Thursday, February 2, 2012

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ မှတ်ပုံတင်ရန် ဆန္ဒမရှိ

by Yangon Press International on Thursday, February 2, 2012 at 11:40pm
All Burma Students Union haven’t  idea to  register
ဖေဖေါ်ဝါရီ ၂၊ ၂၀၁၂ (YPI)

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂက အသင်းအဖွဲ့ အဖြစ် မှတ်ပုံတင်ရန် ဆန္ဒမရှိ ဟု ဆိုသည်။
“ဗကသက ကျောင်းသားထု ကြားမှာ အစဉ်အလာအရ တရားဝင်ဖြစ်ခဲ့တယ် “ ဟု ယင်း၏ ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ကိုကိုက ပြောသည်။


 သမဂ္ဂသည် အများစု ထောက်ခံမှုကြောင့် တရားဝင်ပြီးသားဖြစ်၍ မည်သည့်ဥပဒေ အောက်မှ ပြန်လည် လျှောက်ထားရန် မလိုသလို အစိုးရထံတွင်လည်း မှတ်ပုံ တင်မည် မဟုတ်ဟု  သူကဆိုသည်။

ဗကသဗဟိုစည်းရုံးရေးအဖွဲ့မှ ဘဏ္ဍာရေးမှူး ဒေါ်ဟန်နီဦးကလည်း “ကျောင်းသား ကိုယ် စားလှယ်ထု တစ်ရပ်လုံးက ကိုယ်စားပြုတယ်ဆိုတဲ့အတွက် ဗကသဟာ တရား ၀င်ဖြစ် တယ်လို့ ခံယူထားတယ်”ဟု ပြောသည်။

ယခုလ ၁ရက်နေ့က မန္တလေးမြို့တွင်  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ ချုပ် တရားဝင်ဖြစ်ထွန်းပေါ်ပေါက်လာရေးကော်မတီ (အထက်ဗမာပြည်)နှင့် ဗကသ များ ဗဟိုစည်းရုံးရေးကော်မတီတို့က ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး တစ် နိုင်ငံလုံးအတိုင်းအတာနှင့် ကျောင်းသားသမဂများ ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းသွား မည်ဟု ဆုံးဖြတ် ခဲ့ကြသည်။

အင်္ဂလိပ်နယ်ချဲ့လက်ထက် ၁၉၂၇ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တ.က.သ) ကို ရန်ကုန်တက္ကသိုလ်တွင် စတင်ဖွဲ့စည်းကာ ရုံးစိုက်ခဲ့သည်။ ထို့ နောက်  တပြည်လုံး အတိုင်းအတာအထိ ပါဝင်သည့် ဗ.က.သ များအဖွဲ့ချုပ်ကို ၁၉၃၆ ခုနှစ်၊ မေလ ၈ ရက်တွင် ဖွဲ့စည်း ခဲ့သည်။

အင်္ဂလိပ်နယ်ချဲ့ လက်အောက်ခံဘ၀မှ ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂများ ဖွဲ့ စည်းလှုပ်ရှားခွင့် ရှိသည့်အတွက် ယခုခေတ်တွင်လည်း တရားဝင်ရပ်တည်သင့်သည့် ကျောင်းသားအဖွဲ့အစည်းရှိသင့်သည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကို ကိုကြီး(ယခင်လ ၁၃ ရက်က အကျဉ်းထောင်မှလွတ်လာသူ)က ပြောသည်။

“စနစ်တကျ ဖွဲ့စည်းခွင့်သာရခဲ့ရင် အခုလိုမျိုး အလွတ်သဘော သီးခြားအစုအဖွဲ့တွေ လှုပ်ရှားနေကြတာတွေဟာလည်း ပိုပြီးစနစ်ကျပြီးတော့ အလေ့အကျင့်ကောင်း တွေ လည်း ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။

ဗကသ မှတ်ပုံတင်မည်မဟုတ်ဟု ပြောလာသည့်အပေါ် တရားလွှတ်တော် ရှေ့နေ ဦးလှမျိုးမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတည်ပြုထားသော တည်ဆဲ ဥပဒေများအရ  နိုင်ငံသူနိုင်ငံသားတိုင်း လိုက်နာရမည့် တာဝန်ရှိသဖြင့် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရာတွင်လည်း တရားဝင် ဖွဲ့စည်းရန် လိုအပ်သည် ဟုဆိုသည်။

“အခုခေတ်မှာ ဥပဒေတွေလည်း ထွက်နေပြီဆိုတော့ သတ်မှတ်ထားတဲ့ ဥပဒေကို မလိုက်နာရင် သက်ဆိုင်ရာဝန်ကြီးဌာနက တရားမ၀င် ဖွဲ့စည်းပြီးလှုပ်ရှားနေတဲ့အပေါ် အရေးယူလို့ရတယ်။ အရေးမယူခင်မှာတော့ အဲဒီအဖွဲအစည်းဟာ တရားမ၀င် အသင်း ဖြစ်ကြောင်း ပြန်တမ်းထဲမှာ ကြေညာရမယ်။ မကြေညာဘဲနဲ့တော့ တိုက်ရိုက်အရေး ယူလို့မရပါဘူး”ဟု ၄င်းက ပြောသည်။      ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...