Wednesday, February 1, 2012

မိဘတွေအတွက် ရင်လေးစရာ မြန်မာပြည်က ရှိုးပွဲကြော်ငြာ

လာမည့် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ လွှမ်းပိုင်၊ ၀ိုင်းစုခိုင်သိန်း စတဲ့ နာမည်ကြီး အဆိုတော်တွေပါဝင်တဲ့ hip hop show ပွဲကျင်းပပြုလုပ်မယ် လို့ သိရပါတယ်။ သာမန်သီချင်းဆိုတာ ပြောစရာမရှိပေမယ့် အဲပွဲအတွက် ဝေဖန်စရာတွေထွက်လာစေတဲ့ အကြောင်းရင်းကတော့ ရှိနေပါတယ်။ ပရိသတ်တွေကြားမှာလည်း ဝေဖန်သံတွေဆူညံနေတာပါ။
အကြောင်းကတော့ တခြားမဟုတ်ပါဘူး အဲပွဲမှာပြုလုပ်မယ့် ကံစမ်းမဲအစီအစဉ်နဲ့ ပတ်သက်တာပါပဲ။ ပွဲကို လာရောက် အားပေးတဲ့ ပထမဆုံး စုံတွဲ(၅၀၀) ကို လက်ဆောင်တွေပေးမယ့်အပြင် တူတူနေဖို့ အခန်းများကို ကံစမ်းမဲတွေ ဖောက်ပေးသွားပါမည် ဆိုတာပါပဲ။ လွတ်လပ်တဲ့ ဒီမိုကရေစီ စနစ်ကို သွားနေတဲ့ မြန်မာနိုင်ငံမှာ တကယ်ပဲ အဲလောက်ထိ လွတ်လွတ်လပ်လပ် အခန်းထဲမှာ စုံတွေတွေ လက်မထပ်ရသေးဘဲ နေချင်သလိုနေ အိပ်လို့ရနေပြီလားဆိုတာ အရှက်အကြောက်တရားကို အသက်ထက်တန်ဖိုးထားတဲ့၊ လက်မထပ်ရသေးဘဲ အတူနေအတူအိပ်ခြင်းကို မြန်မာ့ယဉ်ကျေးမှုအရ လက်သင့်မခံတဲ့ တိုင်းပြည်မှာ ဒီလိုကံစမ်းမဲဟာ ရိုင်းရာကြနေတယ်လို့ ပြောဆိုဝေဖန်နေကြပါတယ်။ 
 
အွန်လိုင်းမှာတော့ ရှိုးပွဲကြော်ငြာကို ဒီလိုဝေဖန်သရော်ထားကြပါတယ်
ပွဲအတွက် လက်မှတ်ပိုရောင်းရဖို့ ကံစမ်းမဲလုပ်တာလား၊ ဒီမိုကရေစီရပြီ ဖြစ်ချင်သလိုဖြစ်
နေချင်သလိုနေကြမယ်ဆိုပြီးပဲ လုပ်ဆောင်တာလားမသိပါဘူး။ အရင်ဆုံးစုံတွဲ(၅၀၀) ကတော့ ကံစမ်းမဲပေါက်ရင် မမြင်ကွယ်ရာမှာ နေဖို့ အခန်းတစ်ခန်းရမှာပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိကလူ့အရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေအပေါ် ဒီလို မဟုတ်တဲ့ ကံစမ်းမဲ ဆွဲဆောင်မှုတွေနဲ့ စိတ်ဓာတ်တွေ ဖျက်ဆီးနေရင်တော့ ရှေ့ကလူကြီးတွေ ဘယ်လိုပဲ ကောင်းအောင်လုပ်ခဲ့လုပ်ခဲ့ အမွေဆက်ခံမယ့် လူငယ်တွေလက်ထက်ရောက်ရင်  တိုင်းပြည်အတွက် ရှေ့ရေးကတော့ ရင်လေးစရာ ဖြစ်နေပါလိမ့်မယ်။ အနုပညာကို အနုပညာလိုခံစားတာ အပြစ်ပြောစရာမရှိပေမယ့် ဒီလိုမျိုးလုပ်ရပ်တွေဟာ မိဘတွေအတွက်ရော၊ တိုင်းပြည်အတွက်ပါ ရင်လေးစရာလုပ်ရပ်တွေဖြစ်လို့ ပြည်သူကို အနုပညာနဲ့ဖျော်ဖြေပါ၊ ကိုယ့်ရှိုးပွဲ လူဝင်ဖို့အတွက်တော့ မဟုတ်တဲ့ ကံစမ်းမဲတွေနဲ့ မဆွဲဆောင်ပါနဲ့လို့ နိုင်ငံကျော် အဆိုတော်တွေကို ရွှေမြန်မာမှ တိုက်တွန်းလိုက်ချင်ပါတယ်။ 





--
Ei Ei






--
စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်နိုင်ပါစေ ...

AUNG THURA AYE

  1 comment:

  1. ပွဲစဉ်တဲ့ကောင်တွေ မင်းတို့မှာသားသမီး မရှိဘူးလား၊တာဝန်ရှိသူတွေကရော ပေးလုပ်မှာလား၊
    စောင့်ကြည့်နေမယ်။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...