images)


Fake news. All the fools believe it!!!! Here Real Photo and NEWS
http://www.google.com/hostednews/afp/slideshow/ALeqM5g6bSD0iJN2xqKY6RRawIeINz_o4A?docId=CNG.0afa8c5c436e14b8246dd5c76fda3dcc.2c1&index=0

Just crop person in the photo and upload. Then says HOAX. All the fools believe and says bad words to others.What a shame man!


Singapore welcomes Myanmar President Thein Sein as a State Visit. Mr. President and Tony Tan inspected the Guard of Honour during the welcome parade at the Istana before he met with President Tony Tan, Prime Minister Lee Hsien Loong and Emeritus Senior Minister Goh Chok Tong. See here
http://www.todayonline.com/Singapore/EDC120131-0000069/Spore,-Myanmar-sign-MOU-on-technical-cooperation

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...