Wednesday, February 1, 2012

‘ပြည်သူကို လှည့်ဖြားသည့် နိုင်ငံရေးအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များသည် အချိန်တိုကာလအတွင်း၌ မည်မျှအရှိန်အ၀ါ တက်နေနေ ရေတိုစာပဲဖြစ်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား’

by General Knowledge on Wednesday, February 1, 2012 at 7:57pm

Wednesday, 01 February 2012 14:29

ပြည်သူကိုလှည့်ဖြားသည့် နိုင်ငံ ရေးအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များသည် အချိန်တိုကာလအတွင်း၌ မည်မျှ အရှိန်အ၀ါ တက်နေနေ ရေတိုစာပဲဖြစ်လိမ့်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များနှင့် ပြည်သူများအား နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။


“ပြည်သူကို လှည့်ဖြားတဲ့ အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့။ ပြည်သူကို လှည့်ဖြားတဲ့ နိုင်ငံရေးအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေဟာ အချိန်တိုကာလအတွင်းမှာ ဘယ်လောက်ပဲ အရှိန်အ၀ါတက်နေနေ ရေတိုစာပဲ ဖြစ်ပါလိမ့်မယ်။ ရေရှည်မှာ ကျသွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“အဲဒီတော့ ပြည်သူရဲ့ အကျိုးကို ထမ်းဆောင်ချင်ရင် နံပါတ်တစ် က ပြည်သူအပေါ်မှာ စေတနာထားရမယ်။ နံပါတ်နှစ်က ပြည်သူကို ဘယ်တော့မှ မလှည့်ဖြားရဘူး။ အဲဒီထဲမှာ မတည်နိုင်တဲ့ ကတိတွေကို အလွယ်မပေးပါနဲ့။ ငါတို့ အဖွဲ့ချုပ်ကို မဲပေးလို့ရှိရင် ဒါလုပ်ပေးမယ်၊ ဒါလုပ်ပေးမယ်ဆိုပြီးတော့ လွယ်လွယ်ပါးစပ်က မထွက်ပါနဲ့။ ကျွန်မ အမြဲတမ်း ပြောခဲ့ပါတယ်။ ကျွန်မ အတတ်နိုင်ဆုံး လုပ်မယ်။ ကျွန်မ အကောင်းဆုံး လုပ်မယ်။ ကျွန်မရဲ့ အတတ်နိုင်ဆုံး ထက်တော့ ကျွန်မပိုပြီး မလုပ်နိုင်ဘူး။ ကျွန်မတို့ အဖွဲ့ချုပ်က စကတည်းက အစကောင်းမှ အနှောင်းသေချာတယ်ဆိုသလို စကတည်းက ပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာ ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်မတ်မတ် ဆက်ဆံကြပါ။ ပြည်သူကို မဲလိုချင်တာနဲ့ ဟိုကတိလေး ပေးလိုက်၊ ဒီကတိလေး ပေးလိုက် ကတိလည်း မပေးရဘူး။ ပစ္စည်းလည်း မပေးရဘူး။ မဲဆွယ်တယ်ဆိုတာ စိတ်ဓာတ်အရပဲ ဆွယ်ရမယ်။ ကျွန်မလိုချင်တာ ပြည်သူတွေ မဲလားဆိုတော့၊ မဲကတော့ ရွေးကောက်ပွဲမှာ အရေးကြီးလို့ မဲလိုချင်တာတော့ အမှန်ပဲ။ တကယ်လိုချင်တာတော့ ပြည်သူတွေရဲ့ စိတ်ထဲက ထောက်ခံမှုပဲ ဖြစ်တယ်။

အဲဒါကသာ တကယ်တန်ဖိုးရှိတယ်ဆိုတာ မမေ့ပါနဲ့။ မဲရပြီးတော့ ပြည်သူတွေရဲ့ မေတ္တာနဲ့ ပြည်သူတွေရဲ့ယုံကြည်မှုကို မရနိုင်လို့ရှိရင် ဘာမှ အဓိပ္ပာယ်မရှိတဲ့ အနှစ်အရသာ ဘာမှမရှိတဲ့ အရာတစ်ခုပဲ။ ဒါဟာ အသံကြီးပဲ ရှိပြီးတော့ ဘာမှ အနှစ်သာရမရှိဘူး။ ကျွန်မတို့က ပြည်သူတွေရဲ့ ထောက်ခံမှု တကယ်လိုချင်တယ်။ ပြည်သူတွေရဲ့ အသည်းထဲက နှလုံးထဲက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ငါတို့ ယုံယုံကြည်ကြည်နဲ့ ထောက်ခံရမယ့် ပါတီဖြစ်တယ်ဆိုတာကို ပြည်သူတွေရဲ့ စိတ်ထဲမှာ စွဲသွားအောင် လုပ်ပေးစေချင်ပါတယ်။ ဒီလိုဖြစ်ဖို့ ဆိုတာ အများကြီး အလုပ်လုပ်ရမယ်။ ကိုယ်က အလုပ်လုပ်မှ ပြည်သူတွေရဲ့ အကျိုးအတွက် ကိုယ်လုပ်နိုင်ကိုင်နိုင်မှသာ ပြည်သူကလည်း ယုံကြည်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြား ခဲ့ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...